Zawgyi ျဖင့္ဖတ္၇န္
လာမယ္ ့ဇြန္လ(၂၉)ရက္ေန ့ရန္ကုန္ျမိဳ ့ မွာ ျမန္မာနိုင္ငံသား One Championship မစ္ဒယ္၀ိတ္ကမၻာ ့ခ်န္ပီယံေအာင္လရဲ ့ခ်န္ပီယံခါးပတ္ ကာကြယ္ပြဲ က်င္းပမွာပါ။အဲ ့ဒီပြဲကို ONE:SPRIT OF A WARRIOR လို ့နာမည္ေပးထားျပီး ေအာင္လရဲ ့ကမၻာ ့ခ်န္ပီယံဆုကို စိန္ေခၚသူက ဂ်ပန္နိုင္ငံသား ကန္ဟာဆီဂါ၀ါပါ။ေအာင္လဟာ ကမၻာ ့ခ်န္ပီယံခါးပတ္ကို လြန္ခဲ့တဲ ့နွစ္ဒီလို အခ်ိန္မွာ ဗစ္တာလီဘစ္ဒက္ရွ္ကိုစိန္ေခၚအနိုင္ယူျပီးရယူထားခဲ့တာပါ။အခုအခ်ိန္မွာေတာ ့ေအာင္လဟာသူ ့ရဲ ့ခ်န္ပီယံခါးပတ္ကို ကာကြယ္ရမယ္ ့အလွည္ ့ပါ။

ဟတ္ဆီဂါ၀ါဟာဂ်ပန္နိုင္ငံရဲ ့ ခ်န္ပီယံတစ္ေယာက္ျဖစ္ျပီး နံပတ္တစ္ဖိုက္တာ အျဖစ္ သတ္မွတ္ခံထားရသူလို ့သိရပါတယ္။ဟာဆီဂါ၀ါရဲ ့မွတ္တမ္းေတြကိုႀကည္ ့ရင္ (၁၆)ပြဲနိုင္၊(၂)ပြဲသေရနဲ ့(၁)ပြဲသာရႈံးနိမ္ ့ထားတာကိုေတြ ့ရပါတယ္။၂၀၁၁ခုနွစ္ကစတင္ျပီးMMA ေလာကထဲ၀င္ေရာက္လာခဲ့တဲ ့ဟာဆီဂါ၀ါဟာလက္ရွိအခ်ိန္မွာ (၃၁)နွစ္ရွိျပီး ကမၻာ ့ခ်န္ပီယံဆုရယူဖို ့အသင့္ျဖစ္ေနပါျပီ။ဟာဆီဂါ၀ါဟာေအာင္လအလဲထိုးထားခဲ့တဲ ့အလိန္အန္ဂါလာနီ၊မာခ်ာဒိုတို ့ထက္ပိုေကာင္းတဲ ့ကစားသမားတစ္ဦးလည္းျဖစ္တာမို ့ဇြန္လ(၂၉)ရက္ေန ့ပြဲဟာ ေအာင္လအတြက္ ခက္ခဲမယ္ဆိုတာ အေသအခ်ာပါပဲ။

“ ဟာဆီဂါ၀ါနဲ ့ထိုးမယ္ ့ကမၻာ ့ခ်န္ပီယံဆုကာကြယ္ပြဲဟာ ကၽြန္ေတာ္ ့အတြက္ အဓိပၸာယ္အမ်ားႀကီး
ရွိပါတယ္။ကၽြန္ေတာ္ ့ကို အျမဲတမ္းအားေပးေနတဲ ့ကၽြန္ေတာ္ ့ရဲ ့မိသားစု၊သူငယ္ခ်င္းေတြနဲ ့ ပရိသတ္ေတြအတြက္ ဟာဆီဂါ၀ါကို အနိုင္ထိုးသတ္သြားမွာပါ။”လို ့ေအာင္လကေျပာပါတယ္။ဟာဆီဂါ၀ါကလည္း “ကၽြန္ေတာ္ေအာင္လကို ေလးစားမႈအျပည္ ့ရွိပါတယ္။ေအာင္လကိုစိန္ေခၚျပီးခါးပတ္လုခြင့္ရလို ့လည္းဂုဏ္ယူမိပါတယ္။ဒါေပမယ္ ့ ေအာင္လကိုအနိုင္ယူျပီး ကမၻာ ့ခ်န္ပီယံဆုကိုရယူသြားမယ္”လို ့ႀကံဳး၀ါးခဲ့ပါတယ္။ကစားသမား(၂)ေယာက္လံုးကေတာ ့ ဇြန္လ (၂၉)ရက္ေန ့ပြဲအတြက္တကယ္ကိုစိတ္အားထက္သန္ေနႀကပါျပီ။

အခုဆိုရင္ One Championship တြဲဆိုင္းေတြထြက္ရွိလာျပီျဖစ္ျပီး ဖိုးေသာ္ကဒဏ္ရာရေနတာေႀကာင္ ့လာမယ္ ့ပြဲမွာ ေအာင္လတစ္ေယာက္ထဲကိုသာျမန္မာတို ့အားေပးခြင္ ့ရႀကမွာပါ။ပရိသတ္ႀကီးေရာ ကိုယ့္ျမန္မာျပည္သား ကမၻာ ့ခ်န္ပီယံႀကီးကို အားေပးဖို ့အသင့္ပဲလား။
Herry
Unicodeဖြင့်ဖတ်ရန်

လာမယ့်ဇွန်လ(၂၉)ရက်နေ့ရန်ကုန်မြို့ မှာ မြန်မာနိုင်ငံသား One Championship မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံအောင်လရဲ့ချန်ပီယံခါးပတ် ကာကွယ်ပွဲ ကျင်းပမှာပါ။အဲ့ဒီပွဲကို ONE:SPRIT OF A WARRIOR လို့နာမည်ပေးထားပြီး အောင်လရဲ့ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်သူက ဂျပန်နိုင်ငံသား ကန်ဟာဆီဂါဝါပါ။အောင်လဟာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လွန်ခဲ့တဲ့နှစ်ဒီလို အချိန်မှာ ဗစ်တာလီဘစ်ဒက်ရှ်ကိုစိန်ခေါ်အနိုင်ယူပြီးရယူထားခဲ့တာပါ။အခုအချိန်မှာတော့အောင်လဟာသူ့ရဲ့ချန်ပီယံခါးပတ်ကို ကာကွယ်ရမယ့်အလှည့်ပါ။

ဟတ်ဆီဂါဝါဟာဂျပန်နိုင်ငံရဲ့ ချန်ပီယံတစ်ယောက်ဖြစ်ပြီး နံပတ်တစ်ဖိုက်တာ အဖြစ် သတ်မှတ်ခံထားရသူလို့သိရပါတယ်။ဟာဆီဂါဝါရဲ့မှတ်တမ်းတွေကိုကြည့်ရင် (၁၆)ပွဲနိုင်၊(၂)ပွဲသရေနဲ့(၁)ပွဲသာရှုံးနိမ့်ထားတာကိုတွေ့ရပါတယ်။၂၀၁၁ခုနှစ်ကစတင်ပြီးMMA လောကထဲဝင်ရောက်လာခဲ့တဲ့ဟာဆီဂါဝါဟာလက်ရှိအချိန်မှာ (၃၁)နှစ်ရှိပြီး ကမ္ဘာ့ချန်ပီယံဆုရယူဖို့အသင့်ဖြစ်နေပါပြီ။ဟာဆီဂါဝါဟာအောင်လအလဲထိုးထားခဲ့တဲ့အလိန်အန်ဂါလာနီ၊မာချာဒိုတို့ထက်ပိုကောင်းတဲ့ကစားသမားတစ်ဦးလည်းဖြစ်တာမို့ဇွန်လ(၂၉)ရက်နေ့ပွဲဟာ အောင်လအတွက် ခက်ခဲမယ်ဆိုတာ အသေအချာပါပဲ။

“ ဟာဆီဂါဝါနဲ့ထိုးမယ့်ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲဟာ ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီး
ရှိပါတယ်။ကျွန်တော့်ကို အမြဲတမ်းအားပေးနေတဲ့ကျွန်တော့်ရဲ့မိသားစု၊သူငယ်ချင်းတွေနဲ့ ပရိသတ်တွေအတွက် ဟာဆီဂါဝါကို အနိုင်ထိုးသတ်သွားမှာပါ။”လို့အောင်လကပြောပါတယ်။ဟာဆီဂါဝါကလည်း “ကျွန်တော်အောင်လကို လေးစားမှုအပြည့်ရှိပါတယ်။အောင်လကိုစိန်ခေါ်ပြီးခါးပတ်လုခွင့်ရလို့လည်းဂုဏ်ယူမိပါတယ်။ဒါပေမယ့် အောင်လကိုအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဆုကိုရယူသွားမယ်”လို့ကြုံးဝါးခဲ့ပါတယ်။ကစားသမား(၂)ယောက်လုံးကတော့ ဇွန်လ (၂၉)ရက်နေ့ပွဲအတွက်တကယ်ကိုစိတ်အားထက်သန်နေကြပါပြီ။

အခုဆိုရင် One Championship တွဲဆိုင်းတွေထွက်ရှိလာပြီဖြစ်ပြီး ဖိုးသော်ကဒဏ်ရာရနေတာကြောင့်လာမယ့်ပွဲမှာ အောင်လတစ်ယောက်ထဲကိုသာမြန်မာတို့အားပေးခွင့်ရကြမှာပါ။ပရိသတ်ကြီးရော ကိုယ့်မြန်မာပြည်သား ကမ္ဘာ့ချန်ပီယံကြီးကို အားပေးဖို့အသင့်ပဲလား။
Herry
Credit:MyanmarNote