Zawgyi ျဖင့္ဖတ္၇န္
ကမာရြတ္ TTC အထက္တန္းေက်ာင္းတြင္ ေက်ာင္းသားေက်ာင္းသူမ်ားအား သမီးရည္စားထားပါက ေက်ာင္းထုတ္မည္ဟု သတိေပးလိုက္ေၾကာင္း ေက်ာင္းအုပ္ဆရာမႀကီး ေဒါက္တာမုိးသူ က အကုန္သိသတင္းဌာန ကို ဇြန္လ၂၇ ရက္တြင္ တရား၀င္ ေျပာၾကားလိုက္သည္။

ကမာရြတ္TTC အထက္တန္းေက်ာင္းတြင္ ေက်ာင္းသားေက်ာင္းသူ ေထာင္ႏွင့္ခ်ီရွိကာ ေက်ာင္းအုပ္ႀကီး အပါအ၀င္ ဒုတိယ ေက်ာင္းအုပ္ သုံးဦးႏွင့္ ထိန္းသိမ္းလ်က္ရွိ္ေၾကာင္း သိရသည္။

’’ဒါကေတာ့ ေက်ာင္းတုိင္းေပါ့ ၊ သမီးရည္းစားကိစၥက ရွိပါတယ္။ ရွိလည္းရွိႏုိင္တယ္။ ေက်ာင္းသားေက်ာင္းသူေတြကုိ ဆရာမႀကီးက ေျပာထားတယ္။ သားတုိ႔သမီးတုိ႔ ဆရာမႀကီးေက်ာင္းမွာ ဆက္ေနခ်င္တယ္ဆုိ စည္းကမ္းခ်က္ သုံးခုရွိတယ္။ ဒါေတြကုိမလုပ္ဖုိ႔ ေရွာင္ၾကဥ္ရမယ္။ နံပါတ္တစ္ ရန္မျဖစ္ရဘူး။ နံပါတ္ႏွစ္ကေတာ့ မူးယစ္ေဆးမသုံးရဘူး။ နံပါတ္သုံး သမီးရည္စားမထားရဘူး။ က်န္တာႀကိဳက္သလုိ ကစားလုိ႔ရတယ္။ ေနလုိ႔ရတယ္။ ဆရာမႀကီးက မွာထားတယ္’’ဟုေဒါက္တာမုိးသူက ေျပာသည္။

သမီးရည္းစားထားပါက ေက်ာင္းထုတ္မည္ဟု ကမာရႊတ္TTC ေက်ာင္းအုပ္ႀကီး ေျပာ

အဆုိပါသမီးရည္းစားကိစၥမ်ားသည္ အေျခခံပညာ ေက်ာင္းမ်ားတြင္ ေက်ာင္းအုပ္ႀကီးမ်ား၊ အတန္းပုိင္ဆရာဆရာမမ်ား အခက္ေတြ႔ေစသည့္ကိစၥမ်ားျဖစ္ၿပီး ကမာရြတ္TTC တြင္ ေက်ာင္းသားႀကီးမ်ားကုိ ေက်ာင္းေဆာင္ သစ္ပုိင္းသုိ႔ မေျပာင္းဘဲ ေက်ာင္းေဆာင္ေဟာင္းမ်ား ဘက္တြင္ ေစာင့္ၾကည့္ႏုိင္သည့္အတြက္ ေက်ာင္းေဆာင္ေဟာင္းတြင္ ေက်ာင္းသားမ်ားကို ထားေၾကာင္း ဆရာမႀကီးကဆုိသည္။

’’သမီးရည္းစားကိစၥက အခုေခတ္ အေျခအေနအရ ေျခာက္တန္းဆုိ စလာၿပီ။ ခုႏွစ္တန္းမွာၿငိမ္တယ္။ ရွစ္တန္းဆုိျပန္စလာၿပီ။ ကုိးတန္း၊ ဆယ္တန္းဆုိ နည္းနည္းထိန္းသိမ္းရတယ္။ ဆရာမႀကီးေက်ာင္းအေနနဲ႔ကေတာ့ ကေလးေတြက စာပဲလုပ္တဲ့အတြက္ သိပ္အခက္အခဲမရွိပါဘူး’’ဟု ေဒါက္တာမုိးသူက ေျပာသည္။

လက္ရွိအေျခခံပညာတြင္ ေက်ာင္းေပါင္းေလးေသာင္းေက်ာ္ ရွိကာ ေက်ာင္းသားေက်ာင္းသူသိန္းႏွင့္ခ်ီ ရွိကာ တစ္ခန္းလွ်င္ ေက်ာင္းသားေက်ာင္းသူ ငါးဆယ္ေက်ာ္အား အတန္းပုိင္ဆရာမ မွ ထိန္းသိမ္းေနရေၾကာင္း သိရသည္။
Unicodeဖြင့်ဖတ်ရန်
ကမာရွတ် TTC အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများအား သမီးရည်စားထားပါက ကျောင်းထုတ်မည်ဟု သတိပေးလိုက်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုးသူ က အကုန်သိသတင်းဌာန ကို ဇွန်လ၂၇ ရက်တွင် တရားဝင် ပြောကြားလိုက်သည်။

ကမာရွတ်TTC အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ထောင်နှင့်ချီရှိကာ ကျောင်းအုပ်ကြီး အပါအဝင် ဒုတိယ ကျောင်းအုပ် သုံးဦးနှင့် ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

’’ဒါကတော့ ကျောင်းတိုင်းပေါ့ ၊ သမီးရည်းစားကိစ္စက ရှိပါတယ်။ ရှိလည်းရှိနိုင်တယ်။ ကျောင်းသားကျောင်းသူတွေကို ဆရာမကြီးက ပြောထားတယ်။ သားတို့သမီးတို့ ဆရာမကြီးကျောင်းမှာ ဆက်နေချင်တယ်ဆို စည်းကမ်းချက် သုံးခုရှိတယ်။ ဒါတွေကိုမလုပ်ဖို့ ရှောင်ကြဉ်ရမယ်။ နံပါတ်တစ် ရန်မဖြစ်ရဘူး။ နံပါတ်နှစ်ကတော့ မူးယစ်ဆေးမသုံးရဘူး။ နံပါတ်သုံး သမီးရည်စားမထားရဘူး။ ကျန်တာကြိုက်သလို ကစားလို့ရတယ်။ နေလို့ရတယ်။ ဆရာမကြီးက မှာထားတယ်’’ဟုဒေါက်တာမိုးသူက ပြောသည်။

သမီးရည်းစားထားပါက ကျောင်းထုတ်မည်ဟု ကမာရွှတ်TTC ကျောင်းအုပ်ကြီး ပြော

အဆိုပါသမီးရည်းစားကိစ္စများသည် အခြေခံပညာ ကျောင်းများတွင် ကျောင်းအုပ်ကြီးများ၊ အတန်းပိုင်ဆရာဆရာမများ အခက်တွေ့စေသည့်ကိစ္စများဖြစ်ပြီး ကမာရွတ်TTC တွင် ကျောင်းသားကြီးများကို ကျောင်းဆောင် သစ်ပိုင်းသို့ မပြောင်းဘဲ ကျောင်းဆောင်ဟောင်းများ ဘက်တွင် စောင့်ကြည့်နိုင်သည့်အတွက် ကျောင်းဆောင်ဟောင်းတွင် ကျောင်းသားများကို ထားကြောင်း ဆရာမကြီးကဆိုသည်။

’’သမီးရည်းစားကိစ္စက အခုခေတ် အခြေအနေအရ ခြောက်တန်းဆို စလာပြီ။ ခုနှစ်တန်းမှာငြိမ်တယ်။ ရှစ်တန်းဆိုပြန်စလာပြီ။ ကိုးတန်း၊ ဆယ်တန်းဆို နည်းနည်းထိန်းသိမ်းရတယ်။ ဆရာမကြီးကျောင်းအနေနဲ့ကတော့ ကလေးတွေက စာပဲလုပ်တဲ့အတွက် သိပ်အခက်အခဲမရှိပါဘူး’’ဟု ဒေါက်တာမိုးသူက ပြောသည်။

လက်ရှိအခြေခံပညာတွင် ကျောင်းပေါင်းလေးသောင်းကျော် ရှိကာ ကျောင်းသားကျောင်းသူသိန်းနှင့်ချီ ရှိကာ တစ်ခန်းလျှင် ကျောင်းသားကျောင်းသူ ငါးဆယ်ကျော်အား အတန်းပိုင်ဆရာမ မှ ထိန်းသိမ်းနေရကြောင်း သိရသည်။
Credit: မင္းသီဟန္(အကုန္သိသတင္းဌာန)