ZawGyiျဖင့္ဖတ္ရန္
မိခင္ေစ်းေရာင္းသြား ခ်ိန္ ေနအိမ္တြင္က်န္ခဲ့သည့္ ဒုတိယတန္း ေက်ာင္းသားကို အိမ္နီးခ်င္း အ႒မတန္းေက်ာင္း သားက မဖြယ္မရာျပဳလုပ္သည္ ဆိုကာတိုင္တန္းသျဖင့္ ရဲတပ္ဖြဲ႕ က ပုဒ္မႏွစ္ခုျဖင့္အမႈဖြင့္ခဲ့သည္။

သာေကတၿမိဳ႕နယ္ ေန အသက္ (၃၀) ေက်ာ္အမ်ိဳးသမီး သည္ ဇြန္လ ၂၀ ရက္ ေန႔လယ္၌ ေစ်းမွျပန္ေရာက္ခ်ိန္တြင္ ေနအိမ္ ေနာက္ေဖးခန္း ႐ႈပ္ပြေနသည္ကို ေတြ႕ျမင္ရသျဖင့္ ေနအိမ္အတြြင္း လူ၀င္၊ လူထြက္ကိုသိႏုိင္ရန္ သား ျဖစ္သူ (၇)ႏွစ္အရြယ္ ဒုတိယတန္း ေက်ာင္းသားကို ေက်ာင္းသို႔ လိုက္ေမးျမန္းခဲ့ေၾကာင္း အေရွ႕ ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲအရာရွိ တစ္ဦးကေျပာသည္။

ထိုသို႔ေမးရာမွ သားျဖစ္သူ မဖြယ္မရာျပဳလုပ္ခံရသည္ကို သိ ရွိၿပီး က်ဴးလြန္သူသည္ အသက္ (၁၂)ႏွစ္သာရွိေသးသည့္ အ႒မတန္းေက်ာင္းသားျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

မိခင္မရွိခ်ိန္ ေနအိမ္တြင္ က်န္ခဲ့သည့္ ေက်ာင္းသားကို မဖြယ္မရာျပဳလုပ္သည့္ အဆိုပါေက်ာင္းသားကို သာေကတနယ္ေျမရဲစခန္းတြင္ ဓမၼတာႏွင့္ ဆန္႔က်င္ေသာကာမ စက္ယွက္မႈျပဳလုပ္မႈႏွင့္ ယင္းသို႔ျပဳလုပ္ရန္ အားထုတ္သည့္ ပုဒ္မျဖင့္ အမႈဖြင့္ထားသည္။

ျမန္မာတစ္ႏိုင္ငံလံုးတြင္ ၂၀၁၇ အတြင္း အဓမၼျပဳက်င့္မႈ ျဖင့္အမႈဖြင့္ခဲ့သည့္ ႏႈန္းသည္ တစ္ရက္လွ်င္ပ်မ္းမွ်သုံးမႈခန္႔ရွိၿပီး သက္ငယ္မုဒိမ္းမႈသည္ တစ္ရက္ လွ်င္ ႏွစ္မႈႏႈန္းျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္း ထုတ္ျပန္ထားသည္။

၂၀၁၇ အတြင္း အဓမၼ ျပဳက်င့္မႈ ၁,၄၀၀ ေက်ာ္ရွိၿပီး ၂၀၁၆ အတြင္းျဖစ္ပြားခဲ့သည့္ အဓမၼျပဳက်င့္မႈမ်ားႏွင့္ ႏိႈင္းယွဥ္ပါ က အမႈ ၃၀၀ ေက်ာ္ပိုမိုျဖစ္ပြား ေနေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ ဖြဲ႕ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
Unicodeျဖင့္ဖတ္ရန္

မိခင်ဈေးရောင်းသွား ချိန် နေအိမ်တွင်ကျန်ခဲ့သည့် ဒုတိယတန်း ကျောင်းသားကို အိမ်နီးချင်း အဋ္ဌမတန်းကျောင်း သားက မဖွယ်မရာပြုလုပ်သည် ဆိုကာတိုင်တန်းသဖြင့် ရဲတပ်ဖွဲ့ က ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်ခဲ့သည်။

သာကေတမြို့နယ် နေ အသက် (၃၀) ကျော်အမျိုးသမီး သည် ဇွန်လ ၂၀ ရက် နေ့လယ်၌ ဈေးမှပြန်ရောက်ချိန်တွင် နေအိမ် နောက်ဖေးခန်း ရှုပ်ပွနေသည်ကို တွေ့မြင်ရသဖြင့် နေအိမ်အတွင်း လူဝင်၊ လူထွက်ကိုသိနိုင်ရန် သား ဖြစ်သူ (၇)နှစ်အရွယ် ဒုတိယတန်း ကျောင်းသားကို ကျောင်းသို့ လိုက်မေးမြန်းခဲ့ကြောင်း အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။

ထိုသို့မေးရာမှ သားဖြစ်သူ မဖွယ်မရာပြုလုပ်ခံရသည်ကို သိ ရှိပြီး ကျူးလွန်သူသည် အသက် (၁၂)နှစ်သာရှိသေးသည့် အဋ္ဌမတန်းကျောင်းသားဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မိခင်မရှိချိန် နေအိမ်တွင် ကျန်ခဲ့သည့် ကျောင်းသားကို မဖွယ်မရာပြုလုပ်သည့် အဆိုပါကျောင်းသားကို သာကေတနယ်မြေရဲစခန်းတွင် ဓမ္မတာနှင့် ဆန့်ကျင်သောကာမ စက်ယှက်မှုပြုလုပ်မှုနှင့် ယင်းသို့ပြုလုပ်ရန် အားထုတ်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၇ အတွင်း အဓမ္မပြုကျင့်မှု ဖြင့်အမှုဖွင့်ခဲ့သည့် နှုန်းသည် တစ်ရက်လျှင်ပျမ်းမျှသုံးမှုခန့်ရှိပြီး သက်ငယ်မုဒိမ်းမှုသည် တစ်ရက် လျှင် နှစ်မှုနှုန်းဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

၂၀၁၇ အတွင်း အဓမ္မ ပြုကျင့်မှု ၁,၄၀၀ ကျော်ရှိပြီး ၂၀၁၆ အတွင်းဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုများနှင့် နှိုင်းယှဉ်ပါ က အမှု ၃၀၀ ကျော်ပိုမိုဖြစ်ပွား နေကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
Credit: 7Day