Zawgyi ဖြင့်ဖတ်၇န်
Unicodeဖြင့်ဖတ်ရန်
ကမ္ဘာပေါ်မှာတော့ မိမိအားကျနှစ်သက်ရတဲ့ နာမည်ကြီး celebrity တွေရဲ့ပုံစံကို လိုက်လံတုပ အတူယူကြတဲ့ လူတွေများစွာရှိနေကြတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးကကျဉ်းလွန်းလှတာကြောင့် လူတူမရှား နာမည်တူမရှား တဲ့လူတွေလည်းများစွာရှိကြပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရတဲ့ celebrity တစ်ယောက်နဲ့ ရုပ်ချင်းဆင်တာကို ကြိုက်နှစ်သက်သူတွေရှိသလို ထိုသို့ ရုပ်ချင်းတူနေတဲ့ သူတွေကလည်း တကယ်ရှိနေတာတွေ့ရပါတယ်။
ဗြိတိန်နိုင်ငံမှာနေထိုင်တဲ့ Demin Rose ဟာဆိုရင်လည်း လက်ရှိအချိန်မှာ ဆလီနာဂိုးမက်နဲ့ ချွတ်စွပ်တူတယ်ဆိုပြီး လူအများကြားမှာ ရေပန်းစားနေတာတွေ့ရပါတယ်။ သူမကတော့ Instagram မှာ ပုံလေးတွေတင်ရာကနေ ပရိသတ်တွေက ဆလီနာနဲ့တူတယ်ဆိုပြီး မှတ်ချက်ပေးလာတာတွေ့ရပြီး နောက်ပိုင်းမှာတော့ နိုင်ငံတော်တော်များထိပါ သူမရဲ့သတင်းကကျော်ကြားလာခဲ့ပြီး အခုဆိုရင်တော့ Instagram မှာ follower 6.9 millions ထိတောင်ရရှိထားသူလေးတစ်ဦးပဲဖြစ်ပါတယ်။
အမေရိကန် Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ Tyger နဲ့ ချစ်ကြိုက်နေတယ်ဆိုပြီး သတင်းထွက်ဖူးတဲ့ သူမကတော့ မျက်နှာအနေထားတွေရယ် လှပတဲ့ကိုယ်လုံးကိုယ်ပေါက်တွေကြောင့် တချို့လူတွေကတော့ ဆလီနာ ထက်တောင် ပိုလှပတဲ့သူတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပေးခံထားရတာလည်းတွေ့ရပါတယ်။သူမရဲ့ခန္ဓာကိုယ်အလှဟာဆိုရင်လည်း ဂျက်စတင်ဘီဘာ ကိုတောင် ရူးသွပ်သွားစေလောက်တယ်ဆိုပြီး Media တော်တေ်ာများများက ဖော်ပြခဲ့တာကိုလည်းတွေ့ရပါတယ်။
ပရိသတ်ကြီးရေ လက်ရှိအချိန်မှာဆိုရင် အောင်မြင်လှတဲ့ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Demin Rose နဲ့ ဆလီနာ နဲ့ တကယ်တူရဲ့လား ဘယ်သူကပိုလှလဲဆိုတာပြောပြခဲ့ကြဦးနော်။
source – No one cares
Share From Takhon