Zawgyi ဖြင့်ဖတ်၇န်









Unicodeဖြင့်ဖတ်ရန်

ကိုယ်က အကောင်းဆုံး သစ္စာ စောင့်သိနေ ပါလျက်နဲ့ တဖက်က အခွင့်ကောင်း ယူပီး ကိုယ့်ရဲ့ နားလည်ပေးမှုကို ပြုတ်စားနေသလား ။ ကိုယ့်ဘက်က ပြတ်သားလိုက်ပါ ။

ကိုယ်က သူ့အပေါ် အကောင်းဆုံး ဆက်ဆံနေ ပါလျှက် နဲ့ ကိုယ့်အပေါ် ပိုပို နင်းလာရင်တော့ ပြတ်သား လိုက်ပါ ။

ကိုယ်က ဘယ်လိုပဲ စေတနာ ဖြူစင်စွာ ပေးပေး ကိုယ့်စေတနာတွေကို အသိအမှတ် မပြုတဲ့ အပြင် ပြက်ရယ် ပြုနေခဲ့ရင် ပြတ်သား လိုက်ပါ ။

ကိုယ့်ရဲ့ အားနည်းချက်တွေကြောင့် သည်းခံနေတာကို တဖက်က အပိုင် ကိုင်ပီး ယုတ်မာလာပီ ဆိုရင် ပြတ်သားစွာ ဥပေက္ခာပြု လိုက်ပါ ။

ကိုယ့်ရဲ့ အခက်ခဲ တချို့ကြောင့် အကောင်းဆုံး ရှင်းပြနေပါလျက်နဲ့ တဖက်က တဆုံးနိုက်ဖို့ ကြံစည်နေတယ်ဆိုရင်တော့ ပြတ်သားလိုက်ပါ ။

ပြတ်သား သင့်ရင် ပြတ်သားလိုက်ပါ ။ အကယ်၍ မပြတ်မသား ဖြစ်နေမိရင် အကြိမ်ကြိမ် နာကျင်တတ်တယ် ။

ပြတ်သားမှု ဆိုတာ တခါတလေမှာ ကိုယ့်ကိုယ်ကို ကာကွယ်တာ ဖြစ်သလို အခြားသူ ကိုလည်း ကယ်တင်တာ ဖြစ်နေတတ်တယ်။

လူအချင်းချင်းကြားမှာ မပြတ်သားမှု မပွင့်လင်းမှုတွေက ရင်ထဲမှာ ဗုံးတစ်လုံးထည့်ပေးလိုက်သလို စိတ်အခန့်မသင့်ရင် ပေါက်ကွဲမှုကို ပြင်းထန်စေတတ်တယ်။

လူတယောက် အောင်မြင်လာဖို့က ပြတ်သား ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေ လိုသလို သံယောဇဉ် ဖြတ်သင့်တာကို ပြတ်သားစွာ ဖြတ်နိုင်မှ ငြိမ်းချမ်းမှု အစစ်အမှန်ကို ရှာဖွေ တွေ့ရှိမှာ ဖြစ်ပါတယ် ။

Credit: Loveshorts