Zawgyi ျဖင့္ဖတ္၇န္

ရန္ကုန္ၿမိဳ႕က ေအာင္ဆန္းအားကစားကြင္း၊ ပဒုမၼာကြင္းတို႔ကို တႏွစ္က်ပ္သိန္း ၅၀ နဲ႔ စလင္းကြင္းကို တႏွစ္ က်ပ္သိန္း ၃၀ နဲ႔ ငွားရမ္းထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရ၊ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

ဒီကေန႔ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္မွာ ဒဂံုၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္-၂ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ရဲ႕ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားခဲ့ျဖစ္ၿပီး ဒီေဘာလံုးကြင္း သံုးကြင္းကို ျပည္ေထာင္စုအစိုးရက ျမန္မာႏိုင္ငံ ေဘာလံုးအဖြဲ႔ခ်ဳပ္ကို ႏွစ္ ၃၀ ငွားရမ္းထားတယ္လုိ႔ သိရပါတယ္။

၂၀၁၀ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ကေန ၃ႏွစ္ ကနဦးအခမဲ့ ခြင့္ျပဳခဲ့ၿပီး ၃ ႏွစ္ျပည့္အခ်ိန္ကေန ၁ ႏွစ္ကို ေအာင္ဆန္း အားကစားကြင္း သိန္း ၅၀၊ ပဒုမၼာကြင္း သိန္း ၅၀ နဲ႔ စလင္းကြင္းကို သိန္း ၃၀ နဲ႔ ငွားရမ္းထားတာလို႔ ရန္ကုန္တိုင္းအစိုးရ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းကဆုိပါတယ္။

ငွားရမ္းစာခ်ဳပ္ကို ၅ ႏွစ္ တႀကိမ္ ခ်ဳပ္ဆိုၿပီး ငွားရမ္းခ ရေငြေတြကိုေတာ့ ႏိုင္ငံေတာ္ဘ႑ာအေနနဲ႔ ေပးသြင္းရတယ္လို႔ သိရပါတယ္။
Unicodeဖြင့်ဖတ်ရန်

ရန်ကုန်မြို့က အောင်ဆန်းအားကစားကွင်း၊ ပဒုမ္မာကွင်းတို့ကို တနှစ်ကျပ်သိန်း ၅၀ နဲ့ စလင်းကွင်းကို တနှစ် ကျပ်သိန်း ၃၀ နဲ့ ငှားရမ်းထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ဖြစ်ပြီး ဒီဘောလုံးကွင်း သုံးကွင်းကို ပြည်ထောင်စုအစိုးရက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို နှစ် ၃၀ ငှားရမ်းထားတယ်လို့ သိရပါတယ်။

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၈ ရက်ကနေ ၃နှစ် ကနဦးအခမဲ့ ခွင့်ပြုခဲ့ပြီး ၃ နှစ်ပြည့်အချိန်ကနေ ၁ နှစ်ကို အောင်ဆန်း အားကစားကွင်း သိန်း ၅၀၊ ပဒုမ္မာကွင်း သိန်း ၅၀ နဲ့ စလင်းကွင်းကို သိန်း ၃၀ နဲ့ ငှားရမ်းထားတာလို့ ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကဆိုပါတယ်။

ငှားရမ်းစာချုပ်ကို ၅ နှစ် တကြိမ် ချုပ်ဆိုပြီး ငှားရမ်းခ ရငွေတွေကိုတော့ နိုင်ငံတော်ဘဏ္ဍာအနေနဲ့ ပေးသွင်းရတယ်လို့ သိရပါတယ်။
Credit: DVB