ZawGyiျဖင့္ဖတ္ရန္
တက္တူးနဲ႔မွ မိုက္တယ္၊လန္းတယ္လို႔ထင္ၾကတဲ့ေခတ္ျဖစ္ေနတဲ့အေလ်ာက္ ေယာက်္ားေလးေတြသာမက မိန္းကေလးေတြပါ တက္တူးထိုးလာၾကတာေတြ႔ရပါတယ္။အရင္က တက္တူးနဲ႔ပတ္သက္လို႔ လူအေတာ္မ်ားမ်ားသိၾကတာက HIV/AIDS ကူးႏိုင္တယ္ဆိုတဲ့အခ်က္ရယ္၊ ဖ်က္ရခက္တယ္ဆိုတဲ့အခ်က္ရယ္ပါ။သို႔ေသာ္ တစ္ခါသံုး အပ္ေတြသံုးလာၾကတဲ့အခါ HIV/AIDS ျပသနာက ေျဖ႐ွင္းၿပီးသားျဖစ္သြားသလို….ေလဆာနဲ႔ တက္တူးဖ်က္တာေတြ ေပၚလာေတာ့ ဖ်က္ရခက္တယ္ဆိုတဲ့အခ်က္ကိုလည္း သိပ္အာရံုမ႐ွိၾကေတာ့ပါဘူး။ဒီလိုနဲ႔ တက္တူးေတြ တစ္ေခတ္ျပန္ထလာတယ္ေပါ့။သို႔ေပမယ့္ တက္တူးထိုးဖို႔ဆံုးျဖတ္ထားတယ္ဆိုရင္ သင္ေသခ်ာသိထားရမယ့္ အခ်က္ေလးေတြ႐ွိပါေသးတယ္။ဦးစြာအေနနဲ႔ ျဖစ္ႏိုင္ေခ်႐ွိတဲ့ ေအာက္ပါျပသနာေလးေတြ သိထားဖို႔လိုပါလိမ့္မယ္:
(၁)ဓာတ္မတည့္ျခင္း
တက္တူးထိုးတယ္ဆိုတာ အေရျပားအေပၚလႊာထဲကို ဆိုးေဆးေလးေတြ အပ္နဲ႔ထိုးထည့္တာပါ။ထိုဆိုးေဆးေလးေတြနဲ႔ ဓာတ္မတည့္တဲ့အခါမ်ိဳးမွာ အေရျပားယားယံျခင္း၊အနီကြက္ထျခင္းမ်ား ႏွစ္အေတာ္ၾကာသည့္တိုင္ ျဖစ္ပြားႏိုင္ပါတယ္။
(၂)အေရျပားပိုးဝင္ျခင္း
အခ်ိဳ႕လူေတြမွာ အမာရြတ္အႀကီးစား(ကီးလိြဳက္ Keloid)ျဖစ္ႏိုင္ၿပီး မလွတဲ့အျပင္ ပိုၾကည့္ရဆိုးသြားႏိုင္ပါတယ္။
(၃)တစ္ခါသံုးအပ္အသံုးမျပဳမိခဲ့ရင္ အမ်ားသိတဲ့ HIV/AIDS အျပင္ အသည္းေရာင္အသားဝါ ဘီပိုး၊စီပိုး အပါအဝင္ ေသြးမွတစ္ဆင့္ကူးစက္တတ္တဲ့ေရာဂါေတြအကုန္ ကူးစက္ႏိုင္ပါတယ္။ဒါေၾကာင့္ တစ္ခါသံုးအပ္သံုးေစဖို႔ သတိျပဳပါ။
(၄)ေလဆာနဲ႔တက္တူးဖ်က္လို႔ရတယ္ဆိုေပမယ့္ တစ္ခါတည္းနဲ႔ လံုးဝပ်က္သြားတာမဟုတ္ဘဲ ရက္ျခားၿပီး အႀကိမ္ႀကိမ္ဖ်က္မွသာ တျဖည္းျဖည္းမွိန္လာၿပီး ပ်က္တာပါ။တက္တူးပ်က္ဖို႔ အခ်ိန္အၾကာႀကီးေပးရ ေစာင့္ရတဲ့အျပင္ တက္တူးဖ်က္တဲ့ကုန္က်စရိတ္ဟာ တက္တူးထိုးစဥ္ကထက္ မ်ားစြာပိုကုန္က်ႏိုင္ပါတယ္။
ကဲ…ဒါဆိုတက္တူးထိုးၿပီးသြားရင္ေရာ ဘယ္လိုဂ႐ုစိုက္သင့္လဲ?
– တက္တူးထိုးထားေသာေနရာကို သန္႔႐ွင္းစြာထားပါ။ဆပ္ျပာတိုက္ ေရခ်ိဳးၿပီးလို႔ ေရသုတ္တဲ့အခါမွာလည္း ပုဝါနဲ႔ခပ္ဖြဖြတို႔ၿပီး/ပုတ္ၿပီး သုတ္ပါ။(ပြတ္ဆြဲၿပီး မသုတ္သင့္ပါ။)
– အနာမက်က္ေသးမခ်င္း ေရကူးကန္တြင္ေရကူးျခင္း၊ေရေႏြးျဖင့္ခ်ိဳးျခင္း၊ေရပူစမ္းစိမ္ျခင္းမ်ား ေ႐ွာင္ၾကဥ္ပါ။
– အစိုဓာတ္ထိန္းခရင္မ္(moisturizer)မၾကာခဏ လိမ္းေပးပါ။
– တက္တူးထိုးထားေသာေနရာကို(၂) ပတ္ (၃) ပတ္ေလာက္ ေနေရာင္ထိမခံပါနဲ႔။
– တက္တူးထိုးထားေသာေနရာႏွင့္ အလြန္ၾကပ္ၿပီး ကပ္ေနႏိုင္ေသာ အဝတ္အစားမ်ားေ႐ွာင္ၾကဥ္ပါ။
– အနာက်က္ရန္ ၂ပတ္ခန္႔ၾကာႏိုင္ပါတယ္။အနာက်က္ကာစ အနာေဖးတက္လာတဲ့အခါ မခြာသင့္ပါ။လက္သည္းမွတစ္ဆင့္ပိုးဝင္ႏိုင္ၿပီး တက္တူးဒီဇိုင္းလည္းပံုပ်က္ႏိုင္၊အမာရြတ္လည္း က်န္ေနႏိုင္ေသာေၾကာင့္ျဖစ္ပါတယ္။
when-you-draws-tattoo-myanmar-you-will-get-note-pros-and-cons
ဒီအခ်က္ေလးေတြ အားလံုးဖတ္ၿပီးသြားၿပီဆိုရင္ေတာ့ တက္တူးထိုးဖို႔ မထိုးဖို႔နဲ႔…ထိုးၿပီးရင္ ဘယ္လိုဂ႐ုစိုက္ရမလဲ သိေလာက္ၿပီေပါ့ေနာ္။

UniCodeဖြင့်ဖတ်ရန်

တက်တူးနဲ့မှ မိုက်တယ်၊လန်းတယ်လို့ထင်ကြတဲ့ခေတ်ဖြစ်နေတဲ့အလျောက် ယောကျ်ားလေးတွေသာမက မိန်းကလေးတွေပါ တက်တူးထိုးလာကြတာတွေ့ရပါတယ်။အရင်က တက်တူးနဲ့ပတ်သက်လို့ လူအတော်များများသိကြတာက HIV/AIDS ကူးနိုင်တယ်ဆိုတဲ့အချက်ရယ်၊ ဖျက်ရခက်တယ်ဆိုတဲ့အချက်ရယ်ပါ။သို့သော် တစ်ခါသုံး အပ်တွေသုံးလာကြတဲ့အခါ HIV/AIDS ပြသနာက ဖြေရှင်းပြီးသားဖြစ်သွားသလို….လေဆာနဲ့ တက်တူးဖျက်တာတွေ ပေါ်လာတော့ ဖျက်ရခက်တယ်ဆိုတဲ့အချက်ကိုလည်း သိပ်အာရုံမရှိကြတော့ပါဘူး။ဒီလိုနဲ့ တက်တူးတွေ တစ်ခေတ်ပြန်ထလာတယ်ပေါ့။သို့ပေမယ့် တက်တူးထိုးဖို့ဆုံးဖြတ်ထားတယ်ဆိုရင် သင်သေချာသိထားရမယ့် အချက်လေးတွေရှိပါသေးတယ်။ဦးစွာအနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ အောက်ပါပြသနာလေးတွေ သိထားဖို့လိုပါလိမ့်မယ်:

(၁)ဓာတ်မတည့်ခြင်း
တက်တူးထိုးတယ်ဆိုတာ အရေပြားအပေါ်လွှာထဲကို ဆိုးဆေးလေးတွေ အပ်နဲ့ထိုးထည့်တာပါ။ထိုဆိုးဆေးလေးတွေနဲ့ ဓာတ်မတည့်တဲ့အခါမျိုးမှာ အရေပြားယားယံခြင်း၊အနီကွက်ထခြင်းများ နှစ်အတော်ကြာသည့်တိုင် ဖြစ်ပွားနိုင်ပါတယ်။
(၂)အရေပြားပိုးဝင်ခြင်း
အချို့လူတွေမှာ အမာရွတ်အကြီးစား(ကီးလွိုက် Keloid)ဖြစ်နိုင်ပြီး မလှတဲ့အပြင် ပိုကြည့်ရဆိုးသွားနိုင်ပါတယ်။
(၃)တစ်ခါသုံးအပ်အသုံးမပြုမိခဲ့ရင် အများသိတဲ့ HIV/AIDS အပြင် အသည်းရောင်အသားဝါ ဘီပိုး၊စီပိုး အပါအဝင် သွေးမှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေအကုန် ကူးစက်နိုင်ပါတယ်။ဒါကြောင့် တစ်ခါသုံးအပ်သုံးစေဖို့ သတိပြုပါ။
(၄)လေဆာနဲ့တက်တူးဖျက်လို့ရတယ်ဆိုပေမယ့် တစ်ခါတည်းနဲ့ လုံးဝပျက်သွားတာမဟုတ်ဘဲ ရက်ခြားပြီး အကြိမ်ကြိမ်ဖျက်မှသာ တဖြည်းဖြည်းမှိန်လာပြီး ပျက်တာပါ။တက်တူးပျက်ဖို့ အချိန်အကြာကြီးပေးရ စောင့်ရတဲ့အပြင် တက်တူးဖျက်တဲ့ကုန်ကျစရိတ်ဟာ တက်တူးထိုးစဉ်ကထက် များစွာပိုကုန်ကျနိုင်ပါတယ်။

ကဲ…ဒါဆိုတက်တူးထိုးပြီးသွားရင်ရော ဘယ်လိုဂရုစိုက်သင့်လဲ?
– တက်တူးထိုးထားသောနေရာကို သန့်ရှင်းစွာထားပါ။ဆပ်ပြာတိုက် ရေချိုးပြီးလို့ ရေသုတ်တဲ့အခါမှာလည်း ပုဝါနဲ့ခပ်ဖွဖွတို့ပြီး/ပုတ်ပြီး သုတ်ပါ။(ပွတ်ဆွဲပြီး မသုတ်သင့်ပါ။)
– အနာမကျက်သေးမချင်း ရေကူးကန်တွင်ရေကူးခြင်း၊ရေနွေးဖြင့်ချိုးခြင်း၊ရေပူစမ်းစိမ်ခြင်းများ ရှောင်ကြဉ်ပါ။
– အစိုဓာတ်ထိန်းခရင်မ်(moisturizer)မကြာခဏ လိမ်းပေးပါ။
– တက်တူးထိုးထားသောနေရာကို(၂) ပတ် (၃) ပတ်လောက် နေရောင်ထိမခံပါနဲ့။
– တက်တူးထိုးထားသောနေရာနှင့် အလွန်ကြပ်ပြီး ကပ်နေနိုင်သော အဝတ်အစားများရှောင်ကြဉ်ပါ။
– အနာကျက်ရန် ၂ပတ်ခန့်ကြာနိုင်ပါတယ်။အနာကျက်ကာစ အနာဖေးတက်လာတဲ့အခါ မခွာသင့်ပါ။လက်သည်းမှတစ်ဆင့်ပိုးဝင်နိုင်ပြီး တက်တူးဒီဇိုင်းလည်းပုံပျက်နိုင်၊အမာရွတ်လည်း ကျန်နေနိုင်သောကြောင့်ဖြစ်ပါတယ်။

ဒီအချက်လေးတွေ အားလုံးဖတ်ပြီးသွားပြီဆိုရင်တော့ တက်တူးထိုးဖို့ မထိုးဖို့နဲ့…ထိုးပြီးရင် ဘယ်လိုဂရုစိုက်ရမလဲ သိလောက်ပြီပေါ့နော်။

Credit: Dr.May ThantSyn