ZawGyiျဖင့္ဖတ္ရန္

အက်ဥ္းေထာင္ ၈ ခုက အက်ဥ္းသား အက်ဥ္းသူ၊ အခ်ဳပ္သားမ်ား ယခုႏွစ္ (၂၀၁၇ – ၂၀၁၈ ခုႏွစ္) တကၠသိုလ္ ဝင္တန္း စားေမးပြဲ ဝင္ေရာက္ေျဖဆိုရာမွာ ေအာင္ျမင္သူ ၄၇ ဦး ရွိၿပီး ေအာင္ခ်က္ ရာခိုင္ႏႈန္း အားျဖင့္ ၄၅ ဒသမ ၁၉ ရာခိုင္ႏႈန္း ရွိတယ္လို႔ အက်ဥ္း ဦးစီးဌာနက သိရပါတယ္။

အဲဒီလို ေျဖဆိုသူ အားလုံးေပါင္း က်ား ၉၆ ဦး၊ မ ၈ ဦး စုစုေပါင္း ၁၀၄ ဦးရွိရာမွာ က်ား ၄၃ ဦး၊ မ ၄ ဦး စုစုေပါင္း ၄၇ ဦး ေအာင္ျမင္ခဲ့ပါတယ္။

ေအာင္ျမင္သူေတြထဲမွာမွ ၃ ဘာသာ ဂုဏ္ထူးရွင္ ၅ ဦး၊ ၂ ဘာသာ ဂုဏ္ထူးရွင္ ၅ ဦး၊ ၁ ဘာသာ ဂုဏ္ထူးရွင္ ၁၈ ဦး တို႔ ပါဝင္ေၾကာင္း သိရပါတယ္။

ယခုႏွစ္ ပညာသင္ႏွစ္မွာ အင္းစိန္ အက်ဥ္းေထာင္တြင္းကေန တကၠသိုလ္ ဝင္တန္း စာေမးပြဲကို ဝင္ေရာက္ေျဖဆိုခဲ့ၿပီး ေအာင္ျမင္ခဲ့သူ ၁၉ ဦးရွိေနပါတယ္။ ဒီအထဲကမွ လုယက္မႈနဲ႕ ေထာင္ဒဏ္ ၆ ႏွစ္ခ်ခံထားရၿပီး တကၠသိုလ္ဝင္တန္းကို ဂုဏ္ထူး ၃ ဘာသာနဲ႕ ေအာင္ျမင္ခဲ့တဲ့ ေမာင္ဉာဏ္လင္းေမာင္ ကို ဧရာဝတီ သတင္းေထာက္ ထြန္းထြန္း က ေတြ႕ဆုံ ေမးျမန္း ထားပါတယ္။

ေမး။ ။ ဂုဏ္ထူးရ ဘာသာေတြ ေျပာျပပါဦး။

ေျဖ။ ။ ဂုဏ္ထူးရတာေတြက ႐ူပေဗဒရယ္၊ ဓာတုေဗဒရယ္၊ ေဘာဂေဗဒရယ္ပါ၊ စုစု ေပါင္း ရမွတ္ က ၄၅၈ မွတ္ပါ။

ေမး။ ။ ေအာင္ျမင္ဖို႔အတြက္ ေထာင္ထဲမွာ ဘယ္လို ႀကိဳးစားခဲ့ရလဲ။

ေျဖ။ ။ အဓိက ကေတာ့ ဆရာေတြရဲ႕ ဂ႐ုတစိုက္ သင္ၾကားေပးမႈ အရမ္းကို ေကာင္းပါတယ္။ က်ေနာ္တို႔ကို ဂုဏ္ထူး ပါဖို႔ အထိပါ ေမွ်ာ္မွန္းၿပီးေတာ့ သင္ၾကားေပးခဲ့ၾကတာပါ။ သူတို႔ရဲ႕ လမ္းၫြန္မႈနဲ႔ လိုက္နာ ႀကိဳးစားခဲ့ပါတယ္။

ေမး။ ။ ေက်ာင္း ဆက္တက္ဖို႔ေရာ ေမွ်ာ္လင့္ထားသလား။

ေျဖ။ ။ ေမွ်ာ္မွန္းထားတာကေတာ့ က်ေနာ္ ျဖစ္ႏိုင္ရင္ အျပင္မွာ ဒီထက္ျမင့္တဲ့ ပညာေတြ သင္ၾကားခ်င္ပါတယ္။ အျပင္ဆို ရင္ က်ေနာ့္ အမွတ္နဲ႔ ကိုက္ညီတဲ့ ဘြဲ႕ေတြ ယူခ်င္ပါေသးတယ္။ ဒီထက္လည္း ေအာင္ျမင္ေအာင္ ႀကိဳးစားခ်င္ပါေသးတယ္။ ႏိုင္ငံအတြက္ အက်ိဳးမယုတ္တဲ့ သူတေယာက္ျဖစ္ေအာင္ ႀကိဳးစားသြားခ်င္တယ္။

ေမး။ ။ ဒီ ေထာင္တြင္းကို ဘယ္လို အေၾကာင္းေတြနဲ႔ ေရာက္လာခဲ့တာလဲ။

ေျဖ။ ။ က်ေနာ္က လုယက္မႈနဲ႔ ျပစ္ဒဏ္ ၆ ႏွစ္က်ခံေနရတာ ျဖစ္ပါတယ္။ အက်ဥ္းသားဘဝနဲ႔ ေနေနရတာ ၃ ႏွစ္နဲ႔ ၇ လ ရွိေနပါၿပီ။ ရန္ကုန္ၿမိဳ႕ ရန္ကင္းကပါ။ အျပင္မွာ ျဖစ္ခဲ့တာေတြကိုေတာ့ ျပန္မေျပာျပခ်င္ေတာ့ဘူး။

ေမး။ ။ အရင္ႏွစ္က ဂုဏ္ထူးရ အက်ဥ္းသားေတြကို သမၼတက လြတ္ၿငိမ္းခြင့္ ေပးထားေတာ့ ဒီႏွစ္ေကာ ညီေလးအေနနဲ႔ ေမွ်ာ္လင့္ထားသလား။

ေျဖ။ ။ က်ေနာ္ကေတာ့ သမၼတႀကီးရဲ႕ လြတ္ၿငိမ္းခ်မ္းသာေပးတာကို ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ ႀကိဳးစား ေနၾကပါၿပီ။ ဒီအထဲမွာ ထက္စာရင္ အျပင္မွာက ဒီထက္ အဆင့္ျမင္တဲ့ ပညာေတြကို သင္ယူႏိုင္မွာပါ။ က်ေနာ္တို႔ ကိုလည္း ေပးေစခ်င္ပါတယ္။ အျပင္မွာ သင္ၾကားခြင့္ မရခဲ့ရင္လည္း ဒီကေနပဲ အေဝးသင္နဲ႔ ေက်ာင္းဆက္တက္သြားမွာပါ။

ေမး။ ။ အျပင္မွာျဖစ္ခဲ့တာေတြ အတြက္ ေနာင္တရမိလား။

ေျဖ။ ။ က်ေနာ္ အျပင္မွာတုန္းက ျဖစ္ခဲ့တာေတြ အတြက္ ေနာင္တရမိပါတယ္။ အဲဒီ ေနာင္တရတဲ့ စိတ္နဲ႔ပဲ အခုလိုႀကိဳးစား ခဲ့တာပါ။ က်ေနာ့္ အမွားေတြ အတြက္ ျပင္ဆင္ေနပါတယ္။ အဓိကကေတာ့ အရႈံးေတြထဲက အျမတ္တခုေပါ့။ အဲဒီအတြက္ က်ေနာ္ႀကိဳးစားခဲ့တာပါ။

ေမး။ ။ ဒီေအာင္ျမင္မႈ အတြက္ ဘာေျပာခ်င္သလဲ။

ေျဖ။ ။ ဒီ ေအာင္ျမင္မႈက ေသရာပါပါပဲ။ က်ေနာ့္ ဘဝမွာလည္း ေအာင္ျမင္မႈဆိုတာ ဒါက ပထမဆုံး ေအာင္ျမင္မႈပါပဲ။ ဆယ္ တန္းေအာင္တယ္ ဆိုတာ သိရၿပီး ဂုဏ္ထူးဘာသာပါတယ္ဆိုတာ သိရတဲ့အခ်ိန္မွာ က်ေနာ္ေပ်ာ္လြန္းလို႔ မ်က္ရည္ေတာင္ က်မိတယ္။ လုံးဝကို ေမ့လို႔မရတဲ့ အမွတ္တရပါပဲ။

ေမး။ ။အျပင္မွာတုန္းကေရာ ဆယ္တန္း ေျဖခဲ့ေသးလား။

ေျဖ။ ။ အျပင္မွာတုန္းက က်ေနာ္၂၀၁၁-၁၂ ခုႏွစ္မွာ ဆယ္တန္းကို စေျဖခဲ့ပါေသးတယ္၊ အဲဒီတုန္းက က်ခဲ့တယ္။ ဒီအထဲ ကို ေရာက္လာေတာ့ က်ေနာ္တို႔လို ဘဝတူ လူငယ္ေတြ ေက်ာင္း ဆက္တက္ခြင့္ရတယ္။ ပညာေရး တပိုင္းတစျဖစ္ခဲ့တဲ့ က်ေနာ္ တို႔အတြက္ ေက်ာင္းတက္ခြင့္ရွိတာ သိရလို႔ တာဝန္ရွိသူေတြထံ ခြင့္ေတာင္းၿပီး ေက်ာင္း ဆက္တက္ခဲ့တာပါ။ ၿပီးခဲ့ တဲ့ႏွစ္မွာ က်ေနာ္ျပန္ေျဖခဲ့ၿပီး ဂုဏ္ထူးနဲ႔ေအာင္ခဲ့တာပါ။

ေမး။ ။ ဘာမ်ား ျဖည့္စြက္ ေျပာခ်င္ေသးလဲ။

ေျဖ။ ။ က်ေနာ္တို႔လို လူငယ္ေတြကို ႀကိဳးစားၾကပါလို႔ ေျပာခ်င္ပါတယ္။ က်ေနာ္တို႔ အတြက္ကေတာ့ အရႈံးထဲက အျမတ္ ပါပဲ။ ေထာင္က်ခဲ့တာက က်ေနာ္တို႔အတြက္ အမည္းစက္ႀကီး တခုပါပဲ။ အခုေတာ့ ဘာပဲျဖစ္ျဖစ္ အျပင္ ျပန္ေရာက္ သြားတဲ့ အခါမွာ ေအာင္ျမင္မႈေလး တခုနဲ႔ ျပန္လာႏိုင္ခဲ့တာေပါ့။

Unicodeျဖင့္ဖတ္ရန္

အကျဉ်းထောင် ၈ ခုက အကျဉ်းသား အကျဉ်းသူ၊ အချုပ်သားများ ယခုနှစ် (၂၀၁၇ – ၂၀၁၈ ခုနှစ်) တက္ကသိုလ် ဝင်တန်း စားမေးပွဲ ဝင်ရောက်ဖြေဆိုရာမှာ အောင်မြင်သူ ၄၇ ဦး ရှိပြီး အောင်ချက် ရာခိုင်နှုန်း အားဖြင့် ၄၅ ဒသမ ၁၉ ရာခိုင်နှုန်း ရှိတယ်လို့ အကျဉ်း ဦးစီးဌာနက သိရပါတယ်။

အဲဒီလို ဖြေဆိုသူ အားလုံးပေါင်း ကျား ၉၆ ဦး၊ မ ၈ ဦး စုစုပေါင်း ၁၀၄ ဦးရှိရာမှာ ကျား ၄၃ ဦး၊ မ ၄ ဦး စုစုပေါင်း ၄၇ ဦး အောင်မြင်ခဲ့ပါတယ်။

အောင်မြင်သူတွေထဲမှာမှ ၃ ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦး တို့ ပါဝင်ကြောင်း သိရပါတယ်။

ယခုနှစ် ပညာသင်နှစ်မှာ အင်းစိန် အကျဉ်းထောင်တွင်းကနေ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်ခဲ့သူ ၁၉ ဦးရှိနေပါတယ်။ ဒီအထဲကမှ လုယက်မှုနဲ့ ထောင်ဒဏ် ၆ နှစ်ချခံထားရပြီး တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ မောင်ဉာဏ်လင်းမောင် ကို ဧရာဝတီ သတင်းထောက် ထွန်းထွန်း က တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး။ ။ ဂုဏ်ထူးရ ဘာသာတွေ ပြောပြပါဦး။

ဖြေ။ ။ ဂုဏ်ထူးရတာတွေက ရူပဗေဒရယ်၊ ဓာတုဗေဒရယ်၊ ဘောဂဗေဒရယ်ပါ၊ စုစု ပေါင်း ရမှတ် က ၄၅၈ မှတ်ပါ။

မေး။ ။ အောင်မြင်ဖို့အတွက် ထောင်ထဲမှာ ဘယ်လို ကြိုးစားခဲ့ရလဲ။

ဖြေ။ ။ အဓိက ကတော့ ဆရာတွေရဲ့ ဂရုတစိုက် သင်ကြားပေးမှု အရမ်းကို ကောင်းပါတယ်။ ကျနော်တို့ကို ဂုဏ်ထူး ပါဖို့ အထိပါ မျှော်မှန်းပြီးတော့ သင်ကြားပေးခဲ့ကြတာပါ။ သူတို့ရဲ့ လမ်းညွန်မှုနဲ့ လိုက်နာ ကြိုးစားခဲ့ပါတယ်။

မေး။ ။ ကျောင်း ဆက်တက်ဖို့ရော မျှော်လင့်ထားသလား။

ဖြေ။ ။ မျှော်မှန်းထားတာကတော့ ကျနော် ဖြစ်နိုင်ရင် အပြင်မှာ ဒီထက်မြင့်တဲ့ ပညာတွေ သင်ကြားချင်ပါတယ်။ အပြင်ဆို ရင် ကျနော့် အမှတ်နဲ့ ကိုက်ညီတဲ့ ဘွဲ့တွေ ယူချင်ပါသေးတယ်။ ဒီထက်လည်း အောင်မြင်အောင် ကြိုးစားချင်ပါသေးတယ်။ နိုင်ငံအတွက် အကျိုးမယုတ်တဲ့ သူတယောက်ဖြစ်အောင် ကြိုးစားသွားချင်တယ်။

မေး။ ။ ဒီ ထောင်တွင်းကို ဘယ်လို အကြောင်းတွေနဲ့ ရောက်လာခဲ့တာလဲ။

ဖြေ။ ။ ကျနော်က လုယက်မှုနဲ့ ပြစ်ဒဏ် ၆ နှစ်ကျခံနေရတာ ဖြစ်ပါတယ်။ အကျဉ်းသားဘဝနဲ့ နေနေရတာ ၃ နှစ်နဲ့ ၇ လ ရှိနေပါပြီ။ ရန်ကုန်မြို့ ရန်ကင်းကပါ။ အပြင်မှာ ဖြစ်ခဲ့တာတွေကိုတော့ ပြန်မပြောပြချင်တော့ဘူး။

မေး။ ။ အရင်နှစ်က ဂုဏ်ထူးရ အကျဉ်းသားတွေကို သမ္မတက လွတ်ငြိမ်းခွင့် ပေးထားတော့ ဒီနှစ်ကော ညီလေးအနေနဲ့ မျှော်လင့်ထားသလား။

ဖြေ။ ။ ကျနော်ကတော့ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာပေးတာကို မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကြိုးစား နေကြပါပြီ။ ဒီအထဲမှာ ထက်စာရင် အပြင်မှာက ဒီထက် အဆင့်မြင်တဲ့ ပညာတွေကို သင်ယူနိုင်မှာပါ။ ကျနော်တို့ ကိုလည်း ပေးစေချင်ပါတယ်။ အပြင်မှာ သင်ကြားခွင့် မရခဲ့ရင်လည်း ဒီကနေပဲ အဝေးသင်နဲ့ ကျောင်းဆက်တက်သွားမှာပါ။

မေး။ ။ အပြင်မှာဖြစ်ခဲ့တာတွေ အတွက် နောင်တရမိလား။

ဖြေ။ ။ ကျနော် အပြင်မှာတုန်းက ဖြစ်ခဲ့တာတွေ အတွက် နောင်တရမိပါတယ်။ အဲဒီ နောင်တရတဲ့ စိတ်နဲ့ပဲ အခုလိုကြိုးစား ခဲ့တာပါ။ ကျနော့် အမှားတွေ အတွက် ပြင်ဆင်နေပါတယ်။ အဓိကကတော့ အရှုံးတွေထဲက အမြတ်တခုပေါ့။ အဲဒီအတွက် ကျနော်ကြိုးစားခဲ့တာပါ။

မေး။ ။ ဒီအောင်မြင်မှု အတွက် ဘာပြောချင်သလဲ။

ဖြေ။ ။ ဒီ အောင်မြင်မှုက သေရာပါပါပဲ။ ကျနော့် ဘဝမှာလည်း အောင်မြင်မှုဆိုတာ ဒါက ပထမဆုံး အောင်မြင်မှုပါပဲ။ ဆယ် တန်းအောင်တယ် ဆိုတာ သိရပြီး ဂုဏ်ထူးဘာသာပါတယ်ဆိုတာ သိရတဲ့အချိန်မှာ ကျနော်ပျော်လွန်းလို့ မျက်ရည်တောင် ကျမိတယ်။ လုံးဝကို မေ့လို့မရတဲ့ အမှတ်တရပါပဲ။

မေး။ ။အပြင်မှာတုန်းကရော ဆယ်တန်း ဖြေခဲ့သေးလား။

ဖြေ။ ။ အပြင်မှာတုန်းက ကျနော်၂၀၁၁-၁၂ ခုနှစ်မှာ ဆယ်တန်းကို စဖြေခဲ့ပါသေးတယ်၊ အဲဒီတုန်းက ကျခဲ့တယ်။ ဒီအထဲ ကို ရောက်လာတော့ ကျနော်တို့လို ဘဝတူ လူငယ်တွေ ကျောင်း ဆက်တက်ခွင့်ရတယ်။ ပညာရေး တပိုင်းတစဖြစ်ခဲ့တဲ့ ကျနော် တို့အတွက် ကျောင်းတက်ခွင့်ရှိတာ သိရလို့ တာဝန်ရှိသူတွေထံ ခွင့်တောင်းပြီး ကျောင်း ဆက်တက်ခဲ့တာပါ။ ပြီးခဲ့ တဲ့နှစ်မှာ ကျနော်ပြန်ဖြေခဲ့ပြီး ဂုဏ်ထူးနဲ့အောင်ခဲ့တာပါ။

မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်သေးလဲ။

ဖြေ။ ။ ကျနော်တို့လို လူငယ်တွေကို ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ ကျနော်တို့ အတွက်ကတော့ အရှုံးထဲက အမြတ် ပါပဲ။ ထောင်ကျခဲ့တာက ကျနော်တို့အတွက် အမည်းစက်ကြီး တခုပါပဲ။ အခုတော့ ဘာပဲဖြစ်ဖြစ် အပြင် ပြန်ရောက် သွားတဲ့ အခါမှာ အောင်မြင်မှုလေး တခုနဲ့ ပြန်လာနိုင်ခဲ့တာပေါ့။

Credit: The Irrawaddy