ZawGyiဖြင့်ဖတ်ရန်







ကိုင်ပါတယ်

လက်ခံစကားပြောပါတယ်

အခြေအနေကိုပြောပြပြီး ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတော့ အနီးဆုံးမိုင်တိုင်ရဲကင်းကို ဖုန်းဆက်ပြီး ချက်ချင်းလွှတ်ပေးပါမယ်













အဲ့ရဲကင်းက ဆရာတွေကလည်း တူတော်မောင်ကို ပန့်ဆိုင်ရှိရာအထိ လိုက်ပို့လမ်းညွှန်ပြီး ကား ဆီသို့ ပြန်ပို့ပေးဖို့







အခုမှ….





Credit -Myo Min

Unicodeဖြင့်ဖတ်ရန်

တကယ်အားကိုးရတဲ့ အမြန်လမ်းရဲကင်းတွေ . . .ကိုယ်တွေ့အဖြစ်အပျက်

အမြန်လမ်းရဲကင်းတွေတကယ်အားကိုးရပါတယ်

မနေ့က ညည့်နက်ပိုင်း လမ်းမှာဆီပြတ်တယ်

ကားတွေကိုအကူအညီတောင်းဖို့တားတာလည်း အမြန်လမ်းပေါ်မှာ မကြာခနဖြစ်ပေါ်နေတဲ့ ဒုစရိုက်မှု/လုရိုက်မှု/

အကြမ်းဖက်မှုတွေကြောင့် ရပ်မပေးကြတာများပါတယ်

အဲဒါနဲ့အနီးဆုံးမိုင်တိုင်က ရဲကင်းဖုန်းနံပါတ်ကို ခေါ်လိုက်ပါတယ်….မကိုင်ပါဘူး

ဒုတိယအနီးဆုံးရဲကင်းဖုန်းနံပါတ်ကို ခေါ်ပါတယ်

ကိုင်ပါတယ်

လက်ခံစကားပြောပါတယ်

အခြေအနေကိုပြောပြပြီး ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတော့ အနီးဆုံးမိုင်တိုင်ရဲကင်းကို ဖုန်းဆက်ပြီး ချက်ချင်းလှွတ်ပေးပါမယ်

ဆိုပြီး ၁၀ မိနစ်အတွင်း ဆရာကြီးတယောက်ဆိုင်ကယ်နဲ့ရောက်ချလာပါတယ်

ဆီဆိုင်တွေလည်းအနီးအနားမှာရှိကောင်းရှိနိုင်ပေမဲ့ ညည့်နက်ပြီဖြစ်တဲ့အတွက် ဆိုင်ပိတ် အိပ်ကြပြီဖြစ်လို့ နှိုးဖို့ဆိုတာလည်း

ကိုယ့်ကို ဓါးပြဆိုပီး ဓါးပြထင်ပီး ဖွင့်ပေးကြမယ်မထင်ပါဘူး

ရောက်လာတဲ့ဆရာကြီးက အကျိုးအကြောင်းမေးပြီး ဆီဝယ်လို့ရမဲ့သူ့မိတ်ဆွေအိမ်ကို နှိုးပြီး သူဝယ်ပေးပါ့မယ်ဆိုပြီး

သူ့ဆိုင်ကယ်နဲ့ တင်ခေါ်ကာ လိုက်ဝယ်ပေး ကားဆီအရောက်ပြန်ပို့ပေး ကား စက်နှိုးတဲ့အထိ စိတ်ရှည်ရှည်နဲ့ ကူညီသွားပါတယ်

လုံးဝအဆင်ပြေခဲ့ပါတယ်

စက်လည်းနှိုးလို့ရရော ဆရာကြီးကို ကျေးဇူးတင်စကားပြောကြားပြီး ဆရာကြီးကို နည်းနည်း”ဂါ”ပါရစေဆိုပြီး

လက္ဘက်ရည်ဖိုး အိပ်ကပ်ထဲထိထည့်ပေးတာ လုံးဝလက်မခံပါဘူး လုံးဝငြင်းပယ်ပါတယ်

(တာဝန်မဲ့ကျေးဇူးမဲ့ဖြစ်မစိုးလို့ သဘောရိုးနဲ့

အရမ်းကို တာဝန်သိတာဝန်ကျေတဲ့ အမြန်လမ်းရဲကင်းတွေ ဖြစ်လို့နေပီဆိုတာ ပြောချင်တာပါ

ဒါ့အပြင် ဆရာကြီးမလာခင် ကားကြုံတစ်စီးနဲ့ တူတော်မောင်ကို ဆီဝယ်ထည့်လိုက်တာ အနီးအနားမှာ

လုံးဝဝယ်လို့မရနိုင်ပဲ ၁၄/၅ မိုင်အကွာလောက်က ရဲကင်းမှာ ရောက်နေပါရော….

အဲ့ရဲကင်းက ဆရာတွေကလည်း တူတော်မောင်ကို ပန့်ဆိုင်ရှိရာအထိ လိုက်ပို့လမ်းညှွန်ပြီး ကား ဆီသို့ ပြန်ပို့ပေးဖို့

အဆင်သင့်ဖြစ်နေခဲ့တယ် လို့ တူတော်မောင်ဆီက ပြန်သိရပါတယ်

အဲ့ဒိကြားအချိန်မှာပဲ ရောက်ရှိလာတဲ့ဆရာကြီးက ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူကိုညီပေးသွားလို့

တူတော်မောင်ရောက်နေတဲ့ရဲကင်းက မကူညီလိုက်ရတာပါ…..

ဒုက္ခရောက်နေတဲ့ ခရီးသွားပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ကူညီဝန်းရံပေးဖို့ အဆင်သင့်ဖြစ်နေကြပီဆိုတဲ့

ပြောင်းလဲနေတဲ့ အမြန်လမ်းပေါ်က ရဲကင်းတွေအကြောင်း အသိပေးတင်ပြလိုတာသာဖြစ်ပါတယ်

အမြန်လမ်းမကြီးပေါ်က ရဲကင်းတွေဟာ တကယ်ကိုတန်ဖိုးရှိတဲ့………

အခုမှ….

“ကူညီပါရစေ”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အားကိုးအားထားထိုက်တဲ့ ပြည်သူ့အဖွဲ့အစည်းဖြစ်နေပီဆိုတာလေး …..

ပြောင်းလဲနေတဲ့သူတွေလည်းရှိနေပါတယ်ဆိုတာကို

အမြန်လမ်းရဲကင်းတွေကို တလေးတစား ဂုဏ်ပြုချီးမွမ်းမိပါကြောင်း……

လုံးဝ(လုံးဝ)သဘောရိုးနဲ့ တင်ပြအပ်ပါတယ်

Credit –Myo Min