ZawGyiျဖင့္ဖတ္ရန္

လူတိုင္းမွာ ရူးသြပ္မႈကိုယ္စီရွိတတ္တာ ပံုမွန္ပါပဲ။ လူတခ်ိဳ႕က ဓာတ္ပံုေတြရိုက္ေနရရင္ ေက်နပ္ေနသလို စာေတြတစ္ပုဒ္ၿပီးတစ္ပုဒ္ ဖန္တီးေနရရင္ကိုပဲ ေပ်ာ္ေမြ႔ေနတဲ့သူေတြလည္း တစ္ပံုႀကီးပါ။ ဒီထဲကမွ ေဗာက္စ္ဝက္စ္ဂြန္ကားေလးေတြကိုမွ ခ်စ္ျမတ္ႏိုးၿပီး စုေဆာင္းသိမ္းဆည္းရတာ ဝါသနာပါတဲ့သူတစ္ေယာက္ကို ေတြ႔ခဲ့ရပါတယ္။

2

သူကေတာ့ ဩစေၾတးလ်ႏိုင္ငံ ဗီယင္နာၿမိဳ႕က မီးခိုးေခါင္းတိုင္ေတြကို သန္႔ရွင္းေရးလိုက္လုပ္ေပးေနတဲ့ အမ်ိဳးသားႀကီး Josef Juza ပဲ ျဖစ္ပါတယ္။ သူဟာဘယ္ေလာက္ထိ ဒီေဗာက္စ္ဝက္စ္ဂြန္ကားေလးေတြကို ခ်စ္လဲဆိုရင္ သူ႔မွာ Volkswagen Golfs ကားခ်ည္းပဲ အစီးေပါင္း ၁၁၄ စီးအထိ ရွိပါတယ္။ Golfs စီးရီးဟာ ႏွစ္ေပါင္း ၄၀ အတြင္းမွာ မ်ိဳးဆက္ ၇ ခုအထိ ထုတ္လုပ္ခဲ့ၿပီး အၾကမ္းခံႏိုင္တဲ့ကားေတြအျဖစ္ အသိအမွတ္ျပဳၾကရပါတယ္။ သူ႔ရဲ႕ ထူးထူးကဲကဲ အၾကမ္းခံႏိုင္မႈနဲ႔ အလြယ္တကူပံုသြင္းႏိုင္မႈေတြအရ သူဟာ Land Rover Defender ၊ Ford Transit နဲ႔ Beetle တို႔ရဲ႕ေနရာမွာ အစားထိုးႏိုင္တဲ့အထိ ထင္ရွားပါတယ္။ ဒါ့ေၾကာင့္ပဲ ဒီကားေလးေတြကို စုေဆာင္းတဲ့ Josef ကုိျဖင့္ “50 Shapes of Golf ” လို႔ေတာင္ တင္စားရမလိုပါ။

2

သူ႔မွာဆိုရင္ Caddy ပစ္ကပ္လိုကားကအစ၊ Corrado ၊ Jetta Cabriolet စတဲ့ကားေတြအထိ ရွိေနပါတယ္။ အဲဒါေတြအားလံုးဟာလည္း Golf စီးရီးေတြခ်ည္းပဲျဖစ္ပါတယ္။ ဒါ့အျပင္ Mk1 လုိကားမ်ိဳးေတြနဲ႔ CityStromer တို႔လို ကားအိုကားေဟာင္းေတြလည္း ရွိေနပါတယ္။ သူဟာ သူ႔ရဲ႕ Caddy ပစ္ကပ္ကားေလးကို Bremen ရဲ႕ ေလယာဥ္ေလွကားနဲ႔ တြဲဆက္ၿပီး ဒီဇိုင္းဆင္ထားတာေၾကာင့္ ေလယာဥ္ထိုင္ခံုေပၚကို အဆင္သင့္တက္ခ်င္ရင္ေတာ့ သူ႔ကိုသာ သတိရလိုက္ပါတဲ့။ 😛

3

ဒါ့အျပင္ ေခ်ာကလက္ဘူးပံုထြင္ထားတဲ့ GTIs ဗင္ကားအပါအဝင္ ဗင္ကားေပါင္းမ်ားစြာကိုလည္း အစိတ္အပိုင္းအမ်ိဳးမ်ိဳးနဲ႔ ဖြဲ႔စည္းတည္ေဆာက္ထားတာေတြကလည္း ပုံမွန္ေတြ႔ေနက် သမားရိုးက် တီထြင္ဆန္းသစ္မႈမ်ိဳး မဟုတ္ဘဲ အံမခန္း ဆန္းျပားမႈရဲ႕ သက္ေသတစ္ခုဆိုတာ ေသခ်ာေနပါတယ္။4

ေျပာမယံု ႀကံဳဖူးမွသိ ဆိုသလို ဒါေတြကို အပိုေတြလုပ္ၿပီး ေျပာေနတာမဟုတ္ပါဘူး။ အဲဒါထက္စာရင္ Josef က ဩစေၾတးလ်ႏုိင္ငံက ေရကန္ႀကီးတစ္ခုျဖစ္တဲ့ Wörthersee ေရကန္နဲ႔ယွဥ္ၿပိဳင္ၿပီး စကားရည္အႏုိင္လုေျပာတာထက္ေတာင္ သူ႔ရဲ႕ကားေတြက ပိုၿပီးဆန္းက်ယ္တာ ျဖစ္ႏိုင္ပါလိမ့္မယ္တဲ့ေနာ္။
UniCodeဖြင့်ဖတ်ရန်
လူတိုင်းမှာ ရူးသွပ်မှုကိုယ်စီရှိတတ်တာ ပုံမှန်ပါပဲ။ လူတချို့က ဓာတ်ပုံတွေရိုက်နေရရင် ကျေနပ်နေသလို စာတွေတစ်ပုဒ်ပြီးတစ်ပုဒ် ဖန်တီးနေရရင်ကိုပဲ ပျော်မွေ့နေတဲ့သူတွေလည်း တစ်ပုံကြီးပါ။ ဒီထဲကမှ ဗောက်စ်ဝက်စ်ဂွန်ကားလေးတွေကိုမှ ချစ်မြတ်နိုးပြီး စုဆောင်းသိမ်းဆည်းရတာ ဝါသနာပါတဲ့သူတစ်ယောက်ကို တွေ့ခဲ့ရပါတယ်။

2

သူကတော့ ဩစတြေးလျနိုင်ငံ ဗီယင်နာမြို့က မီးခိုးခေါင်းတိုင်တွေကို သန့်ရှင်းရေးလိုက်လုပ်ပေးနေတဲ့ အမျိုးသားကြီး Josef Juza ပဲ ဖြစ်ပါတယ်။ သူဟာဘယ်လောက်ထိ ဒီဗောက်စ်ဝက်စ်ဂွန်ကားလေးတွေကို ချစ်လဲဆိုရင် သူ့မှာ Volkswagen Golfs ကားချည်းပဲ အစီးပေါင်း ၁၁၄ စီးအထိ ရှိပါတယ်။ Golfs စီးရီးဟာ နှစ်ပေါင်း ၄၀ အတွင်းမှာ မျိုးဆက် ၇ ခုအထိ ထုတ်လုပ်ခဲ့ပြီး အကြမ်းခံနိုင်တဲ့ကားတွေအဖြစ် အသိအမှတ်ပြုကြရပါတယ်။ သူ့ရဲ့ ထူးထူးကဲကဲ အကြမ်းခံနိုင်မှုနဲ့ အလွယ်တကူပုံသွင်းနိုင်မှုတွေအရ သူဟာ Land Rover Defender ၊ Ford Transit နဲ့ Beetle တို့ရဲ့နေရာမှာ အစားထိုးနိုင်တဲ့အထိ ထင်ရှားပါတယ်။ ဒါ့ကြောင့်ပဲ ဒီကားလေးတွေကို စုဆောင်းတဲ့ Josef ကိုဖြင့် “50 Shapes of Golf ” လို့တောင် တင်စားရမလိုပါ။

3

သူ့မှာဆိုရင် Caddy ပစ်ကပ်လိုကားကအစ၊ Corrado ၊ Jetta Cabriolet စတဲ့ကားတွေအထိ ရှိနေပါတယ်။ အဲဒါတွေအားလုံးဟာလည်း Golf စီးရီးတွေချည်းပဲဖြစ်ပါတယ်။ ဒါ့အပြင် Mk1 လိုကားမျိုးတွေနဲ့ CityStromer တို့လို ကားအိုကားဟောင်းတွေလည်း ရှိနေပါတယ်။ သူဟာ သူ့ရဲ့ Caddy ပစ်ကပ်ကားလေးကို Bremen ရဲ့ လေယာဉ်လှေကားနဲ့ တွဲဆက်ပြီး ဒီဇိုင်းဆင်ထားတာကြောင့် လေယာဉ်ထိုင်ခုံပေါ်ကို အဆင်သင့်တက်ချင်ရင်တော့ သူ့ကိုသာ သတိရလိုက်ပါတဲ့။ 😛

4

ဒါ့အပြင် ချောကလက်ဘူးပုံထွင်ထားတဲ့ GTIs ဗင်ကားအပါအဝင် ဗင်ကားပေါင်းများစွာကိုလည်း အစိတ်အပိုင်းအမျိုးမျိုးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာတွေကလည်း ပုံမှန်တွေ့နေကျ သမားရိုးကျ တီထွင်ဆန်းသစ်မှုမျိုး မဟုတ်ဘဲ အံမခန်း ဆန်းပြားမှုရဲ့ သက်သေတစ်ခုဆိုတာ သေချာနေပါတယ်။

ပြောမယုံ ကြုံဖူးမှသိ ဆိုသလို ဒါတွေကို အပိုတွေလုပ်ပြီး ပြောနေတာမဟုတ်ပါဘူး။ အဲဒါထက်စာရင် Josef က ဩစတြေးလျနိုင်ငံက ရေကန်ကြီးတစ်ခုဖြစ်တဲ့ Wörthersee ရေကန်နဲ့ယှဉ်ပြိုင်ပြီး စကားရည်အနိုင်လုပြောတာထက်တောင် သူ့ရဲ့ကားတွေက ပိုပြီးဆန်းကျယ်တာ ဖြစ်နိုင်ပါလိမ့်မယ်တဲ့နော်။
From MM