ได้เวลากลับดาวพรีเดเตอร์ ขับแบบสบายสบายกินลมไปเรื่อยๆครับ

Posted by สุวรรณมัจฉา พรีเดเตอร์ on Friday, June 15, 2018

ZawGyiျဖင့္ဖတ္ရန္

ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္း မုတ္တာဟန္ခ႐ုိင္မွာ ၿဂိဳဟ္သားလို တီထြင္ဝတ္ဆင္ၿပီး ဆိုင္ကယ္အဆန္းထြင္ စီးနင္းသူ အမ်ဳိးသားတဦး နယ္ထိန္းရဲတပ္ဖြဲ႔ရဲ႕ ဟန္႔တားစစ္ေဆးတာ ခံခဲ့ရပါတယ္။

မုုတ္တာဟန္ခ႐ုိင္ ခမ္ပါလိုင္ၿမိဳ႕နယ္က အသက္ ၃၉ ႏွစ္ရြယ္ရွိ ႏိုင္းဆမိုင္ခမ္းမုန္႔ခြန္ ဆိုသူမွာ ဆိုင္ကယ္ကို ဒီဇိုင္းအမ်ိဳးမ်ိဳး တီထြင္ထုတ္လုပ္တတ္သူအျဖစ္ နာမည္ႀကီးေနသူတဦး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၁၅ ရက္ေန႔ကေတာ့ ဆန္းျပားတဲ့ ဆိုင္ကယ္ေပၚမွာ ၿဂိဳဟ္သားလို ပံုေဖာ္ဝတ္ဆင္ၿပီး စီးနင္းလိုက္ပါလာတဲ့အတြက္ ျမင္သူတိုင္း အံ့အားသင့္ရသလို ယာဥ္ထိန္းရဲရဲ႕ တားဆီးစစ္ေဆးျခင္းကိုလည္း ခံလိုက္ရပါတယ္။

အဲဒီအေၾကာင္းအရာကို ႏိုင္းဆမိုင္ခမ္းမုန္႔ခြန္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အေကာင့္ေပၚမွာ “ဒီကေန႔ စက္အနည္းငယ္ခ်ဳိ႕ယြင္းလို႔ ရဲစစ္ေဆးခံရတယ္၊ ဒါေပမယ့္ ေျပလည္ပါတယ္” လို႔ ေရးတင္ထားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ခမ္ပါလိုင္ရဲစခန္းမွ ရဲတပ္ၾကပ္ ဆုမ္ဖုန္းခုမ့္ဘိုလာက ၿပီးခဲ့တဲ့ ၁၅ ရက္ေန႔က လမ္းေပၚမွာ ဆန္းျပားတဲ့သတၱဝါလို ထြင္လုပ္ထားတဲ့ ဆိုင္ကယ္ေပၚမွာ ၿဂိဳဟ္သားလိုဝတ္ထားတဲ့ လူတေယာက္ စီးနင္းလာတာဟာ ျပည္သူေတြကို အထိတ္တလန္႔ျဖစ္ေစလို႔ တားဆီး စစ္ေဆးခဲ့တာလုိ႔ ေျပာပါတယ္။

ဒါေပမယ့္ ဆိုင္ကယ္စီးသူက သူဟာ အလယ္တန္းေက်ာင္းတခုမွာ က်င္းပတဲ့ တီထြင္ထုတ္လုပ္ျခင္းဆိုင္ရာ ပညာေပးေဟာေျပာပြဲမွာ ကေလးေတြကို စိတ္ဝင္စားေအာင္ အဲဒီဝတ္စံုနဲ႔ ေဟာေျပာသ႐ုပ္ျပၿပီး ျပန္လာခဲ့တာလို႔ ေျပာခဲ့တဲ့အတြက္ ဘာပုဒ္မနဲ႔မွ အေရးယူ ဒဏ္တပ္ျခင္း မျပဳေတာ့ဘဲ ျပန္လႊတ္ေပးလိုက္တယ္လို႔ ေဒးလီနယူးစ္ သတင္းေထာက္ကို ေျပာသြားပါတယ္။

႐ုပ္သံ – สุวรรณมัจฉา พรีเดเตอร์ Facebook

Unicodeျဖင့္ဖတ္ရန္

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မုတ်တာဟန်ခရိုင်မှာ ဂြိုဟ်သားလို တီထွင်ဝတ်ဆင်ပြီး ဆိုင်ကယ်အဆန်းထွင် စီးနင်းသူ အမျိုးသားတဦး နယ်ထိန်းရဲတပ်ဖွဲ့ရဲ့ ဟန့်တားစစ်ဆေးတာ ခံခဲ့ရပါတယ်။

မုတ်တာဟန်ခရိုင် ခမ်ပါလိုင်မြို့နယ်က အသက် ၃၉ နှစ်ရွယ်ရှိ နိုင်းဆမိုင်ခမ်းမုန့်ခွန် ဆိုသူမှာ ဆိုင်ကယ်ကို ဒီဇိုင်းအမျိုးမျိုး တီထွင်ထုတ်လုပ်တတ်သူအဖြစ် နာမည်ကြီးနေသူတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကတော့ ဆန်းပြားတဲ့ ဆိုင်ကယ်ပေါ်မှာ ဂြိုဟ်သားလို ပုံဖော်ဝတ်ဆင်ပြီး စီးနင်းလိုက်ပါလာတဲ့အတွက် မြင်သူတိုင်း အံ့အားသင့်ရသလို ယာဉ်ထိန်းရဲရဲ့ တားဆီးစစ်ဆေးခြင်းကိုလည်း ခံလိုက်ရပါတယ်။

အဲဒီအကြောင်းအရာကို နိုင်းဆမိုင်ခမ်းမုန့်ခွန်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ပေါ်မှာ “ဒီကနေ့ စက်အနည်းငယ်ချို့ယွင်းလို့ ရဲစစ်ဆေးခံရတယ်၊ ဒါပေမယ့် ပြေလည်ပါတယ်” လို့ ရေးတင်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ခမ်ပါလိုင်ရဲစခန်းမှ ရဲတပ်ကြပ် ဆုမ်ဖုန်းခုမ့်ဘိုလာက ပြီးခဲ့တဲ့ ၁၅ ရက်နေ့က လမ်းပေါ်မှာ ဆန်းပြားတဲ့သတ္တဝါလို ထွင်လုပ်ထားတဲ့ ဆိုင်ကယ်ပေါ်မှာ ဂြိုဟ်သားလိုဝတ်ထားတဲ့ လူတယောက် စီးနင်းလာတာဟာ ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေလို့ တားဆီး စစ်ဆေးခဲ့တာလို့ ပြောပါတယ်။

ဒါပေမယ့် ဆိုင်ကယ်စီးသူက သူဟာ အလယ်တန်းကျောင်းတခုမှာ ကျင်းပတဲ့ တီထွင်ထုတ်လုပ်ခြင်းဆိုင်ရာ ပညာပေးဟောပြောပွဲမှာ ကလေးတွေကို စိတ်ဝင်စားအောင် အဲဒီဝတ်စုံနဲ့ ဟောပြောသရုပ်ပြပြီး ပြန်လာခဲ့တာလို့ ပြောခဲ့တဲ့အတွက် ဘာပုဒ်မနဲ့မှ အရေးယူ ဒဏ်တပ်ခြင်း မပြုတော့ဘဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေးလီနယူးစ် သတင်းထောက်ကို ပြောသွားပါတယ်။

ရုပ်သံ – สุวรรณมัจฉา พรีเดเตอร์ Facebook

Credit: DVB