ZawGyiျဖင့္ဖတ္ရန္
မ်က္ရည္ခိုင္မွသာ ဖတ္ပါ ။ သမီး သိခဲ႔ပါၿပီ အေဖ အေဖျဖစ္သူက ေက်ာင္းကို လာပါတယ္ ။ ကူလီသမားတစ္ေယာက္ မို႕ အေဖအဝတ္စားေတြမွာမီးေသြးေတြ ေပက်ံ႕ေနတာေပါ့ ။

ဆရာမျဖစ္သူက ေဟမန္ေလးကို ” သမီး ဟိုမွာ ေက်ာင္းမွာ ေရွ႕မွာ မတ္တပ္ေရာက္ေစာင့္ ေနတာ ။ သမီးရဲ႕ အေဖမွတ္လား”ၾကည့္လိုက္တဲ့ အခါ တကယ္ပဲ အေဖျဖစ္ေနသည္ ။

” ဟုတ္ပါတယ္ ဆရာမ သမီးအေဖပါ ”ေဘးနားက သူငယ္ခ်င္းေတြက ဝိုင္းျပီး” ဟဲ့ ေဟမန္ အေဖကလည္း ၾကည့္ပါအံုး ညစ္ပတ္ေနလိုက္တာ ”” ေအးေလ ဟယ္ ။ အက်ၤ ီမွာလည္း အသစ္ရြက္ေတြေပက်ံ႕ေနတယ္ ။ ၾကည့္ရတာ ကုန္ထမ္းျပီး ေရာက္လာ်တာထင္တယ္ ။ ”

” ဒါဆို ေဟမန္အေဖ က ကူလီသမားေပါ့ေနာ္ ” သူတို႕ေတြ တီးတိုးတီးတိုးေျပာေနတဲ့ စကားသံကို ၾကားရင္ ရွက္လည္း ရွက္မိ သိမ္လည္း သိမ္ငယ္မိသလိုခံစားရမိသည္ ။

အဲဒါ နဲ႔ အျပင္ထြက္သြားခဲ့သည္ ။ ဆယ္တန္းေက်ာင္းသူ ေက်ာင္းသားေတြ မုန္႔စားဆင္းခ်ိန္မွာ အေဖက ေရာက္လာတာကိုး သမီးေလး ထြက္လာတာ ျမင္ေတာ့ သမီးေလးမ်က္ႏွာၾကည္္ျပီး ျပံဳးေနမိသည္ ။ ေမာင္မိုးလင္းတစ္ေယာက္ ။ တစ္မနက္ပင္ပန္းေနထားသမွ်ကိုေတာင္ဘယ္ေရာက္သြားမွန္း မသိေတာ့ပါဘူး ။

သမီးျဖစ္သူက ”အေဖ ဘာလို႕ ေက်ာင္းေရွ႕ေရာက္လာတာလဲ ” ေအာ္ သမီးကို မုန္႕ဖိုးလာေပးတာပါ ။ မနက္က ပုိက္ဆံမရွိလို႕ သမီးကို မုန္႕ဖိုးမေပးလိုက္ရဘူးေလ ေရာ့ေရာ့ဒီမွာ ပိုက္ဆံ ”အေဖျဖစ္သူက ကုန္ထမ္းရင္း ရလာခဲ့တဲ့ တစ္ေထာင္တန္သံုးရြက္ထဲက တစ္ရြက္ကို ယူျပီး ေပးလိုက္သည္ ။သမီးက တစ္ေထာင္တန္ျပဲေနလို႕

” အေဖ သမီးကို ဒါေလး ႏွင့္ လွဲေပးပါလား ။ ဒီတစ္ေထာင္တန္က ျပဲေနတယ္ ။ ေတာ္ၾကာ ဝယ္စားလို႕ မရမွာစိုးလို႕ ”အေဖျဖစ္သူကလည္း တစ္ေထာင္တန္ တိတ္ကပ္ထားတာေလးကို ျပန္ယူျပီး အသစ္ခြ်တ္ခြ်တ္ေလးကို လက္ထဲထည့္ေပးလိုက္သည္ ။သူမ်ားေတြ ဝိုင္းၾကည့္ေနတာ ေၾကာက္တယ့္ ကြ်န္မ ။ အပ်ိဳေဖာ္ဝင္ကာစ ဆိုေတာ့ ရွက္တတ္တယ္ေလ ။အေဖက ေနာက္ျပီး အက်ၤ ီက ျပဲစုတ္ေနတယ္ ။ပုဆိုးကလည္း ျပဲေနတယ္ ။ အေဖႏွင့္ ကြ်န္မကို လူေတြအျမင္မွာ တစ္မ်ိဳးျမင္မွာ စိုးရိမ္တာနဲ႔

” အေဖ အျမန္ျပန္ေတာ့ေနာ္ ေတာ္ၾကာ သမီးသူငယ္ခ်င္းေတြ သြားရင္ သမီးကို ေလွာင္ေျပာင္ျပီး စေနၾကအံုးမယ္”

” ေအာ္ေအး ေအး အေဖ နားလည္ပါျပီကြယ္ ”

” သမီး အထဲဝင္ေတာ့ေလ အေဖ ဒီမွာ ခဏရပ္ျပီးရင္ျပန္ပါ့မယ္ ”

” အေဖရယ္ ျပန္လိုက္ပါေတာ့ေနာ္ ဒီမွာ အၾကာၾကီးဆက္ရပ္ေနရင္ မေကာင္းဘူးေနာ္ ” ရွက္လြန္းတဲ့ ကြ်န္မ အေဖကို ႏွင္ထုတ္ေနမိသည္ ။ ”ေအးပါကြယ္.ေအးပါ ”အေဖ ေက်ာခိုင္းျပီး လွည့္ကာ ထြက္သြားသည္ ။

အေဖက သီရိမဂၤလာေစ်းမွာ ကုန္ထမ္းတာေလ ။တစ္ခါတစ္ေလ ၅ေထာင္ရတဲ့ ေန႕လည္း ရွိသလို ။သံုးေထာင္ ရတဲ့ ေန႔လည္းရွိတယ္ ။ တစ္ခါတစ္ေလ ၈၀၀၀ေထာင္ရတာ ရွိပါတယ္။သမီးတို႕ အေမတို႕ အိမ္မွာ ေက်ာင္းမွာေနတဲ့ အခ်ိန္အေဖ က ေနပူၾကဲၾကဲထဲမွာ ဆိုက္ကားေပၚက ကုန္ေတြကိုမ ရင္းထမ္းရင္း သယ္ပိုးေနတယ္ ။ ေခြ်းေတြ တျပိဳင္းျပိဳင္းလည္း က် ေပါ့ရွင့္ ။

ညေရာက္ေတာ့ သမီးက အေမ့ကို အေဖအားေျပာခိုင္းတယ္။ သမီးျဖစ္သူ အိပ္သြားေတာ့ မိန္းမက ေယာက်ာ္းကို ေျပာေလသည္ ။

” ေယာက်ာ္း ရွင္ေညာင္းေနတာလား ”

” ေအးကြာဒီေန႕ နည္းနည္း အေၾကာတတ္ေနတယ္။”

” ဒဏ္ေၾကလိမ္းေဆး လိမ္းမလား။ ကြ်န္မလိမ္းေပးမယ္ေလ”

” ေအးေကာင္းတာေပါ့ကြာ ဒါမွ အေၾကာေျပမွာ ”

” ျပီးေရာ ”

ေဆးလိမ္းျပီးရင္း ေျပာေလသည္ ။

ေယာက်ာ္း . .

” ေအး ေျပာေလ ”” ရွင္ မနက္က သမီးေလးဆီကို သြားတယ္ဆို ”” ေအးဟုတ္တယ္ေလ ငါမုန္႕ဖိုးသြားေပးတာ ”” ဘာလို႕ သြားရတာလဲရွင္ ”

” ေအာ္ မင္းကလည္းကြာ ငါ့သမီး ေက်ာင္းဘဲငါသြားတာ ဘာျဖစ္လို႕လဲ ”

” ဘာျဖစ္ရမွာလဲ သမီးေလးက ကြ်န္မကုိေျပာတယ္။ရွင္ကို ေက်ာင္းမလာခိုင္းနဲ႔ ။ ဘာျဖစ္လို႕လဲဆိုေတာ့ရွင့္ကို သူသူငယ္ခ်င္းေတြျမင္သြားရင္ ေလွာင္ေျပာင္မွာစိုးလို႔တဲ့ ။ ေနာက္ျပီး ဆရာ ဆရာမေတြကပါ အထင္ေသးသြားလိမ့္မယ္

ဒါေၾကာင့္ မုန္႔ဖိုးေပးစရာရွိရင္ တစ္ခါတည္း ေက်ာင္းသြားတာနဲ႔ ေပးလိုက္ ။ မဟုတ္ရင္လည္း ကြ်န္မ သြားေပးေပးမယ္ ။ရွင္ေတာ့ မသြားပါနဲ႔ေနာ္ ”

ေယာက်ာ္းျဖစ္သူက ခဏတာ ျငိမ္သက္က်သြားသည္ ။ဘာျဖစ္မွန္း မသိ ။ မ်က္ရည္ေတြ ဝိုင္းလာျပီး ။ မက်မိေအာင္ ထိန္းကာ ။ ” ေအးပါကြာ ေအးပါ ။ ငါဆင္ျခင္ပါ့မယ္ ။”

” ဘာလဲ ရွင္စိတ္မေကာင္းျဖစ္သြားတာလား ”

” မျဖစ္ပါဘူး ။ ငါရင္ထဲ နည္းနည္းမေကာင္း ျဖစ္သြားတယ္။ ဒါေပမယ့္ ငါနားလည္ပါတယ္ ။သမီးေလးလည္း ရွက္မွာေပါ့ ။ သူလည္း ရွက္တတ္တဲ့ အရြယ္ေရာက္ေနျပီဘဲ ။ ေနာက္ျပီး ငါကလည္း ကူလီသမားကို ။ ေအးပါကြာ ေနာက္တစ္ခါ မုန္႔ဖိုးသြားေပးစရာရွိရငိ မင္းပဲ သြားေပးလိုက္ပါ ”” ေအာ္ မိန္းမ ”

” အင္း ေျပာေလ ငါစုေနၾက စုဗူးေလး သြားယူလာခဲ့ ”

” အင္း ” ေျပာကာ ထသြားသည္ ။ အတန္ငယ္ၾကာေတာ့ ဖိုးဝရုပ္ စုဗူးေလး ယူေဆာင္လာသည္ ။

ဒီစုဗူေလးက ေယာက်ာ္းျဖစ္သူ အျမဲတမ္း ထည့္ထည့္ျပီးစုေနတာ ။ ဘာစု ဗူးမွန္းလည္း မသိ ။ ေမးေတာ့လည္းမိန္းမ ျဖစ္တဲ့ သူကိုယ္ေတာင္ မေျပာဘူး ။ သူက ေမးတိုင္း ဘာေျပာလဲဆိုေတာ့ အဲဒီစုဗူးေဖာက္တဲ့ေန႕က်ရင္ မင္းသိလိမ့္မယ္ တဲ့ ။ ဒါပဲ ေျပာတယ္ ။အခုလည္း မိန္းမကေမးျပန္တယ္ ။

” ေယာက်ား္ ရွင္ ဒီစုဗူးထဲကို တစ္ေန႕ေန႕ ပိုက္ဆံေတြထည့္ေနတယ္ေနာ္”’ ေအးေလ အဲဒါ ဘာျဖစ္လို႕လဲ ”

” ကြ်န္မ နားမလည္လို႕ တစ္ခုေမးမယ္ ။ ရွင္ အဲဒီစုဗူးထဲကို ပိုက္ဆံေတြ အကုန္ ထည့္မယ္အစား တစ္ေန႕ေန႕ နည္းနည္းခ်င္းစီဘဲ ထည့္ပါလား ။

ပိုတဲ့ ပိုက္ဆံေတြကိုေတာ့ ရွင္အဝတ္စားျဖစ္ျဖစ္ ဝယ္ဝတ္ပါလား ။ အဲဒါဆိုရင္ အဲဒီအဝတ္စားသစ္နဲ႕ ရွင္သမီးေလး ဆီသြားလို႕ရတာေပါ့မဟုတ္ဘူးလား ”

” မဟုတ္ဘူး ။ ငါ ဖယ္လည္းမဖယ္ဘူး ။ ဒီစုဗူးထဲကို ထည့္ရတာကလည္း အေၾကာင္းရွိတယ္ ။တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္က်ရင္ ငါဒီစုဗူးထဲထည့္ရတဲ့ရည္ရြယ္ခ်က္ကို မင္းသိလိမ့္မယ္ ”

” ရွင္ က လွ်ိဳ႕ဝွက္လြန္းတယ္ ။ ကြ်န္မေတာင္ မေျပာျပဘူးေနာ္ ”

” ဒါကေတာ့ကြာ လူတစ္ေယာက္ရဲ႕ လွ်ိဳဝွက္ခ်က္ဆ္ိုတာရွိရတယ္ေလ ။ အဲဒီလွ်ိဳဝွက္ခ်က္ကိုလည္း ဘယ္သူမွေပးမသိရဘူး ။ ဒါမွ လွ်ိဳဝွက္ခ်က္ေခၚတာ ။ ”” ဟုတ္ပါျပီ ရွင္ ဟုတ္ပါျပီ ”

အေဖက အျမဲတမ္း မိသားစု ေရွ႕မွာ ျပံဳးသည္ ။အေဖက အျမဲတမ္း မိသားစု ေရွ႕မွာ ျပံဳးသည္ ။ အေဖ့ကို ၾကည့္လိုက္ရင္ စိတ္ညစ္စရာ စိတ္ပင္ပန္းစရာမရွိသလိုပဲ ။ ေနာက္ျပီး ထူးဆန္းတာက ေဖေဖဟာ ဘယ္ေတာ့မွ ေနထိုင္မေကာင္းဘူးဆိုတာ မရွိသလိုဘဲ။အျမဲတမ္း အလုပ္ပဲ လုပ္ေနတယ္ ။ ေနပူၾကဲၾကဲထဲမွာ ။မိုးရာသီ ဆိုရင္လည္း မိုးေရေတြထဲမွာ

ေဆာင္းရာသီဆိုရင္လည္း ေအေအးခ်မ္းခ်မ္း ခိုက္ခိုက္တုန္ေနတဲ့ အခ်ိန္မွာ အက်ၤ ီစြပ္ကြ်ယ္ အျဖဴ လက္ျပတ္ႏွင့္အျမဲ အလုပ္လုပ္ေနတတ္တယ္ ။တစ္ေန႕ ကြ်န္မ အိမ္ျပန္လာရင္း လမ္းမွာစဥ္းစားမိသည္။ ” ငါေတာင္ ဆယ္တန္းစာေမးပြဲျပီးျပီဘဲ ။ အေဖႏွင့္ စကားမေျပာရတာ ။ ေလွ်ာက္မသြားရတာ အေတာ္ၾကာျပီ ။ အေမႏွင့္ကေတာ့ ေတြႈျဖစ္တယ္ ။

စကားေျပာျဖစ္တယ္ ။ အေဖကေတာ့ ငါအိပ္မွ အိမ္ျပန္လာတယ္ ။ ဒီေန႕ကစျပီး အေဖ့ကို ငါေကာင္းေကာင္းစကားေျပာလို႕ရျပီ ။ ေလွ်ာက္သြားမယ္။ ေလွ်ာက္လည္မယ္ ” အေတြးျဖင့္ အိမ္ေရာက္လာေတာ့

အေမက င္ိုေနသည္ ။ တရွိဳက္ရွိဳက္နဲ႔ကို ။

” အေမ အေမ ဘာျဖစ္တာလဲ ။

အေမ ဘာလိုငိုေနတာလဲ ”

” သမီး ညဥ္း ညဥ္း အေဖ ကားတ္ိုက္ခံရျပီးဆံုးျပီ ။ ”

” ရွင္ ” ကြ်န္မနားထဲမွာ အေဖဆိုတာ ဆံုးျပီးစကားလံုးဝ မယံုႏိုင္ဘူး ။ အေဖက ကားတိုက္ခံရတာ ။ မူးျပီးလွဲက်တာတဲ့ ။ လမ္းမမွာ မူးျပီးလွဲတုန္းက ကားေတြတက္ၾကိတ္လို႕ ။ အပိုင္းပိုင္း ျဖစ္သြားျပီတဲ့ ။ ကံဆိုးလိုက္တဲ့ ကြ်န္မတို႕ အေဖ။

ညေရာက္ေတာ့ အေမ က ပစ္တုိင္းေထာင္ ဖိုးဝရုပ္ အရုပ္ေလးကို ယူလာသည္ ။ အေမကေျပာတယ္ ။” သမီး နင့္အေဖက ေဟာ့ဒီ အရုပ္ေလးကို ညတ္ိုင္းပိုက္ဆံေလးေတြ ထည့္ထည့္ေပးတယ္ ။ အဲဒီအရုပ္ေလးကို တယုတယ သူျမတ္ႏိုးတယ္ ။ဒီထဲမွာ ဘာရွိလဲဆိုတာေတာင္ သူကလြဲျပီး အေမကိုယ့္ေတာင္ မေျပာျပဘူး ။ အခု ဒီထဲမွာ ဘာရွိလဲဆိုတာ အေမတို႕ ေတြ ေဖာက္ၾကည့္ရေအာင္ ”

ခြမ္းခနဲ ခြဲပစ္လိုက္သည္ ။ ကြ်န္မက စိတ္ဝင္စားစြာၾကည့္ေနမိသည္ ။ပစ္တိုင္းေထာင္ အရုပ္ေလးကြဲသြားေတာ့ အထဲထဲမွာ ပိုက္ဆံေတြ အမ်ားၾကီးဘဲ.ေနာက္ျပီး စာတစ္ေစာင္ပါေတြႈတယ္ ။ စာတစ္ေစာင္ကို အေမက ေကာက္ကာငင္ကာ ယူဖတ္လိုက္သည္ ။

အိုစာဖတ္လိုက္တာနဲ႕ ေမေမ့ မ်က္ဝန္းေတြ မဟားတအားစိုလာျပီး စာေတာင္ဆက္မဖတ္ႏိုင္ေတာ့ဘူး ။ ငိုၾကီးခ်က္မျဖင့္ ငိုခ်ေတာ့သည္ ။ အေမ့ကို ၾကည့္ျပီး ကြ်န္မလည္း လန္႕ထိတ္ကာ လက္ထဲကစာကို ဆြဲယူျပီး ဖတ္လိုက္သည္ ။

” သမီး အေဖ သမီးကို ခ်စ္တယ္ ။ အရမ္းခ်စ္တယ္။

အရမ္းခ်စ္လို႔လည္း ေငြေတြစုထားတယ္ ။ အဲဒီေငြေတြကေဟာ့ဒီက ငါ့သမီးေလး တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္မွာ မဂၤလာေဆာင္မယ္ ။ လက္ထပ္တဲ့ အခ်ိန္က်ရင္ သံုးဖို႕ပါ ။

အေဖ့လို ကူလီသမားတစ္ေယာက္ဟာဆိုရင္ သမီးေလးအတြက္ အရွက္ရေစမွာ အေဖသိပါတယ္ ။ ဒါေၾကာင့္ေဖေဖ အဲဒီမဂၤလာပြဲကို မတက္ေရာက္ေတာ့ဘူးသမီး ။ မျမင္ကြယ္ရာ တစ္ေထာင့္တစ္ေနရာကဘဲ ဝမ္းသာပိီတိနဲ႔ အေဖ လက္ခုပ္တီးေနမွာပါ ။ အေဖမ်က္ရည္ေတြျဖင့္ ျပံဳးျပီး ေက်နပ္ေနမွာပါကြယ္ ။

ေဖေဖလို လူရာမဝင္တဲ့ အေဖ့ ဘယ္မွာလဲလို႕ သားရွင္ ဘက္က ေမးလာရင္ ။ေဖေဖဟာ အစကၾကီးတည္းက ေသသြားခဲ့ပါျပီးလို႔ ေျပာလိုက္ပါကြယ္ ။

ေဖေဖ နားလည္ပါတယ္ ။ ေဖေဖဟာ ကူလီသမားတစ္ေယာက္ ပညာမတတ္။ စာမတတ္ ။

ငါသမီးေလးလို ရုပ္ေခ်ာ ပညာတတ္ ေလးရဲ႕ အေဖျဖစ္ဖို႕ မထိုက္တန္ဘူး ။ သမီးေလးကို လည္း အရွက္မရေစခ်င္ပါဘူး ။ ေဖေဖဟာဆိုရင္ျဖင့္ အေဖလို႕ မေခၚထိုက္တဲ့လူတစ္ေယာက္ပါ ။ အေဖ့ေၾကာင့္ ငါ့သမီးေလး အရွက္ရမွာ အေဖမလိုလားဘူး။ ဒါေၾကာင့္ အေဖပိုက္ဆံေတြထားခဲ့မယ္ေနာ္ ။ ေနာက္ျပီး ဒီစုဗူးေလး ေဖာက္တဲ့ အဲအခ်ိန္ဟာ မဂၤလာပြဲက်င္းပ ဖို႕ တစ္ရက္အလိုဆိုတာေဖေဖသိတယ္

အေဖလည္း ရွိမွာ မဟုတ္ေတာ့ဘူး ။သမီးေလး မျမင္ကြယ္ရာတစ္ေနရာသြားျပီး သြားေရွာင္ေနမွာပါ ။ သမီးကို ခ်စ္ျခင္းမ်ားစြာျဖင့္ ေဖေဖ ” စာဆံုးသြားေတာ့ မ်က္ရည္ေတြဟာ မဖိတ္ေခၚဘဲပါးေပၚသို႕ စီးက်လာသည္ ။ အေဖရဲ႕ေမတၱာကို ခံစားရင္းအသံေတာင္ မထြက္ႏိုင္ေလာက္ေအာင္ သမီးျဖစ္သူကတရွိဳက္ရွိဳက္ငိုေနမိသည္ ။

ေဖေဖ့ကို ေက်ာင္းမလာခိုင္းတဲ့ ကြ်န္မ ။ ေက်ာင္းလာရင္အရွက္ရပါတယ္တဲ့ ။ ပင္ပင္ပန္းပန္း ေနပူၾကဲထဲထီးမေဆာင္း ဘာမေဆာင္းျဖင့္ တကူတကမုန္႕ဖိုးလာေပးတဲ့ ေဖေဖ့က္ို မွ ကြ်န္မ ဟာ အင္မတန္မွမိုက္မဲလြန္းလွစြာျဖင့္ ႏွင္ထုတ္ခဲ့မိတယ္ ။ ေနာင္တရပါတယ္ ။ အရမ္းကို ေနာင္တရပါတယ္ ။ ဘာ ။

တစ္ေထာင္တန္က စုတ္ေနလို႕ စားလို႕ မရမွာစိုးလို႕ လဲခိုင္းခဲ့တဲ့ ကြ်န္မ ။ အခ်ိန္တိုင္း အားရင္ အလုပ္ပတ္တကုတ္ကုတ္လုပ္ေနရတာလဲ သိျပီ ။ ဘာလို႕ ေနမေကာင္းရင္ ေနေကာင္းပါတယ္ဆိုတာလည္း သိျပီ။

ရာသီေတြအလီလီေျပာင္းသြားလည္း မပင္မပန္း အလုပ္ေတြ လုပ္တာလည္း သိျပီ ။ တစ္ေန႕လံုးေညာင္းေနရတာ ဘာေၾကာင့္လဲ အခုသိျပီ ။ ေဖေဖ့မွာ ဝတ္စရာမရွိတာ အခုသိျပီ ။ အက်ၤ ီသစ္တစ္စံုေတာင္ မဝယ္ဘဲေနခဲ့တာ ရင္ထုနာလိုက္တာရွင္ ။ ငါ့အတြက္ ။ ငါ့အတြက္

အရာအားလံုးကို သူ႔သမီးျဖစ္တဲ့ ငါ့အတြက္ေပးဆပ္ခဲ့တာပါလား ။ ေဖေဖရယ္ ေတာင္းပန္ပါတယ္ ။ အစက အဲလိုမွန္း မသိလို႕ ေျပာမိတာပါ ။ေဖေဖဟာ အေဖေခၚထိုက္တဲ့ ဖခင္ေကာင္တစ္ေယာက္ပါေလာကမွာ ဖခင္ေတြရဲ႕ေမတၱာဟာ အျပင္ပန္းဝတၳဳေတြထက္သာပါတယ္ဆိုတာ အခု သမီးေကာင္းေကာင္းသိလိုက္ရပါျပီ ။ သမီးလိုက္ရတဲ့ အခ်ိန္ကလည္း အရမ္းေနာက္က်သြားျပီ ။

ေစာေစာသိခဲ့ရင္ ေဖေဖ ေက်ာင္းလာတာလည္း မျငဴစူေတာ့ဘူး ။ ဒါငါ့အေဖလို႕လည္း အမ်ားျမင္မွာ ေအာ္ေျပာရမွာလည္း မရွက္ေတာ့ဘူး ။ ေဖေဖကို ႏွင္းေပးဖို႕ ႏွိပ္ေပးဖို႕လည္း မျဖစ္ႏိုင္ေတာ့ဘူး ။ေဖေဖ့ရဲ႕ စုတ္ျပတ္သက္တဲ့ အက်ၤ ီေလးေတြ ေရႊထည္ေတြထက္ တန္ဖိုးၾကီးတယ္ဆိုတာ သမီးသိလိုက္ရျပီ ။ေဖေဖ ကို ပိုင္ဆိုင္ရတာဟာ ေလာကမွာ အၾကီးမားဆံုးေသာ ဆုလာဘ္ၾကီးတစ္ခုဆိုတာ သမီးေကာင္းေကာင္း

သိလိုက္ပါျပီဆိုကာ ။ ငိုသံပါပါ လွိဳက္လွိဳက္ဝဲဝဲျဖင့္ ” အေဖ ” လို႕ အက်ယ္ေအာ္ေခၚလိုက္မိပါေတာ့သည္ ။

Message ဖခင္ဆိုတာ သားသမီးေတြကို ခ်စ္ပါ သည္ ။ သို႕ေသာ္ ထုတ္မခ်စ္ျပတတ္ဘူး တကယ္လိုအပ္လာျပီဆိုရင္ အသက္ေတာင္ ေပးဖို႕ ဝန္မေလးဘူး။ မိန္းမေတြ သားသမီးေတြမထင္မွတ္ ထားတာကို စဥ္းစားျပီး လုပ္ေပးထားတတ္ပါတယ္
Unicodeျဖင့္ဖတ္ရန္

မျက်ရည်ခိုင်မှသာ ဖတ်ပါ ။ သမီး သိခဲ့ပါပြီ အဖေ အဖေဖြစ်သူက ကျောင်းကို လာပါတယ် ။ ကူလီသမားတစ်ယောက် မို့ အဖေအဝတ်စားတွေမှာမီးသွေးတွေ ပေကျံ့နေတာပေါ့ ။

ဆရာမဖြစ်သူက ဟေမန်လေးကို ” သမီး ဟိုမှာ ကျောင်းမှာ ရှေ့မှာ မတ်တပ်ရောက်စောင့် နေတာ ။ သမီးရဲ့ အဖေမှတ်လား”ကြည့်လိုက်တဲ့ အခါ တကယ်ပဲ အဖေဖြစ်နေသည် ။

” ဟုတ်ပါတယ် ဆရာမ သမီးအဖေပါ ”ဘေးနားက သူငယ်ချင်းတွေက ဝိုင်းပြီး” ဟဲ့ ဟေမန် အဖေကလည်း ကြည့်ပါအုံး ညစ်ပတ်နေလိုက်တာ ”” အေးလေ ဟယ် ။ အင်္ကျ ီမှာလည်း အသစ်ရွက်တွေပေကျံ့နေတယ် ။ ကြည့်ရတာ ကုန်ထမ်းပြီး ရောက်လာျတာထင်တယ် ။ ”

” ဒါဆို ဟေမန်အဖေ က ကူလီသမားပေါ့နော် ” သူတို့တွေ တီးတိုးတီးတိုးပြောနေတဲ့ စကားသံကို ကြားရင် ရှက်လည်း ရှက်မိ သိမ်လည်း သိမ်ငယ်မိသလိုခံစားရမိသည် ။

အဲဒါ နဲ့ အပြင်ထွက်သွားခဲ့သည် ။ ဆယ်တန်းကျောင်းသူ ကျောင်းသားတွေ မုန့်စားဆင်းချိန်မှာ အဖေက ရောက်လာတာကိုး သမီးလေး ထွက်လာတာ မြင်တော့ သမီးလေးမျက်နှာကြည်ပြီး ပြုံးနေမိသည် ။ မောင်မိုးလင်းတစ်ယောက် ။ တစ်မနက်ပင်ပန်းနေထားသမျှကိုတောင်ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး ။

သမီးဖြစ်သူက ”အဖေ ဘာလို့ ကျောင်းရှေ့ရောက်လာတာလဲ ” အော် သမီးကို မုန့်ဖိုးလာပေးတာပါ ။ မနက်က ပိုက်ဆံမရှိလို့ သမီးကို မုန့်ဖိုးမပေးလိုက်ရဘူးလေ ရော့ရော့ဒီမှာ ပိုက်ဆံ ”အဖေဖြစ်သူက ကုန်ထမ်းရင်း ရလာခဲ့တဲ့ တစ်ထောင်တန်သုံးရွက်ထဲက တစ်ရွက်ကို ယူပြီး ပေးလိုက်သည် ။သမီးက တစ်ထောင်တန်ပြဲနေလို့

” အဖေ သမီးကို ဒါလေး နှင့် လှဲပေးပါလား ။ ဒီတစ်ထောင်တန်က ပြဲနေတယ် ။ တော်ကြာ ဝယ်စားလို့ မရမှာစိုးလို့ ”အဖေဖြစ်သူကလည်း တစ်ထောင်တန် တိတ်ကပ်ထားတာလေးကို ပြန်ယူပြီး အသစ်ချွတ်ချွတ်လေးကို လက်ထဲထည့်ပေးလိုက်သည် ။သူများတွေ ဝိုင်းကြည့်နေတာ ကြောက်တယ့် ကျွန်မ ။ အပျိုဖော်ဝင်ကာစ ဆိုတော့ ရှက်တတ်တယ်လေ ။အဖေက နောက်ပြီး အင်္ကျ ီက ပြဲစုတ်နေတယ် ။ပုဆိုးကလည်း ပြဲနေတယ် ။ အဖေနှင့် ကျွန်မကို လူတွေအမြင်မှာ တစ်မျိုးမြင်မှာ စိုးရိမ်တာနဲ့

” အဖေ အမြန်ပြန်တော့နော် တော်ကြာ သမီးသူငယ်ချင်းတွေ သွားရင် သမီးကို လှောင်ပြောင်ပြီး စနေကြအုံးမယ်”

” အော်အေး အေး အဖေ နားလည်ပါပြီကွယ် ”

” သမီး အထဲဝင်တော့လေ အဖေ ဒီမှာ ခဏရပ်ပြီးရင်ပြန်ပါ့မယ် ”

” အဖေရယ် ပြန်လိုက်ပါတော့နော် ဒီမှာ အကြာကြီးဆက်ရပ်နေရင် မကောင်းဘူးနော် ” ရှက်လွန်းတဲ့ ကျွန်မ အဖေကို နှင်ထုတ်နေမိသည် ။ ”အေးပါကွယ်.အေးပါ ”အဖေ ကျောခိုင်းပြီး လှည့်ကာ ထွက်သွားသည် ။

အဖေက သီရိမင်္ဂလာဈေးမှာ ကုန်ထမ်းတာလေ ။တစ်ခါတစ်လေ ၅ထောင်ရတဲ့ နေ့လည်း ရှိသလို ။သုံးထောင် ရတဲ့ နေ့လည်းရှိတယ် ။ တစ်ခါတစ်လေ ၈၀၀၀ထောင်ရတာ ရှိပါတယ်။သမီးတို့ အမေတို့ အိမ်မှာ ကျောင်းမှာနေတဲ့ အချိန်အဖေ က နေပူကြဲကြဲထဲမှာ ဆိုက်ကားပေါ်က ကုန်တွေကိုမ ရင်းထမ်းရင်း သယ်ပိုးနေတယ် ။ ချွေးတွေ တပြိုင်းပြိုင်းလည်း ကျ ပေါ့ရှင့် ။

ညရောက်တော့ သမီးက အမေ့ကို အဖေအားပြောခိုင်းတယ်။ သမီးဖြစ်သူ အိပ်သွားတော့ မိန်းမက ယောကျာ်းကို ပြောလေသည် ။

” ယောကျာ်း ရှင်ညောင်းနေတာလား ”

” အေးကွာဒီနေ့ နည်းနည်း အကြောတတ်နေတယ်။”

” ဒဏ်ကြေလိမ်းဆေး လိမ်းမလား။ ကျွန်မလိမ်းပေးမယ်လေ”

” အေးကောင်းတာပေါ့ကွာ ဒါမှ အကြောပြေမှာ ”

” ပြီးရော ”

ဆေးလိမ်းပြီးရင်း ပြောလေသည် ။

ယောကျာ်း . .

” အေး ပြောလေ ”” ရှင် မနက်က သမီးလေးဆီကို သွားတယ်ဆို ”” အေးဟုတ်တယ်လေ ငါမုန့်ဖိုးသွားပေးတာ ”” ဘာလို့ သွားရတာလဲရှင် ”

” အော် မင်းကလည်းကွာ ငါ့သမီး ကျောင်းဘဲငါသွားတာ ဘာဖြစ်လို့လဲ ”

” ဘာဖြစ်ရမှာလဲ သမီးလေးက ကျွန်မကိုပြောတယ်။ရှင်ကို ကျောင်းမလာခိုင်းနဲ့ ။ ဘာဖြစ်လို့လဲဆိုတော့ရှင့်ကို သူသူငယ်ချင်းတွေမြင်သွားရင် လှောင်ပြောင်မှာစိုးလို့တဲ့ ။ နောက်ပြီး ဆရာ ဆရာမတွေကပါ အထင်သေးသွားလိမ့်မယ်

ဒါကြောင့် မုန့်ဖိုးပေးစရာရှိရင် တစ်ခါတည်း ကျောင်းသွားတာနဲ့ ပေးလိုက် ။ မဟုတ်ရင်လည်း ကျွန်မ သွားပေးပေးမယ် ။ရှင်တော့ မသွားပါနဲ့နော် ”

ယောကျာ်းဖြစ်သူက ခဏတာ ငြိမ်သက်ကျသွားသည် ။ဘာဖြစ်မှန်း မသိ ။ မျက်ရည်တွေ ဝိုင်းလာပြီး ။ မကျမိအောင် ထိန်းကာ ။ ” အေးပါကွာ အေးပါ ။ ငါဆင်ခြင်ပါ့မယ် ။”

” ဘာလဲ ရှင်စိတ်မကောင်းဖြစ်သွားတာလား ”

” မဖြစ်ပါဘူး ။ ငါရင်ထဲ နည်းနည်းမကောင်း ဖြစ်သွားတယ်။ ဒါပေမယ့် ငါနားလည်ပါတယ် ။သမီးလေးလည်း ရှက်မှာပေါ့ ။ သူလည်း ရှက်တတ်တဲ့ အရွယ်ရောက်နေပြီဘဲ ။ နောက်ပြီး ငါကလည်း ကူလီသမားကို ။ အေးပါကွာ နောက်တစ်ခါ မုန့်ဖိုးသွားပေးစရာရှိရငိ မင်းပဲ သွားပေးလိုက်ပါ ”” အော် မိန်းမ ”

” အင်း ပြောလေ ငါစုနေကြ စုဗူးလေး သွားယူလာခဲ့ ”

” အင်း ” ပြောကာ ထသွားသည် ။ အတန်ငယ်ကြာတော့ ဖိုးဝရုပ် စုဗူးလေး ယူဆောင်လာသည် ။

ဒီစုဗူလေးက ယောကျာ်းဖြစ်သူ အမြဲတမ်း ထည့်ထည့်ပြီးစုနေတာ ။ ဘာစု ဗူးမှန်းလည်း မသိ ။ မေးတော့လည်းမိန်းမ ဖြစ်တဲ့ သူကိုယ်တောင် မပြောဘူး ။ သူက မေးတိုင်း ဘာပြောလဲဆိုတော့ အဲဒီစုဗူးဖောက်တဲ့နေ့ကျရင် မင်းသိလိမ့်မယ် တဲ့ ။ ဒါပဲ ပြောတယ် ။အခုလည်း မိန်းမကမေးပြန်တယ် ။

” ယောကျာ်း ရှင် ဒီစုဗူးထဲကို တစ်နေ့နေ့ ပိုက်ဆံတွေထည့်နေတယ်နော်”’ အေးလေ အဲဒါ ဘာဖြစ်လို့လဲ ”

” ကျွန်မ နားမလည်လို့ တစ်ခုမေးမယ် ။ ရှင် အဲဒီစုဗူးထဲကို ပိုက်ဆံတွေ အကုန် ထည့်မယ်အစား တစ်နေ့နေ့ နည်းနည်းချင်းစီဘဲ ထည့်ပါလား ။

ပိုတဲ့ ပိုက်ဆံတွေကိုတော့ ရှင်အဝတ်စားဖြစ်ဖြစ် ဝယ်ဝတ်ပါလား ။ အဲဒါဆိုရင် အဲဒီအဝတ်စားသစ်နဲ့ ရှင်သမီးလေး ဆီသွားလို့ရတာပေါ့မဟုတ်ဘူးလား ”

” မဟုတ်ဘူး ။ ငါ ဖယ်လည်းမဖယ်ဘူး ။ ဒီစုဗူးထဲကို ထည့်ရတာကလည်း အကြောင်းရှိတယ် ။တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ငါဒီစုဗူးထဲထည့်ရတဲ့ရည်ရွယ်ချက်ကို မင်းသိလိမ့်မယ် ”

” ရှင် က လျှို့ဝှက်လွန်းတယ် ။ ကျွန်မတောင် မပြောပြဘူးနော် ”

” ဒါကတော့ကွာ လူတစ်ယောက်ရဲ့ လျှိုဝှက်ချက်ဆိုတာရှိရတယ်လေ ။ အဲဒီလျှိုဝှက်ချက်ကိုလည်း ဘယ်သူမှပေးမသိရဘူး ။ ဒါမှ လျှိုဝှက်ချက်ခေါ်တာ ။ ”” ဟုတ်ပါပြီ ရှင် ဟုတ်ပါပြီ ”

အဖေက အမြဲတမ်း မိသားစု ရှေ့မှာ ပြုံးသည် ။အဖေက အမြဲတမ်း မိသားစု ရှေ့မှာ ပြုံးသည် ။ အဖေ့ကို ကြည့်လိုက်ရင် စိတ်ညစ်စရာ စိတ်ပင်ပန်းစရာမရှိသလိုပဲ ။ နောက်ပြီး ထူးဆန်းတာက ဖေဖေဟာ ဘယ်တော့မှ နေထိုင်မကောင်းဘူးဆိုတာ မရှိသလိုဘဲ။အမြဲတမ်း အလုပ်ပဲ လုပ်နေတယ် ။ နေပူကြဲကြဲထဲမှာ ။မိုးရာသီ ဆိုရင်လည်း မိုးရေတွေထဲမှာ

ဆောင်းရာသီဆိုရင်လည်း အေအေးချမ်းချမ်း ခိုက်ခိုက်တုန်နေတဲ့ အချိန်မှာ အင်္ကျ ီစွပ်ကျွယ် အဖြူ လက်ပြတ်နှင့်အမြဲ အလုပ်လုပ်နေတတ်တယ် ။တစ်နေ့ ကျွန်မ အိမ်ပြန်လာရင်း လမ်းမှာစဉ်းစားမိသည်။ ” ငါတောင် ဆယ်တန်းစာမေးပွဲပြီးပြီဘဲ ။ အဖေနှင့် စကားမပြောရတာ ။ လျှောက်မသွားရတာ အတော်ကြာပြီ ။ အမေနှင့်ကတော့ တွှေုဖြစ်တယ် ။

စကားပြောဖြစ်တယ် ။ အဖေကတော့ ငါအိပ်မှ အိမ်ပြန်လာတယ် ။ ဒီနေ့ကစပြီး အဖေ့ကို ငါကောင်းကောင်းစကားပြောလို့ရပြီ ။ လျှောက်သွားမယ်။ လျှောက်လည်မယ် ” အတွေးဖြင့် အိမ်ရောက်လာတော့

အမေက ငိုနေသည် ။ တရှိုက်ရှိုက်နဲ့ကို ။

” အမေ အမေ ဘာဖြစ်တာလဲ ။

အမေ ဘာလိုငိုနေတာလဲ ”

” သမီး ညဉ်း ညဉ်း အဖေ ကားတိုက်ခံရပြီးဆုံးပြီ ။ ”

” ရှင် ” ကျွန်မနားထဲမှာ အဖေဆိုတာ ဆုံးပြီးစကားလုံးဝ မယုံနိုင်ဘူး ။ အဖေက ကားတိုက်ခံရတာ ။ မူးပြီးလှဲကျတာတဲ့ ။ လမ်းမမှာ မူးပြီးလှဲတုန်းက ကားတွေတက်ကြိတ်လို့ ။ အပိုင်းပိုင်း ဖြစ်သွားပြီတဲ့ ။ ကံဆိုးလိုက်တဲ့ ကျွန်မတို့ အဖေ။

ညရောက်တော့ အမေ က ပစ်တိုင်းထောင် ဖိုးဝရုပ် အရုပ်လေးကို ယူလာသည် ။ အမေကပြောတယ် ။” သမီး နင့်အဖေက ဟော့ဒီ အရုပ်လေးကို ညတိုင်းပိုက်ဆံလေးတွေ ထည့်ထည့်ပေးတယ် ။ အဲဒီအရုပ်လေးကို တယုတယ သူမြတ်နိုးတယ် ။ဒီထဲမှာ ဘာရှိလဲဆိုတာတောင် သူကလွဲပြီး အမေကိုယ့်တောင် မပြောပြဘူး ။ အခု ဒီထဲမှာ ဘာရှိလဲဆိုတာ အမေတို့ တွေ ဖောက်ကြည့်ရအောင် ”

ခွမ်းခနဲ ခွဲပစ်လိုက်သည် ။ ကျွန်မက စိတ်ဝင်စားစွာကြည့်နေမိသည် ။ပစ်တိုင်းထောင် အရုပ်လေးကွဲသွားတော့ အထဲထဲမှာ ပိုက်ဆံတွေ အများကြီးဘဲ.နောက်ပြီး စာတစ်စောင်ပါတွှေုတယ် ။ စာတစ်စောင်ကို အမေက ကောက်ကာငင်ကာ ယူဖတ်လိုက်သည် ။

အိုစာဖတ်လိုက်တာနဲ့ မေမေ့ မျက်ဝန်းတွေ မဟားတအားစိုလာပြီး စာတောင်ဆက်မဖတ်နိုင်တော့ဘူး ။ ငိုကြီးချက်မဖြင့် ငိုချတော့သည် ။ အမေ့ကို ကြည့်ပြီး ကျွန်မလည်း လန့်ထိတ်ကာ လက်ထဲကစာကို ဆွဲယူပြီး ဖတ်လိုက်သည် ။

” သမီး အဖေ သမီးကို ချစ်တယ် ။ အရမ်းချစ်တယ်။

အရမ်းချစ်လို့လည်း ငွေတွေစုထားတယ် ။ အဲဒီငွေတွေကဟော့ဒီက ငါ့သမီးလေး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မင်္ဂလာဆောင်မယ် ။ လက်ထပ်တဲ့ အချိန်ကျရင် သုံးဖို့ပါ ။

အဖေ့လို ကူလီသမားတစ်ယောက်ဟာဆိုရင် သမီးလေးအတွက် အရှက်ရစေမှာ အဖေသိပါတယ် ။ ဒါကြောင့်ဖေဖေ အဲဒီမင်္ဂလာပွဲကို မတက်ရောက်တော့ဘူးသမီး ။ မမြင်ကွယ်ရာ တစ်ထောင့်တစ်နေရာကဘဲ ဝမ်းသာပီတိနဲ့ အဖေ လက်ခုပ်တီးနေမှာပါ ။ အဖေမျက်ရည်တွေဖြင့် ပြုံးပြီး ကျေနပ်နေမှာပါကွယ် ။

ဖေဖေလို လူရာမဝင်တဲ့ အဖေ့ ဘယ်မှာလဲလို့ သားရှင် ဘက်က မေးလာရင် ။ဖေဖေဟာ အစကကြီးတည်းက သေသွားခဲ့ပါပြီးလို့ ပြောလိုက်ပါကွယ် ။

ဖေဖေ နားလည်ပါတယ် ။ ဖေဖေဟာ ကူလီသမားတစ်ယောက် ပညာမတတ်။ စာမတတ် ။

ငါသမီးလေးလို ရုပ်ချော ပညာတတ် လေးရဲ့ အဖေဖြစ်ဖို့ မထိုက်တန်ဘူး ။ သမီးလေးကို လည်း အရှက်မရစေချင်ပါဘူး ။ ဖေဖေဟာဆိုရင်ဖြင့် အဖေလို့ မခေါ်ထိုက်တဲ့လူတစ်ယောက်ပါ ။ အဖေ့ကြောင့် ငါ့သမီးလေး အရှက်ရမှာ အဖေမလိုလားဘူး။ ဒါကြောင့် အဖေပိုက်ဆံတွေထားခဲ့မယ်နော် ။ နောက်ပြီး ဒီစုဗူးလေး ဖောက်တဲ့ အဲအချိန်ဟာ မင်္ဂလာပွဲကျင်းပ ဖို့ တစ်ရက်အလိုဆိုတာဖေဖေသိတယ်

အဖေလည်း ရှိမှာ မဟုတ်တော့ဘူး ။သမီးလေး မမြင်ကွယ်ရာတစ်နေရာသွားပြီး သွားရှောင်နေမှာပါ ။ သမီးကို ချစ်ခြင်းများစွာဖြင့် ဖေဖေ ” စာဆုံးသွားတော့ မျက်ရည်တွေဟာ မဖိတ်ခေါ်ဘဲပါးပေါ်သို့ စီးကျလာသည် ။ အဖေရဲ့မေတ္တာကို ခံစားရင်းအသံတောင် မထွက်နိုင်လောက်အောင် သမီးဖြစ်သူကတရှိုက်ရှိုက်ငိုနေမိသည် ။

ဖေဖေ့ကို ကျောင်းမလာခိုင်းတဲ့ ကျွန်မ ။ ကျောင်းလာရင်အရှက်ရပါတယ်တဲ့ ။ ပင်ပင်ပန်းပန်း နေပူကြဲထဲထီးမဆောင်း ဘာမဆောင်းဖြင့် တကူတကမုန့်ဖိုးလာပေးတဲ့ ဖေဖေ့ကို မှ ကျွန်မ ဟာ အင်မတန်မှမိုက်မဲလွန်းလှစွာဖြင့် နှင်ထုတ်ခဲ့မိတယ် ။ နောင်တရပါတယ် ။ အရမ်းကို နောင်တရပါတယ် ။ ဘာ ။

တစ်ထောင်တန်က စုတ်နေလို့ စားလို့ မရမှာစိုးလို့ လဲခိုင်းခဲ့တဲ့ ကျွန်မ ။ အချိန်တိုင်း အားရင် အလုပ်ပတ်တကုတ်ကုတ်လုပ်နေရတာလဲ သိပြီ ။ ဘာလို့ နေမကောင်းရင် နေကောင်းပါတယ်ဆိုတာလည်း သိပြီ။

ရာသီတွေအလီလီပြောင်းသွားလည်း မပင်မပန်း အလုပ်တွေ လုပ်တာလည်း သိပြီ ။ တစ်နေ့လုံးညောင်းနေရတာ ဘာကြောင့်လဲ အခုသိပြီ ။ ဖေဖေ့မှာ ဝတ်စရာမရှိတာ အခုသိပြီ ။ အင်္ကျ ီသစ်တစ်စုံတောင် မဝယ်ဘဲနေခဲ့တာ ရင်ထုနာလိုက်တာရှင် ။ ငါ့အတွက် ။ ငါ့အတွက်

အရာအားလုံးကို သူ့သမီးဖြစ်တဲ့ ငါ့အတွက်ပေးဆပ်ခဲ့တာပါလား ။ ဖေဖေရယ် တောင်းပန်ပါတယ် ။ အစက အဲလိုမှန်း မသိလို့ ပြောမိတာပါ ။ဖေဖေဟာ အဖေခေါ်ထိုက်တဲ့ ဖခင်ကောင်တစ်ယောက်ပါလောကမှာ ဖခင်တွေရဲ့မေတ္တာဟာ အပြင်ပန်းဝတ္ထုတွေထက်သာပါတယ်ဆိုတာ အခု သမီးကောင်းကောင်းသိလိုက်ရပါပြီ ။ သမီးလိုက်ရတဲ့ အချိန်ကလည်း အရမ်းနောက်ကျသွားပြီ ။

စောစောသိခဲ့ရင် ဖေဖေ ကျောင်းလာတာလည်း မငြူစူတော့ဘူး ။ ဒါငါ့အဖေလို့လည်း အများမြင်မှာ အော်ပြောရမှာလည်း မရှက်တော့ဘူး ။ ဖေဖေကို နှင်းပေးဖို့ နှိပ်ပေးဖို့လည်း မဖြစ်နိုင်တော့ဘူး ။ဖေဖေ့ရဲ့ စုတ်ပြတ်သက်တဲ့ အင်္ကျ ီလေးတွေ ရွှေထည်တွေထက် တန်ဖိုးကြီးတယ်ဆိုတာ သမီးသိလိုက်ရပြီ ။ဖေဖေ ကို ပိုင်ဆိုင်ရတာဟာ လောကမှာ အကြီးမားဆုံးသော ဆုလာဘ်ကြီးတစ်ခုဆိုတာ သမီးကောင်းကောင်း

သိလိုက်ပါပြီဆိုကာ ။ ငိုသံပါပါ လှိုက်လှိုက်ဝဲဝဲဖြင့် ” အဖေ ” လို့ အကျယ်အော်ခေါ်လိုက်မိပါတော့သည် ။

Message ဖခင်ဆိုတာ သားသမီးတွေကို ချစ်ပါ သည် ။ သို့သော် ထုတ်မချစ်ပြတတ်ဘူး တကယ်လိုအပ်လာပြီဆိုရင် အသက်တောင် ပေးဖို့ ဝန်မလေးဘူး။ မိန်းမတွေ သားသမီးတွေမထင်မှတ် ထားတာကို စဉ်းစားပြီး လုပ်ပေးထားတတ်ပါတယ်

Credit: StiMoeMoeLin(AungPhyo)