ZawGyiျဖင့္ဖတ္ရန္
ကိုယ္ဝန္ ေဆာင္ခ်ိန္မွာ သေႏၶသားေလးအတြက္ စိုးရိမ္စိတ္ေတြ မရွိရေလေအာင္ ပထမ(၃)လအတြင္းမွာ ေဖာလစ္အက္ဆစ္ကို ေန႔စဥ္ေသာက္သံုးေပးဖို႔ လိုအပ္တယ္ေနာ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စိုးရိမ္ပူပန္မႈေတြရွိေနတာ သဘာဝပါ။ ေဟာ္မုန္းအေျပာင္းအလဲမ်ား၊ ခႏၶာကိုယ္ေလးလံျခင္း၊ ကိုယ္ခံအားနည္းျခင္း စတဲ့ ျပႆနာေတြကို ၾကံဳေတြ႕ရတာေၾကာင့္ စိုးရိမ္စိတ္ ေတြ အဆက္မျပတ္ဝင္လာေနပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မလိုအပ္တဲ့ စိုးရိမ္စိတ္ေတြလည္း ျဖစ္ေပၚေနပါတယ္။ ဒီိစိုးရိမ္စိတ္ေတြကို အျမန္ေျဖရွင္းဖို႔ လိုအပ္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စိုးရိမ္ပူပန္မႈေတြရွိေနတာ သဘာဝပါ (Photo by gettyimage)
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မလိုအပ္တဲ့ စိုးရိမ္စိတ္မ်ား

ဒီအခ်ိန္မွာ ေမေမေလာင္းတို႔က ကိုယ္ဝန္ ပ်က္က်မွာကို အစိုးရိမ္ဆံုးပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ေနထိုင္မယ္ဆိုရင္ ဒီျပႆနာေတြကို ၾကံဳေတြ႕ရမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ က်န္းမာေရးနဲ႔အညီေနထိုင္ဂ႐ုစိုက္ၿပီး မလိုအပ္တဲ့ စိုးရိမ္စိတ္ကိုလည္း ဖယ္ရွားလိုက္ပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မလိုအပ္တဲ့ စိုးရိမ္စိတ္ေတြကို ဖယ္ရွားပါ (Photo by gettyimage)

ေနာက္ထပ္စိုးရိမ္စိတ္တစ္ခုက လမေစ့ဘဲ ေမြးဖြားမွာကိုပါ။ လမေစ့ဘဲ ေမြးဖြားမွာကို စိုးရိမ္တဲ့ ေမေမေလာင္းတို႔အေနနဲ႔ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေသြးဖိအားျမင့္တက္ေတြနဲ႔ ဆီးခ်ိဳေရာဂါေတြမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ေရးေတြျပဳလုပ္ထားဖို႔ လိုပါတယ္။ ႀကိဳတင္ကာကြယ္မႈေတြကိုျပဳလုပ္ထားၿပီး စိုးရိမ္စိတ္ေတြကို ဖယ္ရွားႏုိင္ပါတယ္။
ေမြးဖြားလာမယ့္ သားသားမီးမီးေလးေတြ ကိုယ္လက္အဂၤါစံုစံုလင္လင္မရွိမွာကို ေမေမေလာင္းတိုင္း စိတ္ပူၾကပါတယ္။ ဒီလို စိုးရိမ္စိတ္ေတြ မရွိရေလေအာင္ ကိုယ္ဝန္စေဆာင္တဲ့အခ်ိန္ကစၿပီး ကိုယ္ဝန္သက္တမ္း(၃)လအတြင္းမွာ ေဖာလစ္အက္ဆစ္ကို ေန႔စဥ္ေသာက္သံုးေပးသင့္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္ တေလွ်ာက္လံုးမွာလည္း လိုအပ္တဲ့ အာဟာရေတြကို ျပည့္ျပည့္ဝဝ စားသံုးဖို႔ လိုအပ္ပါတယ္။
ကေလးေမြးဖြားခ်ိန္မွာ နာက်င္မႈေဝဒနာကို ခံစားရမယ္ဆိုတာကို ေၾကာက္႐ြံ႕ၾကပါတယ္။ ဒါက ေမေမေလာင္းတို႔ စိုးရိမ္ရမယ့္ ျပႆနာမဟုတ္ပါဘူး။ ေမေမေလာင္းတို႔ရဲ႕ မိခင္ေမတၱာက ဒီအခက္အခဲေတြကို ေက်ာ္လႊားေစပါတယ္။
အားငယ္ျခင္းနဲ႔ ဝမ္းနည္းျခင္းေတြက ကိုုယ္ဝန္ေဆာင္ခ်ိန္မွာ မလိုအပ္တဲ့ စိုးရိမ္တမ်ိဳးပါပဲ။ ဒါေၾကာင့္ ဘာသာေရးျပဳလုပ္ျခင္း၊ စာအုပ္ဖတ္ျခင္း၊ ေယာဂက်င့္ျခင္းနဲ႔ ေလ့က်င့္ခန္းမွန္မွန္လုပ္ျခင္းျဖင့္ မလိုအပ္တဲ့ စိုးရိမ္စိတ္ေတြကို ဖယ္ရွားလိုက္ပါ။
ေမြးဖြားခ်ိန္မွာ ေငြေၾကးမလံုေလာက္မွာကို စိုးရိမ္ပူပန္ၾကပါတယ္။ ကိုယ္ဝန္မေဆာင္ခင္ကတည္းက ေငြေၾကး ႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ထားမယ္ဆိုရင္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဒီပူပန္မႈေတြရွိမွာမဟုတ္ပါဘူး။ ကေလးအတြက္လိုအပ္တဲ့ အသံုးေဆာင္ပစၥည္းေတြကိုလည္း တျဖည္းျဖည္းဝယ္ယူစုေဆာင္းထားႏိုင္ပါတယ္။ ဒီလိုစုေဆာင္းထားတာက ေမြးဖြားခ်ိန္မွာ ကေလးငယ္အတြက္ စိုးရိမ္ပူပန္မႈေတြ ေလ်ာ့နည္းေစပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မလိုအပ္တဲ့ စိုးရိမ္စိတ္ေတြက သေႏၶသားေလးနဲ႔ ေမေမေလာင္းတို႔ရဲ႕ က်န္းမာေရးကို ထိခိုက္ေစႏိုင္တာကို Kalay ကေန သတိေပးလိုက္ပါတယ္။

Unicodeျဖင့္ဖတ္ရန္

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေးအတွက် စိုးရိမ်စိတ်တွေ မရှိရလေအောင် ပထမ(၃)လအတွင်းမှာ ဖောလစ်အက်ဆစ်ကို နေ့စဉ်သောက်သုံးပေးဖို့ လိုအပ်တယ်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ စိုးရိမ်ပူပန်မှုတွေရှိနေတာ သဘာဝပါ။ ဟော်မုန်းအပြောင်းအလဲများ၊ ခန္ဓာကိုယ်လေးလံခြင်း၊ ကိုယ်ခံအားနည်းခြင်း စတဲ့ ပြဿနာတွေကို ကြုံတွေ့ရတာကြောင့် စိုးရိမ်စိတ် တွေ အဆက်မပြတ်ဝင်လာနေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မလိုအပ်တဲ့ စိုးရိမ်စိတ်တွေလည်း ဖြစ်ပေါ်နေပါတယ်။ ဒီစိုးရိမ်စိတ်တွေကို အမြန်ဖြေရှင်းဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ စိုးရိမ်ပူပန်မှုတွေရှိနေတာ သဘာဝပါ (Photo by gettyimage)
ကိုယ်ဝန်ဆောင်ချိန်မှာ မလိုအပ်တဲ့ စိုးရိမ်စိတ်များ

ဒီအချိန်မှာ မေမေလောင်းတို့က ကိုယ်ဝန် ပျက်ကျမှာကို အစိုးရိမ်ဆုံးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင်နေထိုင်မယ်ဆိုရင် ဒီပြဿနာတွေကို ကြုံတွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာရေးနဲ့အညီနေထိုင်ဂရုစိုက်ပြီး မလိုအပ်တဲ့ စိုးရိမ်စိတ်ကိုလည်း ဖယ်ရှားလိုက်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မလိုအပ်တဲ့ စိုးရိမ်စိတ်တွေကို ဖယ်ရှားပါ (Photo by gettyimage)

နောက်ထပ်စိုးရိမ်စိတ်တစ်ခုက လမစေ့ဘဲ မွေးဖွားမှာကိုပါ။ လမစေ့ဘဲ မွေးဖွားမှာကို စိုးရိမ်တဲ့ မေမေလောင်းတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဖိအားမြင့်တက်တွေနဲ့ ဆီးချိုရောဂါတွေမဖြစ်အောင် ကြိုတင်ကာကွယ်ရေးတွေပြုလုပ်ထားဖို့ လိုပါတယ်။ ကြိုတင်ကာကွယ်မှုတွေကိုပြုလုပ်ထားပြီး စိုးရိမ်စိတ်တွေကို ဖယ်ရှားနိုင်ပါတယ်။
မွေးဖွားလာမယ့် သားသားမီးမီးလေးတွေ ကိုယ်လက်အင်္ဂါစုံစုံလင်လင်မရှိမှာကို မေမေလောင်းတိုင်း စိတ်ပူကြပါတယ်။ ဒီလို စိုးရိမ်စိတ်တွေ မရှိရလေအောင် ကိုယ်ဝန်စဆောင်တဲ့အချိန်ကစပြီး ကိုယ်ဝန်သက်တမ်း(၃)လအတွင်းမှာ ဖောလစ်အက်ဆစ်ကို နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် တလျှောက်လုံးမှာလည်း လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ စားသုံးဖို့ လိုအပ်ပါတယ်။
ကလေးမွေးဖွားချိန်မှာ နာကျင်မှုဝေဒနာကို ခံစားရမယ်ဆိုတာကို ကြောက်ရွံ့ကြပါတယ်။ ဒါက မေမေလောင်းတို့ စိုးရိမ်ရမယ့် ပြဿနာမဟုတ်ပါဘူး။ မေမေလောင်းတို့ရဲ့ မိခင်မေတ္တာက ဒီအခက်အခဲတွေကို ကျော်လွှားစေပါတယ်။
အားငယ်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ မလိုအပ်တဲ့ စိုးရိမ်တမျိုးပါပဲ။ ဒါကြောင့် ဘာသာရေးပြုလုပ်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ယောဂကျင့်ခြင်းနဲ့ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဖြင့် မလိုအပ်တဲ့ စိုးရိမ်စိတ်တွေကို ဖယ်ရှားလိုက်ပါ။
မွေးဖွားချိန်မှာ ငွေကြေးမလုံလောက်မှာကို စိုးရိမ်ပူပန်ကြပါတယ်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက ငွေကြေး ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားမယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဒီပူပန်မှုတွေရှိမှာမဟုတ်ပါဘူး။ ကလေးအတွက်လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေကိုလည်း တဖြည်းဖြည်းဝယ်ယူစုဆောင်းထားနိုင်ပါတယ်။ ဒီလိုစုဆောင်းထားတာက မွေးဖွားချိန်မှာ ကလေးငယ်အတွက် စိုးရိမ်ပူပန်မှုတွေ လျော့နည်းစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မလိုအပ်တဲ့ စိုးရိမ်စိတ်တွေက သန္ဓေသားလေးနဲ့ မေမေလောင်းတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို Kalay ကနေ သတိပေးလိုက်ပါတယ်။

Credit: Kalay