ZawGyiျဖင့္ဖတ္ရန္

ႏိုင္ငံေက်ာ္ Iron Cross Rock ေတးဂီတအဖြဲ႕နဲ႔အတူ ေတးသံရွင္မ်ိဳးႀကီးဟာ ပရိသတ္အခိုင္အမာရွိၿပီးသား အဆိုေတာ္တစ္ဦးျဖစ္ၿပီး၁၉၇၆ ခုႏွစ္ မတ္လ ၂၂ ရက္ေန႔မွာ ေမြးဖြားခဲ့ကာ လက္ရွိအခ်ိန္မွာ အသက္ ၄၂ ႏွစ္ရွိၿပီ ျဖစ္ပါတယ္။ တစ္ကိုယ္ေတာ္ ေတးစီးရီး ၉ ေခြခန႔္ ထြက္ရွိထားၿပီး သူ႔ရဲ႕သီခ်င္းေပါင္းမ်ားစြာဟာ ေရာခ့္ေတးဂီတခ်စ္သူ လူငယ္ေတြၾကားမွာ ေရပန္းစားေနဆဲပါ။ မ်ိဳးႀကီးရဲ႕ ပရိသတ္ေတြအတြက္ အမွတ္တရျဖစ္ေစမယ့္ အင္တာဗ်ဴးျဖတ္ပိုင္းေလးတစ္ခုကို အင္တာနက္ကေန မေတာ္တဆ ေတြ႕မိခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္က အင္တာဗ်ဴး ျဖတ္ပိုင္းေလးတစ္ခု

ဒီျဖတ္ပိုင္းေလးအရေတာ့ မ်ိဳးႀကီးရဲ႕အေမဟာ မၪၨိမလႈိင္းေတးဂီတအဖြဲ႕က ဦးရဲလြင္ႀကီးရဲ႕ ညီမျဖစ္ၿပီး မ်ိဳးႀကီးရဲ႕ လက္ဦးဆရာေတြကေတာ့ ဦးရဲလြင္နဲ႔ Iron Cross က ခ်စ္စမ္းေမာင္တို႔ပါတဲ့။ သူ႔ရဲ႕နာမည္အရင္းကေတာ့ မ်ိဳးမင္းေဌးျဖစ္ၿပီး ငယ္စဥ္ကတည္းက Rock ေတးဂီတကို ခုန္မင္ခဲ့သူတစ္ဦးပါ။

“Disco နဲ႔ Rap ကို မႀကိဳက္ဘူး Rock တီးတယ္ Heavy Metal ကို အႀကိဳက္ဆုံးပဲ ေနာက္ Classic တို႔ Blues တို႔လည္း ႀကိဳက္ပါတယ္။ ဂီတကိုအခုလုပ္ေနတာ စီးပြားေရးအတြက္ မဟုတ္ပါဘူး။ ႀကိဳးစားတုန္းပါ” ဆိုတာကေတာ့ မ်ိဳးႀကီးဟာ ဂီတကို ငယ္စဥ္ကတည္းက သစၥာရွိစြာ ျမတ္ႏိုးေၾကာင္း ထင္ရွားေနပါတယ္။

ယေန႔ေခတ္လူငယ္ေတြကေတာ့ မ်ိဳးႀကီးရဲ႕သီခ်င္းေတြကို စြဲလမ္းဆဲျဖစ္သလို ၉၀ ခုဖြား လူငယ္ေတြကေတာ့ ကာရာအိုေကဆိုင္ေတြမွာ မ်ိဳးႀကီးရဲ႕ သီခ်င္းေတြကို ဟစ္လို႔ေကာင္းဆဲျဖစ္ပါတယ္။ Iron Cross ပရိသတ္ေတြကလည္ Iron Cross ကေန ထပ္မံထြက္ရွိလာမယ့္ သီခ်င္းသစ္ေတြကို ေစာင့္ေမွ်ာ္လွ်က္ရွိေနပါတယ္။

Source – Iron Cross Fan Club

Credit:AK(Momolay)

Unicodeဖြင့်ဖတ်ရန်

Disco နဲ့ Rap ကိုမကြိုက်ဘူးဆိုတဲ့ တစ်ခါတုန်းက မျိုးကြီးအင်တာဗျူး

နိုင်ငံကျော် Iron Cross Rock တေးဂီတအဖွဲ့နဲ့အတူ တေးသံရှင်မျိုးကြီးဟာ ပရိသတ်အခိုင်အမာရှိပြီးသား အဆိုတော်တစ်ဦးဖြစ်ပြီး ၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ကာ လက်ရှိအချိန်မှာ အသက် ၄၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ တစ်ကိုယ်တော် တေးစီးရီး ၉ ခွေခန့် ထွက်ရှိထားပြီး သူ့ရဲ့သီချင်းပေါင်းများစွာဟာ ရောခ့်တေးဂီတချစ်သူ လူငယ်တွေကြားမှာ ရေပန်းစားနေဆဲပါ။ မျိုးကြီးရဲ့ ပရိသတ်တွေအတွက် အမှတ်တရဖြစ်စေမယ့် အင်တာဗျူးဖြတ်ပိုင်းလေးတစ်ခုကို အင်တာနက်ကနေ မတော်တဆ တွေ့မိခဲ့ပါတယ်။

အသက် ၁၈ နှစ်က အင်တာဗျူး ဖြတ်ပိုင်းလေးတစ်ခု

ဒီဖြတ်ပိုင်းလေးအရတော့ မျိုးကြီးရဲ့အမေဟာ မဉ္ဇိမလှိုင်းတေးဂီတအဖွဲ့က ဦးရဲလွင်ကြီးရဲ့ ညီမဖြစ်ပြီး မျိုးကြီးရဲ့ လက်ဦးဆရာတွေကတော့ ဦးရဲလွင်နဲ့ Iron Cross က ချစ်စမ်းမောင်တို့ပါတဲ့။ သူ့ရဲ့နာမည်အရင်းကတော့ မျိုးမင်းဌေးဖြစ်ပြီး ငယ်စဉ်ကတည်းက Rock တေးဂီတကို ခုန်မင်ခဲ့သူတစ်ဦးပါ။

“Disco နဲ့ Rap ကို မကြိုက်ဘူး Rock တီးတယ် Heavy Metal ကို အကြိုက်ဆုံးပဲ နောက် Classic တို့ Blues တို့လည်း ကြိုက်ပါတယ်။ ဂီတကိုအခုလုပ်နေတာ စီးပွားရေးအတွက် မဟုတ်ပါဘူး။ ကြိုးစားတုန်းပါ” ဆိုတာကတော့ မျိုးကြီးဟာ ဂီတကို ငယ်စဉ်ကတည်းက သစ္စာရှိစွာ မြတ်နိုးကြောင်း ထင်ရှားနေပါတယ်။

ယနေ့ခေတ်လူငယ်တွေကတော့ မျိုးကြီးရဲ့သီချင်းတွေကို စွဲလမ်းဆဲဖြစ်သလို ၉၀ ခုဖွား လူငယ်တွေကတော့ ကာရာအိုကေဆိုင်တွေမှာ မျိုးကြီးရဲ့ သီချင်းတွေကို ဟစ်လို့ကောင်းဆဲဖြစ်ပါတယ်။ Iron Cross ပရိသတ်တွေကလည် Iron Cross ကနေ ထပ်မံထွက်ရှိလာမယ့် သီချင်းသစ်တွေကို စောင့်မျှော်လျှက်ရှိနေပါတယ်။

Source – Iron Cross Fan Club

Credit:AK(Momolay)

LEAVE A REPLY