Zawgyi ဖြင့်ဖတ်၇န်


ကျတော်တချိန်ချိန်ကျရင်တော့ public ကိုချပြမှာပါ သူကတော့ ဒီကားမလွင့်ခင်တည်းက အနုပညာလုပ်ငန်းနဲ့ပတ်သက်ပြီး ရစ်တာတွေ စိတ်ကောက်တာတွေမရှိဘူး ဘာလို့ဆို ကျတော်ကလည်း သူ့အပေါ်သစ္စာရှိတယ် အနုပညာအလုပ်တွေလုပ်ရင် ချစ်တဲ့ကြိုက်တဲ့အခန်းတွေရိုက်ရင် သူနားမလည်ပေးရင် ကျတော်လုပ်လို့ရမှာမဟုတ်ဘူး တခါတလေသူကတောင် အကြံပေးသေးတယ် ဒီအခန်းမှာ ဒီလိုလေးလုပ်လိုက်ပါလား အဲ့လိုတောင်အကြံပေးတော့ တော်တော်အဆင်ပြေပါတယ်


Unicodeဖြင့်ဖတ်ရန်

MRTV – 4 ဇာတ်လမ်းတွဲများမှ ပရိတ်သတ်တွေရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အရိပ်ဇာတ်လမ်းတွဲမှ မင်းသားချောလေး နက္ခတ်ဟာ သူရဲ့ မချစ်ရေးနဲ့ ပတ်သတ်ပြီး မီဒီယာတစ်ခုနဲ့ interview တစ်ရပ်မှာ ပြောလာပါတယ်။

“အချစ်ရေးကတော့ ကျတော့်မှာ ချစ်သူကောင်မလေးရှိပါတယ် သူနဲ့ ကျတော်တွဲတာကြာပါပြီ သူကလဲ ကျတော့်အနုပညာလုပ်ငန်းနဲ့ပတ်သက်ပြီး အပြည့်အဝနားလည်ပါတယ်။

ကျတော်တချိန်ချိန်ကျရင်တော့ public ကိုချပြမှာပါ သူကတော့ ဒီကားမလွင့်ခင်တည်းက အနုပညာလုပ်ငန်းနဲ့ပတ်သက်ပြီး ရစ်တာတွေ စိတ်ကောက်တာတွေမရှိဘူး ဘာလို့ဆို ကျတော်ကလည်း သူ့အပေါ်သစ္စာရှိတယ် အနုပညာအလုပ်တွေလုပ်ရင် ချစ်တဲ့ကြိုက်တဲ့အခန်းတွေရိုက်ရင် သူူနားမလည်ပေးရင် ကျတော်လုပ်လို့ရမှာမဟုတ်ဘူး တခါတလေသူကတောင် အကြံပေးသေးတယ် ဒီအခန်းမှာ ဒီလိုလေးလုပ်လိုက်ပါလား အဲ့လိုတောင်အကြံပေးတော့ တော်တော်အဆင်ပြေပါတယ်

အခုခေတ်ပရိသတ်တွေက ကျတော်တို့ ငယ်ငယ်တုန်းကလို နားလည်မှုမရှိတော့တာမျိုးမဟုတ်ဘူး ချစ်သူရည်းစားပဲရှိရှိ အိမ်ထောင်ပဲရှိရှိ သူတို့ကြိုက်လို့ရှိရင်ကြိုက်တယ် ဒီမင်းသားက ချစ်သူရှိလို့ အိမ်ထောင်ရှိလို့မကြိုက်တော့ဘူးဆိုတာ အနည်းအကျဉ်းလောက်ပဲရှိမယ်ထင်တယ် ကျတော်က ကျတော်အနုပညာကို ကျတော်လုပ်တဲ့ Character ကို ပိုပြီးချစ်တာကို ကျတော်ကြိုက်တယ် ” ဆိုပြီး MC နဲ့ interview တစ်ရပ်မှာ ပြောလာပါတယ်။

credit – pitimyanmar