ZawGyiဖြင့်ဖတ်ရန်
f1
f2
f3
f4၃- အမိုက်တစ်ပြုံတစ်မကြီးကိုဖြစ်ပေါ်စေသော အံ့မခန်း လှပတဲ့ပွဲတော်များ
f5
၎- လူသားတွေအတွက်ကျောတစ်နေရာစာတောင်မရှိတော့တဲ့ ကမ္ဘာမြေ
f8
f9
UniCodeဖြင့်ဖတ်ရန်
ကျွန်တော်တို့လူပတ်ဝန်းကျင်မှာ ကမ္ဘာကြီးပူနွေးလာမူ၊ ရေခဲတွေ အရည်ပျော်လာမူ တွေဆိုတာ လူတိုင်း ပြောနေတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ဒါတွေက စ နောက်နေတဲ့အရာတွေမဟုတ်ဘူးဆိုတာလဲလူတိုင်းသိကြပေမယ့် လူသားတို့ရဲ့သဘာဝအတိုင်း ကိုယ့်အနားရောက်မလာ သေးသ၍ အေးဆေးနေတတ်ကြပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ပိုတိုရှော့နဲ့ပြင်ဆင်ထားခြင်းမရှိတဲ့ ပကဓိ ဓာတ်ပုံတွေဟာ လူသားတို့ရဲ့အကူအညီကို ငံ့လင့်နေတဲ့ အထိရှဆုံး ရုပ်ပုံတွေဖြစ်ကြောင်း တစ်ဆင့်ဝေမျှပေးလိုက်ပါတယ်။
f1
၁- နတ်သမီးပုံပြင်မဟုတ်တဲ့ သဲကန္တာရ မှာ ဝေတဲ့နှင်း
ဆာဟာရ သဲကန္တာရ ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနဲ့ အခြောက်သွေ့ဆုံး သဲကန္တာရဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာပုံအရဆို သူလဲပိုပူနွေးလာရမှာလို့ထင်ရပေမယ့် ဆာဟာရ မှာ နှင်းကျခဲ့ပါတယ်။ ဒေသခံတွေကတော့ သဲတွေပေါ်ဖုံးအုပ်သွားတဲ့ နှင်းတွေရဲ့မြင်ကွင်းကို ထူးဆန်းအံ့အားသင့်ခဲ့ရပါတယ်။
၂- လှပသောပုံတစ်ပုံလား၊ ထောင်တစ်ခုလား
ကမ္ဘာ့အကောင်းဆုံးပါဆိုတဲ့ လှောင်အိမ်ကတောင် လွတ်လပ်မူ ဆို တာနဲ့မနိူင်းယှဉ်နိုင်ပါဘူး။ တိရိစ္ဆာန်တွေကိုဖမ်း တရားမဝင် ကူးသန်းရောင်းဝယ်မူပြုကြတယ်ဆိုတာ ဇာတ်လမ်းတွေထဲမှာတင်ရှိကြတာမဟုတ်ပါဘူး။ ဒါကြောင့်လဲ လူ့အဖွဲ့စည်းတွေက ဆာဖာရီဥယာဉ်လို နေရာက တိရိစ္ဆာန်တွေကို သဘာဝအတိုင်း လွတ်လပ်ခွင့်ပေးဖို့တောင်းဆို နေကြတာဖြစ်ပါတယ်။
၃- အမိူက်တစ်ပြုံတစ်မကြီးကိုဖြစ်ပေါ်စေသော အံ့မခန်း လှပတဲ့ပွဲတော်များ
၁၉၈၆ ခုနှစ် ခလိလန်းက ဘောလုံးပွဲတော်ဟာ သူ့ရဲ့လှပမူနဲ့ ကြီးကျယ်ခန်းနားမူအတွက် လူတိုင်းကို အထင်ကြီးစေခဲ့ပါတယ်။ ဒီပွဲတော်မှာ ၁.၄ မီလီယံရှိတဲ့ဘောလုံးတွေကို လွတ်တင်ခဲ့တာပါ။ ဘောလုံးပွဲတော်ကို ဂရင်းနစ်စံချိန်ဝင်အောင်ကြိုးစားခဲ့တာဖြစ်ပြီး ဝမ်းနည်းစွာပဲအလုပ်မဖြစ်ခဲ့ပါဘူး။ ဒီပွဲတေ်ာပြီးသွားပေမယ့် မပြီးဆုံးတာကတော့ ပတ်ဝန်းကျင်တွေ ဘောလုံးအမိူက်သရိုက်တွေကျန်ရှိနေခဲ့တာပါ။ လေဆိပ်တွေ ရပ်နားထားရခြင်းနဲ့ များစွာသော ကားအက်စီးဒန့်တွေဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာနောက်ထပ် ဒီလိုချဲ့ကားလုပ်တဲ့ ပွဲတော်မျိုး မလုပ်မိအောင် ဒီပွဲတော်က သတိပေးလိုက်သလိုပါပဲ။
၄- လူသားတွေအတွက်ကျောတစ်နေရာစာတောင်မရှိတော့တဲ့ ကမ္ဘာမြေ
မက္ကစီကို မြို့တော်ဟာ ကမ္ဘာပေါ်မှာ လူနေအထူထပ်ဆုံး မြို့တော်ဖြစ်ပါတယ်။ နေထိုင်သူ သန်း ၂၀ ကျော်ရှိပြီး လူဦးရေသိပ်သည်းမူဟာ မြင့်မားပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူတွေကတော့ လူဦးရေထူထပ်မူအပေါ်မှာ ပြောပြဖို့ ဆန္ဒမရှိပါဘူး။ ကောင်းကင်မြင်ကွင်းက ဓာတ်ပုံတစ်ပုံကပဲ သက်သေပြခဲ့တာဖြစ်ပါတယ်။
၅- ပိုတိုရှော့မဟုတ်သော
Water park တစ်ခုဟာ ပူလောင်းတဲ့နေ့တစ်နေ့အတွက်တော့အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် တချို့မြို့ကြီးတွေမှာတော့ တောင်းဆိုမူအရမ်းမြင့်မားတဲ့အခါ ရေကန်တွေဟာ ကြောက်စရာကောင်းလာခဲ့ပါတယ်။
f8
၆- မလေးရှားကအပူပိုင်းသစ်တော
ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး အပူပိုင်းသစ်တောတွေထဲတစ်ခုဖြစ်တဲ့ မလေးရှားက ဘောနီရို ကျွန်းမှာတည်ရှိတဲ့ အပူပိုင်းသစ်တောဟာ အခုချိန်မှာ ၁၀ ရာခိုင်နူန်းမျှသာ သစ်တော့ ပမာဏကျန်ရှိပါတော့တယ်။ ဒေသခံကုမ္မဏီတွေကနေ တရားမဝင် သစ်တောခုတ်မူတွေကြောင့် ပုံမှာတွေ့မြင်ရတဲ့အတိုင်း သစ်တောပြုန်းမူကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။
၇ – ဖက်ရှင်အသစ်မဟုတ်တဲ့ ပုံတစ်ပုံ
ဒီပုံဟာ ဖေ့ဘုတ်မှာ လူသိများချင်လို့ အကြောင်းရှာ အဆန်းလုပ်တင်ရတဲ့ပုံတစ်ပုံမဟုတ်ခဲ့ပါဘူး။ မီးခိုးငွေ့ထွက်တာများလာတဲ့မြို့ကြီးတွေမှာ အချိန်ကြာလာတဲ့အခါ gas mask တွေ အုပ်ဖို့လိုအပ်လာခဲ့ပါတယ်။ မင်္ဂလာပွဲကိုတောင် နှာခေါင်း စည်းနဲ့ ဆင်နွဲခဲ့ရတာဖြစ်ပါတယ်။ ဒီလိုပုံတော်တော်များများကို တရုတ်နိုင်ငံတွေမှာတွေ့ရတတ်ပါတယ်။
From MM
LEAVE A REPLY