ZawGyiျဖင့္ဖတ္ရန္
ေသဆံုးခဲ့သည့္ အိမ္အကူေဒၚကရင္မအမႈအား အျမန္ဆံုးစစ္ေဆးေပးရန္ တရားစြဲတင္စစ္ေဆးခံေနရသည့္ အိမ္ရွင္ျဖစ္သူ ပဲခူးခ႐ုိင္ဥပေဒ႐ုံးမွဒုဦးစီးမွဴးေဒၚသဂႌစုက တရားခြင္အတြင္း ေတာင္းဆိုခဲ့သည္။

ဇူလိုင္လ ၁၈ ရက္၊ သန္လ်င္ၿမိဳ႕နယ္ရွိ၊ ရန္ကုန္ေတာင္ပိုင္းခ႐ုိင္တရား႐ုံးတြင္ အိမ္ရွင္ျဖစ္သူ ပဲခူးခ႐ုိင္ ဥပေဒ႐ုံးမွ ဒုဦးစီးမွဴးျဖစ္ေသာ ေဒၚသဂႌစုကို ၅ ႀကိမ္ေျမာက္႐ုံးထုတ္ခဲ့ၿပီး အုတ္ဖိုေက်းရြာမွ ရာအိမ္မွဴး ဦးထြန္းႀကိဳင္က တရားလိုျပသက္ေသအျဖစ္ စစ္ေဆးခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ႐ုံးခ်ိန္းႏွင့္ ယေန႔႐ံုးခ်ိန္းတြင္ တရားလိုျပသက္ေသ တစ္ဦးစီသာ စစ္ေဆးခဲ့သည့္အတြက္ အခ်ိန္ ၾကန္႔ၾကာမႈမျဖစ္ေစရန္ ႏွစ္ဖက္ေရွ႕ေနမ်ားႏွင့္ အိမ္ရွင္ျဖစ္သူ ေဒၚသဂႌစုကိုယ္တိုင္က အမႈအား ႐ုံးခ်ိန္းတစ္ ခ်ိန္းတြင္ ႏွစ္ဦးခန္႔ႏႈန္းျဖင့္ အျမန္ဆံုးစစ္ေဆးေပးရန္ဆႏၵရွိေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစန္းစန္းျမင့္က ေျပာသည္။

“ တရားခံကလည္း ထၿပီးေတာင္းဆိုတာက သူဒီအမႈကို ျမန္ျမန္ၿပီးေအာင္ စစ္ခ်င္ပါတယ္။ အဆင္ေျပပါတယ္။ တရားခံရဲ႕ ဆႏၵနဲ႔လည္း ညီညႊတ္တယ္။

တရား႐ုံးကလည္း ျမန္ျမန္ၿပီးေအာင္ ေဆာင္ရြက္ေပးခ်င္တယ္။ အန္တီ တို႔ကိုယ္တိုင္ နစ္နာသူဘက္ကလည္း ဒီအမႈမွန္ေပၚေပါက္ေရးနဲ႔ ျမန္ျမန္ၿပီးေရးကို လိုခ်င္တယ္”ဟု ေဒၚကရင္မ မိသားစုဘက္မွ လိုက္ပါေဆာင္ရြက္သူ ျပည္ေထာင္စုဥပေဒအေထာက္အကူျပဳေရးအဖြဲ႔မွ တရား လႊတ္ေတာ္ေရွ႕ေန ေဒၚစန္းစန္းျမင့္က ေျပာသည္။

ယေန႔ ႐ုံးခ်ိန္းတြင္ အုတ္ဖိုေက်းရြာမွ ရာအိမ္မွဴးျဖစ္သူ ဦးထြန္းႀကိဳင္က တရားခြင္အတြင္း ထြက္ဆိုခဲ့ရာတြင္ ၿပီးခဲ့သည့္ ေမလ ၁၉ ရက္ေန႔၌ အိမ္ရွင္ျဖစ္ေသာ ေဒၚသဂႌစုသည္ အိမ္အကူ ေဒၚကရင္မအား အုတ္ဖိုေက်းရြာရွိ ေနအိမ္သို႔ ျပန္လာပို႔ခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆုိခဲ့သည္။ ထိုသို႔ ေနအိမ္သို႔ ျပန္လာပို႔ျခင္းမွာ ေဒၚကရင္မအား ရန္ကုန္တြင္ ေဆးကုေပးမည္ဟု ေဒၚသဂႌစုက ေျပာဆိုခဲ့ေသာ္လည္း ေဒၚကရင္မက ေဆးမကုဘဲ ရြာသို႔ ျပန္ခ်င္သည္ဟု ေျပာသျဖင့္ ယခုကဲ့သို႔ ျပန္ပို႔ျခင္းျဖစ္ေၾကာင္း၊ ေဒၚကရင္မသည္ ေရဖ်ဥ္းႏွင့္ လိပ္ေခါင္းေရာဂါ ျဖစ္ေနေၾကာင္း ေဒၚသဂႌစုက ေျပာဆိုခဲ့သည္ဟု ရာအိမ္မွဴး ဦးထြန္းႀကိဳင္က ထြက္ဆိုအစစ္ေဆးခံခဲ့သည္။

ထို႔ေနာက္ ေဒၚသဂႌစုသည္ ေဒၚကရင္မအား ေဆးဖိုးအျဖစ္ ေငြက်ပ္ ၁၅ဝ,ဝဝဝ ေပးခဲ့ရာ ေဒၚကရင္မ က်န္းမာေရးအေျခအေနအရ ေငြပမာဏနည္းသည္ဟု ေျပာလိုက္သျဖင့္ ေငြက်ပ္ ၃ ေသာင္းထပ္တိုး ေပးခဲ့သျဖင့္ စုစုေပါင္း ေငြက်ပ္ ၁ သိန္း ၈ ေသာင္းေပးခဲ့သည္ဟု ဦးထြန္းႀကိဳင္ကေျပာသည္။

ေဒၚကရင္မအား လာေရာက္ပို႔ေဆာင္စဥ္က ေတြ႔ရွိခဲ့သည့္ အေျခအေနမွာ ယခင္က ရြာတြင္ေနသြားခဲ့သည့္ ပံုစံမဟုတ္ဘဲ မမွတ္မိေလာက္သည့္အထိ အ႐ုိးၿပိဳင္းၿပိဳင္းျဖစ္ေနၿပီး အိမ္တိုင္တြင္ မွီလွ်က္ အေနအထားျဖင့္ ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း ဦးထြန္းႀကိဳင္က မီဒီယာမ်ားႏွင့္ ေတြ႔ဆံုစဥ္ေျပာခဲ့ျဖစ္ျခင္းျဖစ္သည္။

“ေဒၚသဂႌစုက မကရင္မကို ဆြဲထူၿပီး မကရင္မ နင့္ကို ညွင္းပန္းႏွိပ္စက္ခဲ့တာရွိသလား။ ဒါေတြေမးတယ္။ ေမးေတာ့ မကရင္မ႐ုပ္က ရြာမွာ ရွိေနတုန္းက ႐ုပ္နဲ႔ တျခားစီျဖစ္ေနတယ္။ ပိန္ခ်ံဳးၿပီးေတာ့။ ေအာ္ က်န္းမာေရး အေျခအေနေတာ္ေတာ္ဆိုးသြားတာပဲလို႔ေျပာၿပီး ဆြဲထူလိုက္ေတာ့ ထိုင္ရက္ကေန ေခါင္းႀကီးက ငံု႔ရက္ျဖစ္ၿပီးေတာ့ အဲ့ဒါ ေဒၚသဂႌစုက နင္ကို ငါတို႔မိသားစုက ညွင္းပန္းႏွိပ္စက္ခဲ့တာ ရွိလားတဲ့။ မကရင္မက မရွိဘူး။ မရွိဘူးဆိုၿပီးေတာ့ ေခါင္းေတာင္ေမာ္မၾကည့္ရဲဘူးေပါ့။ ေၾကာက္ေနတဲ့ ပံုနဲ႔။ ေမာ့မၾကည့္ဘဲနဲ႔ ေခါင္းႀကီး ငံု႔ၿပီးေတာ့ လက္ခါျပတယ္။ မရွိဘူး၊ မရွိဘူးေျပာၿပီးေတာ့။ ဒါဆိုရင္ ဒီစာရြက္ေလးေပၚမွာ ညွင္းပန္းႏွိပ္စက္မႈ မရွိေၾကာင္း လက္မွတ္ထိုးေပးပါဆိုၿပီး ထိုးခိုင္းတယ္”ဟု ေဒၚကရင္မအား ေတြ႔ရွိခဲ့စဥ္က ျမင္ကြင္း အေျခအေန အား ရာအိမ္မွဴး ဦးထြန္းႀကိဳင္က ေျပာျပသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၁၁ ရက္ေန႔ ႐ုံးခ်ိန္းကလည္း တရားလိုျဖစ္သူ ရာအိမ္မွဴး ဦးေအးေသာင္းမွ လာေရာက္ ထြက္ဆိုခဲ့ၿပီး အမည္မသိအမ်ိဳးသမီးမွာ ျပန္သြားအၿပီး ေဒၚကရင္မက ၎အား ေဆး႐ုံပို႔ေပးရန္ ေျပာဆိုကာ သူမအား အိမ္ရွင္ ျဖစ္သူ ေဒၚသိဂႌစုက ႏွိပ္စက္ျခင္းမ်ားျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု ေျပာဆိုခဲ့ေၾကာင္း တရားခြင္ အတြင္း ထြက္ဆိုခဲ့သည္။

ထို႔အျပင္ ေဒၚကရင္မ၏ ဦးေခါင္း၊ နဖူး၊ ေမးေစ့၊ ပါး႐ုိးတို႔တြင္ ဒဏ္ရာမ်ားေတြ႔ရွိရသည့္အျပင္ ေပါင္တြင္ မီးပူျဖင့္ ထိုးထားသျဖင့္ အမာရြတ္အကြက္တစ္ကြက္ႏွင့္ ေက်ာကုန္းတြင္ အကြက္ႀကီးတစ္ကြက္ေတြ႔ေၾကာင္း ဦးေအးေသာင္းက ထြက္ဆိုခဲ့သည္။

အဆိုပါ ဒဏ္ရာမ်ားႏွင့္ ပတ္သက္ၿပီး ယင္းေက်းရြာတြင္ ေနထိုင္သူ ေဌးေဌးေမာ္က ဘာေၾကာင့္ ေဒၚသိဂႌ စုက လုပ္တာလဲဟု ေဒၚကရင္မကို ေမးျမန္းခဲ့ရာ ဆြဲႀကိဳးခိုးယူသည္ဟုဆိုကာ ထုိသုိ႔ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း ေဒၚကရင္မက အသက္ရွိစဥ္ ေျဖၾကားခဲ့သည္ဟု ဦးေသာင္းေအးက ထြက္ဆိုခဲ့သည္။ အုတ္ဖိုေက်းရြာ အုပ္ခ်ဳပ္ ေရးမွဴးျဖစ္သူ ဦးေသာင္းေအး ဆက္လက္ထြက္ဆိုခ်က္အရ ေဒၚကရင္မမွာ ေရာဂါဆိုးဝါးလာသျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးရန္ေျပာဆိုခဲ့သည့္အတြက္ ၎က ခတၳိယရဲစခန္းမွဴးႏွင့္ အုပ္ခ်ဳပ္ေရးမွဴး အား သြားေရာက္ ေခၚေဆာင္ခဲ့ေၾကာင္း ဆိုသည္။ ထိုသို႔ ေခၚေဆာင္ၿပီး ျပန္လာစဥ္ ေဒၚကရင္မမွာ ေသဆံုးေနသည့္အတြက္ ၎ကိုယ္တိုင္တရားလိုျပဳလုပ္ၿပီး အမႈဖြင့္တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ဦးေသာင္းေအးက ထြက္ဆိုအစစ္ေဆး ခံခဲ့သည္။

ယင္းအမႈႏွင့္ ပတ္သက္ၿပီး အိမ္ရွင္ျဖစ္သူ ေဒၚသိဂႌစုအား လူသတ္မႈပုဒ္မျဖစ္သည့္ ပုဒ္မ- ၃ဝ၂ ျဖင့္ ခ႐ုိင္တရား ႐ုံးသို႔ တရားစြဲတင္ၿပီး စစ္ေဆးေနျခင္းျဖစ္ကာ တရားလိုျပသက္ေသ ၂၉ ဦးအထိ တင္သြင္းထားေၾကာင္း သိရသည္။ ထို႔ေၾကာင့္ တရားလိုျပသက္ေသမ်ားအား ဆက္လက္စစ္ေဆးရန္အတြက္ ခ႐ုိင္တရား႐ုံးမွ လာမည့္ ဇူလိုင္လ ၂၅ ရက္ေန႔အား ျပန္လည္ခ်ိန္းဆိုလိုက္သည္။
Unicodeျဖင့္ဖတ္ရန္
သေဆုံးခဲ့သည့် အိမ်အကူဒေါ်ကရင်မအမှုအား အမြန်ဆုံးစစ်ဆေးပေးရန် တရားစွဲတင်စစ်ဆေးခံနေရသည့် အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံးမှဒုဦးစီးမှူးဒေါ်သင်္ဂီစုက တရားခွင်အတွင်း တောင်းဆိုခဲ့သည်။

ဇူလိုင်လ ၁၈ ရက်၊ သန်လျင်မြို့နယ်ရှိ၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင် ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သော ဒေါ်သင်္ဂီစုကို ၅ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး အုတ်ဖိုကျေးရွာမှ ရာအိမ်မှူး ဦးထွန်းကြိုင်က တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရုံးချိန်းနှင့် ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ တစ်ဦးစီသာ စစ်ဆေးခဲ့သည့်အတွက် အချိန် ကြန့်ကြာမှုမဖြစ်စေရန် နှစ်ဖက်ရှေ့နေများနှင့် အိမ်ရှင်ဖြစ်သူ ဒေါ်သင်္ဂီစုကိုယ်တိုင်က အမှုအား ရုံးချိန်းတစ် ချိန်းတွင် နှစ်ဦးခန့်နှုန်းဖြင့် အမြန်ဆုံးစစ်ဆေးပေးရန်ဆန္ဒရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

“ တရားခံကလည်း ထပြီးတောင်းဆိုတာက သူဒီအမှုကို မြန်မြန်ပြီးအောင် စစ်ချင်ပါတယ်။ အဆင်ပြေပါတယ်။ တရားခံရဲ့ ဆန္ဒနဲ့လည်း ညီညွှတ်တယ်။

တရားရုံးကလည်း မြန်မြန်ပြီးအောင် ဆောင်ရွက်ပေးချင်တယ်။ အန်တီ တို့ကိုယ်တိုင် နစ်နာသူဘက်ကလည်း ဒီအမှုမှန်ပေါ်ပေါက်ရေးနဲ့ မြန်မြန်ပြီးရေးကို လိုချင်တယ်”ဟု ဒေါ်ကရင်မ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ ပြည်ထောင်စုဥပဒေအထောက်အကူပြုရေးအဖွဲ့မှ တရား လွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

ယနေ့ ရုံးချိန်းတွင် အုတ်ဖိုကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးထွန်းကြိုင်က တရားခွင်အတွင်း ထွက်ဆိုခဲ့ရာတွင် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့၌ အိမ်ရှင်ဖြစ်သော ဒေါ်သင်္ဂီစုသည် အိမ်အကူ ဒေါ်ကရင်မအား အုတ်ဖိုကျေးရွာရှိ နေအိမ်သို့ ပြန်လာပို့ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထိုသို့ နေအိမ်သို့ ပြန်လာပို့ခြင်းမှာ ဒေါ်ကရင်မအား ရန်ကုန်တွင် ဆေးကုပေးမည်ဟု ဒေါ်သင်္ဂီစုက ပြောဆိုခဲ့သော်လည်း ဒေါ်ကရင်မက ဆေးမကုဘဲ ရွာသို့ ပြန်ချင်သည်ဟု ပြောသဖြင့် ယခုကဲ့သို့ ပြန်ပို့ခြင်းဖြစ်ကြောင်း၊ ဒေါ်ကရင်မသည် ရေဖျဉ်းနှင့် လိပ်ခေါင်းရောဂါ ဖြစ်နေကြောင်း ဒေါ်သင်္ဂီစုက ပြောဆိုခဲ့သည်ဟု ရာအိမ်မှူး ဦးထွန်းကြိုင်က ထွက်ဆိုအစစ်ဆေးခံခဲ့သည်။

ထို့နောက် ဒေါ်သင်္ဂီစုသည် ဒေါ်ကရင်မအား ဆေးဖိုးအဖြစ် ငွေကျပ် ၁၅ဝ,ဝဝဝ ပေးခဲ့ရာ ဒေါ်ကရင်မ ကျန်းမာရေးအခြေအနေအရ ငွေပမာဏနည်းသည်ဟု ပြောလိုက်သဖြင့် ငွေကျပ် ၃ သောင်းထပ်တိုး ပေးခဲ့သဖြင့် စုစုပေါင်း ငွေကျပ် ၁ သိန်း ၈ သောင်းပေးခဲ့သည်ဟု ဦးထွန်းကြိုင်ကပြောသည်။

ဒေါ်ကရင်မအား လာရောက်ပို့ဆောင်စဉ်က တွေ့ရှိခဲ့သည့် အခြေအနေမှာ ယခင်က ရွာတွင်နေသွားခဲ့သည့် ပုံစံမဟုတ်ဘဲ မမှတ်မိလောက်သည့်အထိ အရိုးပြိုင်းပြိုင်းဖြစ်နေပြီး အိမ်တိုင်တွင် မှီလျှက် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးထွန်းကြိုင်က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောခဲ့ဖြစ်ခြင်းဖြစ်သည်။

“ဒေါ်သင်္ဂီစုက မကရင်မကို ဆွဲထူပြီး မကရင်မ နင့်ကို ညှင်းပန်းနှိပ်စက်ခဲ့တာရှိသလား။ ဒါတွေမေးတယ်။ မေးတော့ မကရင်မရုပ်က ရွာမှာ ရှိနေတုန်းက ရုပ်နဲ့ တခြားစီဖြစ်နေတယ်။ ပိန်ချုံးပြီးတော့။ အော် ကျန်းမာရေး အခြေအနေတော်တော်ဆိုးသွားတာပဲလို့ပြောပြီး ဆွဲထူလိုက်တော့ ထိုင်ရက်ကနေ ခေါင်းကြီးက ငုံ့ရက်ဖြစ်ပြီးတော့ အဲ့ဒါ ဒေါ်သင်္ဂီစုက နင်ကို ငါတို့မိသားစုက ညှင်းပန်းနှိပ်စက်ခဲ့တာ ရှိလားတဲ့။ မကရင်မက မရှိဘူး။ မရှိဘူးဆိုပြီးတော့ ခေါင်းတောင်မော်မကြည့်ရဲဘူးပေါ့။ ကြောက်နေတဲ့ ပုံနဲ့။ မော့မကြည့်ဘဲနဲ့ ခေါင်းကြီး ငုံ့ပြီးတော့ လက်ခါပြတယ်။ မရှိဘူး၊ မရှိဘူးပြောပြီးတော့။ ဒါဆိုရင် ဒီစာရွက်လေးပေါ်မှာ ညှင်းပန်းနှိပ်စက်မှု မရှိကြောင်း လက်မှတ်ထိုးပေးပါဆိုပြီး ထိုးခိုင်းတယ်”ဟု ဒေါ်ကရင်မအား တွေ့ရှိခဲ့စဉ်က မြင်ကွင်း အခြေအနေ အား ရာအိမ်မှူး ဦးထွန်းကြိုင်က ပြောပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ ရုံးချိန်းကလည်း တရားလိုဖြစ်သူ ရာအိမ်မှူး ဦးအေးသောင်းမှ လာရောက် ထွက်ဆိုခဲ့ပြီး အမည်မသိအမျိုးသမီးမှာ ပြန်သွားအပြီး ဒေါ်ကရင်မက ၎င်းအား ဆေးရုံပို့ပေးရန် ပြောဆိုကာ သူမအား အိမ်ရှင် ဖြစ်သူ ဒေါ်သိင်္ဂီစုက နှိပ်စက်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း တရားခွင် အတွင်း ထွက်ဆိုခဲ့သည်။

ထို့အပြင် ဒေါ်ကရင်မ၏ ဦးခေါင်း၊ နဖူး၊ မေးစေ့၊ ပါးရိုးတို့တွင် ဒဏ်ရာများတွေ့ရှိရသည့်အပြင် ပေါင်တွင် မီးပူဖြင့် ထိုးထားသဖြင့် အမာရွတ်အကွက်တစ်ကွက်နှင့် ကျောကုန်းတွင် အကွက်ကြီးတစ်ကွက်တွေ့ကြောင်း ဦးအေးသောင်းက ထွက်ဆိုခဲ့သည်။

အဆိုပါ ဒဏ်ရာများနှင့် ပတ်သက်ပြီး ယင်းကျေးရွာတွင် နေထိုင်သူ ဌေးဌေးမော်က ဘာကြောင့် ဒေါ်သိင်္ဂီ စုက လုပ်တာလဲဟု ဒေါ်ကရင်မကို မေးမြန်းခဲ့ရာ ဆွဲကြိုးခိုးယူသည်ဟုဆိုကာ ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေါ်ကရင်မက အသက်ရှိစဉ် ဖြေကြားခဲ့သည်ဟု ဦးသောင်းအေးက ထွက်ဆိုခဲ့သည်။ အုတ်ဖိုကျေးရွာ အုပ်ချုပ် ရေးမှူးဖြစ်သူ ဦးသောင်းအေး ဆက်လက်ထွက်ဆိုချက်အရ ဒေါ်ကရင်မမှာ ရောဂါဆိုးဝါးလာသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရန်ပြောဆိုခဲ့သည့်အတွက် ၎င်းက ခတ္ထိယရဲစခန်းမှူးနှင့် အုပ်ချုပ်ရေးမှူး အား သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း ဆိုသည်။ ထိုသို့ ခေါ်ဆောင်ပြီး ပြန်လာစဉ် ဒေါ်ကရင်မမှာ သေဆုံးနေသည့်အတွက် ၎င်းကိုယ်တိုင်တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးသောင်းအေးက ထွက်ဆိုအစစ်ဆေး ခံခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုအား လူသတ်မှုပုဒ်မဖြစ်သည့် ပုဒ်မ- ၃ဝ၂ ဖြင့် ခရိုင်တရား ရုံးသို့ တရားစွဲတင်ပြီး စစ်ဆေးနေခြင်းဖြစ်ကာ တရားလိုပြသက်သေ ၂၉ ဦးအထိ တင်သွင်းထားကြောင်း သိရသည်။ ထို့ကြောင့် တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးရန်အတွက် ခရိုင်တရားရုံးမှ လာမည့် ဇူလိုင်လ ၂၅ ရက်နေ့အား ပြန်လည်ချိန်းဆိုလိုက်သည်။
Credit: Mizzima