Zawgyiဖြင့်ဖတ်ရန်




Unicodeဖြင့်ဖတ်ရန်

နာမည်ကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ မနောကတော့ သူ့ရဲ့အနုပညာကြေးငွေနဲ့ နောက်ထပ် စေတီတော် တစ်ဆူကို ပြုပြင်ပြီး ထီးတော် တင်လှူလိုက်ပါတယ်။

အရင်ကလည်း အလှူအတန်းတွေ၊ ဘုရားထီးတင်တာတွေ မကြာခဏလုပ်လေ့ရှိတဲ့ မနောက ခုလည်း ထပ်ပြီး ကုသိုလ်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

“မဂ်လာပါ စေတီတစ်ဆူ ပြုပြင်မွမ်းမံပြီး ထီးတော်တင်လှူဖြစ်ပါတယ်ဗျာ ဤကုသိုလ်များအားလုံး တေးချစ်သူများနှင့်မိဘ ဆရာ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း အားလုံး ကျနော်တို့နှင့်ထပ်တူ ရပါစေ”ဆိုပြီးလည်း သူ့ရဲ့ ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

နာမည်ကြီး သီချင်းများစွာ ပရိတ်သတ် ရင်ထဲရောက်အောင် သီဆိုနိုင်ခဲ့တဲ့ မနောက ခုလည်း သီချင်းတွေ ပုံမှန်လုပ်နေတာ ဖြစ်ပါတယ်။
Credit; PannPwint