ZawGyiျဖင့္ဖတ္ရန္
မအူပင္ၿမိဳ႕နယ္၊ေပကုန္းေက်း႐ြာမွာေနထိုင္တဲ့ အဖိုး အဖြားလင္မယားႏွစ္ဦး ဇူလိုင္လ ၁၅ရက္။ ေနလယ္ပိုင္းက ေနအိမ္အိပ္ခန္းအတြင္း ျပတ္ရွဒဏ္ရာမ်ားနဲ႔ေသဆုံးေၾကာင္းသိရပါတယ္။

”တူေတာ္စပ္သူက ထမင္းလာပို႔ရင္းနဲ႔ ေသဆုံးေနတာေတြ႕ရွိတယ္။ ကြၽန္ေတာ္တို႔ဆီကိုေတာ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကအေၾကာင္းၾကားလာတာပါ။ေပကုန္းေက်း႐ြာဦးတင္လႈိင္ေနအိမ္မွာျဖစ္တာပါ။

လင္မယားႏွစ္ေယာက္စလုံး လည္ပင္းျပတ္ရွဒဏ္ရာနဲ႔ေသဆုံးေနတာပါ။ေနအိမ္မွာ လင္မယားႏွစ္ေယာက္ထဲေနတာ။သားသမီးေတြနဲ႔အတူမေနဘူး။လုပ္ကိုင္ေကြၽးတာကေတာ့သားမသမီးေတြကလုပ္ကိုင္ေကြၽးေနတာ။

အေလာင္းေတြကို မအူပင္ျပည္သူ႔ေဆး႐ုံကိုပို႔ေဆာင္ထားပါတယ္။က်ဴးလြန္သူကို ဖမ္းဆီးရမိေရးေဆာင္႐ြက္ေနပါတယ္။ဘာေၾကာင့္ျဖစ္တယ္ဆိုတာမသိရေသးပါဘူး။ဘာပစၥည္းကလည္းဘာတစ္ခုမွပါမသြားဘူး။”လို႔ မအူပင္ၿမိဳ႕နယ္ ကြၽဲဒုံးနယ္ေျမရဲစခန္းမွတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး။ မအူပင္ၿမိဳ႕နယ္။ေပကုန္းေက်း႐ြာအုပ္စု။ ေပကုန္းေက်း႐ြာမွာေနထိုင္တဲ့ ဦးတင္လႈိင္ အသက္ (၈၀)ႏွစ္နဲ႔ ဇနီး ေဒၚရီ အသက္ (၈၁)ႏွစ္တို႔ဟာ ေနအိမ္ အိမ္ခန္းျခင္ေထာင္အတြင္းမွာ လည္ပင္းျပတ္ရွဒါဏ္ရာ မ်ားနဲ႔ ေသဆုံးေနတာကို

ထမင္းလာပို႔တဲ့တူေတာ္စပ္သူမွ ေတြ႕ရွိတဲ့အတြက္ သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္လို႔ ကြၽဲဒုံးနယ္ေျမရဲစခန္းကသိရပါတယ္။ ျပစ္မႈက်ဳးလြန္သူအားဖမ္းဆီးရမိေရးအတြက္တာဝန္ရွိရဲတပ္ဖြဲ႕ဝင္မ်ားေဆာင္႐ြက္ေနေၾကာင္းသိရပါတယ္။

မအူပင္ၿမိဳ႕နယ္ ကြၽဲဒုံးနယ္ေျမရဲစခန္းမွာ ျပစ္မႈက်ဳးလြန္သူကို (ပ)၄၅/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂နဲ႔ အမႈဖြင့္ထားပါတယ္။

Unicodeျဖင့္ဖတ္ရန္

မအူပင်မြို့နယ်၊ပေကုန်းကျေးရွာမှာနေထိုင်တဲ့ အဖိုး အဖွားလင်မယားနှစ်ဦး ဇူလိုင်လ ၁၅ရက်။ နေလယ်ပိုင်းက နေအိမ်အိပ်ခန်းအတွင်း ပြတ်ရှဒဏ်ရာများနဲ့သေဆုံးကြောင်းသိရပါတယ်။

”တူတော်စပ်သူက ထမင်းလာပို့ရင်းနဲ့ သေဆုံးနေတာတွေ့ရှိတယ်။ ကျွန်တော်တို့ဆီကိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကအကြောင်းကြားလာတာပါ။ပေကုန်းကျေးရွာဦးတင်လှိုင်နေအိမ်မှာဖြစ်တာပါ။

လင်မယားနှစ်ယောက်စလုံး လည်ပင်းပြတ်ရှဒဏ်ရာနဲ့သေဆုံးနေတာပါ။နေအိမ်မှာ လင်မယားနှစ်ယောက်ထဲနေတာ။သားသမီးတွေနဲ့အတူမနေဘူး။လုပ်ကိုင်ကျွေးတာကတော့သားမသမီးတွေကလုပ်ကိုင်ကျွေးနေတာ။

အလောင်းတွေကို မအူပင်ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားပါတယ်။ကျူးလွန်သူကို ဖမ်းဆီးရမိရေးဆောင်ရွက်နေပါတယ်။ဘာကြောင့်ဖြစ်တယ်ဆိုတာမသိရသေးပါဘူး။ဘာပစ္စည်းကလည်းဘာတစ်ခုမှပါမသွားဘူး။”လို့ မအူပင်မြို့နယ် ကျွဲဒုံးနယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး။ မအူပင်မြို့နယ်။ပေကုန်းကျေးရွာအုပ်စု။ ပေကုန်းကျေးရွာမှာနေထိုင်တဲ့ ဦးတင်လှိုင် အသက် (၈၀)နှစ်နဲ့ ဇနီး ဒေါ်ရီ အသက် (၈၁)နှစ်တို့ဟာ နေအိမ် အိမ်ခန်းခြင်ထောင်အတွင်းမှာ လည်ပင်းပြတ်ရှဒါဏ်ရာ များနဲ့ သေဆုံးနေတာကို

ထမင်းလာပို့တဲ့တူတော်စပ်သူမှ တွေ့ရှိတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်လို့ ကျွဲဒုံးနယ်မြေရဲစခန်းကသိရပါတယ်။ ပြစ်မှုကျုးလွန်သူအားဖမ်းဆီးရမိရေးအတွက်တာဝန်ရှိရဲတပ်ဖွဲ့ဝင်များဆောင်ရွက်နေကြောင်းသိရပါတယ်။

မအူပင်မြို့နယ် ကျွဲဒုံးနယ်မြေရဲစခန်းမှာ ပြစ်မှုကျုးလွန်သူကို (ပ)၄၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ထားပါတယ်။
Author:
ႏွင္းႏွင္း
Credit: Kumudra