ZawGyiျဖင့္ဖတ္ရန္
ရန္ကုန္၊ ကန္ေတာ္ႀကီး အတြင္းပတ္လည္ရွိ ေဆြးေျမ႕ေနၿပီျဖစ္သည့္ သစ္သားတံတားမ်ားအား အသစ္ျပန္ လည္တည္ေဆာက္ႏိုင္ရန္အတြက္ ဘတ္ဂ်က္ က်ပ္သိန္းေပါင္း ၉၄ဝဝ အသံုးျပဳရန္ လ်ာထားၿပီးၿပီျဖစ္ေၾကာင္း မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေဌးက မဇၥ်ိမသို႔ ေျပာသည္။

အဆိုပါ လ်ာထားသည့္ ဘတ္ဂ်က္က်ပ္သိန္းေပါင္း ၉၄ဝဝ မွာ ၂ဝ၁၈ – ၁၉ ဘ႑ာႏွစ္အတြင္းလ်ာထားသည့္ ဘတ္ဂ်က္ျဖစ္ၿပီး တံတားေပအရွည္ ၂ဝဝဝ အား အသစ္ျပန္လည္တည္ေဆာက္ရန္အတြက္ ျဖစ္ေၾကာင္း သိရ သည္။

ယင္းဘတ္ဂ်က္မွာ ယခုႏွစ္ ေအာက္တိုဘာအတြင္းရရွိမည္ျဖစ္သည့္အတြက္ တံတားတည္ေဆာင္မႈအပိုင္းအား လုပ္ေဆာင္သြားႏိုင္မည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေဌးကေျပာသည္။

“ ၂ဝ၁၈- ၂ဝ၁၉ မွာ ေပ ၂ဝဝဝ စာဘတ္ဂ်က္ လံုးဝလ်ာထားၿပီးပါၿပီ။ အခုျပည္ေထာင္စုကေနၿပီးေတာ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကို ျပန္ေရာက္မယ္။ ေရာက္တာနဲ႔ အတည္ျပဳၿပီးေတာ့ စက္တင္ဘာလ ကုန္တာနဲ႔ ဒီဘတ္ဂ်က္ကို အသံုးျပဳလို႔ရပါၿပီ”ဟု ဦးေဌးေအာင္က ေျပာသည္။ တံတား ၁ ေပလွ်င္ က်ပ္ ၄၇ဝဝဝဝ ျဖင့္ ေပ ၂ဝဝဝ အတြက္ က်ပ္သိန္းေပါင္း ၉၄ဝဝ အသံုးျပဳရန္ လ်ာထားျခင္း ျဖစ္ေၾကာင္း ဦးေဌးေအာင္က ဆက္ေျပာသည္။

ကန္ေတာ္ႀကီး ပတ္လည္းအတြင္းရွိ သစ္သားတံတားမ်ားမွာ ေပအရွည္ေပါင္း ၇ဝဝဝ ရွိၿပီး ယခင္ႏွစ္က ေပ ၂ဝဝဝ အား အသစ္ျပန္လည္တည္ေဆာက္ခဲ့သည့္အတြက္ လက္ရွိတြင္ ေဆြးေျမ႕ပ်က္စီးေနသည့္ တံတား အရွည္ ေပ ၅ဝဝဝ ခန္႔ရွိေၾကာင္း သိရသည္။

“ လက္ရွိအေျခအေနကေတာ့ တံတားေတြက ေတာ္ေတာ္ကို ေဆြးေဆြးေျမ႕ေျမ႕ျဖစ္ေနပါၿပီ။ ေတာ္ေတာ္ မ်ားမ်ားအႏၱရာယ္ရွိတယ္။ ဘယ္လိုမွကို ဆက္ၿပီးေတာ့ ျပည္သူလူထု အသံုးျပဳလို႔ မရေတာ့တဲ့အေနအထား။ အုပ္စုလိုက္တင္မဟုတ္ဘူး။ ေလးငါးေယာက္ကအစ အႏၱရာယ္ရွိေနတယ္အေနအထားမ်ိဳးရွိေနတယ္။ အခု တံတားကို အသံုးျပဳခြင့္မေပးေတာ့ဘဲနဲ႔ ကၽြန္ေတာ္တို႔ ပိတ္ထားလိုက္တာပဲ”ဟု မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေဌးက ေျပာသည္။

ယေန႔ ဇူလိုင္လ ၈ ရက္၊ နံနက္ ၇ နာရီ၊ ၄၅ မိနစ္ခန္႔ကလည္း ကန္ေတာ္ႀကီးအတြင္း ပန္းကန္လံုးကၽြန္းႏွင့္ ေခမာဒီ ပကၽြန္းအား ဆက္သြယ္ထားသည့္ တံတားမွာ အလယ္မွ က်ိဳးက်မႈျဖစ္ပြားခဲ့သည္။ ယင္းတံတားေပၚ တြင္ ေယာဂလာက်င့္ေနသည့္ ျမန္မာႏိုင္ငံ ေယာဂနည္းျပခ်ဳပ္ ဦးခင္ေမာင္ေဆြႏွင့္ အမ်ိဳးသမီး ေလးဦးမွာ တံတားက်ိဳးမႈႏွင့္အတူပါသြားခဲ့ၿပီး ေရထဲျပဳတ္က်မႈျဖစ္ပြားခဲ့သည္။

ထိုသို႔ ေရထဲသို႔ ျပဳတ္က်မႈျဖစ္ပြားခဲ့ေသာ္လည္း ကန္ေတာ္ႀကီးအတြင္း ေလွငယ္ျဖင့္ အမိႈက္လိုက္လံ ဆယ္ေန သည့္ သန္႔ရွင္းေရးဝန္ထမ္းမ်ားက ေတြ႔ရွိကယ္ဆယ္ခဲ့သျဖင့္ ထိခိုက္ဒဏ္ရာ တစ္စံုတရာရရွိခဲ့ျခင္းမရွိေၾကာင္း ကယ္ဆယ္ခဲ့သည့္ သန္႔ရွင္းေရးဝန္ထမ္းမ်ားေျပာျပခ်က္အရ သိရသည္။

လက္ရွိတြင္ အဆိုပါ တံတားေနရာမ်ားအား ႀကံ႕ခိုင္မႈမရွိသည့္အတြက္ သြားလာခြင့္မေပးေတာ့ဘဲ ပိတ္ ထားၿပီျဖစ္သည္။

UniCodeဖြင့်ဖတ်ရန်
ရန်ကုန်၊ ကန်တော်ကြီး အတွင်းပတ်လည်ရှိ ဆွေးမြေ့နေပြီဖြစ်သည့် သစ်သားတံတားများအား အသစ်ပြန် လည်တည်ဆောက်နိုင်ရန်အတွက် ဘတ်ဂျက် ကျပ်သိန်းပေါင်း ၉၄ဝဝ အသုံးပြုရန် လျာထားပြီးပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဌေးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လျာထားသည့် ဘတ်ဂျက်ကျပ်သိန်းပေါင်း ၉၄ဝဝ မှာ ၂ဝ၁၈ – ၁၉ ဘဏ္ဍာနှစ်အတွင်းလျာထားသည့် ဘတ်ဂျက်ဖြစ်ပြီး တံတားပေအရှည် ၂ဝဝဝ အား အသစ်ပြန်လည်တည်ဆောက်ရန်အတွက် ဖြစ်ကြောင်း သိရ သည်။

ယင်းဘတ်ဂျက်မှာ ယခုနှစ် အောက်တိုဘာအတွင်းရရှိမည်ဖြစ်သည့်အတွက် တံတားတည်ဆောင်မှုအပိုင်းအား လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဌေးကပြောသည်။

“ ၂ဝ၁၈- ၂ဝ၁၉ မှာ ပေ ၂ဝဝဝ စာဘတ်ဂျက် လုံးဝလျာထားပြီးပါပြီ။ အခုပြည်ထောင်စုကနေပြီးတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ပြန်ရောက်မယ်။ ရောက်တာနဲ့ အတည်ပြုပြီးတော့ စက်တင်ဘာလ ကုန်တာနဲ့ ဒီဘတ်ဂျက်ကို အသုံးပြုလို့ရပါပြီ”ဟု ဦးဌေးအောင်က ပြောသည်။ တံတား ၁ ပေလျှင် ကျပ် ၄၇ဝဝဝဝ ဖြင့် ပေ ၂ဝဝဝ အတွက် ကျပ်သိန်းပေါင်း ၉၄ဝဝ အသုံးပြုရန် လျာထားခြင်း ဖြစ်ကြောင်း ဦးဌေးအောင်က ဆက်ပြောသည်။

ကန်တော်ကြီး ပတ်လည်းအတွင်းရှိ သစ်သားတံတားများမှာ ပေအရှည်ပေါင်း ၇ဝဝဝ ရှိပြီး ယခင်နှစ်က ပေ ၂ဝဝဝ အား အသစ်ပြန်လည်တည်ဆောက်ခဲ့သည့်အတွက် လက်ရှိတွင် ဆွေးမြေ့ပျက်စီးနေသည့် တံတား အရှည် ပေ ၅ဝဝဝ ခန့်ရှိကြောင်း သိရသည်။

“ လက်ရှိအခြေအနေကတော့ တံတားတွေက တော်တော်ကို ဆွေးဆွေးမြေ့မြေ့ဖြစ်နေပါပြီ။ တော်တော် များများအန္တရာယ်ရှိတယ်။ ဘယ်လိုမှကို ဆက်ပြီးတော့ ပြည်သူလူထု အသုံးပြုလို့ မရတော့တဲ့အနေအထား။ အုပ်စုလိုက်တင်မဟုတ်ဘူး။ လေးငါးယောက်ကအစ အန္တရာယ်ရှိနေတယ်အနေအထားမျိုးရှိနေတယ်။ အခု တံတားကို အသုံးပြုခွင့်မပေးတော့ဘဲနဲ့ ကျွန်တော်တို့ ပိတ်ထားလိုက်တာပဲ”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဌေးက ပြောသည်။

ယနေ့ ဇူလိုင်လ ၈ ရက်၊ နံနက် ၇ နာရီ၊ ၄၅ မိနစ်ခန့်ကလည်း ကန်တော်ကြီးအတွင်း ပန်းကန်လုံးကျွန်းနှင့် ခေမာဒီ ပကျွန်းအား ဆက်သွယ်ထားသည့် တံတားမှာ အလယ်မှ ကျိုးကျမှုဖြစ်ပွားခဲ့သည်။ ယင်းတံတားပေါ် တွင် ယောဂလာကျင့်နေသည့် မြန်မာနိုင်ငံ ယောဂနည်းပြချုပ် ဦးခင်မောင်ဆွေနှင့် အမျိုးသမီး လေးဦးမှာ တံတားကျိုးမှုနှင့်အတူပါသွားခဲ့ပြီး ရေထဲပြုတ်ကျမှုဖြစ်ပွားခဲ့သည်။

ထိုသို့ ရေထဲသို့ ပြုတ်ကျမှုဖြစ်ပွားခဲ့သော်လည်း ကန်တော်ကြီးအတွင်း လှေငယ်ဖြင့် အမှိုက်လိုက်လံ ဆယ်နေ သည့် သန့်ရှင်းရေးဝန်ထမ်းများက တွေ့ရှိကယ်ဆယ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာ တစ်စုံတရာရရှိခဲ့ခြင်းမရှိကြောင်း ကယ်ဆယ်ခဲ့သည့် သန့်ရှင်းရေးဝန်ထမ်းများပြောပြချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါ တံတားနေရာများအား ကြံ့ခိုင်မှုမရှိသည့်အတွက် သွားလာခွင့်မပေးတော့ဘဲ ပိတ် ထားပြီဖြစ်သည်။
Credit: Mizzima