Zawgyi ျဖင့္ဖတ္၇န္
စစ္ကိုင္းတိုင္းေဒသႀကီး ကေလးဝၿမိဳ႕နယ္၊ မဟာၿမိဳင္သစ္ေတာႀကီးအတြင္း သစ္မ်ားခိုးထုတ္ေနေၾကာင္း ေဒသခံေက်းရြာသားမ်ား၏ သတင္းေပးခ်က္အရ သစ္မ်ားအျပည့္တင္ေဆာင္ထားသည့္ ကား (၅) စီး ဇြန္လ ၃ ရက္က ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ကေလးဝၿမိဳ႕နယ္၊ ယုဇလယ္-အင္ဒုတ္လမ္းေပၚတြင္ ေက်းရြာမ်ားသြားလာ၍မရေအာင္လမ္းပိတ္ဆို႔ျခင္း၊ လမ္းပ်က္ျခင္းမ်ားျဖစ္ေအာင္ျပဳ၍ သစ္မ်ားခိုးယူေနေၾကာင္း ေက်းရြာသားမ်ား၏ သတင္းပို႔တိုင္ၾကားခ်က္အရ ကေလးဝၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးေခါင္းေဆာင္ေသာအဖြဲ႕မွ သြားေရာက္ဖမ္းဆီးရာတြင္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။

” သစ္တစ္ကား ၃၊ ၄ တန္ေလာက္ပါမယ္ ။ ၁၀ဘီးကားေတြ၊ ၆ဘီးကားေတြ ဖမ္းမိတာပါ တန္ခ်ိန္ဘယ္ေလာက္ဆိုတာကေတာ့ သစ္ေတာပိုသိမွာ။ ကၽြန္ေတာ္မသိဘူး ။ ရြာသားေတြက သတင္းေပးလို႔ ဖမ္းဆီးႏိုင္တာပါ။ တရားခံေတြကေတာ့ တစ္ေယာက္မွ မမိေသးဘူး။ ထြက္ေျပးကုန္တယ္”ဟု ကေလးဝၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္လင္း ကေျပာသည္။

သစ္ခိုးထုတ္သူမ်ားမွာ ကားႏွင့္သစ္မ်ားကို စြန္႔ပစ္၍ ထြက္ေျပးလြတ္ေျမာက္လၽွက္ရွိၿပီး ၿမိဳ႕နယ္သစ္ေတာႏွင့္ျပည္သူ႔ရဲတပ္ဖြဲ႕တို႔မွ အမႈဖြင့္ေဆာင္ရြက္လၽွက္ရွိေၾကာင္း သိရသည္။
Unicodeဖြင့်ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၊ မဟာမြိုင်သစ်တောကြီးအတွင်း သစ်များခိုးထုတ်နေကြောင်း ဒေသခံကျေးရွာသားများ၏ သတင်းပေးချက်အရ သစ်များအပြည့်တင်ဆောင်ထားသည့် ကား (၅) စီး ဇွန်လ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကလေးဝမြို့နယ်၊ ယုဇလယ်-အင်ဒုတ်လမ်းပေါ်တွင် ကျေးရွာများသွားလာ၍မရအောင်လမ်းပိတ်ဆို့ခြင်း၊ လမ်းပျက်ခြင်းများဖြစ်အောင်ပြု၍ သစ်များခိုးယူနေကြောင်း ကျေးရွာသားများ၏ သတင်းပို့တိုင်ကြားချက်အရ ကလေးဝမြို့နယ်အုပ်ချုပ်ရေးမှူးခေါင်းဆောင်သောအဖွဲ့မှ သွားရောက်ဖမ်းဆီးရာတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

” သစ်တစ်ကား ၃၊ ၄ တန်လောက်ပါမယ် ။ ၁၀ဘီးကားတွေ၊ ၆ဘီးကားတွေ ဖမ်းမိတာပါ တန်ချိန်ဘယ်လောက်ဆိုတာကတော့ သစ်တောပိုသိမှာ။ ကျွန်တော်မသိဘူး ။ ရွာသားတွေက သတင်းပေးလို့ ဖမ်းဆီးနိုင်တာပါ။ တရားခံတွေကတော့ တစ်ယောက်မှ မမိသေးဘူး။ ထွက်ပြေးကုန်တယ်”ဟု ကလေးဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်း ကပြောသည်။

သစ်ခိုးထုတ်သူများမှာ ကားနှင့်သစ်များကို စွန့်ပစ်၍ ထွက်ပြေးလွတ်မြောက်လျှက်ရှိပြီး မြို့နယ်သစ်တောနှင့်ပြည်သူ့ရဲတပ်ဖွဲ့တို့မှ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Credit: Mizzima