ZawGyiျဖင့္ဖတ္ရန္

ပရိသတ္စိတ္ဝင္စားမႈ႕ အမ်ားဆံုးျဖစ္တဲ့ အစၥဏီနဲ႕ စူးရွထက္တို႔ အမႈ႔ဟာ အခ်ိန္ၾကာလာတာနဲ႔အမၽွ နက္နဲ႕တဲ့ အမႈ႕တစ္ခုျဖစ္လာျပီး ပရိသတ္ေတြကလည္း အမွန္တရားကို ေစာင့္ၾကည့္ေနၾကပါတယ္။ မၾကာေသးခင္က တရားလို စူးရွထက္ဘက္ကေန ရံုးေျပာင္း ေလၽွာက္ထားခဲ့ျပီး ေဝဖန္မႈ႕ေတြ အမ်ားၾကီး ထြက္ေပၚလာပါတယ္။

႐ုံးေျပာင္းေလွ်ာက္ရန္ ေလွ်ာက္ထားခဲ့တာကေတာ့ အမွန္တရားမေပၚေပါက္ႏိုင္ေၾကာင္း ၊ ဆက္လက္ၿပီး တရားသူႀကီး ရဲ႕ တရားစီရင္ႏိုင္စြမ္း နဲ႔ ဘက္လိုက္မႈရွိႏိုင္တယ္ ဆိုတာကို စြပ္စြဲ အေၾကာင္းျပၿပီး တရားလိုမ်ားဘက္မွ ေလွ်ာက္ထားခဲ့တယ္လို႔သိရပါတယ္။ တရားၿပိဳင္ အစၥဏီရဲ႕ ေရွ႕ေနျဖစ္တဲ့ ဦးေက်ာ္ဇင္ဦးကေတာ့ တရားစီရင္ရာမွာ တရားလိုေတြထင္သလို မ်ိဳး တရားသူႀကီးက ေဆာင္႐ြက္ခဲ့တာမ်ိဳးမရွိတဲ့အတြက္ မူလ တရား႐ုံးမွာဘဲစစ္ေဆးေစမွာျဖစ္တယ္လို႔ဆိုပါတယ္။

တရားလို စူးရွထက္ဘက္က ရံုးေျပာင္းေလၽွာက္ထားျခင္းကို ခံရေပမယ့္ လတ္တေလာမွာ စြပ္စြဲခံထားရတဲ့ အစၥဏီ အေနနဲ႔ အမႈကို အခ်ဳပ္ထဲကေနရင္ဆိုင္ေနရတာျဖစ္လို႔ တရားလိုဘက္က ႐ုံးေျပာင္းစစ္ေဆးဖို႔ ေတာင္းဆိုၿပီး ၾကန႔္ၾကာေအာင္တမင္လုပ္ေနတဲ့ ကိစၥေတြထပ္မံမျဖစ္ေပၚေစဖို႔ အျမန္ဆုံး ေဆာင္႐ြက္သြားမယ္လို႔လည္း တရားၿပိဳင္ေရွ႕ေန ဦးေအာင္ေက်ာ္ဦးက မီဒီယာမ်ားကို ေျပာၾကားထားပါတယ္ ။ လာမယ့္ ႐ုံးခ်ိန္းကိုေတာ့ ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ စတင္ၾကားနာေတာ့မယ္လို႔ဆိုပါတယ္။

႐ုံးေျပာင္းကိစၥအတည္ျဖစ္မျဖစ္ကို ႏွစ္ဖက္ေရွ႕ေနေတြရဲ႕ အျပင္းအထန္ေလွ်ာက္လဲခ်က္ေတြကို ႏွစ္ပတ္တိတိၾကားနာၿပီး အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးကေနဆုံးျဖတ္မွာျဖစ္တယ္လို႔ဆိုပါတယ္။ ဇြန္လ ၂၀ ရက္ေန႔မွာ ရာဇဝတ္အေထြေထြအမႈအေနနဲ႔ စတင္ေဆာင္႐ြက္မယ္လို႔လည္း သိရပါတယ္။

လက္တေလာ ထြက္ေပၚခဲ့တဲ့ အြန္လိုင္းေပၚက အသံဖိုင္တစ္ခုေၾကာင့္ ႏွစ္ဖက္ပရိသတ္ေတြအၾကားမွာလည္း ဝိဝါဒကြဲစရာေတြေပၚေပါက္ခဲ့တာလည္း ျဖစ္ပါတယ္။

Unicodeျဖင့္ဖတ္ရန္

ပရိသတ်စိတ်ဝင်စားမှု့ အများဆုံးဖြစ်တဲ့ အစ္စဏီနဲ့ စူးရှထက်တို့ အမှု့ဟာ အချိန်ကြာလာတာနဲ့အမျှ နက်နဲ့တဲ့ အမှု့တစ်ခုဖြစ်လာပြီး ပရိသတ်တွေကလည်း အမှန်တရားကို စောင့်ကြည့်နေကြပါတယ်။ မကြာသေးခင်က တရားလို စူးရှထက်ဘက်ကနေ ရုံးပြောင်း လျှောက်ထားခဲ့ပြီး ဝေဖန်မှု့တွေ အများကြီး ထွက်ပေါ်လာပါတယ်။

ရုံးပြောင်းလျှောက်ရန် လျှောက်ထားခဲ့တာကတော့ အမှန်တရားမပေါ်ပေါက်နိုင်ကြောင်း ၊ ဆက်လက်ပြီး တရားသူကြီး ရဲ့ တရားစီရင်နိုင်စွမ်း နဲ့ ဘက်လိုက်မှုရှိနိုင်တယ် ဆိုတာကို စွပ်စွဲ အကြောင်းပြပြီး တရားလိုများဘက်မှ လျှောက်ထားခဲ့တယ်လို့သိရပါတယ်။ တရားပြိုင် အစ္စဏီရဲ့ ရှေ့နေဖြစ်တဲ့ ဦးကျော်ဇင်ဦးကတော့ တရားစီရင်ရာမှာ တရားလိုတွေထင်သလို မျိုး တရားသူကြီးက ဆောင်ရွက်ခဲ့တာမျိုးမရှိတဲ့အတွက် မူလ တရားရုံးမှာဘဲစစ်ဆေးစေမှာဖြစ်တယ်လို့ဆိုပါတယ်။

တရားလို စူးရှထက်ဘက်က ရုံးပြောင်းလျှောက်ထားခြင်းကို ခံရပေမယ့် လတ်တလောမှာ စွပ်စွဲခံထားရတဲ့ အစ္စဏီ အနေနဲ့ အမှုကို အချုပ်ထဲကနေရင်ဆိုင်နေရတာဖြစ်လို့ တရားလိုဘက်က ရုံးပြောင်းစစ်ဆေးဖို့ တောင်းဆိုပြီး ကြန့်ကြာအောင်တမင်လုပ်နေတဲ့ ကိစ္စတွေထပ်မံမဖြစ်ပေါ်စေဖို့ အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့လည်း တရားပြိုင်ရှေ့နေ ဦးအောင်ကျော်ဦးက မီဒီယာများကို ပြောကြားထားပါတယ် ။ လာမယ့် ရုံးချိန်းကိုတော့ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ စတင်ကြားနာတော့မယ်လို့ဆိုပါတယ်။

ရုံးပြောင်းကိစ္စအတည်ဖြစ်မဖြစ်ကို နှစ်ဖက်ရှေ့နေတွေရဲ့ အပြင်းအထန်လျှောက်လဲချက်တွေကို နှစ်ပတ်တိတိကြားနာပြီး အရှေ့ပိုင်းခရိုင်တရားရုံးကနေဆုံးဖြတ်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာ ရာဇဝတ်အထွေထွေအမှုအနေနဲ့ စတင်ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

လက်တလော ထွက်ပေါ်ခဲ့တဲ့ အွန်လိုင်းပေါ်က အသံဖိုင်တစ်ခုကြောင့် နှစ်ဖက်ပရိသတ်တွေအကြားမှာလည်း ဝိဝါဒကွဲစရာတွေပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

Share From ဖိုးသူတော် (www.phothutaw.com)