ZawGyiျဖင့္ဖတ္ရန္

လိုင္စင္ရလုပ္ငန္းမဟုတ္တဲ့ လူပုဂၢိဳလ္/ အဖြဲ႕အစည္းေတြအေနနဲ႔ online application ေတြနဲ႔ တရားမဝင္ဝန္ေဆာင္မႈေတြ ေဆာင္ ႐ြက္ေနေၾကာင္း စိစစ္ေတြ႕ရွိရင္ အေရးယူသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ျပည္ထဲေရးဝန္ႀကီးဌာနမွ ေလာင္းကစားဥပေဒ၊ တည္ဆဲဥပေဒေတြနဲ႔ အေရးယူႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ဇြန္လ ၁၃ ရက္ကက်င္းပတဲ့ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ အဌမပံုမွန္အစည္းအေဝးမွာ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ဒုတိဝန္ႀကီးဦးေက်ာ္မ်ိဳးက ေမးခြန္းေတြကိုေျဖၾကားရာမွာ ထည့္သြင္းေျဖၾကားခဲ့တာ ျဖစ္ပါတယ္။ မိုဘိုင္းဆက္သြယ္ေရး ေအာ္ပေရတာေတြ အပါအဝင္ ဆက္သြယ္ေရးဝန္ေဆာင္မႈ လုပ္ငန္းလိုင္စင္ရ ကုမၸဏီေတြအေနနဲ႔ ေလာင္းကစားဥပေဒနဲ႔ ၿငိစြန္းတဲ့ ေဆာင္႐ြက္မႈေတြ ျပဳလုပ္ေနေၾကာင္း အေထာက္အထားခိုင္လုံပါက ဆက္သြယ္ေရး ၫႊန္ၾကားမႈဦးစီးဌာနက ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၅၇ အရစီမံ ခန႔္ခြဲေရးဆိုင္ရာ နည္းလမ္းေတြအရ အေရးယူႏိုင္သလို ျပည္ထဲေရးဝန္ႀကီးဌာနကလည္း ေလာင္းကစားဥပေဒ၊ တည္ဆဲဥပေဒေတြနဲ႔ အေရးယူေဆာင္႐ြက္ သြားႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

-ထြန္းထြန္း
Unicodeျဖင့္ဖတ္ရန္

လိုင်စင်ရလုပ်ငန်းမဟုတ်တဲ့ လူပုဂ္ဂိုလ်/ အဖွဲ့အစည်းတွေအနေနဲ့ online application တွေနဲ့ တရားမဝင်ဝန်ဆောင်မှုတွေ ဆောင် ရွက်နေကြောင်း စိစစ်တွေ့ရှိရင် အရေးယူသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနမှ လောင်းကစားဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ အရေးယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဇွန်လ ၁၃ ရက်ကကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိဝန်ကြီးဦးကျော်မျိုးက မေးခွန်းတွေကိုဖြေကြားရာမှာ ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာတွေ အပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီတွေအနေနဲ့ လောင်းကစားဥပဒေနဲ့ ငြိစွန်းတဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း အထောက်အထားခိုင်လုံပါက ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၅၇ အရစီမံ ခန့်ခွဲရေးဆိုင်ရာ နည်းလမ်းတွေအရ အရေးယူနိုင်သလို ပြည်ထဲရေးဝန်ကြီးဌာနကလည်း လောင်းကစားဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက် သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း
Credit; Internet Journal