Zawgyi ျဖင့္ဖတ္၇န္

Beauty Blogger မေလးလည္းျဖစ္၊ ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္းရုိက္ကူးေနရတဲ့ ေနျခည္ဦးတစ္ေယာက္ ကုိယ္ရွာတဲ့ ဝင္ေငြနဲ႔ ကုိယ္သုံး တဲ့ ထြက္ေငြ မမွ်ဘူးလုိ႔ ဆုိပါတယ္။ အဓိက ကေတာ့ အႏုပညာအလုပ္ေတြ လုပ္ေနရင္းနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေနတတ္တာပါတဲ့။ ဒီလုိ ေနတတ္ တဲ့ ေနျခည္ဦးကုိေတာ့ သူ႔ရဲ႕ ဖခင္က အရြယ္ေကာင္းတုန္းမွာ ပုိက္ဆံရွာၿပီး စီးပြားေရးလုပ္ဖုိ႔အတြက္ တုိက္တြန္းေနတယ္ဆုိတာကုိ ဇြန္လ ၃၁ ရက္ေန႔က ဧည့္သည္ရုပ္ရွင္ဇာတ္ကားႀကီး ကန္ေတာ့ပြဲေပးအခမ္းအနားက မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။အခုေတာ့ စီးပြားေရးလုပ္ဖုိ႔ တုိက္တြန္းေနၿပီလို႔ ဆုိပါတယ္။

”ကုိယ္ကအခုခ်ိန္မွာေပ်ာ္ေနတာ၊ အလုပ္ေတြလုပ္ အေပ်ာ္ေတြလြန္ၿပီးေတာ့ ကုိယ့္ရဲ႕ ဝင္ေငြနဲ႔ ထြက္ေငြ မမွ်ဘူး၊ မကုိက္ဘူး။ အဝတ္အစား ေတြ အမ်ားႀကီး ဝယ္ျဖစ္တယ္၊ ခရီးေတြ ေလွ်ာက္သြားျဖစ္တယ္။ အဓိက ကေတာ့ ေပ်ာ္ေနတာေပါ့ေနာ္။ အေဖကေတာ့ ေျပာပါတယ္။ အႏုပညာအလုပ္ ဆုိတာ စန္းနဲ႔လည္း ဆုိင္တယ္။ နင့္ကုိလည္း ဘယ္သူမွ အၾကာႀကီးမၾကည့္ခ်င္ဘူးတဲ့။ နင့္အသက္ ၃၀ ေက်ာ္သြားလုိ႔ မိတ္ကပ္လိမ္းလည္း ဘယ္သူမွ စိတ္မဝင္စားေတာ့ဘူးတဲ့။ အခုခ်ိန္မွာ ပိုက္ဆံရွာႏုိင္တုန္းကုိရွာ အရြယ္ေကာင္းတုန္းကုိ ပုိက္ဆံရွာ၊ ၿပီးရင္ စီးပြားေရး တစ္ခုခုလုပ္ ဆုိၿပီးေတာ့ သင္ေပးပါတယ္”လုိ႔ သူကဆုိပါတယ္။

 

ေနျခည္ဦးဟာ ငယ္ငယ္ကတည္းက ဖခင္က အလုိလုိက္ခဲ့တာေၾကာင့္ အသုံးအစြဲအရမ္းၾကမ္းတယ္လုိ႔ ဆုိပါတယ္။ လက္ရွိမွာလည္း ကုိယ့္ေျခေထာက္ေပၚ ကုိယ္ရပ္တည္ရင္း အႏုပညာအလုပ္ေတြ လုပ္ေနေပမယ့္ အသုံးစားရိတ္က မေလာက္ဘူးျဖစ္ေနတယ္တဲ့။

” ပြင့္ပြင့္လင္းလင္းေျပာရရင္ ေနျခည္က အရမ္းအသုံးၾကမ္းတယ္။ ငယ္ငယ္ကတည္းက အေဖကလည္း အရမ္းအလုိလုိက္ခ့ဲတာကုိး။ အခုခ်ိန္ မွာ ကုိယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ေနတယ္ဆုိေပမယ့္ အေဖအလုိလုိက္ခဲ့တဲ့ အတုိင္း သုံးေနတာဆုိေတာ့ ဝင္ေငြနဲ႔ ထြက္ေငြ မကုိက္ဘူးေပါ့ေနာ္။ အေဖကေတာ့ ေနျခည့္ကုိဆုံးမပါတယ္၊ နင္ဒီလုိေနလုိ႔မရေတာ့ဘူး၊ ဒီလုိမ်ဳိးဆုိ ပုိက္ဆံစု၊ ပစၥည္း တစ္ခုခုက်န္ေအာင္ လုပ္ ေျပာတာစုံေနတာပဲ။ ေနျခည္ကေတာ့ ဘယ္မွမသြားဘူး၊ အိမ္မွာပဲေနမွာ မပူနဲ႔ ဘယ္မွ မဆင္းဘူး။ ကုိယ္က မစုမိမေဆာင္းမိရင္လည္း ကုမၼဏီမွာ ရွယ္ယာေတြဝယ္ေပါ့။ အေဖကေတာ့ စီးပြားေရးသမားတစ္ေယာက္ျဖစ္တဲ့ အတြက္ စီးပြားေရးနဲ႔ပတ္သက္တာေတြ ေနျခည့္ကုိ အမ်ားႀကီးသင္ေပးတယ္” လုိ႔ ဆုိပါတယ္။

 

သြက္သြက္လက္လက္နဲ႔ ခ်စ္စရာေကာင္းတဲ့ ေနျခည္ဦးကုိ သူ႔ရဲ႕ ခ်ီလီေလးေတြက Make up Blogger တစ္ဦးအေနနဲ႔ စတင္သိရွိခဲ့တာ ျဖစ္ပါတယ္။အဲ့ဒီေနာက္ အလွအပေရးရာနဲ႔ ပတ္သက္ၿပီး အႀကံေကာင္းေတြအမ်ားႀကီးေပးေလ့ရွိတဲ့ ျခည္ျခည့္ရဲ႕ Fan ေလးေတြက ပုိမ်ားလာခဲ့ပါတယ္။ ေနျခည္ဦးဟာ အခုလက္ရွိညႊန္႔ျမန္မာညီညီေအာင္ ရုိက္ကူးတဲ့ ဧည့္သည္ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ၿဖိဳးေငြစုိး၊ ေရႊထူး၊ ေရႊမႈံရတီတုိ႔နဲ႔ အတူ ပါဝင္သ႐ုပ္ေဆာင္ေနပါတယ္။ ဒီဇာတ္ကားႀကီးကေတာ့ ေနျခည္ဦးရဲ႕ ဒုတိယေျမာက္ရုပ္ရွင္ဇာတ္ကား ႀကီးျဖစ္ပါတယ္။ ေနျခည္ရဲ႕ပထထမဆံုး ႐ုပ္ရွင္ကားက ရန္သူ ရုပ္ရွင္ဇာတ္ကားျဖစ္ၿပီး ေနမင္း၊ ဝတ္မႈံေရႊရည္တုိ႔ နဲ႔ အတူ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။
Unicodeဖြင့်ဖတ်ရန်
Beauty Blogger မလေးလည်းဖြစ်၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရိုက်ကူးနေရတဲ့ နေခြည်ဦးတစ်ယောက် ကိုယ်ရှာတဲ့ ဝင်ငွေနဲ့ ကိုယ်သုံး တဲ့ ထွက်ငွေ မမျှဘူးလို့ ဆိုပါတယ်။ အဓိက ကတော့ အနုပညာအလုပ်တွေ လုပ်နေရင်းနဲ့ ပျော်ပျော်ပါးပါးနေတတ်တာပါတဲ့။ ဒီလို နေတတ် တဲ့ နေခြည်ဦးကိုတော့ သူ့ရဲ့ ဖခင်က အရွယ်ကောင်းတုန်းမှာ ပိုက်ဆံရှာပြီး စီးပွားရေးလုပ်ဖို့အတွက် တိုက်တွန်းနေတယ်ဆိုတာကို ဇွန်လ ၃၁ ရက်နေ့က ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

”ကိုယ်ကအခုချိန်မှာပျော်နေတာ၊ အလုပ်တွေလုပ် အပျော်တွေလွန်ပြီးတော့ ကိုယ့်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူး၊ မကိုက်ဘူး။ အဝတ်အစား တွေ အများကြီး ဝယ်ဖြစ်တယ်၊ ခရီးတွေ လျှောက်သွားဖြစ်တယ်။ အဓိက ကတော့ ပျော်နေတာပေါ့နော်။ အဖေကတော့ ပြောပါတယ်။ အနုပညာအလုပ် ဆိုတာ စန်းနဲ့လည်း ဆိုင်တယ်။ နင့်ကိုလည်း ဘယ်သူမှ အကြာကြီးမကြည့်ချင်ဘူးတဲ့။ နင့်အသက် ၃၀ ကျော်သွားလို့ မိတ်ကပ်လိမ်းလည်း ဘယ်သူမှ စိတ်မဝင်စားတော့ဘူးတဲ့။ အခုချိန်မှာ ပိုက်ဆံရှာနိုင်တုန်းကိုရှာ အရွယ်ကောင်းတုန်းကို ပိုက်ဆံရှာ၊ ပြီးရင် စီးပွားရေး တစ်ခုခုလုပ် ဆိုပြီးတော့ သင်ပေးပါတယ်”လို့ သူကဆိုပါတယ်။

play

နေခြည်ဦးဟာ ငယ်ငယ်ကတည်းက ဖခင်က အလိုလိုက်ခဲ့တာကြောင့် အသုံးအစွဲအရမ်းကြမ်းတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရင်း အနုပညာအလုပ်တွေ လုပ်နေပေမယ့် အသုံးစားရိတ်က မလောက်ဘူးဖြစ်နေတယ်တဲ့။

” ပွင့်ပွင့်လင်းလင်းပြောရရင် နေခြည်က အရမ်းအသုံးကြမ်းတယ်။ ငယ်ငယ်ကတည်းက အဖေကလည်း အရမ်းအလိုလိုက်ခဲ့တာကိုး။ အခုချိန် မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတယ်ဆိုပေမယ့် အဖေအလိုလိုက်ခဲ့တဲ့ အတိုင်း သုံးနေတာဆိုတော့ ဝင်ငွေနဲ့ ထွက်ငွေ မကိုက်ဘူးပေါ့နော်။ အဖေကတော့ နေခြည့်ကိုဆုံးမပါတယ်၊ နင်ဒီလိုနေလို့မရတော့ဘူး၊ ဒီလိုမျိုးဆို ပိုက်ဆံစု၊ ပစ္စည်း တစ်ခုခုကျန်အောင် လုပ် ပြောတာစုံနေတာပဲ။ နေခြည်ကတော့ ဘယ်မှမသွားဘူး၊ အိမ်မှာပဲနေမှာ မပူနဲ့ ဘယ်မှ မဆင်းဘူး။ ကိုယ်က မစုမိမဆောင်းမိရင်လည်း ကုမ္မဏီမှာ ရှယ်ယာတွေဝယ်ပေါ့။ အဖေကတော့ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ အတွက် စီးပွားရေးနဲ့ပတ်သက်တာတွေ နေခြည့်ကို အများကြီးသင်ပေးတယ်” လို့ ဆိုပါတယ်။

play
Photo: Amazing Grace

သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ နေခြည်ဦးကို သူ့ရဲ့ ချီလီလေးတွေက Make up Blogger တစ်ဦးအနေနဲ့ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီနောက် အလှအပရေးရာနဲ့ ပတ်သက်ပြီး အကြံကောင်းတွေအများကြီးပေးလေ့ရှိတဲ့ ခြည်ခြည့်ရဲ့ Fan လေးတွေက ပိုများလာခဲ့ပါတယ်။ နေခြည်ဦးဟာ အခုလက်ရှိညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဖြိုးငွေစိုး၊ ရွှေထူး၊ ရွှေမှုံရတီတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားကြီးကတော့ နေခြည်ဦးရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကား ကြီးဖြစ်ပါတယ်။ နေခြည်ရဲ့ပထထမဆုံး ရုပ်ရှင်ကားက ရန်သူ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နေမင်း၊ ဝတ်မှုံရွှေရည်တို့ နဲ့ အတူ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
Credit: Duwun