ZawGyiျဖင့္ဖတ္ရန္
အသက္ ငယ္ငယ္ေလးကတည္းက တက္တူးထုိးခဲ့တဲ့ ေအသင္ခ်ဳိေဆြက သူ႔ ခႏၶာကုိယ္ေပၚမွာရွိတဲ့ တက္တူးေလးေတြရဲ႕ အဓိပၸာယ္ ကုိေျပာျပခဲ့ပါတယ္။ တက္တူးတစ္ခုစီတုိင္းမွာလည္း အမွတ္တရ ရွိသလို သူထုိးထားတဲ့ တက္တူးတစ္ခုမွာေတာ့ ေနာင္တရစရာေတြ ရွိခ့ဲတယ္တဲ့။

ေအသင္ခ်ဳိေဆြက တက္တူးထုိးရတာကုိ ႀကိဳက္တဲ့ မိန္းကေလးထဲက တစ္ေယာက္အပါအဝင္ပါပဲ။ အသက္ ၁၆ ႏွစ္၊ ၁၇ ႏွစ္ေလာက္ ကတည္းက တက္တူးစထုိးခဲ့တာျဖစ္တဲ့အတြက္ သူ႔ရဲ႕ တက္တူးနဲ႔ ပတ္သက္တဲ့ အမွတ္တရေလးေတြကုိလည္း Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

” အဆုိေတာ္ စျဖစ္ၿပီးေတာ့ ၁၆ႏွစ္ ၁၇ ႏွစ္ေလာက္က တက္တူးစထုိးတာထင္တယ္။ အဲ့ဒီတုန္းက ခိုးၿပီးေတာ့ ထုိးခဲ့တာ ATHEN ဆုိၿပီးေတာ့ ကႏုတ္ေလးနဲ႔ ထုိးထားတာ အဲ့ဒါၿပီးေတာ့ A ဆုိတဲ့ အကၡရာေလးကုိလည္း ထုိးျဖစ္ခဲ့တယ္ေပါ့။ ၿပီးေတာ့ လည္ပင္းမွာ ၾကယ္ေလးေတြ ထိုးတယ္။ ဒါေလးေတြ ထုိးျဖစ္တာကလည္း ရီဟားနားက ၾကယ္ေလးေတြ ထုိးတာကုိသေဘာက်လုိ႔ ထုိးျဖစ္တာေပါ့ေနာ္” လုိ႔ ဆုိပါတယ္။

သစၥာရွိတဲ့သူ၊ သစၥာေစာင့္ထိန္းတဲ့ သူ ဆိုတဲ့ အဓိပၸာယ္ေပၚလြင္ေအာင္လုိ႔ သူ႔ရဲ႕ လက္မွာ Loyalty ဆုိတဲ့ စာသားေလးကုိ တက္တူးထုိး ခဲ့ပါ ေသးတယ္။ အခုတစ္မ်ဳိး ေတာ္ၾကာတစ္မ်ဳိး ေျပာတတ္တဲ့ ပုံစံေတြကုိ သေဘာမက်တဲ့သူျဖစ္လို႔ အဲ့ဒီလုိ အဓိပၸာယ္သက္ေရာက္ေအာင္ ထုိး ျဖစ္ခဲ့တဲ့အေၾကာင္းေျပာလာပါတယ္။

” ေနာက္တစ္ခုက လက္မွာ သီခ်င္းဆုိရင္လည္း ေပၚခ်င္တယ္။ ၿပီးေတာ့ အဂၤလိပ္စာလုံးထဲမွာ ေအသင္ႀကိဳက္တဲ့ စာလုံးေလးရွိတယ္ Loyalty ဆုိတဲ့ စကားလုံးေလးေပါ့ေနာ္။ ကုိယ့္ကုိ သစၥာေစာင့္ထိန္းတဲ့သူကုိေျပာတာေပါ့ေနာ္။ တက္တူးဆုိတာ သစၥာရွိတယ္ေပါ့ ဟုိစကားဒီပုိ႔ ဒီစကား ဟုိပုိ႔ ပုံစံမ်ဳိးေတြလည္း ေအသင္မႀကိဳက္ေတာ့ အဲ့ဒီလုိ အဓိပၸာယ္သက္ေရာက္တာေပါ့”လုိ႔ သူကဆုိပါတယ္။

ေအသင္ဟာ သူထုိးခဲ့တဲ့ တက္တူးေတြ ထဲမွာ ေနာင္တအရဆုံး တက္တူးကေတာ့ Z ပုံစံနဲ႔ တက္တူးပဲ ျဖစ္ပါတယ္တဲ့။ ဒီအကၡရာေလးကေတာ့ အရင္က ရည္းစားေဟာင္းရဲ႕ နာမည္စာလုံးျဖစ္ေနလုိ႔ပါလုိ႔ သူကေျပာပါတယ္။ ရည္းစားေဟာင္းနဲ႔ ျပတ္သြားၿပီးတ့ဲေနာက္ ရင္ဘတ္မွာ ထုိးျဖစ္ခဲ့တဲ့ တက္တူးေလးအေၾကာင္းကုိလည္း ေျပာျပခဲ့ပါေသးတယ္။

” ရင္ဘတ္က တက္တူးကေတာ့ အခုျပတ္သြားတဲ့ တစ္ေယာက္ရဲ႕ အေရွ႔က EX က ကုိယ့္ကုိ ထားခဲ့တာဆုိေတာ့ အရမ္းကုိအသည္းေတြကြဲၿပီး ေတာ့ ထုိးလုိက္တာေပါ့။ ဒါကေတာ့ ေသာ့ပုံစံေလးပါ အသည္းႏွလုံးကုိ ေသာ့ခတ္လုိက္ၿပီေပါ့။ အခုခ်ိန္ထိလည္း တက္တူးထုိးခ်င္တုန္းပဲ ဒါေပမယ့္ အေမက ထပ္မထုိးခုိင္းေတာ့ဘူး”လုိ႔ ဆုိပါတယ္။

တက္တူးထုိးတာ ဘာျဖစ္တယ္၊ ညာျဖစ္တယ္ ေျပာၾကေပမယ့္ အဓိက ကေတာ့ လူ႔စိတ္နဲ႔ပဲ ဆုိင္ပါတယ္။ ဒါကလည္း ကုိယ့္ရဲ႕ ႀကဳိက္ႏွစ္သက္ တဲ့ Feel ေပ့ါေနာ္ ေအသင္ကေတာ့ တက္တူးထုိးရတာ ႀကိဳက္တယ္။ အခြင့္အေရး ရရင္ေတာ့ ထပ္ထုိးအုံးမွာေပါ့။ ဝိတ္ခ်သြားၿပီး ရင္ေတာ့ ခါးအေပၚေလးမွာ တက္တူးထုိးခ်င္ေသးတယ္။

Unicodeျဖင့္ဖတ္ရန္

အသက် ငယ်ငယ်လေးကတည်းက တက်တူးထိုးခဲ့တဲ့ အေသင်ချိုဆွေက သူ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ တက်တူးလေးတွေရဲ့ အဓိပ္ပာယ် ကိုပြောပြခဲ့ပါတယ်။ တက်တူးတစ်ခုစီတိုင်းမှာလည်း အမှတ်တရ ရှိသလို သူထိုးထားတဲ့ တက်တူးတစ်ခုမှာတော့ နောင်တရစရာတွေ ရှိခဲ့တယ်တဲ့။

အေသင်ချိုဆွေက တက်တူးထိုးရတာကို ကြိုက်တဲ့ မိန်းကလေးထဲက တစ်ယောက်အပါအဝင်ပါပဲ။ အသက် ၁၆ နှစ်၊ ၁၇ နှစ်လောက် ကတည်းက တက်တူးစထိုးခဲ့တာဖြစ်တဲ့အတွက် သူ့ရဲ့ တက်တူးနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

” အဆိုတော် စဖြစ်ပြီးတော့ ၁၆နှစ် ၁၇ နှစ်လောက်က တက်တူးစထိုးတာထင်တယ်။ အဲ့ဒီတုန်းက ခိုးပြီးတော့ ထိုးခဲ့တာ ATHEN ဆိုပြီးတော့ ကနုတ်လေးနဲ့ ထိုးထားတာ အဲ့ဒါပြီးတော့ A ဆိုတဲ့ အက္ခရာလေးကိုလည်း ထိုးဖြစ်ခဲ့တယ်ပေါ့။ ပြီးတော့ လည်ပင်းမှာ ကြယ်လေးတွေ ထိုးတယ်။ ဒါလေးတွေ ထိုးဖြစ်တာကလည်း ရီဟားနားက ကြယ်လေးတွေ ထိုးတာကိုသဘောကျလို့ ထိုးဖြစ်တာပေါ့နော်” လို့ ဆိုပါတယ်။

သစ္စာရှိတဲ့သူ၊ သစ္စာစောင့်ထိန်းတဲ့ သူ ဆိုတဲ့ အဓိပ္ပာယ်ပေါ်လွင်အောင်လို့ သူ့ရဲ့ လက်မှာ Loyalty ဆိုတဲ့ စာသားလေးကို တက်တူးထိုး ခဲ့ပါ သေးတယ်။ အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတတ်တဲ့ ပုံစံတွေကို သဘောမကျတဲ့သူဖြစ်လို့ အဲ့ဒီလို အဓိပ္ပာယ်သက်ရောက်အောင် ထိုး ဖြစ်ခဲ့တဲ့အကြောင်းပြောလာပါတယ်။

” နောက်တစ်ခုက လက်မှာ သီချင်းဆိုရင်လည်း ပေါ်ချင်တယ်။ ပြီးတော့ အင်္ဂလိပ်စာလုံးထဲမှာ အေသင်ကြိုက်တဲ့ စာလုံးလေးရှိတယ် Loyalty ဆိုတဲ့ စကားလုံးလေးပေါ့နော်။ ကိုယ့်ကို သစ္စာစောင့်ထိန်းတဲ့သူကိုပြောတာပေါ့နော်။ တက်တူးဆိုတာ သစ္စာရှိတယ်ပေါ့ ဟိုစကားဒီပို့ ဒီစကား ဟိုပို့ ပုံစံမျိုးတွေလည်း အေသင်မကြိုက်တော့ အဲ့ဒီလို အဓိပ္ပာယ်သက်ရောက်တာပေါ့”လို့ သူကဆိုပါတယ်။

အေသင်ဟာ သူထိုးခဲ့တဲ့ တက်တူးတွေ ထဲမှာ နောင်တအရဆုံး တက်တူးကတော့ Z ပုံစံနဲ့ တက်တူးပဲ ဖြစ်ပါတယ်တဲ့။ ဒီအက္ခရာလေးကတော့ အရင်က ရည်းစားဟောင်းရဲ့ နာမည်စာလုံးဖြစ်နေလို့ပါလို့ သူကပြောပါတယ်။ ရည်းစားဟောင်းနဲ့ ပြတ်သွားပြီးတဲ့နောက် ရင်ဘတ်မှာ ထိုးဖြစ်ခဲ့တဲ့ တက်တူးလေးအကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

” ရင်ဘတ်က တက်တူးကတော့ အခုပြတ်သွားတဲ့ တစ်ယောက်ရဲ့ အရှေ့က EX က ကိုယ့်ကို ထားခဲ့တာဆိုတော့ အရမ်းကိုအသည်းတွေကွဲပြီး တော့ ထိုးလိုက်တာပေါ့။ ဒါကတော့ သော့ပုံစံလေးပါ အသည်းနှလုံးကို သော့ခတ်လိုက်ပြီပေါ့။ အခုချိန်ထိလည်း တက်တူးထိုးချင်တုန်းပဲ ဒါပေမယ့် အမေက ထပ်မထိုးခိုင်းတော့ဘူး”လို့ ဆိုပါတယ်။

တက်တူးထိုးတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြပေမယ့် အဓိက ကတော့ လူ့စိတ်နဲ့ပဲ ဆိုင်ပါတယ်။ ဒါကလည်း ကိုယ့်ရဲ့ ကြိုက်နှစ်သက် တဲ့ Feel ပေ့ါနော် အေသင်ကတော့ တက်တူးထိုးရတာ ကြိုက်တယ်။ အခွင့်အရေး ရရင်တော့ ထပ်ထိုးအုံးမှာပေါ့။ ဝိတ်ချသွားပြီး ရင်တော့ ခါးအပေါ်လေးမှာ တက်တူးထိုးချင်သေးတယ်။

Credit: Duwun