Zawgyiျဖင့္ဖတ္ရန္

First Dateဆိုတာ သိပ္ထူးျခားတဲ့ေန့ရက္ေလးျဖစ္တဲ့အျပင္ ကဲြျပားတဲ့ခံစားမွဳတစ္ခုကိုဖန္တီးေပးနိုင္စြမ္းရွိလို့ သင့္ဘဝတစ္ခုလံုးအမွတ္ရေနမဲ့ေန့ရက္ကေလးပါပဲ။
အဲေန့ရက္ေလးမွာဘယ္ဝတ္စံုဝတ္မယ္၊ဘယ္လိုဖိနပ္ဒီဇိုင္းမ်ိဳးကိုေရြးခ်ယ္ဝတ္ဆင္မယ္ဆိုတာကိုၾကိဳတင္မျပင္ဆင္ခင္ သင့္စိတ္ပိုင္းဆိုင္ရာကိုအရင္ျပင္ဆင္ဖို့လိုအပ္ပါတယ္။လုပ္ရုိးလုပ္စဥ္ေတြလိုပဲ သင္တို့နွစ္ေယာက္ သိပ္ျပီးလွပေႏြးေထြးတဲ့ဝန္းက်င္မွာ ဝိုင္ပုလင္းေတြနဲ့ညစာကိုအတူသံုးေဆာင္ၾကမယ္။ဒါေပမယ့္ သင္ေျပာလိုက္တဲ့စကားခြန္းတိုင္းကို ထိန္းထိန္းသိမ္းသိမ္းနဲ့ဂရုတစိုက္ေျပာဖို့ေတာ့လိုမယ္။ဘာလို့ဆို တခ်ိဳ့ေမးခြန္းေလးေတြက ၾကီးမားတဲ့အလဲြေတြကိုျဖစ္ေပၚေစျပီး သင့္ရဲ့ခ်စ္စဖြယ္ရင္ခုန္စရာFirst Dateေလးကိုပ်က္စီးေစမွာမို့လို့ပါ။ကဲ ဆိုေတာ့ စစ္တမ္းေကာက္ခ်က္မ်ားအရ လူမ်ားစုအေနနဲ့ သူတို့ရဲ့First Dateမွာသူတို့ကိုယ္တိုင္အေမးမခံလိုတဲ့ေမးခြန္းမ်ားကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။ ။

(1)ရည္းစားေဟာင္းနဲ့အဆက္အသြယ္ရွိေသးလား??

ရည္းစားေဟာင္းအေၾကာင္းဘယ္ေတာ့မွမေမးပါနဲ့။မေျပာပါနဲ့။အတိတ္ကအတိတ္ပါ။သင္တို့နွစ္ေယာက္ရဲ့First Dateကို သူ့အတိတ္ေဟာင္းကိုေတြးေစျပီး အခ်ိန္ကုန္ပ်က္စီးေစတာမ်ိဳးမလုပ္ပါနဲ့။ရည္းစားေဟာင္းအေၾကာင္းေမးျမန္းစပ္စုေနမယ့္အစား သင္တို့နွစ္ေယာက္စလံုးစိတ္ဝင္စားတဲ့အေၾကာင္းအရာတစ္ခုခုကိုေျပာရင္းအခ်ိန္ကုန္ေစပါ။

(2)ထိမ္းျမားျခင္းအစီအစဥ္ကိုဘယ္လိုစီစဥ္ထားလဲ??

သင္တစ္စံုတစ္ေယာက္ကိုခိုင္က်ည္စြာခ်စ္ျပီး အနာဂတ္ကိုအတူတကြျဖတ္သန္းသြားဖို့ အမ်ားၾကီးေမ်ွာ္လင့္ထားမွာေပါ့။နားလည္ပါတယ္။ဒါေပမယ့္ ခုလိုပထမဆံုးေတြ့တဲ့ရက္မွာေတာ့ ဟိုးလက္ထပ္မယ့္အစီအစဥ္ထိဒဲ့ၾကီးမသြားသင့္ပါဘူး။ဒီလိုေန့ေလးမွာ အနာဂတ္အစီအစဥ္ေတြေဆြးေႏြးေနတယ္ဆိုတာမျဖစ္သင့္ဘူးလို့ေတာ့ထင္တယ္။အင္း စိတ္ရွည္ စိတ္ရွည္…။

(3)ဘယ္ေလာက္ရွာနိုင္သလဲ??

ဒါကေတာ့သင့္First Dateမွာ လံုးဝေမးကိုမေမးသင့္တဲ့ေမးခြန္းဆိုတာ သင္လည္းသိျပီးသားျဖစ္မွာပါ။ဒါဟာတစ္ဖက္သူကိုသိပ္ျပီးဆတ္ဆတ္ထိမခံေစတဲ့ေမးခြန္းျဖစ္သလို သူ့အေနနဲ့လည္း ဒီအေၾကာင္းအရာကို သင့္ကိုေဝမ်ွေပးဖို့သက္ေတာင့္သက္တာရွိေနမွာမဟုတ္ပါဘူး။

(4)နင္ငါ့ကိုခ်စ္လား??

အိုေခ သင္တို့နွစ္ေယာက္ တစ္ေယာက္နဲ့တစ္ေယာက္ နွစ္သက္သေဘာက်ေနတဲ့အဆင့္ပဲထားအံုး ဒီလိုေမးခြန္းကိုFirst Dateမွာမေမးသင့္ပါဘူး။

နွစ္ေယာက္သားတစ္ေယာက္နဲ့တစ္ေယာက္တကယ္ခ်စ္တာကိုခံစားနိုင္တဲ့အဆင့္ထိေရာက္မွဒီေမးခြန္းကိုေမးသင့္ပါတယ္။ခုခ်ိန္ကသိပ္ေစာလြန္းပါတယ္။အင္း ထပ္စိတ္ရွည္ စိတ္ရွည္…။

(5)ငါၾကည့္ေကာင္းလား??

‘ငါၾကည့္ေကာင္းလား?’ ‘ရုပ္ဆိုးေနလား?”ဘယ္လိုေနလဲ?’အစရွိတဲ့ေမးခြန္းေတြကိုမိန္းကေလးေတြက သူတို့နားမွာရွိတဲ့သူေတြကိုအေမးမ်ားပါတယ္။Right?? ဟိတ္ ဒါေပမယ့္ သင့္ရဲ့First Dateမွာေတာ့ ဒီလိုေမးခြန္းမ်ိဳးကို ေက်းဇူးျပဳျပီးေယာင္ျပီးေတာ့ေတာင္မေမးလိုက္မိေစနဲ့ေနာ္။ဒီေမးခြန္းကိုၾကားလိုက္တဲ့အခ်ိန္ သူ့အေနနဲ့အံ့ၾသသြား(ထင္မထားဘူးဆိုတဲ့အေတြးနဲ့)မွာျဖစ္သလို တကယ္လို့သူ့မ်က္စိထဲမွာ သင္ရုပ္ဆိုးတယ္လို့ျမင္ေနရင္ေတာင္ အမွန္တရားေျပာဖို့ခ်ီတံုခ်တံုျဖစ္ေနမွာပါ။

(6)နမ္းလို့ရမလား??

ေဟ့လူ နိုးနိုး ဒါၾကီးကေတာ့အလဲြအၾကီးၾကီးမွအၾကီးၾကီးျဖစ္သြားျပီ။ဒီFirst Dateေလးမွာေတာ့ သင့္ရဲ့ခံစားခ်က္ေတြကိုစမတ္က်က်ထိန္းခ်ဳပ္စမ္းပါ။

ေနာက္တစ္ခါက်ရင္ေတာ့ ခြင့္ေတာင္းရုံမက ခြင့္ျပဳခဲ့ရင္ေတာ့ တဆံုးသာနမ္းကြာ 😀 ။

Unicodeဖြင့်ဖတ်ရန်

သင့်ရဲ့First Dateမှာ မမေးသင့်တဲ့မေးခွန်း6ခု

First Dateဆိုတာ သိပ်ထူးခြားတဲ့နေ့ရက်လေးဖြစ်တဲ့အပြင် ကွဲပြားတဲ့ခံစားမှုတစ်ခုကိုဖန်တီးပေးနိုင်စွမ်းရှိလို့ သင့်ဘဝတစ်ခုလုံးအမှတ်ရနေမဲ့နေ့ရက်ကလေးပါပဲ။
အဲနေ့ရက်လေးမှာဘယ်ဝတ်စုံဝတ်မယ်၊ဘယ်လိုဖိနပ်ဒီဇိုင်းမျိုးကိုရွေးချယ်ဝတ်ဆင်မယ်ဆိုတာကိုကြိုတင်မပြင်ဆင်ခင် သင့်စိတ်ပိုင်းဆိုင်ရာကိုအရင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။လုပ်ရိုးလုပ်စဉ်တွေလိုပဲ သင်တို့နှစ်ယောက် သိပ်ပြီးလှပနွေးထွေးတဲ့ဝန်းကျင်မှာ ဝိုင်ပုလင်းတွေနဲ့ညစာကိုအတူသုံးဆောင်ကြမယ်။ဒါပေမယ့် သင်ပြောလိုက်တဲ့စကားခွန်းတိုင်းကို ထိန်းထိန်းသိမ်းသိမ်းနဲ့ဂရုတစိုက်ပြောဖို့တော့လိုမယ်။ဘာလို့ဆို တချို့မေးခွန်းလေးတွေက ကြီးမားတဲ့အလွဲတွေကိုဖြစ်ပေါ်စေပြီး သင့်ရဲ့ချစ်စဖွယ်ရင်ခုန်စရာFirst Dateလေးကိုပျက်စီးစေမှာမို့လို့ပါ။ကဲ ဆိုတော့ စစ်တမ်းကောက်ချက်များအရ လူများစုအနေနဲ့ သူတို့ရဲ့First Dateမှာသူတို့ကိုယ်တိုင်အမေးမခံလိုတဲ့မေးခွန်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ။

(1)ရည်းစားဟောင်းနဲ့အဆက်အသွယ်ရှိသေးလား??

ရည်းစားဟောင်းအကြောင်းဘယ်တော့မှမမေးပါနဲ့။မပြောပါနဲ့။အတိတ်ကအတိတ်ပါ။သင်တို့နှစ်ယောက်ရဲ့First Dateကို သူ့အတိတ်ဟောင်းကိုတွေးစေပြီး အချိန်ကုန်ပျက်စီးစေတာမျိုးမလုပ်ပါနဲ့။ရည်းစားဟောင်းအကြောင်းမေးမြန်းစပ်စုနေမယ့်အစား သင်တို့နှစ်ယောက်စလုံးစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုခုကိုပြောရင်းအချိန်ကုန်စေပါ။

(2)ထိမ်းမြားခြင်းအစီအစဉ်ကိုဘယ်လိုစီစဉ်ထားလဲ??

သင်တစ်စုံတစ်ယောက်ကိုခိုင်ကျည်စွာချစ်ပြီး အနာဂတ်ကိုအတူတကွဖြတ်သန်းသွားဖို့ အများကြီးမျှော်လင့်ထားမှာပေါ့။နားလည်ပါတယ်။ဒါပေမယ့် ခုလိုပထမဆုံးတွေ့တဲ့ရက်မှာတော့ ဟိုးလက်ထပ်မယ့်အစီအစဉ်ထိဒဲ့ကြီးမသွားသင့်ပါဘူး။ဒီလိုနေ့လေးမှာ အနာဂတ်အစီအစဉ်တွေဆွေးနွေးနေတယ်ဆိုတာမဖြစ်သင့်ဘူးလို့တော့ထင်တယ်။အင်း စိတ်ရှည် စိတ်ရှည်…။

(3)ဘယ်လောက်ရှာနိုင်သလဲ??

ဒါကတော့သင့်First Dateမှာ လုံးဝမေးကိုမမေးသင့်တဲ့မေးခွန်းဆိုတာ သင်လည်းသိပြီးသားဖြစ်မှာပါ။ဒါဟာတစ်ဖက်သူကိုသိပ်ပြီးဆတ်ဆတ်ထိမခံစေတဲ့မေးခွန်းဖြစ်သလို သူ့အနေနဲ့လည်း ဒီအကြောင်းအရာကို သင့်ကိုဝေမျှပေးဖို့သက်တောင့်သက်တာရှိနေမှာမဟုတ်ပါဘူး။

(4)နင်ငါ့ကိုချစ်လား??

အိုခေ သင်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် နှစ်သက်သဘောကျနေတဲ့အဆင့်ပဲထားအုံး ဒီလိုမေးခွန်းကိုFirst Dateမှာမမေးသင့်ပါဘူး။
နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်တာကိုခံစားနိုင်တဲ့အဆင့်ထိရောက်မှဒီမေးခွန်းကိုမေးသင့်ပါတယ်။ခုချိန်ကသိပ်စောလွန်းပါတယ်။အင်း ထပ်စိတ်ရှည် စိတ်ရှည်…။

(5)ငါကြည့်ကောင်းလား??

‘ငါကြည့်ကောင်းလား?’ ‘ရုပ်ဆိုးနေလား?”ဘယ်လိုနေလဲ?’အစရှိတဲ့မေးခွန်းတွေကိုမိန်းကလေးတွေက သူတို့နားမှာရှိတဲ့သူတွေကိုအမေးများပါတယ်။Right?? ဟိတ် ဒါပေမယ့် သင့်ရဲ့First Dateမှာတော့ ဒီလိုမေးခွန်းမျိုးကို ကျေးဇူးပြုပြီးယောင်ပြီးတော့တောင်မမေးလိုက်မိစေနဲ့နော်။ဒီမေးခွန်းကိုကြားလိုက်တဲ့အချိန် သူ့အနေနဲ့အံ့သြသွား(ထင်မထားဘူးဆိုတဲ့အတွေးနဲ့)မှာဖြစ်သလို တကယ်လို့သူ့မျက်စိထဲမှာ သင်ရုပ်ဆိုးတယ်လို့မြင်နေရင်တောင် အမှန်တရားပြောဖို့ချီတုံချတုံဖြစ်နေမှာပါ။

(6)နမ်းလို့ရမလား??

ဟေ့လူ နိုးနိုး ဒါကြီးကတော့အလွဲအကြီးကြီးမှအကြီးကြီးဖြစ်သွားပြီ။ဒီFirst Dateလေးမှာတော့ သင့်ရဲ့ခံစားချက်တွေကိုစမတ်ကျကျထိန်းချုပ်စမ်းပါ။
နောက်တစ်ခါကျရင်တော့ ခွင့်တောင်းရုံမက ခွင့်ပြုခဲ့ရင်တော့ တဆုံးသာနမ်းကွာ 😀 ။

Credit: Can’t wait to Say