Zawgyi ျဖင့္ဖတ္၇န္
ဆီးခ်ိဳ ေရာဂါေၾကာင့္ ေဆး႐ုံတက္ေရာက္ ကုသေနရတဲ့ သ႐ုပ္ေဆာင္ ကစ္ကစ္ကို ေမာ္ဒယ္၊ သ႐ုပ္ေဆာင္ Tyron (တိုင္႐ြန္) နဲ႔ တျခားအလႉရွင္မ်ားက အလႉေငြသိန္း က်ပ္၂၀ နဲ႔ ၃ ေသာင္း သြားေရာက္ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ ေမာ္ဒယ္ Tyron က အရမ္းလႉခ်င္ခဲ့တဲ့အတြက္ သြားေရာက္ လွႉဒါန္းျဖစ္ခဲ့တယ္လို႔ ဧရာဝတီကို ေျပာပါတယ္။

“ျပည္တြင္းကလူေတြက ေတာ္ေတာ္ စုံတယ္။ အေကာင့္သစ္ဖြင့္ၿပီး လက္ခံေပးခဲ့ပါတယ္။ ျပည္ပက လႉတာ က်ေနာ္ လက္မခံခဲ့ရဘူး။ Facebook အေကာင့္ အခက္အခဲေၾကာင့္ပါ။ အလႉေငြ ထည့္ဝင္ေပးၾကတဲ့ မိတ္ေဆြ အေပါင္းအသင္း ပရိတ္သတ္ေတြ အားလုံးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ ခင္ဗ်ာ၊ စိတ္ထဲက အရမ္းလႉုခ်င္ခဲ့လို႔ တေယာက္တည္း မတတ္ႏိုင္ခဲ့ေပမယ့္ ပထမဆုံးႀကိမ္ ကိုယ္တိုင္ဦးစီးၿပီး ပရဟိတ အလႉေလး ျဖစ္ေျမာက္ ေအာင္ျမင္ခဲ့ပါတယ္” လို႔ ေမာ္ဒယ္ Tyron က ဧရာဝတီကိုဆိုပါတယ္။

ေမာ္ဒယ္ Tyron က လက္ရွိ သ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ က်န္းမာေရး အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့လည္း အခုလို ဆိုပါတယ္။

“မ်က္လုံးက ကြယ္သြားေနေတာ့ မျမင္ရဘူး။ စကားေတာ့ ေျပာႏိုင္ေနပါၿပီ။ ေဆး႐ုံကေနေတာ့ မဆင္းရေသးပါဘူး။ ေဆး႐ုံကေတာ့ ဆက္တက္ ေနရဦးမွာပါ။ ေလာေလာဆယ္ေတာ့ သတိရွိတယ္။ ထမင္းေတြ ဘာေတြလည္း စားနိိုင္ပါတယ္” လို႔ ေျပာပါတယ္။

သ႐ုပ္ေဆာင္ကစ္ကစ္က လတ္တေလာမွာ ဆီးခ်ိဳေရာဂါေၾကာင့္ မ်က္လုံးကြယ္ခဲ့ၿပီး ေငြေၾကးအခက္အခဲ ျဖစ္ေနေၾကာင္းကို မီဒီယာမ်ားကေနတဆင့္ ဖြင့္ေျပာခဲ့တဲ့အတြက္ ကစ္ကစ္အတြက္ အလွႉေငြမ်ား သြားေရာက္လႉဒါန္းသူမ်ား ရွိလာပါတယ္။ Tyron ကလည္း အခု အလႉက သူတေယာက္တည္း မတတ္ႏိုင္ခဲ့တဲ့အတြက္ စုေပါင္းၿပီး လႉဒါန္းမႈ ျပဳလုပ္ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

“တကယ္လိုအပ္တဲ့ေနရာမွာလႉလိုက္ရလို႔ အရမ္းပီတိ ျဖစ္မိပါတယ္။ အလႉေငြေတြကို အစ္မကစ္ကစ္ရဲ႕ သမီးေလး နာမည္နဲ႔ ဘဏ္အေကာင့္ ဖြင့္ထားေပးခဲ့ၿပီ”လို႔လည္း ဆိုပါတယ္။ “က်ေနာ္က အလႉေငြ ၁ သိန္း ထည့္ထားပါတယ္ ” လို႔ Tyron က ေျပာပါတယ္။

Unicodeဖြင့်ဖတ်ရန်
ဆီးချိုရောဂါကြောင့် ဆေးရုံတက်ရောက် ကုသနေရတဲ့ သရုပ်ဆောင် ကစ်ကစ်ကို မော်ဒယ်၊ သရုပ်ဆောင် Tyron (တိုင်ရွန်) နဲ့ တခြားအလှူရှင်များက အလှူငွေသိန်း ကျပ်၂၀ နဲ့ ၃ သောင်း သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ မော်ဒယ် Tyron က အရမ်းလှူချင်ခဲ့တဲ့အတွက် သွားရောက် လှှူဒါန်းဖြစ်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပြည်တွင်းကလူတွေက တော်တော် စုံတယ်။ အကောင့်သစ်ဖွင့်ပြီး လက်ခံပေးခဲ့ပါတယ်။ ပြည်ပက လှူတာ ကျနော် လက်မခံခဲ့ရဘူး။ Facebook အကောင့် အခက်အခဲကြောင့်ပါ။ အလှူငွေ ထည့်ဝင်ပေးကြတဲ့ မိတ်ဆွေ အပေါင်းအသင်း ပရိတ်သတ်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ၊ စိတ်ထဲက အရမ်းလှူုချင်ခဲ့လို့ တယောက်တည်း မတတ်နိုင်ခဲ့ပေမယ့် ပထမဆုံးကြိမ် ကိုယ်တိုင်ဦးစီးပြီး ပရဟိတ အလှူလေး ဖြစ်မြောက် အောင်မြင်ခဲ့ပါတယ်” လို့ မော်ဒယ် Tyron က ဧရာဝတီကိုဆိုပါတယ်။

မော်ဒယ် Tyron က လက်ရှိ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ဆိုပါတယ်။

“မျက်လုံးက ကွယ်သွားနေတော့ မမြင်ရဘူး။ စကားတော့ ပြောနိုင်နေပါပြီ။ ဆေးရုံကနေတော့ မဆင်းရသေးပါဘူး။ ဆေးရုံကတော့ ဆက်တက် နေရဦးမှာပါ။ လောလောဆယ်တော့ သတိရှိတယ်။ ထမင်းတွေ ဘာတွေလည်း စားနိုင်ပါတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင်ကစ်ကစ်က လတ်တလောမှာ ဆီးချိုရောဂါကြောင့် မျက်လုံးကွယ်ခဲ့ပြီး ငွေကြေးအခက်အခဲ ဖြစ်နေကြောင်းကို မီဒီယာများကနေတဆင့် ဖွင့်ပြောခဲ့တဲ့အတွက် ကစ်ကစ်အတွက် အလှှူငွေများ သွားရောက်လှူဒါန်းသူများ ရှိလာပါတယ်။ Tyron ကလည်း အခု အလှူက သူတယောက်တည်း မတတ်နိုင်ခဲ့တဲ့အတွက် စုပေါင်းပြီး လှူဒါန်းမှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တကယ်လိုအပ်တဲ့နေရာမှာလှူလိုက်ရလို့ အရမ်းပီတိ ဖြစ်မိပါတယ်။ အလှူငွေတွေကို အစ်မကစ်ကစ်ရဲ့ သမီးလေး နာမည်နဲ့ ဘဏ်အကောင့် ဖွင့်ထားပေးခဲ့ပြီ”လို့လည်း ဆိုပါတယ်။ “ကျနော်က အလှူငွေ ၁ သိန်း ထည့်ထားပါတယ် ” လို့ Tyron က ပြောပါတယ်။

Credit: burma.irrawaddy