ZawGyiျဖင့္ဖတ္ရန္

တကယ္လို႔မ်ား ခ႐ိုေအးရွားအသင္းဟာ ကမာၻ႔ဖလားေဘာလုံးၿပိဳင္မွာ ယွဥ္ၿပိဳင္ကစားေနတယ္ဆိုရင္ေတာ့ ကြင္းထဲမွာ ႏိုင္ငံကိုယ္စားျပဳအသင္းကို လာေရာက္ၾကည့္ရႈ အားေပးေနတဲ့ ခ႐ိုေအးရွား အမ်ိဳးသမီး သမၼတ Kolinda Grabar-Kitarovi ကို ျမင္ေတြ႕ႏိုင္တဲ့ အေကာင္းဆုံး အခြင့္အေရး ျဖစ္ပါတယ္။

႐ုရွားနဲ႔ ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ ပြဲစဥ္မွာ သူဟာ ႐ုရွားဝန္ႀကီးခ်ဳပ္ Dmitry Medvedev နဲ႔အတူ လာေရာက္ ၾကည့္ရႈခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ အခ်ိန္ပိုမွာ ခ႐ိုေအးရွားအသင္းက အႏိုင္ရရွိခဲ့ၿပီး ခက္ခက္ခဲခဲ ကစားခဲ့ရတဲ့ အဲဒီပြဲၿပီးတဲ့ေနာက္ သူတို႔ႏွစ္ဦးဟာ လက္ဆြဲႏႈတ္ဆက္ခဲ့ၾကပါတယ္။

သမၼတ Grabar-Kitarovi ရဲ႕ Facebook စာမ်က္ႏွာမွာေတာ့ ခ႐ိုေအးရွား ဂ်ာစီအက်ီကို ဝတ္ဆင္ထားတဲ့ သူဟာ ႏိုင္ငံသမၼတအေနနဲ႔ တာဝန္ထမ္းေဆာင္ေနခ်ိန္နဲ႔ တၿပိဳင္နက္တည္းမွာပဲ ႐ုရွားမွာ က်င္းပေနတဲ့ ၿပိဳင္ပြဲက အသင္းရဲ႕ အဝတ္လဲခန္းမွာ ဂုဏ္ျပဳေနတဲ့ ဓာတ္ပုံေတြနဲ႔ ဗီဒီယိုေတြကို တင္ထားပါတယ္။

တခ်ိဳ႕ ဓာတ္ပုံေတြထဲမွာ ဆိုရင္ အပန္းေျဖ ကမ္းေျခတခုမွာ ႐ိုက္ထားတဲ့ ဓာတ္ပုံေတြပါဝင္ၿပီး အခ်ိဳ႕က သူ႔ကို အေမရိကန္ အေဖာ္အခြၽတ္မင္းသမီး Coco Austin နဲ႔ အထင္မွားၾကသူေတြလည္း ရွိၾကပါတယ္။ ဘစ္ကနီ ဝတ္ထားတဲ့ ဓာတ္ပုံေတြမွာ ဆိုရင္ သူဟာ အေမရိကန္ အေဖာ္အခြၽတ္မင္းသမီး Diamond Foxxx နဲ႔လည္း ဆင္တူတယ္လို႔ ဆိုၾကပါတယ္။

အသက္ ၅၀ အ႐ြယ္ သမၼတ Grabar-Kitarovi ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္၊ ဇန္နဝါရီလမွာ စတုတၳေျမာက္ ခ႐ိုေအးရွား သမၼတအျဖစ္ ေ႐ြးေကာက္ခံခဲ့ရတာပါ။ အေရွ႕ဥေရာပႏိုင္ငံတခုျဖစ္တဲ့ ခ႐ိုေအးရွားမွာ သမၼတေနရာကို ရရွိတဲ့ ပထမဆုံး အမ်ိဳးသမီးလည္း ျဖစ္ပါတယ္။

သမၼတမျဖစ္ခင္မွာ သူဟာ ေနတိုးအဖြဲ႕မွာ ျပည္သူ႔သံတမန္ေရး ဆိုင္ရာ လက္ေထာက္အေထြေထြ အတြင္းေရးမႉး ရာထူးကို ရရွိခဲ့တဲ့ ပထမဆုံး အမ်ိဳးသမီးလည္း ျဖစ္ခဲ့ပါတယ္။ သမၼတ Grabar-Kitarovi ဟာ ဥေရာပနဲ႔ အေမရိကန္ ျပည္ေထာင္စု မွာရွိတဲ့ တကၠသိုလ္ေတာ္ေတာ္မ်ားမ်ားမွာ တက္ေရာက္ခဲ့ဖူးၿပီး အေမရိကန္ႏိုင္ငံက ေဂ်ာ့ခ်္ဝါရွင္တန္တ ကၠသိုလ္မွာ ႏိုင္ငံတကာဆက္ဆံေရးနဲ႔ လုံၿခဳံေရးမူဝါဒဆိုင္ရာ ဘြဲ႕ႀကိဳသုေတသနအတြက္ Fulbright စေကာလားရွစ္ကိုလည္း ရရွိခဲ့သူပါ။

သူဟာ အေမရိကန္ႏိုင္ငံဆိုင္ရာ ခ႐ိုေအးရွားသံအမတ္အေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့ခ်ိန္မွာ ေျမာက္အေမရိက အပါအဝင္ ကမာၻတဝန္းလုံးမွာရွိတဲ့ အျခားႏိုင္ငံေတြနဲ႔ ခ႐ိုေအးရွားရဲ႕ သံတမန္ေရးဆက္ဆံမႈေတြမွာ အေရးပါတဲ့ အခန္းက႑ ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။

သမၼတဟာ သူ႔ရဲ႕ မိခင္ ခ႐ိုေအးရွား ဘာသာစကားအပါအဝင္ အဂၤလိပ္၊ စပိန္၊ နဲ႔ ေပၚတူဂီ ဘာသာစကားတို႔ကို ကြၽမ္းကြၽမ္းက်င္က်င္ ေျပာတတ္ၿပီး အီတလီ၊ ျပင္သစ္နဲ႔ ဂ်ာမန္စကားေတြကိုလည္း နားလည္ပါတယ္။ ခ႐ိုေအးရွားႏိုင္ငံမွာ သမၼတဟာ ပါလီမန္လႊတ္ေတာ္ဦးေဆာင္ၿပီး ႏိုင္ငံေတာ္ရဲ႕ အႀကီးအကဲျဖစ္ပါတယ္။ အစိုးရ တာဝန္ခံသူအျဖစ္ ဝန္ႀကီးခ်ဳပ္က ထမ္းေဆာင္ပါတယ္။

Ref: thesun

Credit:Irrawaddy

Unicodeဖြင့်ဖတ်ရန်

အဖော်အချွတ် သရုပ်ဆောင်တွေနဲ့ မှားရလောက်တဲ့ ကမ္ဘာ့ဖလားပွဲရောက် ခရိုအေးရှားသမ္မတ

တကယ်လို့များ ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်မှာ ယှဉ်ပြိုင်ကစားနေတယ်ဆိုရင်တော့ ကွင်းထဲမှာ နိုင်ငံကိုယ်စားပြုအသင်းကို လာရောက်ကြည့်ရှု အားပေးနေတဲ့ ခရိုအေးရှား အမျိုးသမီး သမ္မတ Kolinda Grabar-Kitarovi ကို မြင်တွေ့နိုင်တဲ့ အကောင်းဆုံး အခွင့်အရေး ဖြစ်ပါတယ်။

ရုရှားနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ သူဟာ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နဲ့အတူ လာရောက် ကြည့်ရှုခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အချိန်ပိုမှာ ခရိုအေးရှားအသင်းက အနိုင်ရရှိခဲ့ပြီး ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ အဲဒီပွဲပြီးတဲ့နောက် သူတို့နှစ်ဦးဟာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။

သမ္မတ Grabar-Kitarovi ရဲ့ Facebook စာမျက်နှာမှာတော့ ခရိုအေးရှား ဂျာစီအကျီကို ဝတ်ဆင်ထားတဲ့ သူဟာ နိုင်ငံသမ္မတအနေနဲ့ တာဝန်ထမ်းဆောင်နေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ရုရှားမှာ ကျင်းပနေတဲ့ ပြိုင်ပွဲက အသင်းရဲ့ အဝတ်လဲခန်းမှာ ဂုဏ်ပြုနေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို တင်ထားပါတယ်။

တချို့ ဓာတ်ပုံတွေထဲမှာ ဆိုရင် အပန်းဖြေ ကမ်းခြေတခုမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေပါဝင်ပြီး အချို့က သူ့ကို အမေရိကန် အဖော်အချွတ်မင်းသမီး Coco Austin နဲ့ အထင်မှားကြသူတွေလည်း ရှိကြပါတယ်။ ဘစ်ကနီ ဝတ်ထားတဲ့ ဓာတ်ပုံတွေမှာ ဆိုရင် သူဟာ အမေရိကန် အဖော်အချွတ်မင်းသမီး Diamond Foxxx နဲ့လည်း ဆင်တူတယ်လို့ ဆိုကြပါတယ်။

ဘောလုံးပွဲအားပေးနေတဲ့ ခရိုအေးရှားသမ္မတ Kolinda Grabar-Kitarovi

အသက် ၅၀ အရွယ် သမ္မတ Grabar-Kitarovi ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ စတုတ္ထမြောက် ခရိုအေးရှား သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတာပါ။ အရှေ့ဥရောပနိုင်ငံတခုဖြစ်တဲ့ ခရိုအေးရှားမှာ သမ္မတနေရာကို ရရှိတဲ့ ပထမဆုံး အမျိုးသမီးလည်း ဖြစ်ပါတယ်။

သမ္မတမဖြစ်ခင်မှာ သူဟာ နေတိုးအဖွဲ့မှာ ပြည်သူ့သံတမန်ရေး ဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူး ရာထူးကို ရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီးလည်း ဖြစ်ခဲ့ပါတယ်။ သမ္မတ Grabar-Kitarovi ဟာ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ တက္ကသိုလ်တော်တော်များများမှာ တက်ရောက်ခဲ့ဖူးပြီး အမေရိကန်နိုင်ငံက ဂျော့ချ်ဝါရှင်တန်တ က္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ဘွဲ့ကြိုသုတေသနအတွက် Fulbright စကောလားရှစ်ကိုလည်း ရရှိခဲ့သူပါ။

သူဟာ အမေရိကန်နိုင်ငံဆိုင်ရာ ခရိုအေးရှားသံအမတ်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ချိန်မှာ မြောက်အမေရိက အပါအဝင် ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အခြားနိုင်ငံတွေနဲ့ ခရိုအေးရှားရဲ့ သံတမန်ရေးဆက်ဆံမှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍ တော်တော်များများမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတဟာ သူ့ရဲ့ မိခင် ခရိုအေးရှား ဘာသာစကားအပါအဝင် အင်္ဂလိပ်၊ စပိန်၊ နဲ့ ပေါ်တူဂီ ဘာသာစကားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး အီတလီ၊ ပြင်သစ်နဲ့ ဂျာမန်စကားတွေကိုလည်း နားလည်ပါတယ်။ ခရိုအေးရှားနိုင်ငံမှာ သမ္မတဟာ ပါလီမန်လွှတ်တော်ဦးဆောင်ပြီး နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်ပါတယ်။ အစိုးရ တာဝန်ခံသူအဖြစ် ဝန်ကြီးချုပ်က ထမ်းဆောင်ပါတယ်။

Ref: thesun

Credit:Irrawaddy

LEAVE A REPLY