Zawgyi ျဖင့္ဖတ္၇န္
ကေမၻာဒီးယားႏိုင္ငံရဲတပ္ဖြဲ႕ဝင္ေတြဟာ တရားမဝင္ အငွားကိုယ္ဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္ေနတဲ့ေနရာေတြကို ၿပီးခဲ့တဲ့ရက္ပိုင္းက ဝင္ေရာက္စီးနင္းခဲ့ရာမွာ အငွားကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၃၃ ဦး ေတြရွိခဲ့ေၾကာင္း၊ အငွားကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဟာ တ႐ုတ္ႏိုင္ငံက ကိုယ္ဝန္ေဆာင္ေပးဖို႔ ငွားရမ္းထားတာေၾကာင့္ ဝန္ေဆာင္မႈေပးေနတာျဖစ္ေၾကာင္း သိရပါတယ္။ ကေမၻာဒီးယားရဲတပ္ဖြဲ႕ဟာ ဖႏြမ္ပင္ၿမိဳ႕အတြင္းက ေနရာ ႏွစ္ခုကို စီးနင္းခဲ့ခ်ိန္မွာ တရားမဝင္ အငွားကိုယ္ဝန္ေဆာင္သူေတြကို ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ကေမၻာဒီးယားႏိုင္ငံဟာ သားသမီးမရႏိုင္တဲ့ စုံတြဲေတြ အတြက္ ကေလး ရယူႏိုင္ဖို႔ ကိုယ္စားေဆာင္႐ြက္ေပးတဲ့ေနရာအျဖစ္ ကမၻာမွာ ထင္ရွားမႈေနပါတယ္။ အငွားကိုယ္ဝန္ေဆာင္မႈကို ၂၀၁၆ ခုႏွစ္ ကစၿပီး တရားမဝင္ စတင္လုပ္ကိုင္ေနခဲ့တယ္လို႔ ဆိုပါတယ္။ ဖႏြမ္ပင္ၿမိဳ႕ လူကုန္ကူးမႈ တားဆီးေရးရဲတပ္ဖြဲ႕ ၫြန္ၾကားေရးမႈး ကီအိုတီ က စီးနင္းမႈလုပ္ခ်ိန္အတြင္း ကေမၻာဒီယား အမ်ိဳးသမီး ၄ ဦး နဲ႔ အငွားကိုယ္ဝန္ေဆာင္လုပ္ငန္းမန္ေနဂ်ာ အျဖစ္လုပ္ကိုင္ေနသူ တ႐ုတ္ႏိုင္ငံသား တစ္ဦးကိုဖမ္းဆီးခဲ့တယ္လို႔ ေျပာပါတယ္။

ဖမ္းဆီးထိန္းသိမ္းခဲ့သူေတြကို လူကုန္ကူးဖို႔ ႀကိဳးပမ္းမႈနဲ႔ အငွားကိုယ္ဝန္ေဆာင္ရာမွာ ၾကားလူအျဖစ္ ပါဝင္မႈေတြနဲ႔ စြဲခ်က္တင္သြားမွာျဖစ္တယ္လို႔ ကေမၻာဒီယားအာဏာပိုင္ေတြက ေျပာပါတယ္။ လက္ရွိအခ်ိန္မွာ အငွားကိုယ္ဝန္ေဆာင္ေနတဲ့ အမ်ိဳးသမီးေတြကိုေတာ့ စြဲခ်က္တင္မွာမဟုတ္ဘူးလို႔ သိရပါတယ္။ အငွားကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဟာ တ႐ုတ္ႏိုင္ငံသားေတြရဲ႕ ကေလးကို အငွားကိုယ္ဝန္ေဆာင္ေပးတာျဖစ္ၿပီး အမ်ိဳးသမီးတစ္ဦးကိုအငွားကိုယ္ဝန္ေဆာင္မႈအျဖစ္ အေမရိကန္ေဒၚလာ ၁ ေသာင္းရရွိတယ္လို႔ သိရပါတယ္။

အမ်ိဳးသမီးတစ္ဦးဟာ အငွားကိုယ္ဝန္ စတင္ခ်ိန္မွာအေမရိကန္ေဒၚလာ ၅၀၀၀ ရရွိမွာျဖစ္ၿပီး ေမြးလာတဲ့ကေလးကို ေပးအပ္ခ်ိန္မွာ ေနာက္ထပ္ အေမရိကန္ေဒၚလာ ၃၀၀၀ ရမွာျဖစ္ပါတယ္။ က်န္ရွိေနတဲ့ အေမရိကန္ေဒၚလာ ၂၀၀၀ ကိုတစ္လ အေမရိကန္ေဒၚလာ ၃၀၀ ႏႈန္းနဲ႔ ေပးသြားဖို႔ သေဘာတူညီထားတာျဖစ္တယ္လို႔ ကေမၻာဒီးယားရဲတပ္ဖြဲ႕တာဝန္ရွိသူက ေျပာခဲ့ပါတယ္။ အငွားကိုယ္ဝန္ေဆာင္မႈျပဳလုပ္တဲ့ေနရာကို စီးနင္းခ်ိန္မွာ ကေလးငယ္ ၂၀ ကို တ႐ုတ္ႏိုင္ငံဘက္ ေပးအပ္ထားၿပီးျဖစ္ေၾကာင္း၊ ကေလးေတြကို တ႐ုတ္ႏိုင္ငံမွာ ေမြးဖြားသလို ကေမၻာဒီးယားႏိုင္ငံမွာလည္း ေမြးဖြားခဲ့ေၾကာင္း သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်
ကမ္ဘောဒီးယားနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာ တရားမဝင် အငှားကိုယ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေတဲ့နေရာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာမှာ အငှားကိုယ်ဝန်ဆောင်အမျိုးသမီး ၃၃ ဦး တွေရှိခဲ့ကြောင်း၊ အငှားကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တရုတ်နိုင်ငံက ကိုယ်ဝန်ဆောင်ပေးဖို့ ငှားရမ်းထားတာကြောင့် ဝန်ဆောင်မှုပေးနေတာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ဟာ ဖနွမ်ပင်မြို့အတွင်းက နေရာ နှစ်ခုကို စီးနင်းခဲ့ချိန်မှာ တရားမဝင် အငှားကိုယ်ဝန်ဆောင်သူတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ သားသမီးမရနိုင်တဲ့ စုံတွဲတွေ အတွက် ကလေး ရယူနိုင်ဖို့ ကိုယ်စားဆောင်ရွက်ပေးတဲ့နေရာအဖြစ် ကမ္ဘာမှာ ထင်ရှားမှုနေပါတယ်။ အငှားကိုယ်ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် ကစပြီး တရားမဝင် စတင်လုပ်ကိုင်နေခဲ့တယ်လို့ ဆိုပါတယ်။ ဖနွမ်ပင်မြို့ လူကုန်ကူးမှု တားဆီးရေးရဲတပ်ဖွဲ့ ညွန်ကြားရေးမှုး ကီအိုတီ က စီးနင်းမှုလုပ်ချိန်အတွင်း ကမ္ဘောဒီယား အမျိုးသမီး ၄ ဦး နဲ့ အငှားကိုယ်ဝန်ဆောင်လုပ်ငန်းမန်နေဂျာ အဖြစ်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား တစ်ဦးကိုဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေကို လူကုန်ကူးဖို့ ကြိုးပမ်းမှုနဲ့ အငှားကိုယ်ဝန်ဆောင်ရာမှာ ကြားလူအဖြစ် ပါဝင်မှုတွေနဲ့ စွဲချက်တင်သွားမှာဖြစ်တယ်လို့ ကမ္ဘောဒီယားအာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိအချိန်မှာ အငှားကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေကိုတော့ စွဲချက်တင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ အငှားကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တရုတ်နိုင်ငံသားတွေရဲ့ ကလေးကို အငှားကိုယ်ဝန်ဆောင်ပေးတာဖြစ်ပြီး အမျိုးသမီးတစ်ဦးကိုအငှားကိုယ်ဝန်ဆောင်မှုအဖြစ် အမေရိကန်ဒေါ်လာ ၁ သောင်းရရှိတယ်လို့ သိရပါတယ်။

အမျိုးသမီးတစ်ဦးဟာ အငှားကိုယ်ဝန် စတင်ချိန်မှာအမေရိကန်ဒေါ်လာ ၅၀၀၀ ရရှိမှာဖြစ်ပြီး မွေးလာတဲ့ကလေးကို ပေးအပ်ချိန်မှာ နောက်ထပ် အမေရိကန်ဒေါ်လာ ၃၀၀၀ ရမှာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အမေရိကန်ဒေါ်လာ ၂၀၀၀ ကိုတစ်လ အမေရိကန်ဒေါ်လာ ၃၀၀ နှုန်းနဲ့ ပေးသွားဖို့ သဘောတူညီထားတာဖြစ်တယ်လို့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောခဲ့ပါတယ်။ အငှားကိုယ်ဝန်ဆောင်မှုပြုလုပ်တဲ့နေရာကို စီးနင်းချိန်မှာ ကလေးငယ် ၂၀ ကို တရုတ်နိုင်ငံဘက် ပေးအပ်ထားပြီးဖြစ်ကြောင်း၊ ကလေးတွေကို တရုတ်နိုင်ငံမှာ မွေးဖွားသလို ကမ္ဘောဒီးယားနိုင်ငံမှာလည်း မွေးဖွားခဲ့ကြောင်း သိရပါတယ်။
Ref: CAN 33 “pregnant Cambodian women discovered in surrogacy raid”
Credit: kaung htet ngwe (႐ိုးရာေလး)