Zawgyi ျဖင့္ဖတ္၇န္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိ္ုခရိုင္၊ ခင္ဦးၿမိဳ႕နယ္၌ အ႒မတန္း ေက်ာင္းသူတစ္ဦးအား ဓါျဖင့္ၿခိမ္းေျခာက္၍ အႀကိမ္ႀကိမ္ သားမယားအျဖစ္ျပဳက်င့္ခံရမႈျဖစ္ပြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ခင္ဦးၿမိဳ႕နယ္ ယာေတာ္ေက်းရြာေန ဖခင္ျဖစ္သူ ဦး၊ မိခင္ျဖစ္သူ ေဒၚတို႔သည္ (၇.၆.၂၀၁၈) ရက္ေန႔ နံနက္ ၁၀ နာရီခန္႔က ေရဦးၿမိဳ႕မေဈးမွ ေဈးေရာင္းျပန္လာစဥ္ ေရဦးၿမိဳ႕ “” ေဘာ္ဒါေဆာင္သို႔ ပို႔ထားေသာ သမီးျဖစ္သူ မ ၁၃ ႏွစ္ (အ႒မတန္းေက်ာင္းသူ)မွာ ေခါင္းမူးမူးေနၿပီး မၾကာခဏပ်ိဳ႕အန္ေနသ ျဖင့္ ေနမေကာင္းဘူးဆိုကာ အိမ္သို႔ခဏ ခဏ ျပန္လာ ေနေသာေၾကာင့္ မိခင္ျဖစ္သူ ေဒၚသူဇာမွ ေဆးခန္းသြားျပရန္ သမီးျဖစ္သူကိုေခၚ၍ အိမ္မွထြက္လာခဲ့ရာ လမ္းတြင္ သမီးျဖစ္သူမွာ ကုိယ္၀န္ရွိေနသည့္ လကၡဏာပံုစံမ်ိဳးေတြ႔ရွိရသျဖင့္ ေမးျမန္းရာ ဘာမွျပန္မေျပာေသာေၾကာင့္ မသကၤာ၍ ေဆးဆိုင္မွဆီးစစ္တံ၀ယ္ယူၿပီး ေဆးခန္းမသြားေတာ့ဘဲ ရြာသို႔ျပန္လာခဲ့ၾကၿပီး ေနအိမ္တြင္ သမီးျဖစ္သူ၏ဆီးအား ဆီးစစ္တံျဖင့္ စစ္ၾကည့္ရာ ကိုယ္၀န္ရွိေနေၾကာင္းဆီးစစ္တံမွေဖာ္ျပေနသျဖင့္ ထပ္ မံစစ္ေဆးရာ ကိုယ္၀န္မွာ ၃ လ ေက်ာ္ခန္႔ရွိေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

မိခင္ျဖစ္သူ ေဒၚ မွ သမီးျဖစ္သူအား ေခ်ာ့ေမာ့ေမးျမန္းရာ တစ္ရြာတည္းေန အိမ္နီးခ်င္း ေဆြမ်ိဳးေတာ္စပ္သူ ဦး.၏သား ဘိုကံ ၂၀ ႏွစ္ (မိန္းမႏွင့္ကေလးတစ္ယာက္ရွိသူ) ျဖစ္ေၾကာင္း၊ လြန္ခဲ့ေသာ ၃ လခန္႔က ဖခင္ျဖစ္သူ ဦး.ႏွင့္ မိခင္ျဖစ္သူ ေဒၚ တို႔ႏွစ္ဦး ညအခ်ိန္ တံငါအလုပ္သြားလုပ္ေနစဥ္ ေနအိမ္၌ သမီးျဖစ္သူ မ ႏွင့္ သားျဖစ္သူ ေမာင္ တုိ႔ ၂ ဦးသာရွိေနခ်ိန္မ်ားတြင္ ဘိုကံ ၂၀ ႏွစ္မွ အိမ္သို႔ေရာက္လာေလ့ရွိၿပီး ေမာင္ျဖစ္သူ ေမာင္ အား အျခားအိမ္သုိ႔ ဗီဒီယိုၾကည့္ရန္ ေခ်ာ့ေမာ့ေစလႊတ္ကာ သမီးအား ၿခိမ္းေျခာက္၍ သားမယားျပဳက်င့္သည္မွာ ၄ ႀကိမ္ခန္႔ရွိၿပီး၊ အိမ္သို႔ လာေရာက္တိုင္း ခလုပ္ဓါးတစ္လက္ ယူေဆာင္လာကာ မိဘမ်ားအား ျပန္တို္င္လွ်င္ သတ္ပစ္မည္ဟု အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ေၾကာင္း သမီးျဖစ္သူ မ ၁၃ ႏွစ္ခန္႔ (အ႒မတန္းေက်ာင္းသူ)မွေျပာျပသျဖင့္ ေက်းရြာတာ၀န္ခံ ဦး၀င္းအား အေၾကာင္းၾကားၿပီး ရဲစခန္းသို႔ လာေရာက္တိုင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

၎ျဖစ္စဥ္ႏွင့္ပါတ္သက္၍ အရြယ္မေရာက္ေသးေသာ သမီးျဖစ္သူ မ ၁၃ ႏွစ္ခန္႔ (အ႒မတန္းေက်ာင္းသူ) အား ဓါးျဖင့္ၿခိမ္းေျခာက္ၿပီး သားမယားအျဖစ္ အႀကိမ္ႀကိမ္ျပဳက်င့္ခဲ့သူ ဘိုကံ ၂၀ ႏွစ္ အား မိခင္ျဖစ္သူ ေဒၚ မွ တရားလိုျပဳလုပ္၍ ၿမိဳ႕မရဲစခန္းမွ (ပ) ၂၄၇/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၇၆ ျဖင့္ အမႈဖြင့္ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

Unicodeဖြင့်ဖတ်ရန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ အဋ္ဌမတန်း ကျောင်းသူတစ်ဦးအား ဓါဖြင့်ခြိမ်းခြောက်၍ အကြိမ်ကြိမ် သားမယားအဖြစ်ပြုကျင့်ခံရမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ယာတော်ကျေးရွာနေ ဖခင်ဖြစ်သူ ဦး၊ မိခင်ဖြစ်သူ ဒေါ်တို့သည် (၇.၆.၂၀၁၈) ရက်နေ့ နံနက် ၁၀ နာရီခန့်က ရေဦးမြို့မဈေးမှ ဈေးရောင်းပြန်လာစဉ် ရေဦးမြို့ “” ဘော်ဒါဆောင်သို့ ပို့ထားသော သမီးဖြစ်သူ မ ၁၃ နှစ် (အဋ္ဌမတန်းကျောင်းသူ)မှာ ခေါင်းမူးမူးနေပြီး မကြာခဏပျို့အန်နေသ ဖြင့် နေမကောင်းဘူးဆိုကာ အိမ်သို့ခဏ ခဏ ပြန်လာ နေသောကြောင့် မိခင်ဖြစ်သူ ဒေါ်သူဇာမှ ဆေးခန်းသွားပြရန် သမီးဖြစ်သူကိုခေါ်၍ အိမ်မှထွက်လာခဲ့ရာ လမ်းတွင် သမီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေသည့် လက္ခဏာပုံစံမျိုးတွေ့ရှိရသဖြင့် မေးမြန်းရာ ဘာမှပြန်မပြောသောကြောင့် မသင်္ကာ၍ ဆေးဆိုင်မှဆီးစစ်တံဝယ်ယူပြီး ဆေးခန်းမသွားတော့ဘဲ ရွာသို့ပြန်လာခဲ့ကြပြီး နေအိမ်တွင် သမီးဖြစ်သူ၏ဆီးအား ဆီးစစ်တံဖြင့် စစ်ကြည့်ရာ ကိုယ်ဝန်ရှိနေကြောင်းဆီးစစ်တံမှဖော်ပြနေသဖြင့် ထပ် မံစစ်ဆေးရာ ကိုယ်ဝန်မှာ ၃ လ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

မိခင်ဖြစ်သူ ဒေါ် မှ သမီးဖြစ်သူအား ချော့မော့မေးမြန်းရာ တစ်ရွာတည်းနေ အိမ်နီးချင်း ဆွေမျိုးတော်စပ်သူ ဦး.၏သား ဘိုကံ ၂၀ နှစ် (မိန်းမနှင့်ကလေးတစ်ယာက်ရှိသူ) ဖြစ်ကြောင်း၊ လွန်ခဲ့သော ၃ လခန့်က ဖခင်ဖြစ်သူ ဦး.နှင့် မိခင်ဖြစ်သူ ဒေါ် တို့နှစ်ဦး ညအချိန် တံငါအလုပ်သွားလုပ်နေစဉ် နေအိမ်၌ သမီးဖြစ်သူ မ နှင့် သားဖြစ်သူ မောင် တို့ ၂ ဦးသာရှိနေချိန်များတွင် ဘိုကံ ၂၀ နှစ်မှ အိမ်သို့ရောက်လာလေ့ရှိပြီး မောင်ဖြစ်သူ မောင် အား အခြားအိမ်သို့ ဗီဒီယိုကြည့်ရန် ချော့မော့စေလွှတ်ကာ သမီးအား ခြိမ်းခြောက်၍ သားမယားပြုကျင့်သည်မှာ ၄ ကြိမ်ခန့်ရှိပြီး၊ အိမ်သို့ လာရောက်တိုင်း ခလုပ်ဓါးတစ်လက် ယူဆောင်လာကာ မိဘများအား ပြန်တိုင်လျှင် သတ်ပစ်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ကြောင်း သမီးဖြစ်သူ မ ၁၃ နှစ်ခန့် (အဋ္ဌမတန်းကျောင်းသူ)မှပြောပြသဖြင့် ကျေးရွာတာဝန်ခံ ဦးဝင်းအား အကြောင်းကြားပြီး ရဲစခန်းသို့ လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ အရွယ်မရောက်သေးသော သမီးဖြစ်သူ မ ၁၃ နှစ်ခန့် (အဋ္ဌမတန်းကျောင်းသူ) အား ဓါးဖြင့်ခြိမ်းခြောက်ပြီး သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သူ ဘိုကံ ၂၀ နှစ် အား မိခင်ဖြစ်သူ ဒေါ် မှ တရားလိုပြုလုပ်၍ မြို့မရဲစခန်းမှ (ပ) ၂၄၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Credit: Hlataw