ZawGyiျဖင့္ဖတ္ရန္

ကေမာၻဒီးယား ေတာ္ဝင္မင္းသား ႏုိ႐ုိဒြန္ ရာနာရစ္ဒ္နဲ႕ ဇနီးျဖစ္သူ အြတ္ဖာလာတုိ႕ ကားတိုက္မႈျဖစ္ခဲ့ရာ ေတာ္ဝင္မင္းသားရဲ႕ဇနီး ကြယ္လြန္သြားေၾကာင္း သိရပါတယ္။


မင္းသားႏုိ႐ုိဒြန္ႏွင့္ ဇနီးအြတ္ဖာလာ

ကေမာၻဒီးယားႏုိင္ငံ အေနာက္ေတာင္ပုိင္းမွာ ဇြန္လ ၁၇ ရက္က ျဖစ္ပြားခဲ့တဲ့ အဆုိပါ ယာဥ္မေတာ္တဆမႈအတြင္း အသက္ ၇၄ ႏွစ္အ႐ြယ္ ေတာ္ဝင္မင္းသားနဲ႕ ဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္သူ ႏုိ႐ြန္ဒုိ ဒဏ္ရာရခဲ့ေၾကာင္းနဲ႕ အသက္ ၃၉ ႏွစ္အ႐ြယ္ ၎ရဲ႕ဇနီး ကြယ္လြန္သြားခဲ့ေၾကာင္း အာဏာပုိင္ေတြက ေျပာပါတယ္။

ေတာ္ဝင္းသားနဲ႕ဇနီးတုိ႕ကုိ Preah Sihanouk ျပည္နယ္႐ွိ ေဆး႐ုံုသို႕ပုိ႕ေဆာင္ခဲ့ေပမဲ့ ဇနီးျဖစ္သူ အြတ္ဖာလာဟာ နာရီအနည္းငယ္ၾကာၿပီးေနာက္ ေသဆုံးသြားခဲ့တယ္လို႕ ဆုိပါတယ္။ ၎တုိ႕ဟာ ေတာ္ဝင္မင္းသားရဲ႕ပါတီကုိ ေထာက္ခံသူေတြနဲ႕ ေတြ႕ဆုံမယ့္ခရီးစဥ္ သြားေရာက္ေနစဥ္ ယာဥ္မေတာ္တဆမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။


မင္းသားႏုိ႐ိုဒြန္ လုိက္ပါလာသည့္ကား

တကၠစီတစ္စီးနဲ႕ မင္းသားႏုိ႐ုိဒြန္ လုိက္ပါလာတဲ့ကားတုိ႕ ေခါင္းခ်င္းဆုိင္ တုိက္မိခဲ့ၾကတာျဖစ္ပါတယ္။ ကားတုိက္မႈအတြင္း ႏုိ႐ုိဒြန္အပါအဝင္ လူခုနစ္ဦး ဒဏ္ရာရခဲ့တယ္လို႕ ဆုိပါတယ္။ ကားတုိက္မႈအတြင္း ဒဏ္ရာရခဲ့တဲ့ မင္းသားႏုိ႐ုိဒြန္ဟာ လက္႐ွိ ကေမာၻဒီးယားဘုရင္ ႏုိ႐ုိဒြန္သီဟမုနိနဲ႕ အေဖတူ အေမကြဲ ညီအစ္ကုိေတာ္စပ္ပါတယ္။

ကေမာၻဒီးယားဘုရင္ ႏုိ႐ုိဒြန္သီဟမုနိ

မင္းသားႏုိ႐ုိဒြန္က ႏုိင္ငံေရးပါတီတစ္ခု ထူေထာင္ထားၿပီး လာမယ့္ ဇူလိုင္လ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပဳိင္ရန္ ျပင္ဆင္ေနေၾကာင္းလည္း သိရပါတယ္။ မင္းသားႏုိ႐ုိဒြန္ဟာ ၁၉၉၃ ခုႏွစ္မွ ၁၉၉၇ ခုႏွစ္အထိ လက္႐ိွဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႕အတူ ပူးတြဲဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ဖူးပါတယ္။

ထုိ႕ေနာက္ ဟြန္ဆန္က အာဏာသိမ္းမႈေၾကာင့္ မင္းသားႏုိ႐ုိဒြန္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္မွ ထြက္ခဲ့ရပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ဟြန္ဆန္နဲ႕ ညွိႏႈိင္းမႈျပဳလုပ္ခဲ့ၿပီးေနာက္ ႏုိ႐ုိဒြန္က ႏုိင္ငံေရးနယ္ပယ္ကုိ ျပန္လည္ဝင္ေရာက္လာခဲ့ေၾကာင္း သိရပါတယ္။


ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္

ကေမာၻဒီးယားမွာ ႏွစ္ေပါင္း ၃၃ ႏွစ္ၾကာ အာဏာခ်ဳပ္ကုိင္လာခဲ့တဲ့ လက္႐ွိဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ဟာ တရား႐ုံးေတြနဲ႕ လုံၿခဳံေရးတပ္ဖြဲ႕ေတြကုိ အသုံးခ်ၿပီး ၎နဲ႕ အတိုက္အခံေတြနဲ႕ သေဘာထားကြဲလြဲသူေတြကုိ ႏွိပ္ကြပ္ေလ့႐ွိေၾကာင္း ကာလ႐ွည္ၾကာ စြပ္စြဲမႈေတြကို ရင္ဆုိင္ေနရပါတယ္။

play
ႏုိင္ငံေတာ္သစၥာေဖာက္ဖ်က္မႈျဖင့္ အဖမ္းခံရသည့္ CNRP ေခါင္းေဆာင္ ခမ္ဆြတ္ခါ

ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာလည္း ကေမာၻဒီးယား အဓိက အတုိက္အခံပါတီ Cambodia National Rescue Party (CNRP) ကုိ ဖ်က္သိမ္းခဲ့ၿပီး ပါတီေခါင္းေဆာင္ ခမ္ဆြတ္ခါကုိလည္း ႏုိင္ငံေတာ္သစၥာေဖာက္မႈျဖင့္ စြဲခ်က္တင္ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။

ကေမာၻဒီးယား အေထြေထြးေ႐ြးေကာက္ပြဲကုိ ဇူလုိင္ ၂၉ ရက္မွာ က်င္းပျပဳလုပ္ရန္ စီစဥ္ထားၿပီး လြတ္လပ္မွ်တမႈမ႐ွိတဲ့ အျငင္းပြားဖြယ္ ေ႐ြးေကာက္ပြဲျဖစ္လာႏုိင္ေၾကာင္း သုံးသပ္ထားၾကပါတယ္။
Unicodeျဖင့္ဖတ္ရန္
ကမ္ဘောဒီးယား တော်ဝင်မင်းသား နိုရိုဒွန် ရာနာရစ်ဒ်နဲ့ ဇနီးဖြစ်သူ အွတ်ဖာလာတို့ ကားတိုက်မှုဖြစ်ခဲ့ရာ တော်ဝင်မင်းသားရဲ့ဇနီး ကွယ်လွန်သွားကြောင်း သိရပါတယ်။

play
မင်းသားနိုရိုဒွန်နှင့် ဇနီးအွတ်ဖာလာ

ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းမှာ ဇွန်လ ၁၇ ရက်က ဖြစ်ပွားခဲ့တဲ့ အဆိုပါ ယာဉ်မတော်တဆမှုအတွင်း အသက် ၇၄ နှစ်အရွယ် တော်ဝင်မင်းသားနဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ နိုရွန်ဒို ဒဏ်ရာရခဲ့ကြောင်းနဲ့ အသက် ၃၉ နှစ်အရွယ် ၎င်းရဲ့ဇနီး ကွယ်လွန်သွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

တော်ဝင်းသားနဲ့ဇနီးတို့ကို Preah Sihanouk ပြည်နယ်ရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ပေမဲ့ ဇနီးဖြစ်သူ အွတ်ဖာလာဟာ နာရီအနည်းငယ်ကြာပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့ဟာ တော်ဝင်မင်းသားရဲ့ပါတီကို ထောက်ခံသူတွေနဲ့ တွေ့ဆုံမယ့်ခရီးစဉ် သွားရောက်နေစဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

play
မင်းသားနိုရိုဒွန် လိုက်ပါလာသည့်ကား

တက္ကစီတစ်စီးနဲ့ မင်းသားနိုရိုဒွန် လိုက်ပါလာတဲ့ကားတို့ ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြတာဖြစ်ပါတယ်။ ကားတိုက်မှုအတွင်း နိုရိုဒွန်အပါအဝင် လူခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ကားတိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ မင်းသားနိုရိုဒွန်ဟာ လက်ရှိ ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟမုနိနဲ့ အဖေတူ အမေကွဲ ညီအစ်ကိုတော်စပ်ပါတယ်။

play
ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟမုနိ

မင်းသားနိုရိုဒွန်က နိုင်ငံရေးပါတီတစ်ခု ထူထောင်ထားပြီး လာမယ့် ဇူလိုင်လ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။ မင်းသားနိုရိုဒွန်ဟာ ၁၉၉၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်နဲ့အတူ ပူးတွဲဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

ထို့နောက် ဟွန်ဆန်က အာဏာသိမ်းမှုကြောင့် မင်းသားနိုရိုဒွန်ဟာ ဝန်ကြီးချုပ်အဖြစ်မှ ထွက်ခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဟွန်ဆန်နဲ့ ညှိနှိုင်းမှုပြုလုပ်ခဲ့ပြီးနောက် နိုရိုဒွန်က နိုင်ငံရေးနယ်ပယ်ကို ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။

play
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်

ကမ္ဘောဒီးယားမှာ နှစ်ပေါင်း ၃၃ နှစ်ကြာ အာဏာချုပ်ကိုင်လာခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ဟာ တရားရုံးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အသုံးချပြီး ၎င်းနဲ့ အတိုက်အခံတွေနဲ့ သဘောထားကွဲလွဲသူတွေကို နှိပ်ကွပ်လေ့ရှိကြောင်း ကာလရှည်ကြာ စွပ်စွဲမှုတွေကို ရင်ဆိုင်နေရပါတယ်။

play
နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် အဖမ်းခံရသည့် CNRP ခေါင်းဆောင် ခမ်ဆွတ်ခါ

ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း ကမ္ဘောဒီးယား အဓိက အတိုက်အခံပါတီ Cambodia National Rescue Party (CNRP) ကို ဖျက်သိမ်းခဲ့ပြီး ပါတီခေါင်းဆောင် ခမ်ဆွတ်ခါကိုလည်း နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ကမ္ဘောဒီးယား အထွေထွေးရွေးကောက်ပွဲကို ဇူလိုင် ၂၉ ရက်မှာ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး လွတ်လပ်မျှတမှုမရှိတဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲဖြစ်လာနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။
Credit: Duwun
http://www.duwun.com.mm/news/international-news/-id8508522.html?utm_source=facebook&utm_medium=social&utm_campaign=duwunmain&utm_content=20180618-cambodia-prince-norodom-car-accident-art