ZawGyiျဖင့္ဖတ္ရန္

 

လတ္တေလာေခတ္စားေနတဲ့ မ်က္ႏွာခြဲစိတ္ျပဳျပင္တာေတြနဲ႔ ပတ္သက္ၿပီး ခ်စ္စႏိုးဦးကေတာ့ ဝါသနာမပါဘူးလို႔ ပြင့္ပြင့္ လင္းလင္း ေျဖဆိုလာပါတယ္။ ပရိသတ္ေတြက ဒီမ်က္ႏွာကို မွတ္မိေနတာေၾကာင့္လည္း ေထြေထြထူးထူးျပင္စရာမလိုပါဘူးတဲ့။ သူ႔အေနနဲ႔ သ႐ုပ္ေဆာင္အလုပ္ မလုပ္ျဖစ္ေတာ့တာကလည္း ဂီတလိုင္းဘက္ကို အခ်ိန္ေပးလိုက္တာေၾကာင့္ပါတဲ့။

သ႐ုပ္ေဆာင္ အဆိုေတာ္ ခ်စ္စႏိုးဦးက မ်က္ႏွာကို ျပဳျပင္ခြဲစိတ္တာေတြနဲ႔ ပတ္သက္ၿပီး အားမေပးတဲ့အေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာလာခဲ့ ပါတယ္။ ကံတရားက ေပးတဲ့ မ်က္ႏွာပုံစံမ်ိဳးကိုပဲ သေဘာက်တဲ့အတြက္ ခြဲစိတ္ျပဳျပင္တာေတြကိုေတာ့ ဝါသနာမပါဘူးဆိုၿပီးေတာ့ Duwun Media ကေန ေျပာျပခဲ့ပါတယ္။

” အစ္မေလ မ်က္ႏွာကို မျပင္ခ်င္ဘူး။ အစ္မကေလ ကိုယ့္ကို ကံကေပးတဲ့ မ်က္ႏွာေလးကိုပဲ သေဘာက်တယ္။ ဒီမ်က္ႏွာေလးနဲ႔လည္း ေအာင္ျမင္တယ္။ လုပ္လိုက္လို႔ လွတာေတြလည္းရွိတယ္။ မလွတာေတြလည္း ရွိတယ္ဆိုေတာ့ မစမ္းသပ္ရဲဘူး။ အစ္မမ်က္ႏွာမွာဆိုရင္ ပါးခ်ိဳင့္ပါတာေလး သေဘာက်တယ္။ မႀကိဳက္တဲ့ဟာဆိုရင္ အစ္မႏႈတ္ခမ္းေလး အရမ္းေသးတယ္” ဆိုၿပီးေတာ့ ေျပာပါတယ္။

ခ်စ္စႏိုးဦးက မ်က္ႏွာခြဲစိတ္ျပဳျပင္တာကို မလုပ္ရဲဘူးလို႔ေျပာပါတယ္။ ပရိသတ္မွတ္မိၿပီးသား မ်က္ႏွာလည္း ျဖစ္တာေၾကာင့္ ေထြေထြထူးထူး ျပဳျပင္စရာလည္း မလိုဘူးဆိုၿပီးေတာ့ L’oréal Paris Myanmar Red Carpet ပြဲကို တက္ေရာက္ရင္း Duwun media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

” အစ္မကေလ မ်က္ႏွာခြဲစိတ္ျပဳျပင္တာေတြကို ဝါသနာကိုမပါတာ၊ အားလည္းမေပးဘူးေပါ့ေနာ္။ အမွန္အတိုင္းေျပာရရင္ေတာ့ ႏႈတ္ခမ္း ေလး ေတာ့ Filter နည္းနည္းထိုးဖူးတယ္။ ဒါေပမယ့္ အစ္မတို႔ မ်က္ႏွာကအႏုပညာရွင္မျဖစ္ခင္က ျပင္ထားရင္ေတာ့ တစ္မ်ိဳးေပ့ါေနာ္။ အခုက်ေတာ့ ပရိသတ္ေတြက ဒီမ်က္ႏွာကို မွတ္မိေနေတာ့ ေထြေထြထူးထူး ျပင္စရာမလိုေတာ့ဘူး”လို႔ ဆိုပါတယ္။

ခ်စ္စႏိုးဦးဟာ သ႐ုပ္ေဆာင္အလုပ္နဲ႔ပတ္သက္ၿပီး လႈပ္ရွားမႈ သိပ္မေတြ႕ရေတာ့ပါဘူး။ ဒါကလည္း ဂီတလိုင္းဘက္ကို အခ်ိန္ေပးၿပီး လုပ္ျဖစ္လို႔ ပါလို႔ ေျပာပါတယ္။

” ဇာတ္ကား႐ိုက္တာေတြက အခ်ိန္လည္း အမ်ားႀကီးေပးရတယ္။ ရက္ေတြလည္း အမ်ားႀကီးေပးရတယ္။ ၿပီးေတာ့ ကား႐ိုက္မယ္ဆိုရင္ အနားနီးမွ လာခ်ိတ္တယ္။ သီခ်င္းဆိုတာကက်ေတာ့ အေစာႀကီးကတည္းက ခ်ိတ္ထားၿပီးသားဆိုေတာ့ မအားတာနဲ႔ မလုပ္ျဖစ္ရင္းကေန လာမငွားၾကေတာ့တာလည္းပါတယ္” လို႔ သူကဆိုပါတယ္။
ခ်စ္စႏိုးဦးဟာ အႏုပညာေလာကမွာ ပရိသတ္အားေပးမႈနဲ႔ ေနရာတစ္ေနရာ ရရွိထားသူ တစ္ဦးျဖစ္ၿပီး အႏုပညာသက္တမ္း ကိုးႏွစ္မွာ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ပို႔ဆုကို ရရွိထားသူ တစ္ဦးျဖစ္ပါတယ္။ ဖခင္ရဲ႕ က်န္းမာေရးေၾကာင့္ အႏုပညာအလုပ္ေတြကို နားထား ရာကေန အခုဆိုရင္ အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္လာတာလည္း ေတြ႕ရပါတယ္။

Credit:Duwun

Unicodeဖြင့်ဖတ်ရန်

မျက်နှာခွဲစိတ်ပြုပြင်မှုကို အားမပေးတဲ့ ချစ်စနိုးဦး

ကံတရားက ပေးတဲ့ မျက်နှာလေးပဲ အဆင်ပြေတယ်။

လတ်တလောခေတ်စားနေတဲ့ မျက်နှာခွဲစိတ်ပြုပြင်တာတွေနဲ့ ပတ်သက်ပြီး ချစ်စနိုးဦးကတော့ ဝါသနာမပါဘူးလို့ ပွင့်ပွင့် လင်းလင်း ဖြေဆိုလာပါတယ်။ ပရိသတ်တွေက ဒီမျက်နှာကို မှတ်မိနေတာကြောင့်လည်း ထွေထွေထူးထူးပြင်စရာမလိုပါဘူးတဲ့။ သူ့အနေနဲ့ သရုပ်ဆောင်အလုပ် မလုပ်ဖြစ်တော့တာကလည်း ဂီတလိုင်းဘက်ကို အချိန်ပေးလိုက်တာကြောင့်ပါတဲ့။

သရုပ်ဆောင် အဆိုတော် ချစ်စနိုးဦးက မျက်နှာကို ပြုပြင်ခွဲစိတ်တာတွေနဲ့ ပတ်သက်ပြီး အားမပေးတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောလာခဲ့ ပါတယ်။ ကံတရားက ပေးတဲ့ မျက်နှာပုံစံမျိုးကိုပဲ သဘောကျတဲ့အတွက် ခွဲစိတ်ပြုပြင်တာတွေကိုတော့ ဝါသနာမပါဘူးဆိုပြီးတော့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

” အစ်မလေ မျက်နှာကို မပြင်ချင်ဘူး။ အစ်မကလေ ကိုယ့်ကို ကံကပေးတဲ့ မျက်နှာလေးကိုပဲ သဘောကျတယ်။ ဒီမျက်နှာလေးနဲ့လည်း အောင်မြင်တယ်။ လုပ်လိုက်လို့ လှတာတွေလည်းရှိတယ်။ မလှတာတွေလည်း ရှိတယ်ဆိုတော့ မစမ်းသပ်ရဲဘူး။ အစ်မမျက်နှာမှာဆိုရင် ပါးချိုင့်ပါတာလေး သဘောကျတယ်။ မကြိုက်တဲ့ဟာဆိုရင် အစ်မနှုတ်ခမ်းလေး အရမ်းသေးတယ်” ဆိုပြီးတော့ ပြောပါတယ်။

ချစ်စနိုးဦးက မျက်နှာခွဲစိတ်ပြုပြင်တာကို မလုပ်ရဲဘူးလို့ပြောပါတယ်။ ပရိသတ်မှတ်မိပြီးသား မျက်နှာလည်း ဖြစ်တာကြောင့် ထွေထွေထူးထူး ပြုပြင်စရာလည်း မလိုဘူးဆိုပြီးတော့ L’oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

” အစ်မကလေ မျက်နှာခွဲစိတ်ပြုပြင်တာတွေကို ဝါသနာကိုမပါတာ၊ အားလည်းမပေးဘူးပေါ့နော်။ အမှန်အတိုင်းပြောရရင်တော့ နှုတ်ခမ်း လေး တော့ Filter နည်းနည်းထိုးဖူးတယ်။ ဒါပေမယ့် အစ်မတို့ မျက်နှာကအနုပညာရှင်မဖြစ်ခင်က ပြင်ထားရင်တော့ တစ်မျိုးပေ့ါနော်။ အခုကျတော့ ပရိသတ်တွေက ဒီမျက်နှာကို မှတ်မိနေတော့ ထွေထွေထူးထူး ပြင်စရာမလိုတော့ဘူး”လို့ ဆိုပါတယ်။

ချစ်စနိုးဦးဟာ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး လှုပ်ရှားမှု သိပ်မတွေ့ရတော့ပါဘူး။ ဒါကလည်း ဂီတလိုင်းဘက်ကို အချိန်ပေးပြီး လုပ်ဖြစ်လို့ ပါလို့ ပြောပါတယ်။

” ဇာတ်ကားရိုက်တာတွေက အချိန်လည်း အများကြီးပေးရတယ်။ ရက်တွေလည်း အများကြီးပေးရတယ်။ ပြီးတော့ ကားရိုက်မယ်ဆိုရင် အနားနီးမှ လာချိတ်တယ်။ သီချင်းဆိုတာကကျတော့ အစောကြီးကတည်းက ချိတ်ထားပြီးသားဆိုတော့ မအားတာနဲ့ မလုပ်ဖြစ်ရင်းကနေ လာမငှားကြတော့တာလည်းပါတယ်” လို့ သူကဆိုပါတယ်။
ချစ်စနိုးဦးဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာတစ်နေရာ ရရှိထားသူ တစ်ဦးဖြစ်ပြီး အနုပညာသက်တမ်း ကိုးနှစ်မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ ဖခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကို နားထား ရာကနေ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။

Credit:Duwun

LEAVE A REPLY