ZawGyiျဖင့္ဖတ္ရန္
စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕မရဲတပ္ဖြဲ႕စခန္းတြင္ တာဝန္ထမ္းေဆာင္ေနေသာ နယ္ ထိန္းေခါင္းေဆာင္ ဒုရဲအုပ္တစ္ဦး သည္ နားထင္ကို ေသနတ္ျဖင့္ ပစ္၍ သတ္ေသခဲ့ေၾကာင္း ကသာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးျမင့္ ေအာင္က ေျပာသည္။

ကသာၿမိဳ႕မရဲစခန္းတြင္ တာ ဝန္ထမ္းေဆာင္ေနေသာ အသက္(၃၇)ႏွစ္အရြယ္ နယ္ထိန္းေခါင္း ေဆာင္ ဒုရဲအုပ္သည္ ဇူလိုင္ ၂ ရက္ နံနက္ ၁၁ နာရီခန္႔က ၎ေန ထုိင္ရာ ေနအိမ္လိုင္းခန္း၌ ညာ ဘက္နားထင္ကို ေျခာက္လံုးျပဴး ေသနတ္ျဖင့္ ေတ့ပစ္သျဖင့္ ဘယ္ ဘက္ခ်ိဳေစာင္းေပါက္ထြက္ဒဏ္ ရာရကာ ေသဆံုးျခင္းျဖစ္သည္။

သတ္ေသခဲ့သည့္ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္သည္ ဇြန္လ ၂၄ ရက္က မသကၤာသူကို ရွာေဖြစစ္ေဆးစဥ္ ေဆးထိုးအပ္တစ္ ေခ်ာင္း ထိမိၿပီး ေသြးအနည္းငယ္ ေတြ႕၍ မူးယစ္ေဆးဝါးသံုးစြဲသည့္ အပ္ျဖစ္ႏုိင္သျဖင့္ ၎ထံသို႔ HIV ပိုးကူးစက္ႏုိင္သည္ဟု ထင္မွတ္ ကာ စိတ္ေသာကေရာက္ေန ေၾကာင္း ရဲမွဴးျမင့္ေအာင္က ေျပာ သည္။

‘‘မသကၤာလူကို ရွာရင္း ေဆး ထိုးအပ္ထိမိသြားတယ္။ HIV ေရာဂါမ်ား ကူးၿပီလားဆိုၿပီး စိတၱဇျဖစ္ ၿပီး စိတ္ဓာတ္က်ေနတာ’’ဟု ၎ က ေျပာသည္။

ယင္းဒုရဲအုပ္သည္ ေဆးခန္း သို႔ သြားေရာက္ျပသၿပီး ေရာဂါပိုး သည္ လတ္တေလာစစ္ေဆးလွ်င္ ပိုးရွိ၊ မရွိ မသိႏိုင္ဘဲ ေျခာက္လ ခန္႔ၾကာမွသာ ေရာဂါလကၡဏာေပၚတတ္ေၾကာင္း သိရ၍ ၎ထံသို႔ ေရာဂါပိုးကူးစက္ခံရၿပီဟု ထင္ မွတ္ကာ စိတၱဇျဖစ္ေနေၾကာင္း ရဲမွဴးျမင့္ေအာင္က ဆိုသည္။

‘‘သူ႔ကိုယ္သူ လုပ္လုိက္တဲ့ အခါမွာ သူ႔မိန္းမလည္းရွိတယ္။ သူ႔ကေလးလည္း ရွိတယ္။ အဲဒီလို လုပ္မယ္လို႔ သူ႔မိသားစုလည္း မထင္မိဘူး’’ ဟု ၎က ေျပာသည္။

၎ေသဆံုးရျခင္းသည္ ေရာ ဂါပိုးကူးစက္ခံရသည္ဟု စိတၱဇ ျဖစ္ကာ သတ္ေသျခင္းျဖစ္ႏုိင္ၿပီး ဌာနက တစ္စံုတစ္ရာ ဖိအားေပးမႈ မရွိေၾကာင္း ရဲမွဴးက ေျပာသည္။

သတ္ေသသည့္ ဒုရဲအုပ္ သည္ ရဲတပ္ဖြဲ႕ဝင္သက္တမ္း ၁၆ ႏွစ္ရွိၿပီး ကသာၿမိဳ႕မရဲတပ္ဖြဲ႕စခန္း ၌ တာဝန္ထမ္းေဆာင္သည့္ သံုး ႏွစ္အတြင္း တစ္ႀကိမ္မွ် တုိင္ၾကား ခံရဖူးျခင္းမရွိေၾကာင္း သိရသည္။
UniCodeဖြင့်ဖတ်ရန်

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မရဲတပ်ဖွဲ့စခန်းတွင် တာဝန်ထမ်းဆောင်နေသော နယ် ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦး သည် နားထင်ကို သေနတ်ဖြင့် ပစ်၍ သတ်သေခဲ့ကြောင်း ကသာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့် အောင်က ပြောသည်။

ကသာမြို့မရဲစခန်းတွင် တာ ဝန်ထမ်းဆောင်နေသော အသက်(၃၇)နှစ်အရွယ် နယ်ထိန်းခေါင်း ဆောင် ဒုရဲအုပ်သည် ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီခန့်က ၎င်းနေ ထိုင်ရာ နေအိမ်လိုင်းခန်း၌ ညာ ဘက်နားထင်ကို ခြောက်လုံးပြူး သေနတ်ဖြင့် တေ့ပစ်သဖြင့် ဘယ် ဘက်ချိုစောင်းပေါက်ထွက်ဒဏ် ရာရကာ သေဆုံးခြင်းဖြစ်သည်။

သတ်သေခဲ့သည့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သည် ဇွန်လ ၂၄ ရက်က မသင်္ကာသူကို ရှာဖွေစစ်ဆေးစဉ် ဆေးထိုးအပ်တစ် ချောင်း ထိမိပြီး သွေးအနည်းငယ် တွေ့၍ မူးယစ်ဆေးဝါးသုံးစွဲသည့် အပ်ဖြစ်နိုင်သဖြင့် ၎င်းထံသို့ HIV ပိုးကူးစက်နိုင်သည်ဟု ထင်မှတ် ကာ စိတ်သောကရောက်နေ ကြောင်း ရဲမှူးမြင့်အောင်က ပြော သည်။

‘‘မသင်္ကာလူကို ရှာရင်း ဆေး ထိုးအပ်ထိမိသွားတယ်။ HIV ရောဂါများ ကူးပြီလားဆိုပြီး စိတ္တဇဖြစ် ပြီး စိတ်ဓာတ်ကျနေတာ’’ဟု ၎င်း က ပြောသည်။

ယင်းဒုရဲအုပ်သည် ဆေးခန်း သို့ သွားရောက်ပြသပြီး ရောဂါပိုး သည် လတ်တလောစစ်ဆေးလျှင် ပိုးရှိ၊ မရှိ မသိနိုင်ဘဲ ခြောက်လ ခန့်ကြာမှသာ ရောဂါလက္ခဏာပေါ်တတ်ကြောင်း သိရ၍ ၎င်းထံသို့ ရောဂါပိုးကူးစက်ခံရပြီဟု ထင် မှတ်ကာ စိတ္တဇဖြစ်နေကြောင်း ရဲမှူးမြင့်အောင်က ဆိုသည်။

‘‘သူ့ကိုယ်သူ လုပ်လိုက်တဲ့ အခါမှာ သူ့မိန်းမလည်းရှိတယ်။ သူ့ကလေးလည်း ရှိတယ်။ အဲဒီလို လုပ်မယ်လို့ သူ့မိသားစုလည်း မထင်မိဘူး’’ ဟု ၎င်းက ပြောသည်။

၎င်းသေဆုံးရခြင်းသည် ရော ဂါပိုးကူးစက်ခံရသည်ဟု စိတ္တဇ ဖြစ်ကာ သတ်သေခြင်းဖြစ်နိုင်ပြီး ဌာနက တစ်စုံတစ်ရာ ဖိအားပေးမှု မရှိကြောင်း ရဲမှူးက ပြောသည်။

သတ်သေသည့် ဒုရဲအုပ် သည် ရဲတပ်ဖွဲ့ဝင်သက်တမ်း ၁၆ နှစ်ရှိပြီး ကသာမြို့မရဲတပ်ဖွဲ့စခန်း ၌ တာဝန်ထမ်းဆောင်သည့် သုံး နှစ်အတွင်း တစ်ကြိမ်မျှ တိုင်ကြား ခံရဖူးခြင်းမရှိကြောင်း သိရသည်။
Credit: 7Day