Zawgyi ျဖင့္ဖတ္၇န္

မႏၱေလးအိုးဘိုအက်ဥ္းေထာင္မွာ ၂၀၁၈-၁၉ ပညာသင္ႏွစ္အတြက္ အေျခခံပညာ အလယ္တန္းနဲ႔ အေျခခံပညာအထက္တန္း၊ အေဝးသင္တကၠသိုလ္တက္ေရာက္ေနတဲ့ အက်ဥ္းက် ေက်ာင္းသား၊ ေက်ာင္းသူ ၁၃၇ ဦးရွိေၾကာင္း မႏၱေလးအိုးဘိုအက်ဥ္းေထာင္ တာ၀န္ရွိသူတဦးက ေျပာပါတယ္။

ေက်ာင္းသားေက်ာင္းသူေတြထဲမွာ တကၠသိုလ္ဝင္တန္းတက္ေရာက္ပညာသင္ၾကားေနတဲ့ အက်ဥ္းက် ေက်ာင္းသားေက်ာင္းသူ ၇၃ ဦးအထိရွိၿပီး အက်ဥ္းေထာင္မွာ တက္ေရာက္ေန ရတဲ့ေက်ာင္းသား ေက်ာင္းသူေတြက မူးယစ္ေဆး၀ါးမႈနဲ႔အမ်ားဆံုးေရာက္လာတယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံ အထက္ပိုင္းက အသက္မျပည့္ေသး ကေလးေတြက အိုးဘိုအက်ဥ္းေထာင္ကို ေရာက္လာတာျဖစ္ၿပီး ေက်ာင္းသားေတြက စာစတင္သင္ၾကားေပးတဲ့ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္ကထက္ ပိုမ်ားလာတယ္လို႔ု သိရပါတယ္။

မႏၱေလးအိုးဘိုအက်ဥ္းေထာင္မွာ ၂၀၁၈ – ၂၀၁၉ ပညာသင္ႏွစ္က အေျခခံပညာ အလယ္တန္းတက္ေရာက္တဲ့ ေက်ာင္းသား/သူ ၁၇ ဦး၊ နဝမတန္းတက္ေရာက္တဲ့ေက်ာင္းသား / သူ ၃၂ ဦး၊ ဒႆမတန္းတက္ေရာက္ေနတဲ့ အက်ဥ္းသား ေက်ာင္းသား/သူ ၇၃ ဦးနဲ႔ အေဝးသင္ စိတ္ပညာအထူးျပဳ တက္ေရာက္ေနတဲ့ ေက်ာင္းသား၂ ဦးတို႔ တက္ေရာက္ေနပါတယ္။

မႏၱေလးအက်ဥ္ေထာင္မွာ ပညာတပိုင္းတစနဲ႔ ျပစ္ဒဏ္က်လာတဲ့ ေက်ာင္းသား/သူေတြကို ပညာသင္ၾကားနိုင္ဖို႔အတြက္ နွစ္ထပ္ေက်ာင္းေဆာင္ေဆာက္လုပ္ေပးထားၿပီး စာသင္ခန္း (၃) ခန္း၊ Hall ခန္းက်ယ္ (၁) ခန္း၊ အမ်ဳိးသမီးမ်ားအတြက္ ေပ ၃၀×၄၀ အခန္းတစ္ခန္း ေဆာက္လုပ္ေပးထားပါတယ္။

Unicodeဖြင့်ဖတ်ရန်

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် အခြေခံပညာ အလယ်တန်းနဲ့ အခြေခံပညာအထက်တန်း၊ အဝေးသင်တက္ကသိုလ်တက်ရောက်နေတဲ့ အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူ ၁၃၇ ဦးရှိကြောင်း မန္တလေးအိုးဘိုအကျဉ်းထောင် တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျောင်းသားကျောင်းသူတွေထဲမှာ တက္ကသိုလ်ဝင်တန်းတက်ရောက်ပညာသင်ကြားနေတဲ့ အကျဉ်းကျ ကျောင်းသားကျောင်းသူ ၇၃ ဦးအထိရှိပြီး အကျဉ်းထောင်မှာ တက်ရောက်နေ ရတဲ့ကျောင်းသား ကျောင်းသူတွေက မူးယစ်ဆေးဝါးမှုနဲ့အများဆုံးရောက်လာတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်းက အသက်မပြည့်သေး ကလေးတွေက အိုးဘိုအကျဉ်းထောင်ကို ရောက်လာတာဖြစ်ပြီး ကျောင်းသားတွေက စာစတင်သင်ကြားပေးတဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကထက် ပိုများလာတယ်လို့ သိရပါတယ်။

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်က အခြေခံပညာ အလယ်တန်းတက်ရောက်တဲ့ ကျောင်းသား/သူ ၁၇ ဦး၊ နဝမတန်းတက်ရောက်တဲ့ကျောင်းသား / သူ ၃၂ ဦး၊ ဒဿမတန်းတက်ရောက်နေတဲ့ အကျဉ်းသား ကျောင်းသား/သူ ၇၃ ဦးနဲ့ အဝေးသင် စိတ်ပညာအထူးပြု တက်ရောက်နေတဲ့ ကျောင်းသား၂ ဦးတို့ တက်ရောက်နေပါတယ်။

မန္တလေးအကျဉ်ထောင်မှာ ပညာတပိုင်းတစနဲ့ ပြစ်ဒဏ်ကျလာတဲ့ ကျောင်းသား/သူတွေကို ပညာသင်ကြားနိုင်ဖို့အတွက် နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်ပေးထားပြီး စာသင်ခန်း (၃) ခန်း၊ Hall ခန်းကျယ် (၁) ခန်း၊ အမျိုးသမီးများအတွက် ပေ ၃၀×၄၀ အခန်းတစ်ခန်း ဆောက်လုပ်ပေးထားပါတယ်။

Credit: dvb