Zawgyiျဖင့္ဖတ္ရန္
ေတာ္ေတာ္ဝမ္းနည္းစရာေကာင္းတဲ့ သတင္းေလးပါပဲ။ အထူးသျဖင့္ Guardians of the Galaxy ဇာတ္ကားခ်စ္သူေတြအတြက္ေပါ့။

ဒစ္စေန (Disney)ကုမၸဏီက ဂ်ိမ္းစ္ဂန္း (James Gunn)ကို အရင္ကသူတင္ခဲ့တဲ့ tweet စာသားေလးႏွစ္ခုေၾကာင့္ အခုအသစ္႐ိုက္ကူးမယ့္ Guardians of the Galaxy Vol. 3 မွာ ဒါ႐ိုက္တာလုပ္ခြင့္ ႐ုပ္သိမ္းလိုက္ပါတယ္။ ေဝဖန္တိုက္ခိုက္တဲ့ပို႔စ္ေတြ ဆိုရွယ္မီဒီယာေတြေပၚမွာ ျပန္လည္ပ်ံ႕ႏွံ႔လာၿပီးေနာက္မွာ ကုမၸဏီက ဒီလိုဆုံးျဖတ္ခ်က္ခ်ခဲ့တာျဖစ္ပါတယ္။

ဂ်ိမ္းစ္ဂန္းဟာ အရင္တုန္းက ကေလးသူငယ္ေတြကို လိင္စိတ္တိမ္းၫႊတ္ေဖာက္ျပန္တဲ့ေရာဂါ (Paedophilia) နဲ႔ အဓမၼက်င့္မႈ (Rape case)ေတြအေၾကာင္းကို ဟာသလုပ္ၿပီး tweet ႏွစ္ေစာင္တင္ခဲ့ဖူးပါတယ္။ ေနာက္ပိုင္းမွာ သူတင္မိခဲ့တဲ့အတြက္ ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။ ဒါေပမယ့္ ေဝါ့ဒစ္စေနစတူဒီယို (Walt Disney Studios)ရဲ႕ ဥကၠဌတစ္ဦးျဖစ္သူ အယ္လန္ဟြန္း (Alan Horn)ကေတာ့ ေသာၾကာေန႔က ေၾကျငာခ်က္ထုတ္ခဲ့ပါတယ္။ သူ႕ေၾကျငာခ်က္ထဲမွာ ဂ်ိမ္းစ္ရဲ႕tweetေတြအေပၚ ျပန္လည္ေဝဖန္တိုက္ခိုက္ခ်က္ေတြဟာ မဖယ္ရွားႏိုင္ေလာက္ေအာင္ပါပဲလို႔ ေဖာ္ျပထားပါတယ္။ “ဒီအေၾကာင္းအရာေတြက ကၽြန္ေတာ္တို႔စတူဒီယိုနဲ႔ မဆီေလ်ာ္ပါဘူး။ ဒါေၾကာင့္ ဂ်ိမ္းစ္နဲ႔စီးပြားေရးဆိုင္ရာပတ္သက္မႈကို ၫွာတာဖို႔လည္း အေၾကာင္းမရွိပါဘူး”လို႔ သူကဆိုပါတယ္။

ဂ်ိမ္းစ္ဟာ Guardians of the Galaxy ပထမႏွစ္ကားကို စီစဥ္႐ိုက္ကူးခဲ့သူျဖစ္ကာ ဒီဇာတ္ကားႏွစ္ကားကေန အျမတ္အစြန္းအမ်ားႀကီး ရွာေပးႏိုင္ခဲ့သူျဖစ္ၿပီး Marvel ရဲ႕ franchise ေတြေပၚမွာလည္း အလုပ္လုပ္ေပးခဲ့သူျဖစ္ပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဂ်ိမ္းစ္ဟာ ျပန္လည္ေတာင္းပန္ခဲ့ေပမယ့္ ကေလးသူငယ္ေတြအတြက္ အဓိကထားတဲ့ဇာတ္ကားေတြ အမ်ားစုထုတ္လုပ္ေနတဲ့ ဒစ္စေနအတြက္ေတာ့ ဒါဟာျပစ္ခ်က္ႀကီးတစ္ခု ျဖစ္ေနခဲ့ပုံပါပဲ။ ဒီစာသားေတြတင္ခဲ့တဲ့ ဟိုးအရင္ႏွစ္ေတြတုန္းက ဂ်ိမ္းစ္နဲ႔ အခုဂ်ိမ္းစ္ဟာ အရမ္းအရမ္းကို ကြဲျပားတဲ့ႏွစ္ေယာက္ျဖစ္ေနပါၿပီလို႔ သူကေျပာပါတယ္။ သူ႕ရဲ႕အျပဳအမူေၾကာင့္ ထိခိုက္ခဲ့ရတဲ့သူေတြအားလုံးကိုေကာ သူေျပာခဲ့တဲ့စကားလုံးတစ္လုံးခ်င္းစီအတြက္ ေတာင္းပန္ေၾကာင္း ထပ္မံေျပာၾကားခဲ့ပါတယ္။

ဆိုရွယ္မီဒီယာေတြေပၚ ျပန္လည္ပ်ံ႕ႏွံ႔လာတဲ့ပို႔စ္ေတြနဲ႔ ပတ္သက္လို႔ ဂ်ိမ္းစ္ကိုေဝဖန္ၾကသူေတြလည္း အမ်ားအျပားရွိပါတယ္။ ဂ်ိမ္းစ္ဟာ ကိစၥရပ္တစ္ခုအေပၚ စိတ္ထဲရွိတဲ့အတိုင္း ထုတ္ေဖာ္ေျပာၾကားတတ္သူျဖစ္ၿပီး ေဒၚနယ္ထရန္႔ကိုလည္း ေပၚတင္ေဝဖန္ခဲ့ဖူးပါေသးတယ္။ ဆက္လက္႐ိုက္ကူးမယ့္ Guardians of the Galaxy Vol.3 ရဲ႕ ဒါ႐ိုက္တာကို ဘယ္သူ႕ကိုေ႐ြးခ်ယ္မယ္ဆိုတာေတာ့ အခုထိ မသိရေသးပါဘူး။ Guardians of the Galaxy ခ်စ္သူေတြကေတာ့ သူတို႔ခ်စ္တဲ့ဒါ႐ိုက္တာႀကီးအတြက္ ခံျပင္းေနၾကသလို တစ္ဘက္မွာလည္း ဒစ္စေနက ဆုံးျဖတ္ခ်က္ကို မျပင္ေတာ့တဲ့ပုံပါပဲ။

Ref: BBC “Guardians of the Galaxy director James Gunn fired”
Unicodeဖြင့်ဖတ်ရန်
တော်တော်ဝမ်းနည်းစရာကောင်းတဲ့ သတင်းလေးပါပဲ။ အထူးသဖြင့် Guardians of the Galaxy ဇာတ်ကားချစ်သူတွေအတွက်ပေါ့။

ဒစ်စနေ (Disney)ကုမ္ပဏီက ဂျိမ်းစ်ဂန်း (James Gunn)ကို အရင်ကသူတင်ခဲ့တဲ့ tweet စာသားလေးနှစ်ခုကြောင့် အခုအသစ်ရိုက်ကူးမယ့် Guardians of the Galaxy Vol. 3 မှာ ဒါရိုက်တာလုပ်ခွင့် ရုပ်သိမ်းလိုက်ပါတယ်။ ဝေဖန်တိုက်ခိုက်တဲ့ပို့စ်တွေ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန်လည်ပျံ့နှံ့လာပြီးနောက်မှာ ကုမ္ပဏီက ဒီလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

ဂျိမ်းစ်ဂန်းဟာ အရင်တုန်းက ကလေးသူငယ်တွေကို လိင်စိတ်တိမ်းညွှတ်ဖောက်ပြန်တဲ့ရောဂါ (Paedophilia) နဲ့ အဓမ္မကျင့်မှု (Rape case)တွေအကြောင်းကို ဟာသလုပ်ပြီး tweet နှစ်စောင်တင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ သူတင်မိခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် ဝေါ့ဒစ်စနေစတူဒီယို (Walt Disney Studios)ရဲ့ ဥက္ကဌတစ်ဦးဖြစ်သူ အယ်လန်ဟွန်း (Alan Horn)ကတော့ သောကြာနေ့က ကြေငြာချက်ထုတ်ခဲ့ပါတယ်။ သူ့ကြေငြာချက်ထဲမှာ ဂျိမ်းစ်ရဲ့tweetတွေအပေါ် ပြန်လည်ဝေဖန်တိုက်ခိုက်ချက်တွေဟာ မဖယ်ရှားနိုင်လောက်အောင်ပါပဲလို့ ဖော်ပြထားပါတယ်။ “ဒီအကြောင်းအရာတွေက ကျွန်တော်တို့စတူဒီယိုနဲ့ မဆီလျော်ပါဘူး။ ဒါကြောင့် ဂျိမ်းစ်နဲ့စီးပွားရေးဆိုင်ရာပတ်သက်မှုကို ညှာတာဖို့လည်း အကြောင်းမရှိပါဘူး”လို့ သူကဆိုပါတယ်။

ဂျိမ်းစ်ဟာ Guardians of the Galaxy ပထမနှစ်ကားကို စီစဉ်ရိုက်ကူးခဲ့သူဖြစ်ကာ ဒီဇာတ်ကားနှစ်ကားကနေ အမြတ်အစွန်းအများကြီး ရှာပေးနိုင်ခဲ့သူဖြစ်ပြီး Marvel ရဲ့ franchise တွေပေါ်မှာလည်း အလုပ်လုပ်ပေးခဲ့သူဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျိမ်းစ်ဟာ ပြန်လည်တောင်းပန်ခဲ့ပေမယ့် ကလေးသူငယ်တွေအတွက် အဓိကထားတဲ့ဇာတ်ကားတွေ အများစုထုတ်လုပ်နေတဲ့ ဒစ်စနေအတွက်တော့ ဒါဟာပြစ်ချက်ကြီးတစ်ခု ဖြစ်နေခဲ့ပုံပါပဲ။ ဒီစာသားတွေတင်ခဲ့တဲ့ ဟိုးအရင်နှစ်တွေတုန်းက ဂျိမ်းစ်နဲ့ အခုဂျိမ်းစ်ဟာ အရမ်းအရမ်းကို ကွဲပြားတဲ့နှစ်ယောက်ဖြစ်နေပါပြီလို့ သူကပြောပါတယ်။ သူ့ရဲ့အပြုအမူကြောင့် ထိခိုက်ခဲ့ရတဲ့သူတွေအားလုံးကိုကော သူပြောခဲ့တဲ့စကားလုံးတစ်လုံးချင်းစီအတွက် တောင်းပန်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ် ပြန်လည်ပျံ့နှံ့လာတဲ့ပို့စ်တွေနဲ့ ပတ်သက်လို့ ဂျိမ်းစ်ကိုဝေဖန်ကြသူတွေလည်း အများအပြားရှိပါတယ်။ ဂျိမ်းစ်ဟာ ကိစ္စရပ်တစ်ခုအပေါ် စိတ်ထဲရှိတဲ့အတိုင်း ထုတ်ဖော်ပြောကြားတတ်သူဖြစ်ပြီး ဒေါ်နယ်ထရန့်ကိုလည်း ပေါ်တင်ဝေဖန်ခဲ့ဖူးပါသေးတယ်။ ဆက်လက်ရိုက်ကူးမယ့် Guardians of the Galaxy Vol.3 ရဲ့ ဒါရိုက်တာကို ဘယ်သူ့ကိုရွေးချယ်မယ်ဆိုတာတော့ အခုထိ မသိရသေးပါဘူး။ Guardians of the Galaxy ချစ်သူတွေကတော့ သူတို့ချစ်တဲ့ဒါရိုက်တာကြီးအတွက် ခံပြင်းနေကြသလို တစ်ဘက်မှာလည်း ဒစ်စနေက ဆုံးဖြတ်ချက်ကို မပြင်တော့တဲ့ပုံပါပဲ။

Ref: BBC “Guardians of the Galaxy director James Gunn fired”
Credit; Sophia (႐ိုးရာေလး)