ေနျပည္ေတာ္
Zawgyiျဖင့္ဖတ္ရန္
အိမ္အကူလုပ္ကိုင္ေန ေသာ အမ်ဳိးသမီးတစ္ဦးက ေငြက်ပ္ႏွစ္ဆယ့္တစ္သိန္းငါးေသာင္းခိုးယူထြက္ေျပးခဲ့၍ ရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း ဒီဇိုင္နာ ေဌးေဌးတင္က ေျပာသည္။
ဇူလိုင္ ၁၇ ရက္ ညေနက အိမ္သားမ်ားအလုပ္မ်ားေနခ်ိန္ အိမ္အကူအမ်ဳိးသမီးသည္ အိပ္ခန္းအတြင္းသို႔ အ၀င္အထြက္ျပဳလုပ္ၿပီး ညေန ၆ နာရီ မိနစ္ ၄၀ ခန္႔တြင္ ေနအိမ္ရွိ လူမ်ားအား အသိမေပးဘဲ ထြက္သြားခဲ့သည္ဟု ဆိုသည္။ ထို႔အတြက္ ေနအိမ္အိပ္ခန္းအတြင္း စစ္ေဆးၾကည့္ရာအိပ္ခန္းထဲမွ ခုတင္ေပၚတြင္ထားရွိေသာ KBZ ဘဏ္ ႂကြပ္ႂကြပ္အိတ္ျဖင့္ ထုပ္ထားသည့္ က်ပ္ႏွစ္ဆယ့္တစ္သိန္းငါးေသာင္းေပ်ာက္ဆံုးေနသည္ကို ေတြ႕ရေသာေၾကာင့္ ဥပေဒအရ အေရးယူေပးရန္ ၾကည့္ျမင္တိုင္ၿမိဳ႕မရဲစခန္းတြင္ ပုဒ္မ ၃၈၁ ျဖင့္ အမႈဖြင့္တိုင္ၾကားထား သည္ဟု ဒီဇိုင္နာ ေဌးေဌးတင္က ဆိုသည္။

‘‘အိမ္မွာကလည္း အဲဒီေန႔က စက္ခ်ဳပ္တဲ့ကေလးေတြ အလုပ္ ပိတ္တဲ့ေန႔ဆိုေတာ့ အလုပ္သမား ေတြမရွိၾကဘူး။ အစ္မနဲ႔ သင္တန္း သူေတြပဲရွိတယ္။ အစ္မက စာ သင္ေနတယ္။ သူက အ၀တ္ ေလွ်ာ္မယ္ဆိုၿပီး အေပၚကိုေရာက္လာတယ္။ ေန႔လယ္ ၂ နာရီ ေလာက္ေပါ့။ အစ္မလည္း သူရွိ တယ္ဆိုၿပီး သတိနဲ႔ ေနေနတာပဲ။ ညေနက်ေတာ့ အျပင္မွာ ဧည့္ သည္ေရာက္လို႔ ထြက္ေတြ႕လိုက္ တာ ၁၀ မိနစ္အတြင္း ခဏေလး အတြင္းမွာပဲ သူက ပိုက္ဆံထုပ္ကို ယူၿပီး တန္းၿပီးထြက္ေျပးသြား တယ္’’ဟု ၎က ေျပာသည္။

အဆိုပါအိမ္အကူအမ်ဳိးသမီးသည္ အသက္ (၃၀) အရြယ္ျဖစ္ ၿပီး အြန္လိုင္းပြဲစားျဖင့္ ေရာက္ရွိ လာျခင္းျဖစ္ကာ ေနစားၿငိမ္း တစ္လေငြက်ပ္ တစ္သိန္းခြဲျဖင့္ ဒီဇိုင္နာ ေဌးေဌးတင္ေနအိမ္တြင္ အိမ္အကူလုပ္ကိုင္ေနျခင္း ျဖစ္ သည္။

အဆိုပါအမ်ဳိးသမီးသည္ ဒီဇိုင္နာ ေဌးေဌးတင္ေနအိမ္တြင္ ယခင္က သံုးလၾကာလုပ္ကိုင္ၿပီး ေနမေကာင္းျဖစ္သည္ဟု အ ေၾကာင္းျပၿပီး ၎ေနထိုင္ရာ ေက်ာက္ျဖဴေတာင္ရြာ (ေတာင္ ပိုင္း) ဆင္ေပါင္၀ဲၿမိဳ႕နယ္ မေကြး တိုင္းေဒသသို႔ အႀကိမ္ေပါင္းမ်ား စြာ ျပန္ေလ့ရွိသည္ဟုလည္း ဆို သည္။

‘‘အစ္မတို႔က စည္းကမ္းအ ရမ္းမတင္းက်ပ္တာလည္းပါ တယ္။ ခဏျပန္လာေသးတယ္။ ရင္သားကင္ဆာရွိတယ္ဆိုၿပီး ျပန္ သြားတယ္။ အခုျပန္လာၿပီး အ လုပ္လုပ္မယ္ဆိုၿပီးပဲရွိေသးတယ္။ ဘာမွကို သူ႕ကိုေသခ်ာမေမးရ ေသးဘူး။ ပိုက္ဆံထုပ္ယူၿပီး ထြက္ေျပးသြားတာပဲ’’ဟု ၎က ေျပာ သည္။
Unicodeဖြင့်ဖတ်ရန်
အိမ်အကူလုပ်ကိုင်နေ သော အမျိုးသမီးတစ်ဦးက ငွေကျပ်နှစ်ဆယ့်တစ်သိန်းငါးသောင်းခိုးယူထွက်ပြေးခဲ့၍ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဒီဇိုင်နာ ဌေးဌေးတင်က ပြောသည်။
ဇူလိုင် ၁၇ ရက် ညနေက အိမ်သားများအလုပ်များနေချိန် အိမ်အကူအမျိုးသမီးသည် အိပ်ခန်းအတွင်းသို့ အဝင်အထွက်ပြုလုပ်ပြီး ညနေ ၆ နာရီ မိနစ် ၄၀ ခန့်တွင် နေအိမ်ရှိ လူများအား အသိမပေးဘဲ ထွက်သွားခဲ့သည်ဟု ဆိုသည်။ ထို့အတွက် နေအိမ်အိပ်ခန်းအတွင်း စစ်ဆေးကြည့်ရာအိပ်ခန်းထဲမှ ခုတင်ပေါ်တွင်ထားရှိသော KBZ ဘဏ် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် ကျပ်နှစ်ဆယ့်တစ်သိန်းငါးသောင်းပျောက်ဆုံးနေသည်ကို တွေ့ရသောကြောင့် ဥပဒေအရ အရေးယူပေးရန် ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် ပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်တိုင်ကြားထား သည်ဟု ဒီဇိုင်နာ ဌေးဌေးတင်က ဆိုသည်။

‘‘အိမ်မှာကလည်း အဲဒီနေ့က စက်ချုပ်တဲ့ကလေးတွေ အလုပ် ပိတ်တဲ့နေ့ဆိုတော့ အလုပ်သမား တွေမရှိကြဘူး။ အစ်မနဲ့ သင်တန်း သူတွေပဲရှိတယ်။ အစ်မက စာ သင်နေတယ်။ သူက အဝတ် လျှော်မယ်ဆိုပြီး အပေါ်ကိုရောက်လာတယ်။ နေ့လယ် ၂ နာရီ လောက်ပေါ့။ အစ်မလည်း သူရှိ တယ်ဆိုပြီး သတိနဲ့ နေနေတာပဲ။ ညနေကျတော့ အပြင်မှာ ဧည့် သည်ရောက်လို့ ထွက်တွေ့လိုက် တာ ၁၀ မိနစ်အတွင်း ခဏလေး အတွင်းမှာပဲ သူက ပိုက်ဆံထုပ်ကို ယူပြီး တန်းပြီးထွက်ပြေးသွား တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါအိမ်အကူအမျိုးသမီးသည် အသက် (၃၀) အရွယ်ဖြစ် ပြီး အွန်လိုင်းပွဲစားဖြင့် ရောက်ရှိ လာခြင်းဖြစ်ကာ နေစားငြိမ်း တစ်လငွေကျပ် တစ်သိန်းခွဲဖြင့် ဒီဇိုင်နာ ဌေးဌေးတင်နေအိမ်တွင် အိမ်အကူလုပ်ကိုင်နေခြင်း ဖြစ် သည်။

အဆိုပါအမျိုးသမီးသည် ဒီဇိုင်နာ ဌေးဌေးတင်နေအိမ်တွင် ယခင်က သုံးလကြာလုပ်ကိုင်ပြီး နေမကောင်းဖြစ်သည်ဟု အ ကြောင်းပြပြီး ၎င်းနေထိုင်ရာ ကျောက်ဖြူတောင်ရွာ (တောင် ပိုင်း) ဆင်ပေါင်ဝဲမြို့နယ် မကွေး တိုင်းဒေသသို့ အကြိမ်ပေါင်းများ စွာ ပြန်လေ့ရှိသည်ဟုလည်း ဆို သည်။

‘‘အစ်မတို့က စည်းကမ်းအ ရမ်းမတင်းကျပ်တာလည်းပါ တယ်။ ခဏပြန်လာသေးတယ်။ ရင်သားကင်ဆာရှိတယ်ဆိုပြီး ပြန် သွားတယ်။ အခုပြန်လာပြီး အ လုပ်လုပ်မယ်ဆိုပြီးပဲရှိသေးတယ်။ ဘာမှကို သူ့ကိုသေချာမမေးရ သေးဘူး။ ပိုက်ဆံထုပ်ယူပြီး ထွက်ပြေးသွားတာပဲ’’ဟု ၎င်းက ပြော သည်။
Credit: 7Day