ZawGyiျဖင့္ဖတ္ရန္
ပရိသတ္ေတြ အားေပးေစာင့္္ေမ်ွာ္ေနၾကတဲ့ ေၾကြရုပ္ရွင္ဇာတ္ကားႀကီးကုိ ေငြက်ပ္ သိန္းေပါင္း ၁၀၀၀ အကုန္က်ခံရုိက္ကူး ထား တယ္လုိ႔ ကုိဘုိ စန္းက ေျပာပါတယ္။ အခက္အခဲေတြ ၾကားက ရုိက္ထားရတဲ့ ဇာတ္ကားျဖစ္တာေၾကာင့္ ပရိသတ္အားေပး မႈကုိ ရင္ခုန္စြာနဲ႔ ေစာင့္ေမ်ွာ္ ေန တယ္ လုိ႔ ဆုိပါတယ္။

လက္ရွိရုံတင္ျပသလွ်က္ရွိတဲ့ ေၾကြရုပ္ရွင္ဇာတ္ကားႀကီးကုိ ၂၀၁၆ ခုႏွစ္ကတည္းက ရုိက္ကူးခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြဆီေရာက္ဖုိ႔လည္း အခက္အခဲေတြ ေက်ာ္ျဖတ္ရင္းနဲ႔ အခ်ိန္ ၂ ႏွစ္တာ ၾကာခဲ့တာပါတဲ့။ ေက်ာင္းသားဇာတ္ကားလည္း ျဖစ္တာေၾကာင့္ ကာရုိက္တာ ပီျပင္ေအာင္၊ ေသေသခ်ာခ်ာ စိစစ္ေနရတဲ့အေၾကာင္းကုိ Bo Bo Film Production က ထုတ္လုပ္သူ ကုိဘုိစန္းက အခုလုိေျပာျပခဲ့ပါတယ္။

” ေက်ာင္းဇာတ္ကားရုိက္တာ နည္းၾကတယ္၊ ေက်ာင္းကားရုိက္ရင္လည္း ဆံပင္နီတာတုိ႔ ဘာတုိ႔စၿပီး ဆင္ဆာအခက္အခဲ ေတြရွိတယ္။ ေက်ာင္းကလည္း အခက္အခဲရွိတဲ့အျပင္ ငွားရတဲ့ ေစ်းကလည္း ႀကီးတယ္။ ေၾကြဇာတ္ကားကုိ ရုိက္ထားတာ ၂ ႏွစ္ရွိၿပီ၊ ရုိက္ခဲ့တုန္းကေရာ ရုံတင္တဲ့အခ်ိန္မွာပါ မုိးေတြရြာတာကေတာ့ အမွတ္တရေပါ့” လုိ႔ သူကဆုိပါတယ္။

ဂရုတစုိက္နဲ႔ ေသေသခ်ာခ်ာျပင္ဆင္ၿပီးရုိက္ခဲ့ရတဲ့ ေၾကြရုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ကုန္က်စာရိတ္ကလည္း ငါ့ကုိနမ္းတဲ့ မုန္တုိင္းက လုိပဲ သိန္း ၁၀၀၀ ေက်ာ္ကုန္က်ခဲ့ရတယ္ဆုိတာကုိ ေၾကြရုပ္ရွင္ဇာတ္ကာႀကီး အထူးျပသပြဲက Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ထုတ္လုပ္သူ ကုိဘုိစန္းက ေျပာပါတယ္။

” ဒီဇာတ္ကားကုိလည္း ငါ့ကုိ နမ္းတဲ့ မုန္တုိင္း ဇာတ္ကားရုိက္တုန္းကလုိပဲ ဘတ္ဂ်က္အေနနဲ႔ သိန္းေထာင္ေက်ာ္ အကုန္ခံခဲ့ရပါတယ္။ ကၽြန္ေတာ္တုိ႔ရုိက္တဲ့ ဇာတ္ကားတုိင္းကလည္း ႏွစ္ေပါက္တာ ေတာ္ေတာ္မ်ားတယ္။ ကၽြန္ေတာ္တုိ႔ ကုသုိလ္ကံကုိက ရုိက္လုိက္ရင္ ေသာင္တင္ သြားတာက မ်ားတယ္”လုိ႔ ေျပာျပခဲ့ပါတယ္။

ေၾကြရုပ္ရွင္ဇာတ္ကားႀကီးကုိ ဇူလုိင္လ ၂၀ ရက္ေန႔ကတည္းက ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသလွ်က္ရွိၿပီး ပရုိ္မုိးရွင္း ေတြလည္း ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ တျခားၿမိဳ႕ေတြက ပရိသတ္ေတြလည္း အားေပးလုိ႔ရေအာင္ ပါဝင္သရုပ္ေဆာင္ထားၾကတဲ့ အႏုပညာရွင္ ေတြကလည္း မႏၱေလးၿမိဳ႕နဲ႔ တျခားၿမိဳ႔ေတြဆီက ပရိသတ္ေတြနဲ႔ သြားေရာက္ေတြ႔ဆုံဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

ေၾကြရုပ္ရွင္ဇာတ္ကားႀကီးဟာ ရုံၿပိဳင္စနစ္နဲ႔ ျပသရတဲ့ ဇာတ္ကားႀကီးျဖစ္တာေၾကာင့္ ပရိသတ္အားေပးမႈကုိ ရင္တမမ နဲ႔ ေစာင့္ေမွ်ာ္ရတယ္လုိ႔ ဆုိပါတယ္။ အျမတ္ဆုိတာထက္ အရင္းရဖုိ႔ေတာင္ မနည္းႀကိဳးစားေနရပါတယ္လုိ႔ သူကဆုိပါတယ္။

” ရုံၿပိဳင္စနစ္ေတြနဲ႔ တင္ရတဲ့ စနစ္က ဘာပဲေျပာေျပာ ကၽြန္ေတာ္တို႔ကလည္း တစ္ေယာက္တည္းပဲ ျပခ်င္တာေပါ့။ ရုံၿပိဳင္ စနစ္နဲ႔ ျပရတဲ့ အခါက်ေတာ့ လက္ေဝွ႕ ထုိးေနသလုိပဲ သူ႔ဘက္၊ ကုိယ့္ဘက္ကေတာ့ အနည္းအက်ဥ္းေတာ့ ဝင္ေငြ ေလွ်ာ့ တာေပါ့” လုိ႔လည္း ကုိဘုိစန္းက ေျပာျပခဲ့ပါေသးတယ္။

ေၾကြရုပ္ရွင္ဇာတ္ကားႀကီးကုိ Bo Bo Film Production က ထုတ္လုပ္တာျဖစ္ၿပီး ဒါရုိက္တာ သားညီရဲ႕ ဒုတိယေျမာက္ရုပ္ရွင္ဇာတ္ကားႀကီးျဖစ္ ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ သရုပ္ေဆာင္ လႊမ္းပုိင္၊ ရဲေအာင္၊ ထြန္းထြန္း၊ တုိင္ရြန္၊ စုိးျမတ္သူဇာ နဲ႔ အိေခ်ာပုိ တုိ႔က အဓိက ပါဝင္ သရုပ္ေဆာင္ထားၾကပါတယ္။
Unicodeျဖင့္ဖတ္ရန္

ပရိသတ်တွေ အားပေးစောင့်မျှော်နေကြတဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးကို ငွေကျပ် သိန်းပေါင်း ၁၀၀၀ အကုန်ကျခံရိုက်ကူး ထား တယ်လို့ ကိုဘို စန်းက ပြောပါတယ်။ အခက်အခဲတွေ ကြားက ရိုက်ထားရတဲ့ ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်အားပေး မှုကို ရင်ခုန်စွာနဲ့ စောင့်မျှော် နေ တယ် လို့ ဆိုပါတယ်။

လက်ရှိရုံတင်ပြသလျှက်ရှိတဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၆ ခုနှစ်ကတည်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေဆီရောက်ဖို့လည်း အခက်အခဲတွေ ကျော်ဖြတ်ရင်းနဲ့ အချိန် ၂ နှစ်တာ ကြာခဲ့တာပါတဲ့။ ကျောင်းသားဇာတ်ကားလည်း ဖြစ်တာကြောင့် ကာရိုက်တာ ပီပြင်အောင်၊ သေသေချာချာ စိစစ်နေရတဲ့အကြောင်းကို Bo Bo Film Production က ထုတ်လုပ်သူ ကိုဘိုစန်းက အခုလိုပြောပြခဲ့ပါတယ်။

” ကျောင်းဇာတ်ကားရိုက်တာ နည်းကြတယ်၊ ကျောင်းကားရိုက်ရင်လည်း ဆံပင်နီတာတို့ ဘာတို့စပြီး ဆင်ဆာအခက်အခဲ တွေရှိတယ်။ ကျောင်းကလည်း အခက်အခဲရှိတဲ့အပြင် ငှားရတဲ့ ဈေးကလည်း ကြီးတယ်။ ကြွေဇာတ်ကားကို ရိုက်ထားတာ ၂ နှစ်ရှိပြီ၊ ရိုက်ခဲ့တုန်းကရော ရုံတင်တဲ့အချိန်မှာပါ မိုးတွေရွာတာကတော့ အမှတ်တရပေါ့” လို့ သူကဆိုပါတယ်။

ဂရုတစိုက်နဲ့ သေသေချာချာပြင်ဆင်ပြီးရိုက်ခဲ့ရတဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကုန်ကျစာရိတ်ကလည်း ငါ့ကိုနမ်းတဲ့ မုန်တိုင်းက လိုပဲ သိန်း ၁၀၀၀ ကျော်ကုန်ကျခဲ့ရတယ်ဆိုတာကို ကြွေရုပ်ရှင်ဇာတ်ကာကြီး အထူးပြသပွဲက Duwun Media ရဲ့ အင်တာဗျူးမှာ ထုတ်လုပ်သူ ကိုဘိုစန်းက ပြောပါတယ်။

” ဒီဇာတ်ကားကိုလည်း ငါ့ကို နမ်းတဲ့ မုန်တိုင်း ဇာတ်ကားရိုက်တုန်းကလိုပဲ ဘတ်ဂျက်အနေနဲ့ သိန်းထောင်ကျော် အကုန်ခံခဲ့ရပါတယ်။ ကျွန်တော်တို့ရိုက်တဲ့ ဇာတ်ကားတိုင်းကလည်း နှစ်ပေါက်တာ တော်တော်များတယ်။ ကျွန်တော်တို့ ကုသိုလ်ကံကိုက ရိုက်လိုက်ရင် သောင်တင် သွားတာက များတယ်”လို့ ပြောပြခဲ့ပါတယ်။

ကြွေရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၂၀ ရက်နေ့ကတည်းက ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလျှက်ရှိပြီး ပရိုမိုးရှင်း တွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် တခြားမြို့တွေက ပရိသတ်တွေလည်း အားပေးလို့ရအောင် ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင် တွေကလည်း မန္တလေးမြို့နဲ့ တခြားမြို့တွေဆီက ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကြွေရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံပြိုင်စနစ်နဲ့ ပြသရတဲ့ ဇာတ်ကားကြီးဖြစ်တာကြောင့် ပရိသတ်အားပေးမှုကို ရင်တမမ နဲ့ စောင့်မျှော်ရတယ်လို့ ဆိုပါတယ်။ အမြတ်ဆိုတာထက် အရင်းရဖို့တောင် မနည်းကြိုးစားနေရပါတယ်လို့ သူကဆိုပါတယ်။

” ရုံပြိုင်စနစ်တွေနဲ့ တင်ရတဲ့ စနစ်က ဘာပဲပြောပြော ကျွန်တော်တို့ကလည်း တစ်ယောက်တည်းပဲ ပြချင်တာပေါ့။ ရုံပြိုင် စနစ်နဲ့ ပြရတဲ့ အခါကျတော့ လက်ဝှေ့ ထိုးနေသလိုပဲ သူ့ဘက်၊ ကိုယ့်ဘက်ကတော့ အနည်းအကျဉ်းတော့ ဝင်ငွေ လျှော့ တာပေါ့” လို့လည်း ကိုဘိုစန်းက ပြောပြခဲ့ပါသေးတယ်။

ကြွေရုပ်ရှင်ဇာတ်ကားကြီးကို Bo Bo Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သားညီရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ် ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် လွှမ်းပိုင်၊ ရဲအောင်၊ ထွန်းထွန်း၊ တိုင်ရွန်၊ စိုးမြတ်သူဇာ နဲ့ အိချောပို တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
Credit; Duwun