Zawgyi ဖြင့်ဖတ်၇န်

ni2



ni3



Unicodeဖြင့်ဖတ်ရန်
အခုနှစ်မှာတော့ နောက်ထပ်ဆယ်လီစုံတွဲရဲ့ မင်္ဂလာသတင်းကို ကြားရတော့မည့်ပုံပါပဲ။
Filmfareသတင်းအရ ပရိရန်ကာချွတ်ပရာနှင့် နစ်ခ်ဂျိုနက်တို့ မနှင့်မောင်စုံတွဲလေးက နောက်လတွင် စေ့စပ်ဖို့ စီစဉ်ထားပါတယ်။ လတ်တလောတွင် နစ်ခ်က ပရိရန်ကာနှင့်အိန္ဒိယတွင် ရှိနေပြီး ပရိရန်ကာရဲ့မိခင် Madhu Chopraနှင့်လဲ တွေ့ဆုံခဲ့ပြီးပါပြီဆိုတဲ့ သတင်းလဲထွက်ရှိခဲ့ပါတယ်။

ni2

ဒီစုံတွဲက ပရိရန်ကာရဲ့ရင်းနှီးဆုံးသူငယ်ချင်းတွေ၊ ဝမ်းကွဲတွေနှင့်အတူ Goaကိုတောင် သွားခဲ့ကြပါတယ်။ Filmfareက နစ်ခ် အိန္ဒိယကို လာရောက်ခဲ့တဲ့အကြောင်းအရင်းက ပရိရန်ကာ့မိသားစုနှင့် တွေ့ဖို့အတွက်ဖြစ်ပါတယ်။ ညစာစားပွဲအပြီးမှာ စေ့စပ်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်ဆိုတာကို တင်ပြခဲ့ပါတယ်။

မကြာသေးခင်က DNAနှင့် အင်တာဗျူးတစ်ခုတွင် ပရိရန်ကာရဲ့မိခင်က ကျွန်မတို့ နစ်ခ်ရှိခဲ့တဲ့ညစာစားပွဲကို သွားခဲ့ရုံပါပဲ။ ဒါပေမဲ့ များပြားလှတဲ့အဖွဲ့တစ်ခုဖြစ်ခဲ့ပါတယ်။ လူဆယ်ယောက်ရှိခဲ့တဲ့အတွက် သူကို ကောင်းကောင်းသိဖို့အတွက် အချိန်မရခဲ့ပါဘူး။ ကျွန်မ သူကို ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အကဲခတ်ဖို့အတွက် အရမ်းစောလွန်းပါတယ် ဆိုတာကို ပြောပြခဲ့ပါတယ်။

ni3

နစ်ခ်ဂျိုနက်ရဲ့ အသိုင်းအဝန်းဘက်ကတော့ နစ်ခ်အစ်ကိုက ဘော်လိဝုဒ်စတားပရိရန်ကာနှင့် တကယ်ကို လက်ထပ်စေချင်ပါတယ်ဆိုတာကို Peopleက တင်ပြခဲ့ပါတယ်။

ပရိရန်ကာတို့စုံတွဲနှင့် ရင်းနှီးတဲ့sourceတစ်ခုက နစ်ခ်က ဝမ်းကွဲမင်္ဂလာဆောင်ကို ခေါ်လာခဲ့တာက ကြီးမားတဲ့ပတ်သတ်မှုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက သူအရမ်းတွဲခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှစိုးရိမ်စရာတော့မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဒါက ကြီးမားတဲ့ခြေလှမ်းဖြစ်ပါတယ်ဆိုတာကို ထုတ်ပြောပြခဲ့ပါတယ်။

ဒီသတင်းကို ပရိရန်ကာနှင့်နစ်ခ်တို့စုံတွဲဘယ်တော့ အတည်ပြုမလဲဆိုတာကို စောင့်ကြည်ရမှာပဲဖြစ်ပါတယ်။
From MM