Zawgyi ျဖင့္ဖတ္၇န္
၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ ၁၇ ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ “ ႏိုင္ငံေတာ္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ား၏အသြင္သ႑ာန္ျဖင့္ ယူနီေဖာင္းမ်ား ဖန္တီး၀တ္စားဆင္ယင္ျခင္း မျပဳၾကရန္ႏွင့္ ၀တ္ဆင္ေၾကာင္းေတြ႕ရွိပါက တရားဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း”ထို႔ျပင္ ဇြန္လ ၁၆ ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္လည္း မႈခင္းသတင္းေထာက္ မ်ားအပါအဝင္ သတင္းေထာက္အသင္းဝင္မ်ားအေနျဖင့္ႏိုင္ငံေတာ္လုံၿခဳံေရးအဖြဲ႕အစည္းမ်ားႏွင့္ အသြင္ သ႑ာန္တူေသာ ဝတ္စုံမ်ားဝတ္ျခင္းႏွင့္ဥပေဒမဲ့ေငြေၾကးေတာင္းခံျခင္း၊ အမႈမ်ားတြင္ အမႈလိုက္ အက်ိဳးေဆာင္အျဖစ္လုပ္ကိုင္ျခင္းစသည့္ဥပေဒမဲ့လုပ္ရပ္မ်ား လုပ္ကိုင္ျခင္းတို႔အေပၚစိစစ္ေတြ႕ရွိပါက တည္ဆဲဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္းေၾကညာခ်က္မ်ားထုတ္ျပန္ ထားခဲ့ၿပီးျဖစ္ပါသည္။

ထိုသို႔ေၾကညာထားၿပီးျဖစ္ေသာ္လည္း ၂၀၁၈ခုႏွစ္၊ ဇြန္လ ၂၂ ရက္ေန႔ည (၁၀)နာရီအခ်ိန္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဗန္းေမာက္ၿမိဳ႕နယ္၊ ေအာင္သာကုန္းေက်း႐ြာေန၊ ဦးေအာင္ထြန္းသည္ နားေတာေက်း႐ြာေန ဦးသိန္းေ႐ႊ၊ ဦးစံတဲ၊ ဦးေမာင္အုန္းတို႔ႏွင့္အတူ နားေတာေက်း႐ြာ၊ မူလတန္းလြန္ေက်ာင္းစာေရးခုံမ်ားျပဳျပင္ရန္အတြက္ ပ်ဥ္တိုပ်ဥ္စပ်ဥ္ေဟာင္းမ်ားအား ပရိေဘာဂဆိုင္ သို႔ပို႔ရန္တုန္းဖုန္းယာဥ္ျဖင့္ သယ္ေဆာင္လာစဥ္ ရႈေထာင့္မႈခင္းသတင္းေထာက္ အမည္ပါဝတ္စုံ ဝတ္ဆင္ထားသူ(၁)ဦးအပါအဝင္ စုစုေပါင္း(၄)ဦးတို႔မွ ကား၊ ဆိုင္ကယ္တို႔ျဖင့္ေရာက္ရွိလာၿပီး “အမႈလိုတယ္၊ ေငြမလိုဘူး၊ တာဝန္ရွိသူေတြကို ပိုက္ဆံေပးထားသလား”ဟု ေျပာဆိုကာ ေထာင္ (၁၀)ႏွစ္ထိက်ႏိုင္တဲ့ဥပေဒျဖင့္ ဖမ္းဆီးမည္ဟုခ်ိန္းေျခာက္၍ ဗန္းေမာက္ၿမိဳ႕၊ ျမနႏၵာရပ္ကြက္ရွိ လိပ္စာမသိဆိုင္းဘုတ္ေထာင္ထားသည့္ အေဆာက္အဦအတြင္းသို႔ ေခၚေဆာင္သြားခဲ့ေၾကာင္း၊ ပ်ဥ္တို ပ်ဥ္စမ်ားသယ္ေဆာင္လာသူ ဦးေအာင္ထြန္းတို႔အဖြဲ႕အား အေဆာက္အဦအတြင္း၌ ထိုင္ခိုင္းကာ ေဇာ္လင္းထြန္းဆိုသူမွ ၎သည္ခ႐ိုင္သတင္းေထာက္ဥကၠဌျဖစ္ေၾကာင္းေျပာဆို၍ ဦးေအာင္ထြန္း၏ လြယ္အိတ္ကိုရွာေဖြကာ “မင္းတို႔အဖမ္းမခံရေအာင္ဘယ္လိုညႇိမလဲ”ဟု ေျပာဆိုခဲ့ေၾကာင္း၊ ဦးေအာင္ထြန္းႏွင့္အဖြဲ႕မွေငြ (၁)သိန္းက်ပ္ေပးေသာ္လည္း လက္မခံဘဲေငြ(၅)သိန္းက်ပ္ေပးရန္ေျပာ သျဖင့္ ေငြ(၅)သိန္းက်ပ္ထုတ္ေပးခဲ့ရေၾကာင္း၊ ေဇာ္လင္းထြန္းပါ(၄)ဦးအား အေရးယူေပးရန္ ဦးေအာင္ထြန္းမွ တိုင္တန္းခဲ့၍ ဇြန္လ ၂၃ ရက္ေန႔တြင္ ဗန္းေမာက္ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္၍ ဥပေဒႏွင့္အညီေဆာင္႐ြက္ခဲ့ပါသည္။

ရဲတပ္ဖြဲ႕မွစုံစမ္းစစ္ေဆးေဖာ္ထုတ္ခ်က္အရ ေဇာ္လင္းထြန္း ၃၃ႏွစ္၊ (ဖ)ဦးေသာင္းဟန္၊ ျမနႏၵာရပ္ကြက္၊ ဗန္းေမာက္ၿမိဳ႕ေနသူႏွင့္အတူ ျပစ္မႈက်ဴးလြန္ရာတြင္ပါဝင္သူမ်ားျဖစ္ေသာ မိုးေက်ာ္ေက်ာ္ဦး(ခ) ဥကၠာမိုး ၄၁ ႏွစ္၊ (ဖ)ဦးတင္စိုး၊ ရႈိင္းကိုကို(ခ) ကိုရႈိင္း ၃၁ ႏွစ္၊ (ဖ)ဦးသက္ဦး၊ ျမင့္သူ(ခ)ျမမိုး ၃၆ ႏွစ္၊ (ဖ)ဦးစံျမင့္တို႔ (၄) ဦးအား စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ဇြန္လ ၂၅ ရက္ ေန႔တြင္ အမႈျဖင့္ ဖမ္းဆီးရမိခဲ့ၿပီး တရားခံမ်ားထံမွ သက္ေသခံေငြ ၅ သိန္းက်ပ္၊ အခင္းျဖစ္စဥ္ ဝတ္ဆင္ခဲ့သည့္၀တ္စုံအပါအဝင္ ရႈေထာင့္မႈခင္းSHတံဆိပ္ပါ ပိကက္(၂)လုံး၊SH သတင္းေထာက္ လက္ေမာင္းတံဆိပ္ပါ အနက္ေရာင္အက်ႌ (၂)ထည္၊ ရႈေထာင့္မႈခင္း SH တံဆိပ္ပါ အနက္ေရာင္ လက္တိုအက်ႌ(၂)ထည္၊ အနက္ေရာင္ေဘာင္းဘီရွည္(၂)ထည္၊ ျပစ္မႈက်ဴးလြန္ရာ၌အသုံးျပဳခဲ့ေသာ YGN-6F/8908 နံပါတ္ပါ NISSAN PRIMERA အနက္ေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီးႏွင့္ နံပါတ္မပါ PANGBO-125 နီနက္က်ားဆိုင္ကယ္(၁)စီးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း၊ ဥပေဒမဲ့ေငြေၾကးေတာင္းခံၿပီး ဥပေဒမဲ့လုပ္ရပ္မ်ားလုပ္ကိုင္ကာ ရာဇဝတ္မႈက်ဴးလြန္ခဲ့ေသာ ရႈေထာင့္ မႈခင္းသတင္းေထာက္ႏွင့္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ေဇာ္လင္းထြန္းပါ(၄)ဦးအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိပါသည္။

Unicodeဖြင့်ဖတ်ရန်

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် “ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြရန်နှင့် ဝတ်ဆင်ကြောင်းတွေ့ရှိပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း”ထို့ပြင် ဇွန်လ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း မှုခင်းသတင်းထောက် များအပါအဝင် သတင်းထောက်အသင်းဝင်များအနေဖြင့်နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့် အသွင် သဏ္ဍာန်တူသော ဝတ်စုံများဝတ်ခြင်းနှင့်ဥပဒေမဲ့ငွေကြေးတောင်းခံခြင်း၊ အမှုများတွင် အမှုလိုက် အကျိုးဆောင်အဖြစ်လုပ်ကိုင်ခြင်းစသည့်ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ်စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းကြေညာချက်များထုတ်ပြန် ထားခဲ့ပြီးဖြစ်ပါသည်။

ထိုသို့ကြေညာထားပြီးဖြစ်သော်လည်း ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ည (၁၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာနေ၊ ဦးအောင်ထွန်းသည် နားတောကျေးရွာနေ ဦးသိန်းရွှေ၊ ဦးစံတဲ၊ ဦးမောင်အုန်းတို့နှင့်အတူ နားတောကျေးရွာ၊ မူလတန်းလွန်ကျောင်းစာရေးခုံများပြုပြင်ရန်အတွက် ပျဉ်တိုပျဉ်စပျဉ်ဟောင်းများအား ပရိဘောဂဆိုင် သို့ပို့ရန်တုန်းဖုန်းယာဉ်ဖြင့် သယ်ဆောင်လာစဉ် ရှုထောင့်မှုခင်းသတင်းထောက် အမည်ပါဝတ်စုံ ဝတ်ဆင်ထားသူ(၁)ဦးအပါအဝင် စုစုပေါင်း(၄)ဦးတို့မှ ကား၊ ဆိုင်ကယ်တို့ဖြင့်ရောက်ရှိလာပြီး “အမှုလိုတယ်၊ ငွေမလိုဘူး၊ တာဝန်ရှိသူတွေကို ပိုက်ဆံပေးထားသလား”ဟု ပြောဆိုကာ ထောင် (၁၀)နှစ်ထိကျနိုင်တဲ့ဥပဒေဖြင့် ဖမ်းဆီးမည်ဟုချိန်းခြောက်၍ ဗန်းမောက်မြို့၊ မြနန္ဒာရပ်ကွက်ရှိ လိပ်စာမသိဆိုင်းဘုတ်ထောင်ထားသည့် အဆောက်အဦအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ပျဉ်တို ပျဉ်စများသယ်ဆောင်လာသူ ဦးအောင်ထွန်းတို့အဖွဲ့အား အဆောက်အဦအတွင်း၌ ထိုင်ခိုင်းကာ ဇော်လင်းထွန်းဆိုသူမှ ၎င်းသည်ခရိုင်သတင်းထောက်ဥက္ကဌဖြစ်ကြောင်းပြောဆို၍ ဦးအောင်ထွန်း၏ လွယ်အိတ်ကိုရှာဖွေကာ “မင်းတို့အဖမ်းမခံရအောင်ဘယ်လိုညှိမလဲ”ဟု ပြောဆိုခဲ့ကြောင်း၊ ဦးအောင်ထွန်းနှင့်အဖွဲ့မှငွေ (၁)သိန်းကျပ်ပေးသော်လည်း လက်မခံဘဲငွေ(၅)သိန်းကျပ်ပေးရန်ပြော သဖြင့် ငွေ(၅)သိန်းကျပ်ထုတ်ပေးခဲ့ရကြောင်း၊ ဇော်လင်းထွန်းပါ(၄)ဦးအား အရေးယူပေးရန် ဦးအောင်ထွန်းမှ တိုင်တန်းခဲ့၍ ဇွန်လ ၂၃ ရက်နေ့တွင် ဗန်းမောက်မြို့မရဲစခန်းမှ အမှုဖွင့်၍ ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပါသည်။

ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ဇော်လင်းထွန်း ၃၃နှစ်၊ (ဖ)ဦးသောင်းဟန်၊ မြနန္ဒာရပ်ကွက်၊ ဗန်းမောက်မြို့နေသူနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများဖြစ်သော မိုးကျော်ကျော်ဦး(ခ) ဥက္ကာမိုး ၄၁ နှစ်၊ (ဖ)ဦးတင်စိုး၊ ရှိုင်းကိုကို(ခ) ကိုရှိုင်း ၃၁ နှစ်၊ (ဖ)ဦးသက်ဦး၊ မြင့်သူ(ခ)မြမိုး ၃၆ နှစ်၊ (ဖ)ဦးစံမြင့်တို့ (၄) ဦးအား စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဇွန်လ ၂၅ ရက် နေ့တွင် အမှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး တရားခံများထံမှ သက်သေခံငွေ ၅ သိန်းကျပ်၊ အခင်းဖြစ်စဉ် ဝတ်ဆင်ခဲ့သည့်ဝတ်စုံအပါအဝင် ရှုထောင့်မှုခင်းSHတံဆိပ်ပါ ပိကက်(၂)လုံး၊SH သတင်းထောက် လက်မောင်းတံဆိပ်ပါ အနက်ရောင်အကျႌ (၂)ထည်၊ ရှုထောင့်မှုခင်း SH တံဆိပ်ပါ အနက်ရောင် လက်တိုအကျႌ(၂)ထည်၊ အနက်ရောင်ဘောင်းဘီရှည်(၂)ထည်၊ ပြစ်မှုကျူးလွန်ရာ၌အသုံးပြုခဲ့သော YGN-6F/8908 နံပါတ်ပါ NISSAN PRIMERA အနက်ရောင် မော်တော်ယာဉ် (၁)စီးနှင့် နံပါတ်မပါ PANGBO-125 နီနက်ကျားဆိုင်ကယ်(၁)စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ဥပဒေမဲ့ငွေကြေးတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များလုပ်ကိုင်ကာ ရာဇဝတ်မှုကျူးလွန်ခဲ့သော ရှုထောင့် မှုခင်းသတင်းထောက်နှင့်အဖွဲ့ဝင်များဖြစ်သည့် ဇော်လင်းထွန်းပါ(၄)ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Credit: ရဲဇာနည်