ZawGyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
Crush တယ်ဆိုတာကလည်း ကြားလိုက်ရင် နားထဲမှာပေါတောတောစကားလုံးကြီးလိုပဲ …။ဒါပေမဲ့ မူရင်းအဓိပ္ပါယ်ထက်ကို လေးနက်နေတာ crushဆို တဲ့စကားလုံးပဲဆိုတာကို ရက်ရက်စက်စက်ခံစားဖူးတဲ့ လူတွေပဲသိပါတယ်…။
တစ်ယောက်ယောက်ကိုချစ်မိတဲ့အခါ ဖွင့်ပြောဖို့ဆိုတာကလည်း တော်တော်လေးမလွယ်တဲ့ ကိစ္စပါ…။ မိန်းကလေးဆိုရင်ပိုဆိုးတာပေါ့နော်…။ အဲ့ဒီကြားထဲ မာနလေးပါ ထက်ကြီးလိုက်ရင် ကိုယ့်မာနနဲ့ ကိုယ် ခုတုံးဖြစ်ပြီးသေအောင်ခံစားရပြီ။ အဲ့တော့ဆက်စဉ်းစားရမှာက ငချေCrushကို ဆွဲဆောင်ပြီး ကိုယ့်ဘက်ပါအောင်လုပ်မလား ဒါမှမဟုတ် သူ့ကိုမရရအောင် ရင်ထဲက ဆွဲထုတ်လိုက်မလားဆိုတဲ့အပိုင်းပါ။ ကိုယ့်ကိုပြန်ချစ်လာအောင်လုပ်ဖို့ ဆိုရင် သတ္တိရှိရမယ်။ မာနတွေကိုဘေးဖယ်နင်းခြေထားရမယ်…။ သူ့ဘက်ကပြန်မချစ်မချင်း ဘဝဟာအသက်မဝင်သလိုကြီးဖြစ်နေမယ်။ အမြဲတမ်းလွမ်းနေရမယ်…။စကားမစပ်အလွမ်း ဆိုတာကြီးကလည်း တော်တော်ဆိုးဝါးတဲ့ခံစားချက်ပဲနော်။
နောက်တစ်ပိုင်းကတော့ Crushကိုစွန့်ခွာမယ်ဆိုတဲ့အပိုင်းပါ။ဟုတ်ပြီ…သူ့ကိုမေ့ပစ်မယ်ဆိုတော့ရက်ပိုင်းလောက်တော့ နည်းနည်းကြောင်စီစီဖြစ်နေမယ်…။ဒါပေမဲ့လည်းအလွမ်းတွေအချစ်တွေဆိုတာဘယ်လောက်ကြာကြာခံစားရမှာမို့လဲ…။သူနဲ့ကိုယ်နဲ့ကဘာအမျိုးမှမတော်တာ…။
ဒီကြားထဲနေ့တိုင်းမတွေ့ရရင် ပိုတောင် အဆင်ပြေသေး…။ အစပိုင်းတော့ မပျော်ရွှင်သလိုကြီးဖြစ်နေမှာ သေချာပေမဲ့ နောက်ပိုင်းအချိန်ကြာရက်ကြာသလို ပျော်ရွှင်လာလိမ့်မယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ နာကျင်နေမယ်ဆိုတာသိရင် ဆက်ပြီးမဆုပ်ကိုင်ထားဘဲ လွှတ်ပေးလိုက်တာ နှစ်ဦးနှစ်ဖက်စလုံးနအတွက် အကောင်းဆုံးပါ…။အဲ့တော…ဆက်crushမလား…ဘာလုပ်ကြမလဲ…။
Credit: Marry