ZawGyiျဖင့္ဖတ္ရန္

အေရွ႕ေတာင္ အာရွႏုုိင္ငံေတြထဲမွာ ျမန္မာႏုုိင္ငံ ရန္ကုုန္ၿမိဳ႕ရဲ့ 4G/ LTE အင္တာနက္ အျမန္ႏႈန္းဟာ ဒုုတိယအျမင့္ဆုုံးျဖစ္ေနတယ္လိုု႔ သုေတသန စစ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုုိင္ငံဟာ အေရွ႕ေတာင္အာရွႏုုိင္ငံေတြအၾကား စင္ကာပူၿပီးရင္ ဒုုတိယအျမန္ႏႈန္းျမင့္ အင္တာနက္စနစ္ ပိုုင္ဆိုုင္ၿပီး အာရွႏုုိင္ငံေတြ အၾကားမွာဆိုုရင္ေတာ့ ဆိုုးလ္၊ စင္ကာပူ၊ တိုုင္ေပ တိုု႔ေနာက္က ရန္ကုုန္ၿမိဳ႕ဟာ စတုုတၱေျမာက္ 4G/ LTE အင္တာနက္ ျမန္ႏႈန္း အျမင့္မားဆုံး အေျခအေနရွိပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကတည္းက အာရွၿမိဳ႕ႀကီးေပါင္း ၁၂ ခုရဲ႕ အင္တာနက္ ျမန္ႏႈန္းအေျခအေနကိုု ေလ့လာခဲ့တဲ့ OpenSignal သုေတသနအဖြဲ႔ရဲ႕ ဇူလုိင္ ၅ ရက္ေန႔ ထုုတ္ျပန္ခ်က္မွာ ခုလို ေဖာ္ျပထားတာပါ။

အာရွရဲ႕ ထိပ္ဆုုံးျဖစ္တဲ့ ဆိုုးလ္နဲ႔ စင္ကာပူေတြမွာ 4G အင္တာနက္ ေဒါင္းလုပ္ျမန္ႏႈန္းဟာ ပ်မ္းမွ် 45 Mbps ထိရွိၿပီး အာရွသာမက ႏိုုင္ငံတကာအဆင့္မွာပါ အျမန္ဆုုံးႏႈန္း ပိုုင္ဆုုိင္ထားပါတယ္။

ေတာင္ကုိရီးယားႏုိင္ငံ ဆိုးလ္နဲ႔ စင္ကာပူတုိ႔ေနာက္မွာေတာ့ ပ်မ္းမွ် အင္တာနက္ႏႈန္း 25 Mbps ႏႈနး္ ပုိင္ဆိုုင္ထားတဲ့ အုုပ္စုုမွာ တိုုင္ေပ၊ ရန္ကုုန္၊ တိုုက်ဳိနဲ႔ ဟိုုခ်ီမင္းၿမိဳ႕ေတြ ပါ၀င္ပါတယ္။

ဗီယက္နမ္နဲ႔ ျမန္မာကေတာ့ 4G ျမန္ႏႈန္းျမင့္ အင္တာနက္ကိုု ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္းကမွ စတင္တပ္ဆင္လာခဲ့တာေၾကာင့္ ခုေလာက္ အျမန္ႏႈန္းအဆင့္ထိ ေရာက္ရွိခဲ့တာလိုု႔ သုံးသပ္ပါတယ္။

အေစာပိုုင္းကာလအေနနဲ႔ 4G LTE သုံးစြဲသူနည္းပါးေနတုုန္းမွာ ျမန္ႏႈန္းျမင့္အဆင့္မွာရွိေနၿပီး 4G သုံးစြဲသူ အေရအတြက္ တိုုးပြားလာရင္ေတာ့ တျဖည္းျဖည္း ျမန္ႏႈန္း က်ဆင္းလာႏုုိင္တယ္လို႔ သုုုံးသပ္ထားပါတယ္။

Credit:DVB

UniCodeဖြင့်ဖတ်ရန်

အရှေ့တောင်အာရှနိုင်ငံများတွင် 4G အင်တာနက်မြန်နှုန်း မြန်မာက ဒုတိယအမြင့်ဆုံးဖြစ်

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ 4G/ LTE အင်တာနက် အမြန်နှုန်းဟာ ဒုတိယအမြင့်ဆုံးဖြစ်နေတယ်လို့ သုတေသန စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေအကြား စင်ကာပူပြီးရင် ဒုတိယအမြန်နှုန်းမြင့် အင်တာနက်စနစ် ပိုင်ဆိုင်ပြီး အာရှနိုင်ငံတွေ အကြားမှာဆိုရင်တော့ ဆိုးလ်၊ စင်ကာပူ၊ တိုင်ပေ တို့နောက်က ရန်ကုန်မြို့ဟာ စတုတ္တမြောက် 4G/ LTE အင်တာနက် မြန်နှုန်း အမြင့်မားဆုံး အခြေအနေရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက အာရှမြို့ကြီးပေါင်း ၁၂ ခုရဲ့ အင်တာနက် မြန်နှုန်းအခြေအနေကို လေ့လာခဲ့တဲ့ OpenSignal သုတေသနအဖွဲ့ရဲ့ ဇူလိုင် ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ခုလို ဖော်ပြထားတာပါ။

အာရှရဲ့ ထိပ်ဆုံးဖြစ်တဲ့ ဆိုးလ်နဲ့ စင်ကာပူတွေမှာ 4G အင်တာနက် ဒေါင်းလုပ်မြန်နှုန်းဟာ ပျမ်းမျှ 45 Mbps ထိရှိပြီး အာရှသာမက နိုင်ငံတကာအဆင့်မှာပါ အမြန်ဆုံးနှုန်း ပိုင်ဆိုင်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်နဲ့ စင်ကာပူတို့နောက်မှာတော့ ပျမ်းမျှ အင်တာနက်နှုန်း 25 Mbps နှုန်း ပိုင်ဆိုင်ထားတဲ့ အုပ်စုမှာ တိုင်ပေ၊ ရန်ကုန်၊ တိုကျိုနဲ့ ဟိုချီမင်းမြို့တွေ ပါဝင်ပါတယ်။

ဗီယက်နမ်နဲ့ မြန်မာကတော့ 4G မြန်နှုန်းမြင့် အင်တာနက်ကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်းကမှ စတင်တပ်ဆင်လာခဲ့တာကြောင့် ခုလောက် အမြန်နှုန်းအဆင့်ထိ ရောက်ရှိခဲ့တာလို့ သုံးသပ်ပါတယ်။

အစောပိုင်းကာလအနေနဲ့ 4G LTE သုံးစွဲသူနည်းပါးနေတုန်းမှာ မြန်နှုန်းမြင့်အဆင့်မှာရှိနေပြီး 4G သုံးစွဲသူ အရေအတွက် တိုးပွားလာရင်တော့ တဖြည်းဖြည်း မြန်နှုန်း ကျဆင်းလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Credit:DVB