ZawGyiျဖင့္ဖတ္ရန္

အိမ္အကူအားႏွိပ္စက္

(လက္ကိုအပ္ျဖင့္စိုက္၍ ပလာရာျဖင့္ဆြဲႏႈတ္ျခင္း၊ဒူးေခါင္းကို အပ္ျဖင့္စိုက္ပီးတူႏွင့္အခ်က္ေပါင္းမ်ားစြာ႐ိုက္ႏွက္ျခင္း)

မႏၲေလးတိုင္းေဒသႀကီး အမရပူရၿမိဳ႕နယ္ ရတနာပုံတကၠသိုလ္အနီး ‘_____’ အပ္ခ်ဳပ္ဆိုင္တြင္ လာေရာက္အလုပ္လုပ္ကိုင္ေနေသာ အိမ္အကူ မေအးၾကင္(ပအိုဝ့္တိုင္းရင္းသူ)၁၄ႏွစ္ အဖ ဦးအိုက္ႏြမ္း(ကြယ္လြန္) အမိ ေဒၚေအးႂကြယ္ လာရွိဴးၿမိဳ႕နယ္ နမ့္မြန္းေက်း႐ြာတြင္ ေနထိုင္သူ အိမ္အကူမိန္းကေလးအား ဆိုင္ရွင္ျဖစ္သူ ေဒါက္တာဦး_____ႏွင့္ဇနီး ေဒၚ____တို႔မွ ႏွိပ္စက္ညႇင္းပန္းေနသည္ဟု တာဝန္သိျပည္သူတစ္ေယာက္မွ လာေရာက္တိုင္တန္းသျဖင့္ ေတာင္သမန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႈး ဦးေက်ာ္စိန္ႏွင့္ အဖြဲ႕မွ သြားေရာက္ကယ္တင္၍ မိန္းကေလးအား လုံၿခဳံေသာေနရာတြင္ ထိန္းသိမ္းေစာင့္ေရွာက္ထားပါသည္။

ျဖစ္စဥ္မွာ ၎ေနအိမ္တြင္ အိမ္အကူအျဖစ္ တစ္လလွ်င္ က်ပ္ေငြငါးေသာင္းငါးေထာင္ျဖင့္ လာေရာက္လုပ္ကိုင္ေနသည္မွာ သုံးလခန႔္ရွိၿပီဟု သိရပါသည္။ စတင္ေရာက္ရွိေသာ လတြင္ ေပ်ာ္ရွြင္ေအာင္ ထားေသာ္လည္း ေနာက္ပိုင္းတြင္ နည္းလမ္းမ်ိဳးစုံျဖင့္ ႏွိပ္စက္ျခင္းကို ခံခဲ့ရပါသည္။

ညႇင္းပန္းႏွိပ္စက္မႈမ်ား

အိမ္ရွင္ျဖစ္သူ ဦး_____မွ လက္သီးျဖင္ႀထိဳးျခင္း, ေျခေထာက္ျဖင့္ကန္ျခင္း , ပါး႐ိုက္ျခင္း, ေရဇလုံထဲတြင္ မ်က္ႏွာနစ္၍ အသက္ရွဴ၍မရေအာင္ ျပဳလုပ္ျခင္း, လက္က္ုအပ္ျဖင့္စိုက္၍ ပလာရာျဖင့္ ဆြဲႏႈတ္ျခင္း, ဒူးေခါင္းကို အပ္ျဖင့္စိုက္ပီး တူႏွင့္အခ်က္ေပါင္းမ်ားစြာ႐ိုက္ႏွက္ျခင္း, မ်က္ႏွာကိုအဝတ္စည္း၍ ေမာ္တာေမာင္းထားေသာ ေရပိုက္ျဖင့္ ထိုးႏွက္ျခင္း, ဆံပင္ဆြဲ၍ နံရံႏွင့္တိုက္ေစျခင္း, ဝိုင္ယာႀကိဳးျဖင့္ ႐ိုက္ႏွက္ျခင္း, တာယာဖိနပ္ကျဖင့္ ပါး႐ိုက္ျခင္း တို႔ကို ျပဳလုပ္ခဲ့ပါသည္။

မဖြယ္မရာျပဳလုပ္ရန္ခိုင္းေစျခင္း

အမ်ိဳးသမီးငယ္အား အိမ္ရွင္အမ်ိဳးသမီးမွ ခႏၶာကိုယ္အေပၚပိုင္းအား ကိုယ္လုံးတီးခြၽတ္၍ အိမ္ရွင္အမ်ိဳးသား၏ေရွ႕တြင္ ျပသျခင္းကို ခံခဲ့ရပါသည္။ ဝိုင္ယာႀကိဳးျဖင့္ ႐ိုက္ႏွက္၍ ငိုမိေသာအခါ ပီနံအိတ္ထဲထည့္ပီး ေရနစ္သတ္မည္ဟု ၿခိမ္းေျခာက္ခဲ့ပါသည္။ အမ်ိဳးသမီးငယ္၏ မိဘမ်ားမွာ မိခင္သာရွိ၍ စားဝတ္ေနေရး မေျပလည္သူမ်ား ျဖစ္ၾကပါသည္။ ယခုျဖစ္စဥ္အား အမရပူရၿမိဳ႕နယ္ ရဲစခန္းတြင္ ၂၈.၂.၂၀၁၇ ရက္ေန႔တြင္ သြားေရာက္တိုင္တန္းခဲ့ေသာ္လည္း အိမ္ရွင္ျဖစ္သူ အမ်ိဳးသားအား ေခၚယူစစ္ေဆးၿပီး ျပန္လႊတ္ေပးခဲ့သည္ဟု သိရွီရပါသည္။
ႏိုင္ရဲေဝ

၀၉-၉၇၂၂၂၂၀၀၃ သို႔ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

Credit: Tun Naing

UniCodeဖြင့်ဖတ်ရန်

အိမ်အကူအားနှိပ်စက်.. ဒူးခေါင်းကို အပ်ဖြင့်စိုက်ပီး တူနှင့် ရိုက် ပလာရာဖြင့်ပြန်ဆွဲနှုတ်ခြင်း

အိမ်အကူအားနှိပ်စက်

(လက်ကိုအပ်ဖြင့်စိုက်၍ ပလာရာဖြင့်ဆွဲနှုတ်ခြင်း၊ဒူးခေါင်းကို အပ်ဖြင့်စိုက်ပီးတူနှင့်အချက်ပေါင်းများစွာရိုက်နှက်ခြင်း)

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အနီး ‘_____’ အပ်ချုပ်ဆိုင်တွင် လာရောက်အလုပ်လုပ်ကိုင်နေသော အိမ်အကူ မအေးကြင်(ပအိုဝ့်တိုင်းရင်းသူ)၁၄နှစ် အဖ ဦးအိုက်နွမ်း(ကွယ်လွန်) အမိ ဒေါ်အေးကြွယ် လာရှိူးမြို့နယ် နမ့်မွန်းကျေးရွာတွင် နေထိုင်သူ အိမ်အကူမိန်းကလေးအား ဆိုင်ရှင်ဖြစ်သူ ဒေါက်တာဦး_____နှင့်ဇနီး ဒေါ်____တို့မှ နှိပ်စက်ညှင်းပန်းနေသည်ဟု တာဝန်သိပြည်သူတစ်ယောက်မှ လာရောက်တိုင်တန်းသဖြင့် တောင်သမန်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးကျော်စိန်နှင့် အဖွဲ့မှ သွားရောက်ကယ်တင်၍ မိန်းကလေးအား လုံခြုံသောနေရာတွင် ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။

ဖြစ်စဉ်မှာ ၎င်းနေအိမ်တွင် အိမ်အကူအဖြစ် တစ်လလျှင် ကျပ်ငွေငါးသောင်းငါးထောင်ဖြင့် လာရောက်လုပ်ကိုင်နေသည်မှာ သုံးလခန့်ရှိပြီဟု သိရပါသည်။ စတင်ရောက်ရှိသော လတွင် ပျော်ရှွင်အောင် ထားသော်လည်း နောက်ပိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်ခြင်းကို ခံခဲ့ရပါသည်။

ညှင်းပန်းနှိပ်စက်မှုများ

အိမ်ရှင်ဖြစ်သူ ဦး_____မှ လက်သီးဖြင်ထြိုးခြင်း, ခြေထောက်ဖြင့်ကန်ခြင်း , ပါးရိုက်ခြင်း, ရေဇလုံထဲတွင် မျက်နှာနစ်၍ အသက်ရှူ၍မရအောင် ပြုလုပ်ခြင်း, လက်က်ုအပ်ဖြင့်စိုက်၍ ပလာရာဖြင့် ဆွဲနှုတ်ခြင်း, ဒူးခေါင်းကို အပ်ဖြင့်စိုက်ပီး တူနှင့်အချက်ပေါင်းများစွာရိုက်နှက်ခြင်း, မျက်နှာကိုအဝတ်စည်း၍ မော်တာမောင်းထားသော ရေပိုက်ဖြင့် ထိုးနှက်ခြင်း, ဆံပင်ဆွဲ၍ နံရံနှင့်တိုက်စေခြင်း, ဝိုင်ယာကြိုးဖြင့် ရိုက်နှက်ခြင်း, တာယာဖိနပ်ကဖြင့် ပါးရိုက်ခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။

မဖွယ်မရာပြုလုပ်ရန်ခိုင်းစေခြင်း

အမျိုးသမီးငယ်အား အိမ်ရှင်အမျိုးသမီးမှ ခန္ဓာကိုယ်အပေါ်ပိုင်းအား ကိုယ်လုံးတီးချွတ်၍ အိမ်ရှင်အမျိုးသား၏ရှေ့တွင် ပြသခြင်းကို ခံခဲ့ရပါသည်။ ဝိုင်ယာကြိုးဖြင့် ရိုက်နှက်၍ ငိုမိသောအခါ ပီနံအိတ်ထဲထည့်ပီး ရေနစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ အမျိုးသမီးငယ်၏ မိဘများမှာ မိခင်သာရှိ၍ စားဝတ်နေရေး မပြေလည်သူများ ဖြစ်ကြပါသည်။ ယခုဖြစ်စဉ်အား အမရပူရမြို့နယ် ရဲစခန်းတွင် ၂၈.၂.၂၀၁၇ ရက်နေ့တွင် သွားရောက်တိုင်တန်းခဲ့သော်လည်း အိမ်ရှင်ဖြစ်သူ အမျိုးသားအား ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်ဟု သိရှီရပါသည်။
နိုင်ရဲဝေ

၀၉-၉၇၂၂၂၂၀၀၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Credit: Tun Naing