Zawgyi ျဖင့္ဖတ္၇န္
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲခ႐ိုင္၊ သီေပါၿမိဳ႕နယ္၊ နမ့္လန္ေက်း႐ြာအုပ္စုတြင္ ေတာင္က်ေရမ်ားေၾကာင့္ ေရႀကီး ေရလွ်ံမႈ ထပ္မံျဖစ္ပြားမည္ကို နမ့္လန္ေဒသခံမ်ား စိုးရိမ္လ်က္ရွိေၾကာင္း သိရသည္။

ဇြန္ ၆ ရက္ႏွင့္ ၇ ရက္အတြင္း မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေတာင္က်ေရမ်ား စီးဆင္းလာမႈေၾကာင့္ နမ့္လန္ေက်း႐ြာ၏ ၃ ပုံ ၂ ပုံခန႔္ အဆိုး႐ြားဆုံး ေရႀကီးေရလွ်ံမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

နမ့္လန္ေက်း႐ြာအုပ္စုတြင္ ေတာင္က်ေရေၾကာင့္ ေရႀကီးေရလွ်ံမႈ ဇြန္ ၁ ရက္တြင္ ပထမဆုံးအႀကိမ္၊ ဇြန္ ၃ ရက္တြင္ ဒုတိ ယအႀကိမ္၊ ဇြန္ ၆ ရက္တြင္ တတိယအႀကိမ္ ျဖစ္ပြားခဲ့ၿပီးေနာက္ ဇြန္ ၇ ရက္တြင္ ျဖစ္ပြားခဲ့သည့္ စတုတၳအႀကိမ္ေျမာက္ ေရ ႀကီးေရလွ်ံမႈသည္ အႀကီးမားဆုံးျဖစ္ေၾကာင္း ေဒသခံမ်ား၏ ေျပာဆိုခ်က္အရ သိရသည္။

ယမန္ေန႔ ညေနပိုင္းကစ၍ မိုး႐ြာသြန္းမႈ ေလ်ာ့နည္းသြားၿပီးေနာက္ ေရမ်ားတျဖည္းျဖည္း ျပန္က်ကာ ယေန႔ေန႔လယ္ပိုင္းတြင္ အားလုံးနီးပါး ျပန္က်သြားၿပီေသာ္လည္း ခန႔္မွန္း မိုးေလဝသအေျခအေန အရ အလားတူျဖစ္ရပ္မ်ိဳး ထပ္မံေပၚေပါက္လာႏိုင္ေသးေၾကာင္း ေဒသခံျဖစ္သူ စိုင္းဆမ္လႈိင္းက ဧရာဝတီကို ေျပာသည္။

“ေရကေတာ့ အကုန္ျပန္က်သြားၿပီ။ အနိမ့္ပိုင္းတခ်ိဳ႕ပဲ ေခ်ာင္းေရပုံစံမ်ိဳး စီးဆင္းေနတာ။ ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြ လည္း အဆက္မျပတ္ လုပ္ေဆာင္ေနတုန္းပါ” ဟု နမ့္လန္၏ လက္ရွိအေျခအေနႏွင့္ပတ္သက္၍ ၎က ရွင္းျပသည္။

ဆက္လက္၍ ၎က နမ့္လန္တြင္ ရပ္ကြက္ေက်း႐ြာအုပ္စုေပါင္း ၁၆ ခုရွိ အိမ္ေျခ ၄၀၀၀ ေက်ာ္အနက္ စုစုေပါင္း ရပ္ကြက္ ၉ ခုမွ အိမ္ေျခ ၃၀၀၀ ဝန္းက်င္ခန႔္ ေရႀကီးေရလွ်ံမႈ ခံစားခဲ့ရေၾကာင္း၊ စာရင္းအတိအက်ရရွိရန္ သက္ဆိုင္ရာတာဝန္ရွိသူ မ်ားက စာရင္းေကာက္ယူလ်က္ရွိေၾကာင္း ေျပာဆိုသည္။

ယခုျဖစ္စဥ္ေၾကာင့္ အမ်ားဆုံးပ်က္စီးမႈသည္ လူေနအိမ္ေျခမ်ားျဖစ္ၿပီး လမ္းပန္းဆက္သြယ္ေရး အနည္းငယ္ ပ်က္စီးသြား ေၾကာင္း၊ ယခုကဲ့သို႔ေသာ ျဖစ္ရပ္မ်ိဳးအတြက္ ႀကိဳတင္ကာကြယ္ရန္ ေရတို၊ ေရရွည္စီမံကိန္းမ်ားျဖင့္ ေဆာင္႐ြက္သြားရရန္ ေဒသခံမ်ားက ဆႏၵရွိေနၾကသည္။

“ေလာေလာဆယ္ ဒီႏွစ္ရက္သုံးရက္အတြင္းမွာ အလားတူျဖစ္ရပ္မ်ိဳး ထပ္ျဖစ္လာမယ္ဆိုရင္ ထိခိုက္ပ်က္စီးဆုံးရႈံးမႈ အနည္း ဆုံးျဖစ္ေအာင္ ဘယ္လိုစီမံမလဲဆိုတာ အေရးႀကီးတယ္။ ေရရွည္အေနနဲ႔လည္း ၿမိဳ႕ထဲ ေရမဝင္ႏိုင္ေအာင္ ေရလႊဲႏိုင္တဲ့လမ္း ေၾကာင္းေတြလိုက္ရွာေနတယ္” ဟု သီေပါၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းခမ္းေအာင္က ေျပာ သည္။

ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ခ႐ိုင္အုပ္ခ်ဳပ္ေရး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး၊ လမ္းဦးစီးအထူးအဖြဲ႕၊ စည္ပင္၊ ေျမစာရင္း၊ ဆည္ေျမာင္း၊ မီးသတ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ စသည့္ ဌာနဆိုင္ရာမ်ားမွ တာဝန္ရွိပုဂၢိဳလ္မ်ားက ကြင္းဆင္း ေလ့လာမႈမ်ားျပဳလုပ္ခဲ့ၿပီး ျပန္လည္ထူေထာင္ေရးေကာ္မတီတရပ္ဖြဲ႕စည္းကာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ၎က ဆိုသည္။

နမ့္လန္ေဒသရွိ ေရေဘးသင့္ျပည္သူမ်ားကို ေက်ာက္မဲ၊ သီေပါ၊ လားရႈိးမွ လူမႈကူညီေရး အသင္းအဖြဲ႕မ်ားကလည္း အစား အေသာက္၊ ေဆးဝါးႏွင့္ လူအင္အား စသည္ျဖင့္ လာေရာက္ဝိုင္းဝန္းကူညီလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ေရႀကီးေရလွ်ံမႈျဖစ္စဥ္ေၾကာင့္ အိမ္မ်ားအတြင္း ေရဝင္မႈမ်ား၊ လမ္းမေပၚေရေက်ာ္မႈမ်ား ျဖစ္ပြားခဲ့ၿပီး အနည္းငယ္ထိ ခိုက္၍ ေျပာင္းေ႐ႊ႕ရသည့္ အိမ္ေျခ ၁၁ အိမ္ ရွိေၾကာင္း၊ လူႏွင့္တိရစာၦန္ ေသေၾကပ်က္စီးမႈ လုံးဝမရွိေၾကာင္း ရွမ္းျပည္နယ္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးမႉး႐ုံးမွ ၫႊန္ၾကားေရးမႉး ဦးစိုးႏိုင္က ဧရာဝတီကို ေျပာသည္။
“ထိခိုက္တဲ့ အိမ္ ၁၁ လုံးအတြက္ ေထာက္ပံ့မႈေတြ လုပ္ေနတယ္။ ကယ္ဆယ္ေရးစခန္း ဖြင့္ထားတာမ်ိဳးေတာ့ မရွိဘူး။ နီး စပ္ရာ ေဆြမ်ိဳးသားခ်င္းအိမ္မွာပဲ ေနၾကတယ္။ ေရက်တဲ့ေနာက္ပိုင္းမွာ ျပန္ျပင္ဆင္ၿပီး ေနလို႔ရေနပါၿပီ” ဟု ၎က ဆိုသည္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန၏ မနက္ျဖန္ နံနက္အထိ ခန႔္မွန္းခ်က္အရ မႏၲေလးတိုင္းေဒသႀကီးတြင္ ေနရာ စိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာ ရီတိုင္းေဒသႀကီး၊ ရခိုင္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေဒသအလိုက္ႏွင့္ ကရင္ျပည္နယ္တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း ႐ြာ ရန္ ရာႏႈန္းျပည့္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Unicodeဖြင့်ဖတ်ရန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စုတွင် တောင်ကျရေများကြောင့် ရေကြီး ရေလျှံမှု ထပ်မံဖြစ်ပွားမည်ကို နမ့်လန်ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ဇွန် ၆ ရက်နှင့် ၇ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် နမ့်လန်ကျေးရွာ၏ ၃ ပုံ ၂ ပုံခန့် အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နမ့်လန်ကျေးရွာအုပ်စုတွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဇွန် ၁ ရက်တွင် ပထမဆုံးအကြိမ်၊ ဇွန် ၃ ရက်တွင် ဒုတိ ယအကြိမ်၊ ဇွန် ၆ ရက်တွင် တတိယအကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၇ ရက်တွင် ဖြစ်ပွားခဲ့သည့် စတုတ္ထအကြိမ်မြောက် ရေ ကြီးရေလျှံမှုသည် အကြီးမားဆုံးဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယမန်နေ့ ညနေပိုင်းကစ၍ မိုးရွာသွန်းမှု လျော့နည်းသွားပြီးနောက် ရေများတဖြည်းဖြည်း ပြန်ကျကာ ယနေ့နေ့လယ်ပိုင်းတွင် အားလုံးနီးပါး ပြန်ကျသွားပြီသော်လည်း ခန့်မှန်း မိုးလေဝသအခြေအနေ အရ အလားတူဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက်လာနိုင်သေးကြောင်း ဒေသခံဖြစ်သူ စိုင်းဆမ်လှိုင်းက ဧရာဝတီကို ပြောသည်။

“ရေကတော့ အကုန်ပြန်ကျသွားပြီ။ အနိမ့်ပိုင်းတချို့ပဲ ချောင်းရေပုံစံမျိုး စီးဆင်းနေတာ။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လည်း အဆက်မပြတ် လုပ်ဆောင်နေတုန်းပါ” ဟု နမ့်လန်၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက နမ့်လန်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၁၆ ခုရှိ အိမ်ခြေ ၄၀၀၀ ကျော်အနက် စုစုပေါင်း ရပ်ကွက် ၉ ခုမှ အိမ်ခြေ ၃၀၀၀ ဝန်းကျင်ခန့် ရေကြီးရေလျှံမှု ခံစားခဲ့ရကြောင်း၊ စာရင်းအတိအကျရရှိရန် သက်ဆိုင်ရာတာဝန်ရှိသူ များက စာရင်းကောက်ယူလျက်ရှိကြောင်း ပြောဆိုသည်။

ယခုဖြစ်စဉ်ကြောင့် အများဆုံးပျက်စီးမှုသည် လူနေအိမ်ခြေများဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အနည်းငယ် ပျက်စီးသွား ကြောင်း၊ ယခုကဲ့သို့သော ဖြစ်ရပ်မျိုးအတွက် ကြိုတင်ကာကွယ်ရန် ရေတို၊ ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်သွားရရန် ဒေသခံများက ဆန္ဒရှိနေကြသည်။

“လောလောဆယ် ဒီနှစ်ရက်သုံးရက်အတွင်းမှာ အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်လာမယ်ဆိုရင် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်း ဆုံးဖြစ်အောင် ဘယ်လိုစီမံမလဲဆိုတာ အရေးကြီးတယ်။ ရေရှည်အနေနဲ့လည်း မြို့ထဲ ရေမဝင်နိုင်အောင် ရေလွှဲနိုင်တဲ့လမ်း ကြောင်းတွေလိုက်ရှာနေတယ်” ဟု သီပေါမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်က ပြော သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ လမ်းဦးစီးအထူးအဖွဲ့၊ စည်ပင်၊ မြေစာရင်း၊ ဆည်မြောင်း၊ မီးသတ်၊ လွှတ်တော်ကိုယ်စားလှယ် စသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များက ကွင်းဆင်း လေ့လာမှုများပြုလုပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးကော်မတီတရပ်ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

နမ့်လန်ဒေသရှိ ရေဘေးသင့်ပြည်သူများကို ကျောက်မဲ၊ သီပေါ၊ လားရှိုးမှ လူမှုကူညီရေး အသင်းအဖွဲ့များကလည်း အစား အသောက်၊ ဆေးဝါးနှင့် လူအင်အား စသည်ဖြင့် လာရောက်ဝိုင်းဝန်းကူညီလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် အိမ်များအတွင်း ရေဝင်မှုများ၊ လမ်းမပေါ်ရေကျော်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းငယ်ထိ ခိုက်၍ ပြောင်းရွှေ့ရသည့် အိမ်ခြေ ၁၁ အိမ် ရှိကြောင်း၊ လူနှင့်တိရစ္ဆာန် သေကြေပျက်စီးမှု လုံးဝမရှိကြောင်း ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဧရာဝတီကို ပြောသည်။
“ထိခိုက်တဲ့ အိမ် ၁၁ လုံးအတွက် ထောက်ပံ့မှုတွေ လုပ်နေတယ်။ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတာမျိုးတော့ မရှိဘူး။ နီး စပ်ရာ ဆွေမျိုးသားချင်းအိမ်မှာပဲ နေကြတယ်။ ရေကျတဲ့နောက်ပိုင်းမှာ ပြန်ပြင်ဆင်ပြီး နေလို့ရနေပါပြီ” ဟု ၎င်းက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီးတွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာ ရီတိုင်းဒေသကြီး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ကရင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ရွာ ရန် ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Credit: burma.irrawaddy