Zawgyi ျဖင့္ဖတ္၇န္
ျပည္လမ္းမရွိ က မာရြတ္တီတီစီေက်ာင္းတြင္ ေက်ာင္းႀကိဳ၊ ပို႔ယာဥ္မ်ားသတ္ မွတ္စည္းကမ္း မလိုက္နာပါက ဇြန္လ ၄ ရက္ကစတင္ကာရန္ကုန္တိုင္း ယာဥ္စည္းကမ္း ထိန္းသိမ္း ေရးအဖြဲ႕က ဆြဲကားမ်ားျဖင့္ဆြဲၿပီး အေရးယူမည္ဟု အဆိုပါေက်ာင္း က ေၾကညာထားသည္။

ယခုပညာသင္ႏွစ္တြင္ က မာရြတ္တီတီစီေက်ာင္း၀င္းပတ္ လည္တြင္ School Ferry ႏွင့္ School Bus ရပ္ရန္ေနရာမ်ား သတ္မွတ္ထားၿပီး ေက်ာင္းႀကိဳ၊ ပို႔ အိမ္စီးယာဥ္မ်ားကို ရပ္တင္ခ် စနစ္ျဖင့္သာ ခြင့္ျပဳထားသည္။

သို႔ေသာ္ဇြန္လ ၁ ရက္ ေက်ာင္းစတင္ဖြင့္လွစ္သည့္ေန႔ တြင္ School Busႏွင့္ School Ferry ရပ္ရမည့္ေနရာမ်ားတြင္ အိမ္စီးယာဥ္မ်ား အခ်ိန္ၾကာရပ္ ထားၿပီး ယာဥ္ႏွစ္ထပ္ရပ္ျခင္း ေၾကာင့္ ေက်ာင္အနီး ယာဥ္ေၾကာ ပိတ္ဆို႔မႈ အေတာ္ၾကာခဲ့သည္။

‘‘မိဘေတြက ကားေတြနဲ႔ လိုက္ပို႔ေနတာျဖစ္တာေၾကာင့္ အ ခုကားေတြက်ပ္တယ္။ယာဥ္ထိန္း တာ၀န္ရွိသူေတြကလည္း လာၿပီး အေၾကာင္းၾကားတဲ့အတြက္ ဇြန္ လ ၄ ရက္ကစၿပီး စည္းကမ္းမ လိုက္နာတဲ့ကားေတြကို ကရိန္းနဲ႔ စဆြဲၿပီးအေရးယူပါမယ္’’ဟုကမာရြတ္ တီတီစီေက်ာင္းအုပ္ႀကီး ေဒါက္တာေဒၚမိုးသူက ေျပာ သည္။

ရန္ကုန္ပညာေရး တကၠ သိုလ္ေရွ႕ႏွင့္ တီတီစီ (ျပည္လမ္း) ေက်ာင္းေရွ႕မိန္းေပါက္၀လမ္း တစ္ေလွ်ာက္၊ ေဆးေက်ာင္းလမ္း ၾကား(ေက်ာင္းေနာက္လမ္း) တစ္ေလွ်ာက္၊ သထံုလမ္းေပၚ (ေဘာ လံုးကြင္းေဘး) ေက်ာင္းပတ္လည္ သည္ School Bus ႏွင့္ School Ferry မ်ားရပ္ရန္သတ္မွတ္ထား သည္။

ေက်ာင္းႀကိဳပို႔ အိမ္စီးယာဥ္ မ်ားသည္ ေက်ာင္းပို႔ခ်ိန္တြင္ ရပ္ တင္ခ်စနစ္ျဖင့္ သြားရန္၊ ေက်ာင္း ႀကိဳခ်ိန္၌ ေက်ာင္းကားရပ္ေသာ ေနရာအလြန္တြင္သာ ရပ္ရန္၊ ေက်ာင္းကား၊ အိမ္စီးကားမ်ား သည္ ျပည္လမ္းမေပၚ ရပ္နားျခင္း မျပဳရန္ႏွင့္ ရပ္နားပါက ဆြဲကား မ်ားျဖင့္ဆြဲမည္ဟု ႀကိဳတင္အသိ ေပးထားသည္။

ရန္ကုန္တိုင္းေဒသႀကီး အ တြင္း ယာဥ္ေၾကာပိတ္ဆို႔မႈအမ်ား ဆံုး ၂၂ ေက်ာင္းတြင္ ကမာရြတ္ တီတီစီပါ၀င္ၿပီး ယခုပညာသင္ ႏွစ္ကစတင္ကာ ယာဥ္ေၾကာပိတ္ ဆိုမႈ ေလွ်ာ့ခ်ရန္ ေက်ာင္းႏွင့္တိုင္း အစိုးရအဖြဲ႕က ပူးေပါင္းေဆာင္ ရြက္ေနသည္။

တိုင္းအစိုးရ၏ ေက်ာင္းကား မီနီဘတ္စ္အစီးေရ ၃၀ ခန္႔ကိုကနဦးစီမံခ်က္အေနျဖင့္ ကမာရြတ္ တီတီစီတြင္ ဇြန္လ ၁ ရက္က စတင္ေျပးဆြဲေနၿပီး ျပင္ပလုပ္ငန္း ရွင္မ်ား၏ ပုဂၢလိက ေက်ာင္းကား အစီးေရ ၂၀၀ ခန္႔လည္းေျပးဆြဲေန သည္။ ယခင္က ကမာရြတ္တီတီစီ ၏ အတန္းအခ်ိဳ႕ကို လိႈင္တကၠ သိုလ္နယ္ေျမတြင္ ဖြင့္လွစ္ခဲ့ သည္။

ၿပီးခဲ့သည့္ ႏုိ၀င္ဘာတြင္ ျပည္လမ္းရွိ ကမာရြတ္တီတီစီ၌ အေဆာင္သစ္ေဆာက္လုပ္ၿပီး အ တန္းအားလံုးကို ယခုပညာသင္ ႏွစ္တြင္ အဆိုပါေက်ာင္း၌ တစ္ ေပါင္းတည္း ျပန္လည္တက္ ေရာက္ေစရာ ေက်ာင္းဆင္းခ်ိန္ တြင္ ယာဥ္ေၾကာပိုမိုပိတ္ဆို႔ေန သည္။ ကမာရြတ္တီတီစီတြင္ ေက်ာင္းသား၊ေက်ာင္းသူ ၇,၀၀၀ေက်ာ္ တက္ေရာက္ေနသည္။
Unicodeဖြင့်ဖတ်ရန်
ပြည်လမ်းမရှိ က မာရွတ်တီတီစီကျောင်းတွင် ကျောင်းကြို၊ ပို့ယာဉ်များသတ် မှတ်စည်းကမ်း မလိုက်နာပါက ဇွန်လ ၄ ရက်ကစတင်ကာရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်း ရေးအဖွဲ့က ဆွဲကားများဖြင့်ဆွဲပြီး အရေးယူမည်ဟု အဆိုပါကျောင်း က ကြေညာထားသည်။

ယခုပညာသင်နှစ်တွင် က မာရွတ်တီတီစီကျောင်းဝင်းပတ် လည်တွင် School Ferry နှင့် School Bus ရပ်ရန်နေရာများ သတ်မှတ်ထားပြီး ကျောင်းကြို၊ ပို့ အိမ်စီးယာဉ်များကို ရပ်တင်ချ စနစ်ဖြင့်သာ ခွင့်ပြုထားသည်။

သို့သော်ဇွန်လ ၁ ရက် ကျောင်းစတင်ဖွင့်လှစ်သည့်နေ့ တွင် School Busနှင့် School Ferry ရပ်ရမည့်နေရာများတွင် အိမ်စီးယာဉ်များ အချိန်ကြာရပ် ထားပြီး ယာဉ်နှစ်ထပ်ရပ်ခြင်း ကြောင့် ကျောင်အနီး ယာဉ်ကြော ပိတ်ဆို့မှု အတော်ကြာခဲ့သည်။

‘‘မိဘတွေက ကားတွေနဲ့ လိုက်ပို့နေတာဖြစ်တာကြောင့် အ ခုကားတွေကျပ်တယ်။ယာဉ်ထိန်း တာဝန်ရှိသူတွေကလည်း လာပြီး အကြောင်းကြားတဲ့အတွက် ဇွန် လ ၄ ရက်ကစပြီး စည်းကမ်းမ လိုက်နာတဲ့ကားတွေကို ကရိန်းနဲ့ စဆွဲပြီးအရေးယူပါမယ်’’ဟုကမာရွတ် တီတီစီကျောင်းအုပ်ကြီး ဒေါက်တာဒေါ်မိုးသူက ပြော သည်။

ရန်ကုန်ပညာရေး တက္က သိုလ်ရှေ့နှင့် တီတီစီ (ပြည်လမ်း) ကျောင်းရှေ့မိန်းပေါက်ဝလမ်း တစ်လျှောက်၊ ဆေးကျောင်းလမ်း ကြား(ကျောင်းနောက်လမ်း) တစ်လျှောက်၊ သထုံလမ်းပေါ် (ဘော လုံးကွင်းဘေး) ကျောင်းပတ်လည် သည် School Bus နှင့် School Ferry များရပ်ရန်သတ်မှတ်ထား သည်။

ကျောင်းကြိုပို့ အိမ်စီးယာဉ် များသည် ကျောင်းပို့ချိန်တွင် ရပ် တင်ချစနစ်ဖြင့် သွားရန်၊ ကျောင်း ကြိုချိန်၌ ကျောင်းကားရပ်သော နေရာအလွန်တွင်သာ ရပ်ရန်၊ ကျောင်းကား၊ အိမ်စီးကားများ သည် ပြည်လမ်းမပေါ် ရပ်နားခြင်း မပြုရန်နှင့် ရပ်နားပါက ဆွဲကား များဖြင့်ဆွဲမည်ဟု ကြိုတင်အသိ ပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီး အ တွင်း ယာဉ်ကြောပိတ်ဆို့မှုအများ ဆုံး ၂၂ ကျောင်းတွင် ကမာရွတ် တီတီစီပါဝင်ပြီး ယခုပညာသင် နှစ်ကစတင်ကာ ယာဉ်ကြောပိတ် ဆိုမှု လျှော့ချရန် ကျောင်းနှင့်တိုင်း အစိုးရအဖွဲ့က ပူးပေါင်းဆောင် ရွက်နေသည်။

တိုင်းအစိုးရ၏ ကျောင်းကား မီနီဘတ်စ်အစီးရေ ၃၀ ခန့်ကိုကနဦးစီမံချက်အနေဖြင့် ကမာရွတ် တီတီစီတွင် ဇွန်လ ၁ ရက်က စတင်ပြေးဆွဲနေပြီး ပြင်ပလုပ်ငန်း ရှင်များ၏ ပုဂ္ဂလိက ကျောင်းကား အစီးရေ ၂၀၀ ခန့်လည်းပြေးဆွဲနေ သည်။ ယခင်က ကမာရွတ်တီတီစီ ၏ အတန်းအချို့ကို လှိုင်တက္က သိုလ်နယ်မြေတွင် ဖွင့်လှစ်ခဲ့ သည်။

ပြီးခဲ့သည့် နိုဝင်ဘာတွင် ပြည်လမ်းရှိ ကမာရွတ်တီတီစီ၌ အဆောင်သစ်ဆောက်လုပ်ပြီး အ တန်းအားလုံးကို ယခုပညာသင် နှစ်တွင် အဆိုပါကျောင်း၌ တစ် ပေါင်းတည်း ပြန်လည်တက် ရောက်စေရာ ကျောင်းဆင်းချိန် တွင် ယာဉ်ကြောပိုမိုပိတ်ဆို့နေ သည်။ ကမာရွတ်တီတီစီတွင် ကျောင်းသား၊ကျောင်းသူ ၇,၀၀၀ကျော် တက်ရောက်နေသည်။

Credit: 7Day