ZawGyiျဖင့္ဖတ္ရန္
အေျခခံပညာေက်ာင္း မ်ားႏွင့္ ပတ္သက္၍ တိုင္ၾကား စာ၊ အႀကံျပဳစာမ်ားထည့္ႏုိင္မည့္ အႀကံျပဳစာပံုးမ်ားကို ရပ္ရြာမွ အ ႀကံျပဳသည့္ လံုၿခံဳစိတ္ခ်ရေသာ Public Area မ်ားတြင္ထားရွိရန္ ပညာေရး၀န္ႀကီးဌာနက စီစဥ္ ေနသည္။

ျပည္သူမ်ား၏ ေ၀ဖန္အႀကံ ျပဳခ်က္၊ နစ္နာခ်က္မ်ားကို စနစ္ တက်စုစည္းရယူျခင္း၊ ေျဖရွင္း ေပးျခင္းတို႔ျပဳလုပ္ႏုိင္ရန္ အႀကံ ျပဳစာပံုးမ်ားကို ရပ္ရြာမွ အႀကံျပဳ သည့္ လံုၿခံဳစိတ္ခ်ရသည့္ ေနရာ တြင္ ယခုပညာသင္ႏွစ္က စတင္ ထားရွိမည္ျဖစ္ၿပီး ေျဖရွင္းရမည့္ ကိစၥမ်ားရွိပါက ၿမိဳ႕နယ္ပညာေရး မွဴး႐ံုးက တာ၀န္ယူေျဖရွင္းေပး ရန္လ်ာထားသည္။

‘‘မိဘအုပ္ထိန္းသူ၊ ျပည္သူ ေတြက မိဘဆရာအသင္းေတြ ဖြဲ႕ရာမွာ ပူးေပါင္းေပးဖို႔လိုပါ တယ္။ ေက်ာင္းသား၊ ေက်ာင္းသူ ေတြရဲ႕ အက်င့္စာရိတၱ ေကာင္း မြန္းေရး၊ ေက်ာင္းမွန္မွန္တက္ ေရး၊ အိမ္စာမွန္မွန္လုပ္ေရးကို မိဘ၊ ဆရာပူးေပါင္းေဆာင္ရြက္ ေပးဖို႔လိုပါတယ္။ မျပည့္စံုမႈ ေတြ၊ အခက္အခဲေတြရွိႏိုင္ပါ တယ္။ ရွိတာကို အႀကံေပးလို တယ္ဆိုရင္ Suggestion Box ေတြလုပ္ေပးဖို႔စီစဥ္ေနတယ္။ အဲ ဒီကေနကိုယ့္ရဲ႕အခက္အခဲတင္ ျပလို႔ရတယ္၊ ကိုယ့္ရဲ႕မျပည့္စံုမႈ ကိုတင္ျပလို႔ရတယ္’’ ဟု ပညာ ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ဇူ လိုင္ ၆ ရက္တြင္ ရန္ကုန္တိုင္း ကြမ္းၿခံကုန္းၿမိဳ႕နယ္ရွိ ဆရာ၊ ဆရာမမ်ား၊ မိဘမ်ားႏွင့္ ေတြ႕ဆံု စဥ္ေျပာၾကားသည္။

အႀကံျပဳစာပံုးမ်ား ျပဳလုပ္ ရန္ ေက်ာင္းဖြံ႕ၿဖိဳးမႈ ရန္ပံုေငြမွ သံုးစြဲမည္ျဖစ္ၿပီး ၿမိဳ႕နယ္ပညာေရး မွဴး႐ံုးမွ တာ၀န္ေပးအပ္သည့္ ၀န္ထမ္းမ်ားက အေျခခံပညာ ေက်ာင္းမ်ားသို႔ သြားေရာက္၍ စာပံုးမ်ားကို ဖြင့္ေဖာက္စုစည္း မည္ျဖစ္သည္။

‘‘Suggestion Box ေတြ ထားမယ္လို႔ေတာ့ ျပည္ေထာင္ စု၀န္ႀကီးကေျပာသြားပါတယ္။ ၫႊန္ၾကားခ်က္ရရင္ဆက္လုပ္မွာ ပါ။ ေလာေလာဆယ္ေတာ့ ဘယ္ ေန႔ထားမယ္ဆိုတာအတိအက် မသိရေသးပါဘူး၊ ၫႊန္ၾကားခ်က္ ၀င္လာတာနဲ႔ အေကာင္အထည္ ေဖာ္မွာပါ’’ ဟု ရန္ကုန္တုိင္း ေဒသႀကီး ပညာေရးမွဴး႐ံုးၫႊန္ ၾကားေရးမွဴး ဦးေအာင္ေက်ာ္ဦးက ေျပာသည္။

ပညာေရး ၀န္ႀကီးဌာနက ယခု ၂၀၁၈-၁၉ ပညာသင္ႏွစ္ ေက်ာင္းအပ္ႏွံေရးသီတင္းပတ္က တည္းက ေက်ာင္းသားမ်ားထံမွ မည္သည့္အခေၾကးေငြမွ်ေကာက္ ခံျခင္းမျပဳရန္၊ေငြေၾကး၊ လက္ ေဆာင္ပစၥည္းလက္ခံျခင္းမျပဳ ရန္၊ ေက်ာင္း၀တ္စံုအတြက္ အ တန္းတံဆိပ္ႏွင့္ ေက်ာင္းတံဆိပ္ မ်ားေရာင္းခ်ျခင္းမျပဳရန္၊ အျခား မည္သည့္ ပစၥည္းကိုမွ် ေရာင္း ခ်ျခင္းမျပဳရန္ ေက်ာင္းအုပ္၊ ဆ ရာ၊ ဆရာမ၊ အရာထမ္း၊ အမႈ ထမ္းမ်ားကိုၫႊန္ၾကားထားသည္။ အႀကံျပဳ၊ တုိင္ၾကားလိုပါကလည္း ပညာေရး၀န္ႀကီးဌာန ၀န္ႀကီး ႐ံုး ႐ံုးအမွတ္ (၁၃) ေနျပည္ေတာ္ (သို႔မဟုတ္) [email protected] သို႔တိုင္ၾကားႏုိင္ ေၾကာင္း ေက်ာင္းအပ္ႏွံေရး သီ တင္းပတ္ဆိုင္ရာ မိဘျပည္သူသို႔ ေမတၱာရပ္ခံခ်က္တြင္ ထည့္သြင္း အသိေပးထားသည္။

ေငြေၾကးရွင္းတမ္းကို ပြင့္ လင္းျမင္သာမႈရွိစြာ မထုတ္ျပန္ ျခင္း၊ ပညာေရးရန္ပံုေငြမ်ား အ လြဲသံုးစားျပဳျခင္း၊ ဌာနဆိုင္ရာ ၫႊန္ၾကားခ်က္မလိုက္နာျခင္းႏွင့္ လူမႈေရးျပႆနာမ်ားျဖစ္ပြားျခင္း ေၾကာင့္ ၂၀၁၆ ဧၿပီမွ ၂၀၁၇ ၾသ ဂုတ္အထိ ပညာေရး၀န္ထမ္း၈၄၄ ဦးကုိ ၀န္ထမ္းစည္းကမ္းဆိုင္ရာ ျပစ္ဒဏ္ခ်မွတ္အေရးယူခဲ့ ေၾကာင္း ၀န္ႀကီးဌာနက ေၾကညာ ထားသည္။
UniCodeဖြင့်ဖတ်ရန်

အခြေခံပညာကျောင်း များနှင့် ပတ်သက်၍ တိုင်ကြား စာ၊ အကြံပြုစာများထည့်နိုင်မည့် အကြံပြုစာပုံးများကို ရပ်ရွာမှ အ ကြံပြုသည့် လုံခြုံစိတ်ချရသော Public Area များတွင်ထားရှိရန် ပညာရေးဝန်ကြီးဌာနက စီစဉ် နေသည်။

ပြည်သူများ၏ ဝေဖန်အကြံ ပြုချက်၊ နစ်နာချက်များကို စနစ် တကျစုစည်းရယူခြင်း၊ ဖြေရှင်း ပေးခြင်းတို့ပြုလုပ်နိုင်ရန် အကြံ ပြုစာပုံးများကို ရပ်ရွာမှ အကြံပြု သည့် လုံခြုံစိတ်ချရသည့် နေရာ တွင် ယခုပညာသင်နှစ်က စတင် ထားရှိမည်ဖြစ်ပြီး ဖြေရှင်းရမည့် ကိစ္စများရှိပါက မြို့နယ်ပညာရေး မှူးရုံးက တာဝန်ယူဖြေရှင်းပေး ရန်လျာထားသည်။

‘‘မိဘအုပ်ထိန်းသူ၊ ပြည်သူ တွေက မိဘဆရာအသင်းတွေ ဖွဲ့ရာမှာ ပူးပေါင်းပေးဖို့လိုပါ တယ်။ ကျောင်းသား၊ ကျောင်းသူ တွေရဲ့ အကျင့်စာရိတ္တ ကောင်း မွန်းရေး၊ ကျောင်းမှန်မှန်တက် ရေး၊ အိမ်စာမှန်မှန်လုပ်ရေးကို မိဘ၊ ဆရာပူးပေါင်းဆောင်ရွက် ပေးဖို့လိုပါတယ်။ မပြည့်စုံမှု တွေ၊ အခက်အခဲတွေရှိနိုင်ပါ တယ်။ ရှိတာကို အကြံပေးလို တယ်ဆိုရင် Suggestion Box တွေလုပ်ပေးဖို့စီစဉ်နေတယ်။ အဲ ဒီကနေကိုယ့်ရဲ့အခက်အခဲတင် ပြလို့ရတယ်၊ ကိုယ့်ရဲ့မပြည့်စုံမှု ကိုတင်ပြလို့ရတယ်’’ ဟု ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇူ လိုင် ၆ ရက်တွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ ဆရာ၊ ဆရာမများ၊ မိဘများနှင့် တွေ့ဆုံ စဉ်ပြောကြားသည်။

အကြံပြုစာပုံးများ ပြုလုပ် ရန် ကျောင်းဖွံ့ဖြိုးမှု ရန်ပုံငွေမှ သုံးစွဲမည်ဖြစ်ပြီး မြို့နယ်ပညာရေး မှူးရုံးမှ တာဝန်ပေးအပ်သည့် ဝန်ထမ်းများက အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ စာပုံးများကို ဖွင့်ဖောက်စုစည်း မည်ဖြစ်သည်။

‘‘Suggestion Box တွေ ထားမယ်လို့တော့ ပြည်ထောင် စုဝန်ကြီးကပြောသွားပါတယ်။ ညွှန်ကြားချက်ရရင်ဆက်လုပ်မှာ ပါ။ လောလောဆယ်တော့ ဘယ် နေ့ထားမယ်ဆိုတာအတိအကျ မသိရသေးပါဘူး၊ ညွှန်ကြားချက် ဝင်လာတာနဲ့ အကောင်အထည် ဖော်မှာပါ’’ ဟု ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးညွှန် ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

ပညာရေး ဝန်ကြီးဌာနက ယခု ၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်က တည်းက ကျောင်းသားများထံမှ မည်သည့်အခကြေးငွေမျှကောက် ခံခြင်းမပြုရန်၊ငွေကြေး၊ လက် ဆောင်ပစ္စည်းလက်ခံခြင်းမပြု ရန်၊ ကျောင်းဝတ်စုံအတွက် အ တန်းတံဆိပ်နှင့် ကျောင်းတံဆိပ် များရောင်းချခြင်းမပြုရန်၊ အခြား မည်သည့် ပစ္စည်းကိုမျှ ရောင်း ချခြင်းမပြုရန် ကျောင်းအုပ်၊ ဆ ရာ၊ ဆရာမ၊ အရာထမ်း၊ အမှု ထမ်းများကိုညွှန်ကြားထားသည်။ အကြံပြု၊ တိုင်ကြားလိုပါကလည်း ပညာရေးဝန်ကြီးဌာန ဝန်ကြီး ရုံး ရုံးအမှတ် (၁၃) နေပြည်တော် (သို့မဟုတ်) [email protected] သို့တိုင်ကြားနိုင် ကြောင်း ကျောင်းအပ်နှံရေး သီ တင်းပတ်ဆိုင်ရာ မိဘပြည်သူသို့ မေတ္တာရပ်ခံချက်တွင် ထည့်သွင်း အသိပေးထားသည်။

ငွေကြေးရှင်းတမ်းကို ပွင့် လင်းမြင်သာမှုရှိစွာ မထုတ်ပြန် ခြင်း၊ ပညာရေးရန်ပုံငွေများ အ လွဲသုံးစားပြုခြင်း၊ ဌာနဆိုင်ရာ ညွှန်ကြားချက်မလိုက်နာခြင်းနှင့် လူမှုရေးပြဿနာများဖြစ်ပွားခြင်း ကြောင့် ၂၀၁၆ ဧပြီမှ ၂၀၁၇ သြ ဂုတ်အထိ ပညာရေးဝန်ထမ်း၈၄၄ ဦးကို ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်အရေးယူခဲ့ ကြောင်း ဝန်ကြီးဌာနက ကြေညာ ထားသည်။
Credit: 7day