ZawGyiျဖင့္ဖတ္ရန္

ေက်ာ္စြာဟာ လက္ရွိ နိုင္ငံေက်္ာေတးသံရွင္ အစၥဏီရဲ႕ မုဒိန္းမႈမွာ အစၥဏီဘက္ကေနလိုက္လံေဆာင္႐ြက္ေပးေနတဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ဣထၳိယဝါဒီ ( အမ်ိဳးသမီးႀကီးစိုးမႈအားေပးေသာဝါဒ) သမားေတြကေတာ့ တခ်ိန္လုံး စူးရွထက္ ဘက္ေန က်ယ္က်ယ္ေလာင္ေလာင္ ရပ္တည္ၿပီး ဒီမုဒိန္းမႈတိုင္တန္းတဲ့ ျဖစ္စဥ္မွာ ရပ္တည္ေပးခဲ့ၾကပါတယ္။ feminism ဝါဒနဲ႕ justice ဆိုတဲ့ အေၾကာင္းအရာေလးကို ေဆြးေႏြးခ်င္လို႔ပါ ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ မွ်ေဝခဲ့တာ ျဖစ္ပါတယ္ ။ေရွးဦးစြာ က်င့္ဝတ္ နဲ႕ ဥပေဒတို႔ ရဲ႕ ကြာျခားခ်က္ေတြကို ဦးစြာ ရွင္းျပထားတာကို ေတြ႕ရပါတယ္။

လက္ရွိ အစၥဏီအေနနဲ႕ ပုဒ္မ ၃၇၆ အလိုမတူပဲအဓၼျပဳက်င့္မႈ ၊ ပုဒ္မ ၃၂၄ ခြၽန္ထက္ေသာအရာႏွင့္သာမာန္နာက်င္ေစမႈ ၊ ပုဒ္မ ၃၂၃ မိမိသေဘာအရ သာမန္နာက်င္ေစမႈ ဒီသုံးခု ကို ရင္ဆိုင္ေနရတယ္လို႔ဆိုပါတယ္။ ဥပေဒအရ အားႏြဲ႕တဲ့ မိန္းမသားမို႔ ထိုက္သင့္တဲ့ အျပစ္ဒဏ္ကို တရားမွ်တေအာင္ေတာင္းခံနိုင္ေပမယ့္ လက္ရွိအေနအထားမွာ သာမန္လင္မယားရန္ျဖစ္ခဲ့သေလာက္ ျပသနာ၊ လြန္ဆုံး ေထာင္ဒဏ္တစ္လေလာက္နဲ႕ ထိုက္တန္တဲ့အမႈကို အႀကီးမားဆုံးျပစ္ဒဏ္ေတာင္းၿပီး အာမခံေပးလို႔မရတဲ့ ပုဒ္မ ၃၇၆ မဒိန္းမႈပါ ေခါင္းစဥ္တပ္ၿပီး ဆြဲတာမ်ိဳးက်ေတာ့ ဘယ္လိုနည္းနဲ႕မွ သည္းခံေပးလို႔မရေၾကာင္းဆိုပါတယ္။

မုဒိန္းမႈျဖစ္တာမို႔ အမႈကို ေထာင္ထဲကေနဘဲရင္ဆိုင္ရယုံသာမက မိသားစုဝင္ေတြအထိပါ ဂုဏ္သိကၡာထိခိုက္မႈေတြရွိတယ္လို႔ ဆိုပါတယ္။ဒီျပသနာႀကီးစျဖစ္တဲ့အခ်ိန္ကတည္းက က်ေနာ္တို႔အေပၚ အမ်ိဳးမ်ိဳးတိုက္ခ်ဳက္ခံရတဲ့အျပင္ အေမႏွမ မ်ိဳးစုံခိုင္းႏွိုင္း ဆဲဆိုမႈမ်ိဳးေတြထိျဖစ္ခဲ့တာမို႔ က်ေနာ္တို႔ မိသားစုဝင္ မိန္းကေလးေတြအကုန္ ေဖ့ဘုတ္မသုံးရဲေတာ့တဲ့အထိ အတိုက္ခိုက္ခံလိုက္ရတာေတြဟာ victm blame မဟုတ္ဘူးလား လို႔ သူကဆိုပါတယ္ ။

ေနာက္ဆုံးေျပာခ်င္တာကေတာ့ gender equality လို႔ေတာင္းဆိုေနတဲ့ feminist ေတြအေနနဲ႕လဲ ေယာကၤ်ားမိန္းမ မခြဲျခားပါနဲ႕ဆိုတဲ့ ကိုယ့္ရဲ႕ရပ္တည္ခ်က္ ေတာင္းဆိုမႈအတိုင္း ေယာကၤ်ားေလးျဖစ္လို႔ အျပစ္ရွိတယ္ မိန္းကေလးျဖစ္လို႔အျပစ္မရွိဘူးဆိုတဲ့က်ဥ္းေျမာင္းတဲ့ point of view ကေနထြက္ၿပီး justice ဆိုတဲ့ တရားမွ်တမႈရႈေထာင့္ကေန ေဝဖန္ပါ သုံးသပ္ပါ

မွ်ေဝၾကပါလို႔ ေျပာရင္း နိဂုံးခ်ဳပ္ပါတယ္ လို႔ ေရးသားထားတာေတြကိုေတြ႕ရပါတယ္ ။ ပရိသတ္ႀကီးေရ တစ္စတစ္စ ေသြးေအးစျပဳလာေနတဲ့ ဒီအမႈနဲ႕ပတ္သက္လို႔ ကို ေက်ာ္စြာ ေျပာတာကို လက္ခံသင့္တယ္လို႔ ယူဆပါသလား ……. မွတ္ခ်က္မွာေျပာျပေပးသြားၾကပါေနာ္။

Source – Kyaw Swar

Unicodeျဖင့္ဖတ္ရန္

ကျော်စွာဟာ လက်ရှိ နိုင်ငံကျေ်ာတေးသံရှင် အစ္စဏီရဲ့ မုဒိန်းမှုမှာ အစ္စဏီဘက်ကနေလိုက်လံဆောင်ရွက်ပေးနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ဣထ္ထိယဝါဒီ ( အမျိုးသမီးကြီးစိုးမှုအားပေးသောဝါဒ) သမားတွေကတော့ တချိန်လုံး စူးရှထက်ဘက်နေ ကျယ်ကျယ်လောင်လောင် ရပ်တည်ပြီး ဒီမုဒိန်းမှုတိုင်တန်းတဲ့ ဖြစ်စဉ်မှာ ရပ်တည်ပေးခဲ့ကြပါတယ်။ feminism ဝါဒနဲ့ justice ဆိုတဲ့ အကြောင်းအရာလေးကို ဆွေးနွေးချင်လို့ပါ ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ် ။ရှေးဦးစွာ ကျင့်ဝတ် နဲ့ ဥပဒေတို့ ရဲ့ ကွာခြားချက်တွေကို ဦးစွာ ရှင်းပြထားတာကို တွေ့ရပါတယ်။

လက်ရှိ အစ္စဏီအနေနဲ့ ပုဒ်မ ၃၇၆ အလိုမတူပဲအဓ္မပြုကျင့်မှု ၊ ပုဒ်မ ၃၂၄ ချွန်ထက်သောအရာနှင့်သာမာန်နာကျင်စေမှု ၊ ပုဒ်မ ၃၂၃ မိမိသဘောအရ သာမန်နာကျင်စေမှု ဒီသုံးခု ကို ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ ဥပဒေအရ အားနွဲ့တဲ့ မိန်းမသားမို့ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို တရားမျှတအောင်တောင်းခံနိုင်ပေမယ့် လက်ရှိအနေအထားမှာ သာမန်လင်မယားရန်ဖြစ်ခဲ့သလောက် ပြသနာ၊ လွန်ဆုံး ထောင်ဒဏ်တစ်လလောက်နဲ့ ထိုက်တန်တဲ့အမှုကို အကြီးမားဆုံးပြစ်ဒဏ်တောင်းပြီး အာမခံပေးလို့မရတဲ့ ပုဒ်မ ၃၇၆ မဒိန်းမှုပါ ခေါင်းစဉ်တပ်ပြီး ဆွဲတာမျိုးကျတော့ ဘယ်လိုနည်းနဲ့မှ သည်းခံပေးလို့မရကြောင်းဆိုပါတယ်။

မုဒိန်းမှုဖြစ်တာမို့ အမှုကို ထောင်ထဲကနေဘဲရင်ဆိုင်ရယုံသာမက မိသားစုဝင်တွေအထိပါ ဂုဏ်သိက္ခာထိခိုက်မှုတွေရှိတယ်လို့ ဆိုပါတယ်။ဒီပြသနာကြီးစဖြစ်တဲ့အချိန်ကတည်းက ကျနော်တို့အပေါ် အမျိုးမျိုးတိုက်ချုက်ခံရတဲ့အပြင် အမေနှမ မျိုးစုံခိုင်းနှိုင်း ဆဲဆိုမှုမျိုးတွေထိဖြစ်ခဲ့တာမို့ ကျနော်တို့ မိသားစုဝင် မိန်းကလေးတွေအကုန် ဖေ့ဘုတ်မသုံးရဲတော့တဲ့အထိ အတိုက်ခိုက်ခံလိုက်ရတာတွေဟာ victm blame မဟုတ်ဘူးလား လို့ သူကဆိုပါတယ် ။

နောက်ဆုံးပြောချင်တာကတော့ gender equality လို့တောင်းဆိုနေတဲ့ feminist တွေအနေနဲ့လဲ ယောင်္ကျားမိန်းမ မခွဲခြားပါနဲ့ဆိုတဲ့ ကိုယ့်ရဲ့ရပ်တည်ချက် တောင်းဆိုမှုအတိုင်း ယောင်္ကျားလေးဖြစ်လို့ အပြစ်ရှိတယ် မိန်းကလေးဖြစ်လို့အပြစ်မရှိဘူးဆိုတဲ့ကျဉ်းမြောင်းတဲ့ point of view ကနေထွက်ပြီး justice ဆိုတဲ့ တရားမျှတမှုရှုထောင့်ကနေ ဝေဖန်ပါ သုံးသပ်ပါ

မျှဝေကြပါလို့ ပြောရင်း နိဂုံးချုပ်ပါတယ် လို့ ရေးသားထားတာတွေကိုတွေ့ရပါတယ် ။ ပရိသတ်ကြီးရေ တစ်စတစ်စ သွေးအေးစပြုလာနေတဲ့ ဒီအမှုနဲ့ပတ်သက်လို့ ကို ကျော်စွာ ပြောတာကို လက်ခံသင့်တယ်လို့ ယူဆပါသလား ……. မှတ်ချက်မှာပြောပြပေးသွားကြပါနော်။

Source – Kyaw Swar

Credit:ThuTaStar