Zawgyi ျဖင့္ဖတ္၇န္
ျပည္လမ္း ၆ မိုင္ခြဲရိွ Market Place ေစ်းဝယ္စင္တာ ေပါက္ကြဲမႈသည္ Gas ပိုက္လိုင္းယိုစိမ္ေနမႈအား မီးကူးစက္ၿပီး ေပါက္ကြဲျခင္းျဖစ္သည္ဟု ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားသည္။

ဇြန္လ ၂ ရက္ေန႔ ည ကိုးနာရီခြဲခန္႔အခ်ိန္တြင္ Market Place ေစ်းဝယ္စင္တာ၌ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႔က သြားေရာက္စစ္ေဆးခဲ့ရာတြင္ ေပါက္ကြဲရာေနရာ၌ အခန္းမ်က္ႏွာက်က္မ်ား ကြာက်ၿပီး နံရံတြင္ကာရံထားသည့္ မွန္ကြဲစမ်ား လႊင့္စင္ေနသည္ကို ေတြ႔ရိွခဲ့ရသည္ဟု ရဲတပ္ဖြဲ႔ ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ Market Place ေစ်းဝယ္စင္တာအတြင္းရိွ ဆိုင္ခန္းတစ္ခုကို ျပန္လည္ျပင္ဆင္ရန္ အလုပ္လုပ္ကိုင္ေနသည့္ အလုပ္သမားမ်ားက ဖုန္းအားသြင္းရာတြင္ မီးႀကိဳးေခြမွတစ္ဆင့္ ဝါယာေရွာ့ျဖစ္ခဲ့ေၾကာင္း ၊ ယင္းဝါယာေရွာ့မွတစ္ဆင့္ မီးပြားမ်ားထြက္ရိွခဲ့ရာ အေဆာက္အအံုမ်က္ႏွာက်က္ရွိ စားေသာက္ဆိုင္တန္းမ်ားသို႔ ပို႔လႊတ္သြယ္တန္းထားသည့္ Gas ပိုက္လိုင္းမွ Gas ယိုစိမ့္ေနမႈေၾကာင့္ မီးေလာင္ေပါက္ကြဲျခင္းျဖစ္သည္ဟု ထုတ္ျပန္ထားသည္။

အခင္းျဖစ္ပြားရာေနရာကို ကၽြမ္းက်င္သူမ်ားစစ္ေဆးရာတြင္ ေပါက္ကဲြေစတတ္ေသာပစၥည္းမ်ားမေတြ႔ရွိရသည့္အျပင္ ယမ္းန႔ံမ်ားလည္း ရရွိျခင္းမရွိေၾကာင္း ၊ အခင္းျဖစ္ပြားရာ အေဆာက္အအံုအတြင္းရွိ မ်က္ႏွာက်က္မ်ားတြင္ သြယ္တန္းထားေသာ Gas ပိုက္လိုင္းမ်ားရွိေသာ္လည္း ေျမေအာက္ထပ္ရွိ Gas အိုးမ်ားထားသိုရာ အဓိကေနရာကို အခ်ိန္မီပိတ္ႏိုင္ခဲ့ျခင္းေၾကာင့္ ပ်က္စီးမႈနည္းပါးခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ေပါက္ကြဲမႈျဖစ္ပြားရာတြင္ အဆုိပါ ဆိုင္းအတြင္းအလုပ္လုပ္ကိုင္ေနသည့္ လူ(၈) ဦး၏ ခႏၶာကိုယ္တြင္ မီးအပူေလာင္ ဒဏ္ရာမ်ား ရရိွခဲ့ျခင္းေၾကာင့္ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးတြင္ အတြင္းလူနာမ်ားအျဖစ္ ေဆးကုသမႈခံယူေနေၾကာင္း သတင္းရရိွသည္။

ေပါက္ကြဲမႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး စစ္ေဆးေဆာင္ရြက္ခ်က္မ်ားအရ လိႈင္ၿမိဳ႕မရဲစခန္းတြင္ ဥပေဒႏွင့္အညီ အမႈဖြင့္ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
Unicodeဖြင့်ဖတ်ရန်
ပြည်လမ်း ၆ မိုင်ခွဲရှိ Market Place ဈေးဝယ်စင်တာ ပေါက်ကွဲမှုသည် Gas ပိုက်လိုင်းယိုစိမ်နေမှုအား မီးကူးစက်ပြီး ပေါက်ကွဲခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂ ရက်နေ့ ည ကိုးနာရီခွဲခန့်အချိန်တွင် Market Place ဈေးဝယ်စင်တာ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာတွင် ပေါက်ကွဲရာနေရာ၌ အခန်းမျက်နှာကျက်များ ကွာကျပြီး နံရံတွင်ကာရံထားသည့် မှန်ကွဲစများ လွှင့်စင်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ Market Place ဈေးဝယ်စင်တာအတွင်းရှိ ဆိုင်ခန်းတစ်ခုကို ပြန်လည်ပြင်ဆင်ရန် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများက ဖုန်းအားသွင်းရာတွင် မီးကြိုးခွေမှတစ်ဆင့် ဝါယာရှော့ဖြစ်ခဲ့ကြောင်း ၊ ယင်းဝါယာရှော့မှတစ်ဆင့် မီးပွားများထွက်ရှိခဲ့ရာ အဆောက်အအုံမျက်နှာကျက်ရှိ စားသောက်ဆိုင်တန်းများသို့ ပို့လွှတ်သွယ်တန်းထားသည့် Gas ပိုက်လိုင်းမှ Gas ယိုစိမ့်နေမှုကြောင့် မီးလောင်ပေါက်ကွဲခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အခင်းဖြစ်ပွားရာနေရာကို ကျွမ်းကျင်သူများစစ်ဆေးရာတွင် ပေါက်ကွဲစေတတ်သောပစ္စည်းများမတွေ့ရှိရသည့်အပြင် ယမ်းနံ့များလည်း ရရှိခြင်းမရှိကြောင်း ၊ အခင်းဖြစ်ပွားရာ အဆောက်အအုံအတွင်းရှိ မျက်နှာကျက်များတွင် သွယ်တန်းထားသော Gas ပိုက်လိုင်းများရှိသော်လည်း မြေအောက်ထပ်ရှိ Gas အိုးများထားသိုရာ အဓိကနေရာကို အချိန်မီပိတ်နိုင်ခဲ့ခြင်းကြောင့် ပျက်စီးမှုနည်းပါးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပေါက်ကွဲမှုဖြစ်ပွားရာတွင် အဆိုပါ ဆိုင်းအတွင်းအလုပ်လုပ်ကိုင်နေသည့် လူ(၈) ဦး၏ ခန္ဓာကိုယ်တွင် မီးအပူလောင် ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်ချက်များအရ လှိုင်မြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
Credit; Mizzima