ZawGyiျဖင့္ဖတ္ရန္

႐ုရွား ႏိုင္ငံသမၼတ ဗလာဒီမာပူတင္၏ ေျပာေရးဆိုခြင့္ရိွသူ ဒီမီထရီပက္စ္ေကာ့ဗ္က အမ်ဳိးသမီးမ်ားအေနျဖင့္ မည္သည့္ႏိုင္ငံသား ႏွင့္မဆို လြတ္လပ္စြာတြဲခြင့္ရိွေၾကာင္း တံု႔ျပန္ ေျပာၾကားသည္။
ကမၻာ့ဖလားၿပိဳင္ပြဲမစတင္မီ ဇြန္ ၁၃ ရက္တြင္ အမ်ဳိးသမီးလႊတ္ေတာ္အမတ္ျဖစ္သူ ပလက္နီဗာက ႐ုရွားအမ်ဳိးသမီးမ်ားအေနျဖင့္ ၿပိဳင္ပြဲကာလအတြင္း ႏိုင္ငံျခားသားမ်ားႏွင့္ အတူအိပ္စက္ျခင္းမျပဳရန္ တိုက္တြန္းေျပာ ၾကားမႈ ျပဳလုပ္ခဲ့သည္။

”အမ်ဳိးသမီးငယ္ေတြ အေနနဲ႔ တစ္စံုတစ္ေယာက္နဲ႔ေတြ႕ဆံုၿပီး ရင္ ေသြးေမြးဖြားလိုက္တာမ်ဳိး မျဖစ္ေစခ်င္ဘူး။ ၁၉၈၀ ေမာ္စကို အိုလံပစ္ၿပိဳင္ပြဲတုန္းကလည္း ေဒသခံအမ်ဳိးသမီးတခ်ဳိ႕က ႏိုင္ငံျခားသား ေတြနဲ႔ ခ်စ္သူျဖစ္ၾကၿပီး ကိုယ္၀န္ရသြားတယ္။ ကိုယ့္အခ်င္းခ်င္းရတဲ့ရင္ေသြးကိုပဲ ေမြးေစ ခ်င္တယ္။ ႏိုင္ငံသားေရာစပ္တဲ့ကေလးေတြ က အေဖ၊ အေမတစ္ဦးတည္းရိွတဲ့အေျခအေန ပိုျဖစ္ႏိုင္တယ္”ဟု ေအာက္လႊတ္ေတာ္၏ မိသားစု၊ အမ်ဳိးသမီးႏွင့္ ကေလးငယ္မ်ားေကာ္ မတီအႀကီးအကဲျဖစ္သူ ပလက္နီဗာက ေျပာ ၾကားသည္။

ယင္းေျပာၾကားမႈမွာ လူမ်ဳိးေရး ခြဲျခားမႈျဖစ္ေၾကာင္း ေ၀ဖန္မႈမ်ားထြက္ေပၚ ေနရာ သမၼတ၏ ေျပာေရးဆိုခြင့္ရိွသူ ပက္စ္ ေကာ့ဗ္က သတင္းေထာက္မ်ားႏွင့္ေတြ႕ဆံုစဥ္ ကမၻာ့ဖလားၿပိဳင္ပြဲ၏ ေဆာင္ပုဒ္ျဖစ္သည့္ ”လူမ်ဳိးေရးမခြဲျခားရ” ဟူေသာစာသားကို ညႊန္ျပ၍ ”႐ုရွားအမ်ဳိးသမီးေတြအေနနဲ႔ ပုဂၢိဳလ္ ေရးကိစၥေတြကို ကိုယ္ပိုင္ဆံုးျဖတ္ခြင့္ရိွပါတယ္။ သူတို႔ေတြဟာ ကမၻာေပၚမွာအေကာင္းဆံုး အမ်ဳိးသမီးေတြပါ”ဟု တံု႔ျပန္ေျပာၾကား သည္။

ကမၻာ့ဖလားၿပိဳင္ပြဲသို႔ ျပည္ပႏိုင္ငံမ်ားမွ လာေရာက္သူ သန္းႏွင့္ခ်ီ၍ရိွသည္။
Unicodeျဖင့္ဖတ္ရန္

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က အမျိုးသမီးများအနေဖြင့် မည်သည့်နိုင်ငံသား နှင့်မဆို လွတ်လပ်စွာတွဲခွင့်ရှိကြောင်း တုံ့ပြန် ပြောကြားသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ဇွန် ၁၃ ရက်တွင် အမျိုးသမီးလွှတ်တော်အမတ်ဖြစ်သူ ပလက်နီဗာက ရုရှားအမျိုးသမီးများအနေဖြင့် ပြိုင်ပွဲကာလအတွင်း နိုင်ငံခြားသားများနှင့် အတူအိပ်စက်ခြင်းမပြုရန် တိုက်တွန်းပြော ကြားမှု ပြုလုပ်ခဲ့သည်။

”အမျိုးသမီးငယ်တွေ အနေနဲ့ တစ်စုံတစ်ယောက်နဲ့တွေ့ဆုံပြီး ရင် သွေးမွေးဖွားလိုက်တာမျိုး မဖြစ်စေချင်ဘူး။ ၁၉၈၀ မော်စကို အိုလံပစ်ပြိုင်ပွဲတုန်းကလည်း ဒေသခံအမျိုးသမီးတချို့က နိုင်ငံခြားသား တွေနဲ့ ချစ်သူဖြစ်ကြပြီး ကိုယ်ဝန်ရသွားတယ်။ ကိုယ့်အချင်းချင်းရတဲ့ရင်သွေးကိုပဲ မွေးစေ ချင်တယ်။ နိုင်ငံသားရောစပ်တဲ့ကလေးတွေ က အဖေ၊ အမေတစ်ဦးတည်းရှိတဲ့အခြေအနေ ပိုဖြစ်နိုင်တယ်”ဟု အောက်လွှတ်တော်၏ မိသားစု၊ အမျိုးသမီးနှင့် ကလေးငယ်များကော် မတီအကြီးအကဲဖြစ်သူ ပလက်နီဗာက ပြော ကြားသည်။

ယင်းပြောကြားမှုမှာ လူမျိုးရေး ခွဲခြားမှုဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ် နေရာ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပက်စ် ကော့ဗ်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် ”လူမျိုးရေးမခွဲခြားရ” ဟူသောစာသားကို ညွှန်ပြ၍ ”ရုရှားအမျိုးသမီးတွေအနေနဲ့ ပုဂ္ဂိုလ် ရေးကိစ္စတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ သူတို့တွေဟာ ကမ္ဘာပေါ်မှာအကောင်းဆုံး အမျိုးသမီးတွေပါ”ဟု တုံ့ပြန်ပြောကြား သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပြည်ပနိုင်ငံများမှ လာရောက်သူ သန်းနှင့်ချီ၍ရှိသည်။
Credit: Eleven