sa5

 

ZawGyiျဖင့္ဖတ္ရန္
Slavikလို႕အမည္ရတဲ့ အသက္၅၅ႏွစ္အရြယ္အမ်ိဳးသားတစ္ေယာက္က ခ်မ္းသာျကြယ္ဝမႈမရွိပဲ၊ နာမည္မျကီးပဲ ဖက္ရွင္က်ေအာင္ဝတ္ဆင္လို႕ရတယ္ဆိုတာကို သက္ေသျပခဲ့ပါတယ္။ Slavikက ယူကရိန္းႏိုင္ငံ၊ လိုဗစ္ျမိဳ႕မွ ျဖစ္ျပီး လမ္းမေတြေပၚမွာ ေနထိုင္ေပးမဲ့လဲ ဖက္ရွင္နဲ႕ သူရဲ႕ အသြင္အျပင္ႏွင့္ပတ္သတ္ျပီး အရမ္းဂရုစိုက္တဲ့သူျဖစ္ပါတယ္။

sa3

Slavikကို သူရဲ႕ျမိဳ႕အတြင္းကသာ သတိထားမိျကတာျဖစ္ျပီး အခုဆိုရင္ ယူကရိန္းလူမ်ိဳးဓာတ္ပံုဆရာYurko Dyachyshynေျကာင့္ တကမာၻလံုးက ဖက္ရွင္အမိုက္ဆံုးအိမ္ေျခရာမဲ့အမ်ိဳးသားကို ေတြ႕ခြင့္ရခဲ့ပါတယ္။ Slavikက အိမ္ေျခရာမဲ့ဆိုတာ ဘဝရဲ႕အေျခအေနတစ္ခုျဖစ္ျပီး လူတစ္ေယာက္ကို အဓိပၸာယ္သတ္မွတ္လို႔ရတဲ့ အရာတစ္ခုမဟုတ္ဘူးဆိုတာကို သက္ေသျပခဲ့ပါတယ္။

sa8

ဓာတ္ပံုဆရာ Dyachyshynက “Slavikရဲ႕ ဖက္ရွင္”ဆိုျပီး ဓာတ္ပံုေပါင္း၁၀၀ကို ရိုက္ကူးခဲ့ပါတယ္။ Dyachyshynက Slavikရဲ႕ပံုေတြကို သာရိုက္ခဲ့တာမဟုတ္ပါဘူး။ သူရဲ႕ ဘဝေနထိုင္မႈႏွင့္ပတ္သတ္ျပီး ေတာ္ေတာ္မ်ားမ်ားသင္ယူခဲ့ရင္း Slavikနဲ႔လဲ မိတ္ေဆြဖြဲ႕ခဲ့ပါေသးတယ္။ သူရဲ႕ ပိုင္ဆိုင္မႈက ေစ်းဝယ္လွည္းနဲ႕ အျပည့္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ သူက ဝတ္စံုတစ္စံုကို တစ္ျကိမ္ထက္ပိုျပီး ဘယ္ေတာ့မွမဝတ္ပါဘူး။

sa2

ဓာတ္ပံုဆရာ Dyachyshynက ဖက္ရွင္အမိုက္စားနဲ႕Slavikကို ျမိဳ႕လယ္ေခါင္းမွာေတြ႕ခဲ့တာျဖစ္ပါတယ္။ အရင္ကလဲ သူကို ခဏခဏေတြ႕ခဲ့ပါတယ္။ ဒါေပမဲ့ အျခားပရိုဂ်က္ေတြရွိေနခဲ့တဲ့အတြက္ Slavikနဲ႕ေတြ႕ဖို႕ အခြင့္မသာခဲ့တာျဖစ္ပါတယ္။ Slavikကို ေတာ္ေတာ္ေလးစူးစမ္းျပီးတဲ့ေနာက္ သူတစ္ေန႕တစ္မ်ိဳးမရိုးရေအာင္ ဝတ္စံုကို ေျပာင္းလဲဝတ္ဆင္ခဲ့တာကို သတိထားမိခဲ့ျပီး သူရဲ႕ အေျကာင္းကို ရွာဖို႕ဆံုးျဖတ္ခဲ့ပါတယ္။

ssa4

Dyachyshynႏွင့္Slavikတို႕ အခ်င္းခ်င္းေတြ႕ဆံုသြားျပီးေနာက္ ဓာတ္ပံုရိုက္ဖို႕စတင္ခဲ့ပါတယ္။ Dyachyshynက Slavikကို ပံုတစ္ပံုအတြက္ ၁ေဒၚလာေပးခဲ့ရပါတယ္။ အဲဒီေနာက္ သူတို႕ႏွစ္ေယာက္ ရင္းႏွီးတဲ့မိတ္ေဆြေတြျဖစ္ခဲ့ျကပါတယ္။

sa3sa6

Slavikက သူရဲ႕ဝတ္စံုေတြကို ျမိဳ႕ရဲ႕အမႈိက္ပံုေတြမွာ ရွာခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ သူက ဝတ္စံုေတြကို လိုက္ဖက္ေအာင္ ဘယ္လိုဝတ္ဆင္ရမလဲဆိုတာကို သိတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဝတ္စံုမထပ္ေအာင္ဝတ္ဆင္တတ္ပါတယ္။ တခါတရံ တစ္ေန႕ကို တစ္ျကိမ္ထက္ပိုျပီး ေျပာင္းလဲဝတ္ဆင္ခဲ့ပါတယ္။ သူပုန္းေအာင္းတဲ့ေနရာတစ္ခုရွိျပီး ဘယ္သူမွ အဲေနရာကိုမသိျကပါဘူး။ သူ႕အိမ္ကို လွ်ိဳ႕ဝွက္ထားပါတယ္။ သူက လမ္းမေပၚမွာပဲ လွည့္လည္သြားလာေနတာျဖစ္ပါတယ္။ သူမ်ားေတြကို စိတ္အေႏွာက္အယွက္ျဖစ္ေအာင္ေတာ့မလုပ္ပါဘူး။ ဒါအျပင့္ သူက ဘီယာေသာက္ရတာကိုလဲ ေပ်ာ္ပါတယ္။ ဒါေပမဲ့ အရမ္းစြဲလမ္းတတ္တဲ့သူေတာ့မဟုတ္ပါဘူး။

sa8

အင္တာဗ်ဴးတစ္ခုမွာ Dyachyshynက “ပံုေတြအားလံုးက လြန္ခဲ့တဲ့ႏွစ္ႏွစ္ေက်ာ္ကရိုက္ကူးခဲ့တာျဖစ္ပါတယ္။ ကၽြန္ေတာ္ Slavikကို ေန႕တိုင္း၊အပတ္တိုင္း၊လတိုင္း ေတြ႕လို႔ရခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ကၽြန္ေတာ္က ဘယ္ကလဲဆိုတာ သိဖို႕အတြက္ သူ ကၽြန္ေတာ္ကို အေျဖရွာခဲ့ပါတယ္။ ကၽြန္ေတာ္ အခ်ိန္ရခဲ့မယ္ဆိုရင္ ကၽြန္ေတာ္တုိ႕အခ်င္းခ်င္း ေတြ႕လို႕ရႏိုင္မည့္ေနရာကို သြားခဲ့ပါတယ္။ သူနဲ႕သေဘာတူညီခ်က္ရဖို႕ မျဖစ္ႏိုင္ေတာ့ပါဘူး” လို႕ ရွင္းျပခဲ့ပါတယ္။

sa6

sa7

စိတ္မေကာင္းစရာကေတာ့ ၂၀၁၃ခုႏွစ္ဇန္နဝါရီလကတည္းက Slavikကို Dyachyshynက ရွာလို႕မေတြ႕ခဲ့ပါဘူး။ ဓာတ္ပံုဆရာကေတာ့ တစ္ေန႕ေန႕မွာ ဖက္ရွင္အမိုက္စားဝတ္ဆင္တဲ့Slavikနဲ႕ျပန္ေတြ႕ရလိမ့္မယ္လို႕ ေမွ်ာ္လင့္ေနပါတယ္။
UniCodeဖြင့်ဖတ်ရန်
Slavikလို့အမည်ရတဲ့ အသက်၅၅နှစ်အရွယ်အမျိုးသားတစ်ယောက်က ချမ်းသာကြွယ်ဝမှုမရှိပဲ၊ နာမည်မကြီးပဲ ဖက်ရှင်ကျအောင်ဝတ်ဆင်လို့ရတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ Slavikက ယူကရိန်းနိုင်ငံ၊ လိုဗစ်မြို့မှ ဖြစ်ပြီး လမ်းမတွေပေါ်မှာ နေထိုင်ပေးမဲ့လဲ ဖက်ရှင်နဲ့ သူရဲ့ အသွင်အပြင်နှင့်ပတ်သတ်ပြီး အရမ်းဂရုစိုက်တဲ့သူဖြစ်ပါတယ်။

sa1

Slavikကို သူရဲ့မြို့အတွင်းကသာ သတိထားမိကြတာဖြစ်ပြီး အခုဆိုရင် ယူကရိန်းလူမျိုးဓာတ်ပုံဆရာYurko Dyachyshynကြောင့် တကမ္ဘာလုံးက ဖက်ရှင်အမိုက်ဆုံးအိမ်ခြေရာမဲ့အမျိုးသားကို တွေ့ခွင့်ရခဲ့ပါတယ်။ Slavikက အိမ်ခြေရာမဲ့ဆိုတာ ဘဝရဲ့အခြေအနေတစ်ခုဖြစ်ပြီး လူတစ်ယောက်ကို အဓိပ္ပာယ်သတ်မှတ်လို့ရတဲ့ အရာတစ်ခုမဟုတ်ဘူးဆိုတာကို သက်သေပြခဲ့ပါတယ်။

sa8

ဓာတ်ပုံဆရာ Dyachyshynက “Slavikရဲ့ ဖက်ရှင်”ဆိုပြီး ဓာတ်ပုံပေါင်း၁၀၀ကို ရိုက်ကူးခဲ့ပါတယ်။ Dyachyshynက Slavikရဲ့ပုံတွေကို သာရိုက်ခဲ့တာမဟုတ်ပါဘူး။ သူရဲ့ ဘဝနေထိုင်မှုနှင့်ပတ်သတ်ပြီး တော်တော်များများသင်ယူခဲ့ရင်း Slavikနဲ့လဲ မိတ်ဆွေဖွဲ့ခဲ့ပါသေးတယ်။ သူရဲ့ ပိုင်ဆိုင်မှုက ဈေးဝယ်လှည်းနဲ့ အပြည့်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူက ဝတ်စုံတစ်စုံကို တစ်ကြိမ်ထက်ပိုပြီး ဘယ်တော့မှမဝတ်ပါဘူး။

sa4

ဓာတ်ပုံဆရာ Dyachyshynက ဖက်ရှင်အမိုက်စားနဲ့Slavikကို မြို့လယ်ခေါင်းမှာတွေ့ခဲ့တာဖြစ်ပါတယ်။ အရင်ကလဲ သူကို ခဏခဏတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အခြားပရိုဂျက်တွေရှိနေခဲ့တဲ့အတွက် Slavikနဲ့တွေ့ဖို့ အခွင့်မသာခဲ့တာဖြစ်ပါတယ်။ Slavikကို တော်တော်လေးစူးစမ်းပြီးတဲ့နောက် သူတစ်နေ့တစ်မျိုးမရိုးရအောင် ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့တာကို သတိထားမိခဲ့ပြီး သူရဲ့ အကြောင်းကို ရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်။

sa2

Dyachyshynနှင့်Slavikတို့ အချင်းချင်းတွေ့ဆုံသွားပြီးနောက် ဓာတ်ပုံရိုက်ဖို့စတင်ခဲ့ပါတယ်။ Dyachyshynက Slavikကို ပုံတစ်ပုံအတွက် ၁ဒေါ်လာပေးခဲ့ရပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက် ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ်။

sa3

Slavikက သူရဲ့ဝတ်စုံတွေကို မြို့ရဲ့အမှိုက်ပုံတွေမှာ ရှာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူက ဝတ်စုံတွေကို လိုက်ဖက်အောင် ဘယ်လိုဝတ်ဆင်ရမလဲဆိုတာကို သိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဝတ်စုံမထပ်အောင်ဝတ်ဆင်တတ်ပါတယ်။ တခါတရံ တစ်နေ့ကို တစ်ကြိမ်ထက်ပိုပြီး ပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။ သူပုန်းအောင်းတဲ့နေရာတစ်ခုရှိပြီး ဘယ်သူမှ အဲနေရာကိုမသိကြပါဘူး။ သူ့အိမ်ကို လျှို့ဝှက်ထားပါတယ်။ သူက လမ်းမပေါ်မှာပဲ လှည့်လည်သွားလာနေတာဖြစ်ပါတယ်။ သူများတွေကို စိတ်အနှောက်အယှက်ဖြစ်အောင်တော့မလုပ်ပါဘူး။ ဒါအပြင့် သူက ဘီယာသောက်ရတာကိုလဲ ပျော်ပါတယ်။ ဒါပေမဲ့ အရမ်းစွဲလမ်းတတ်တဲ့သူတော့မဟုတ်ပါဘူး။

sa5

အင်တာဗျူးတစ်ခုမှာ Dyachyshynက “ပုံတွေအားလုံးက လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကျွန်တော် Slavikကို နေ့တိုင်း၊အပတ်တိုင်း၊လတိုင်း တွေ့လို့ရခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်က ဘယ်ကလဲဆိုတာ သိဖို့အတွက် သူ ကျွန်တော်ကို အဖြေရှာခဲ့ပါတယ်။ ကျွန်တော် အချိန်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့အချင်းချင်း တွေ့လို့ရနိုင်မည့်နေရာကို သွားခဲ့ပါတယ်။ သူနဲ့သဘောတူညီချက်ရဖို့ မဖြစ်နိုင်တော့ပါဘူး” လို့ ရှင်းပြခဲ့ပါတယ်။

sa6

sa7

စိတ်မကောင်းစရာကတော့ ၂၀၁၃ခုနှစ်ဇန်နဝါရီလကတည်းက Slavikကို Dyachyshynက ရှာလို့မတွေ့ခဲ့ပါဘူး။ ဓာတ်ပုံဆရာကတော့ တစ်နေ့နေ့မှာ ဖက်ရှင်အမိုက်စားဝတ်ဆင်တဲ့Slavikနဲ့ပြန်တွေ့ရလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
From MM

 

LEAVE A REPLY