ေနျပည္ေတာ္

ZawGyiျဖင့္ဖတ္ရန္

Mytel Group ကုမၸဏီလီမိတက္ကရရန္ရွိသည့္ ေငြေၾကးမ်ားသည္ မြန္ျပည္နယ္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳးေရးပါတီႏွင့္ သက္ဆိုင္ျခင္း မရိွေၾကာင္း မြန္ျပည္နယ္ျပည္ ခိုင္ၿဖိဳးပါတီအတြင္းေရးမွဴး ဦး၀င္း ေမာင္ဦးကဆိုသည္။

ပါတီႏွင့္ ပါတီအတြင္းေရး မွဴးေဟာင္း ဦးသန္႔ဇင္ကို က်ပ္ သိန္းတစ္ေထာင္ေက်ာ္ရလိုမႈျဖင့္ Mytel Group ကုမၸဏီလီမိတက္ ကတရားစြဲရာ ပါတီက ျပန္ေလ်ာ္ ေပးရန္မရွိဘဲအဆံုးထိ တရားရင္ ဆိုင္မည္ျဖစ္ေၾကာင္း မြန္ျပည္ နယ္ျပည္ခိုင္ၿဖိဳးပါတီအတြင္းေရး မွဴးက ဆိုသည္။

‘‘ဒီကိစၥက ပါတီရဲ႕ပံုရိပ္ကို ထိခိုက္တဲ့ကိစၥျဖစ္တယ္။တကယ္ လို႔ ပါတီက ဒီေငြေၾကးေတြကို ယူ ခဲ့မယ္ဆိုရင္ဒီေငြေတြကို ေလ်ာ္ ေၾကးေပးလိုက္ၿပီ။ ပါတီနဲ႔ဘာမွ မဆိုင္လုိ႔ေလ်ာ္ေၾကးမေပးဘူး။အ ဆံုးထိတရားရင္ဆိုင္သြားမယ္။ Mytel ကုမၸဏီကပါတီကိုပါတရား ၿပိဳင္ (၁)အျဖစ္တရားစြဲဆိုလို႔ ႐ံုး ခ်ိန္းကိုသြားရတယ္။ ပါတီက ဒီ ေငြေၾကးကို လံုး၀မယူဘူးဆိုတာ အဆံုးထိေျဖရွင္းသြားမယ္’’ ဟု ၎ကေျပာသည္။

Mytel Group ကုမၸဏီလီမိ တက္က ၂၀၁၅ ကစ၍ ျပည္ခိုင္ ၿဖိဳးပါတီ႐ံုးသို႔ ဖုန္းဟန္းဆက္ႏွင့္ ဆင္းမ္ကတ္မ်ား အရစ္က်ေရာင္းခဲ့ၿပီး ပါတီထံမွ က်န္ေငြ က်ပ္ ၁,၁၁၇ သိန္းေက်ာ္ ရလိုမႈျဖင့္ အေနာက္ပိုင္းခ႐ုိင္တရား႐ံုးတြင္ တ ရားစြဲဆိုခဲ့သည္။

ဇြန္လ ၃၀ ရက္က ေၾကးမံု သတင္းစာ၌ ႐ံုးေတာ္သို႔ ဇူလိုင္ ၃ ရက္မတိုင္မီ လာေရာက္ထုေခ် ရွင္းလင္းရန္ ဆင့္စာေဖာ္ျပခဲ့ၿပီး တရားၿပိဳင္ႏွစ္ဦးအနက္ ျပည္ခိုင္ ၿဖိဳးပါတီကိုယ္စား အတြင္းေရးမွဴး ဦး၀င္းေမာင္ဦးက တရားခြင္သို႔ ေရာက္ၿပီးမြန္ျပည္နယ္ ျပည္ခိုင္ ၿဖိဳးပါတီအတြင္းေရးမွဴးဦးသန္႔ဇင္ ေရာက္မလာေၾကာင္း ၎ကဆို သည္။

‘‘ကိုသန္႔ဇင္က ပါတီအတြင္း ေရးမွဴးတာ၀န္ယူစဥ္က ဖုန္းေတြ ကို၊ ပါတီ၀င္ေတြကို ၿမိဳ႕နယ္အ လိုက္ ေျခာက္လအရစ္က်နဲ႔ ေရာင္းေပးတယ္။ အားလံုးသိန္း ငါးေထာင္ေလာက္ရွိတယ္။ ဦး သန္႔ဇင္က ရသေလာက္ေပးသြင္း ၿပီးၿပီ။ ကုမၸဏီကုိ ေပးသြင္းရမယ့္ ေငြက သိန္းတစ္ေထာင္နီးပါး ေလာက္ပဲရွိတယ္။ အဲဒီေငြကေရး ၿမိဳ႕နယ္၊ ဘီးလင္းၿမိဳ႕နယ္၊ သံျဖဴ ဇရပ္ၿမိဳ႕နယ္ပါတီ၀င္ေတြဆီက မရေသးလို႔ပါ။ ဒီကိစၥက လက္ရွိ ပါတီတာ၀န္ယူထားတဲ့သူနဲ႔ပဲ သက္ဆိုင္တယ္။ ဒီေငြေတြက ပါတီနဲ႔ပဲဆိုင္တယ္။ ဦးသန္႔ဇင္နဲ႔ မဆိုင္ဘူး’’ ဟု ဦးသန္႔ဇင္ႏွင့္ နီး စပ္သည့္ ျပည္ခိုင္ၿဖိဳးပါတီ၀င္ ဦးလြင္ဦးက ေျပာ သည္။

အဆိုပါေငြေၾကာင့္ ဦးသန္႔ ဇင္သိကၡာထိခိုက္၍ မိသားစု၀င္ မ်ားကိုယ္စား သတင္းစာရွင္းလင္း ပြဲျပဳလုပ္မည္ျဖစ္ၿပီး ယခုခရီးလြန္ေနသျဖင့္ ဦးသန္႔ဇင္ကိုဆက္ သြယ္မရႏိုင္ေၾကာင္း ၎ကဆို သည္။ ထို႔ေၾကာင့္ ဦးသန္႔ဇင္ထံ ဖုန္းျဖင့္ဆက္သြယ္ရာ ဆက္သြယ္ မရေပ။ ဦးသန္႔ဇင္သည္ ပါတီအ တြင္းေရးမွဴးတာ၀န္ယူစဥ္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲကို မြန္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ အမွတ္ (၁) ကိုယ္စားလွယ္ ေလာင္းအျဖစ္ ယွဥ္ၿပိဳင္ၿပီး႐ံႈးနိမ့္ခဲ့ ကာပါတီဖြဲ႕စည္းပံု အေျပာင္းအ လဲတြင္ အေရြးခ်ယ္မခံရ၍ ၂၀၁၆ ဇူလိုင္တြင္ ပါတီ၀င္အျဖစ္မွ ႏုတ္ ထြက္ခဲ့သည္။ တရားစြဲဆိုေသာ Mytel သည္ဆက္သြယ္ေရးေအာ္ ပေရတာ Mytel ႏွင့္ အမည္တူ ေနျခင္းသာျဖစ္ၿပီး ကုမၸဏီမတူ ေၾကာင္း မြန္ျပည္နယ္ျပည္ခိုင္ၿဖိဳး ပါတီဥကၠ႒ ဦးေအာင္ၾကည္သိန္း ကေျပာသည္။
UniCodeဖြင့်ဖတ်ရန်
Mytel Group ကုမ္ပဏီလီမိတက်ကရရန်ရှိသည့် ငွေကြေးများသည် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီနှင့် သက်ဆိုင်ခြင်း မရှိကြောင်း မွန်ပြည်နယ်ပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်း မောင်ဦးကဆိုသည်။

ပါတီနှင့် ပါတီအတွင်းရေး မှူးဟောင်း ဦးသန့်ဇင်ကို ကျပ် သိန်းတစ်ထောင်ကျော်ရလိုမှုဖြင့် Mytel Group ကုမ္ပဏီလီမိတက် ကတရားစွဲရာ ပါတီက ပြန်လျော် ပေးရန်မရှိဘဲအဆုံးထိ တရားရင် ဆိုင်မည်ဖြစ်ကြောင်း မွန်ပြည် နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးက ဆိုသည်။

‘‘ဒီကိစ္စက ပါတီရဲ့ပုံရိပ်ကို ထိခိုက်တဲ့ကိစ္စဖြစ်တယ်။တကယ် လို့ ပါတီက ဒီငွေကြေးတွေကို ယူ ခဲ့မယ်ဆိုရင်ဒီငွေတွေကို လျော် ကြေးပေးလိုက်ပြီ။ ပါတီနဲ့ဘာမှ မဆိုင်လို့လျော်ကြေးမပေးဘူး။အ ဆုံးထိတရားရင်ဆိုင်သွားမယ်။ Mytel ကုမ္ပဏီကပါတီကိုပါတရား ပြိုင် (၁)အဖြစ်တရားစွဲဆိုလို့ ရုံး ချိန်းကိုသွားရတယ်။ ပါတီက ဒီ ငွေကြေးကို လုံးဝမယူဘူးဆိုတာ အဆုံးထိဖြေရှင်းသွားမယ်’’ ဟု ၎င်းကပြောသည်။

Mytel Group ကုမ္ပဏီလီမိ တက်က ၂၀၁၅ ကစ၍ ပြည်ခိုင် ဖြိုးပါတီရုံးသို့ ဖုန်းဟန်းဆက်နှင့် ဆင်းမ်ကတ်များ အရစ်ကျရောင်းခဲ့ပြီး ပါတီထံမှ ကျန်ငွေ ကျပ် ၁,၁၁၇ သိန်းကျော် ရလိုမှုဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် တ ရားစွဲဆိုခဲ့သည်။

ဇွန်လ ၃၀ ရက်က ကြေးမုံ သတင်းစာ၌ ရုံးတော်သို့ ဇူလိုင် ၃ ရက်မတိုင်မီ လာရောက်ထုချေ ရှင်းလင်းရန် ဆင့်စာဖော်ပြခဲ့ပြီး တရားပြိုင်နှစ်ဦးအနက် ပြည်ခိုင် ဖြိုးပါတီကိုယ်စား အတွင်းရေးမှူး ဦးဝင်းမောင်ဦးက တရားခွင်သို့ ရောက်ပြီးမွန်ပြည်နယ် ပြည်ခိုင် ဖြိုးပါတီအတွင်းရေးမှူးဦးသန့်ဇင် ရောက်မလာကြောင်း ၎င်းကဆို သည်။

‘‘ကိုသန့်ဇင်က ပါတီအတွင်း ရေးမှူးတာဝန်ယူစဉ်က ဖုန်းတွေ ကို၊ ပါတီဝင်တွေကို မြို့နယ်အ လိုက် ခြောက်လအရစ်ကျနဲ့ ရောင်းပေးတယ်။ အားလုံးသိန်း ငါးထောင်လောက်ရှိတယ်။ ဦး သန့်ဇင်က ရသလောက်ပေးသွင်း ပြီးပြီ။ ကုမ္ပဏီကို ပေးသွင်းရမယ့် ငွေက သိန်းတစ်ထောင်နီးပါး လောက်ပဲရှိတယ်။ အဲဒီငွေကရေး မြို့နယ်၊ ဘီးလင်းမြို့နယ်၊ သံဖြူ ဇရပ်မြို့နယ်ပါတီဝင်တွေဆီက မရသေးလို့ပါ။ ဒီကိစ္စက လက်ရှိ ပါတီတာဝန်ယူထားတဲ့သူနဲ့ပဲ သက်ဆိုင်တယ်။ ဒီငွေတွေက ပါတီနဲ့ပဲဆိုင်တယ်။ ဦးသန့်ဇင်နဲ့ မဆိုင်ဘူး’’ ဟု ဦးသန့်ဇင်နှင့် နီး စပ်သည့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးလွင်ဦးက ပြော သည်။

အဆိုပါငွေကြောင့် ဦးသန့် ဇင်သိက္ခာထိခိုက်၍ မိသားစုဝင် များကိုယ်စား သတင်းစာရှင်းလင်း ပွဲပြုလုပ်မည်ဖြစ်ပြီး ယခုခရီးလွန်နေသဖြင့် ဦးသန့်ဇင်ကိုဆက် သွယ်မရနိုင်ကြောင်း ၎င်းကဆို သည်။ ထို့ကြောင့် ဦးသန့်ဇင်ထံ ဖုန်းဖြင့်ဆက်သွယ်ရာ ဆက်သွယ် မရပေ။ ဦးသန့်ဇင်သည် ပါတီအ တွင်းရေးမှူးတာဝန်ယူစဉ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မွန် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် လောင်းအဖြစ် ယှဉ်ပြိုင်ပြီးရှုံးနိမ့်ခဲ့ ကာပါတီဖွဲ့စည်းပုံ အပြောင်းအ လဲတွင် အရွေးချယ်မခံရ၍ ၂၀၁၆ ဇူလိုင်တွင် ပါတီဝင်အဖြစ်မှ နုတ် ထွက်ခဲ့သည်။ တရားစွဲဆိုသော Mytel သည်ဆက်သွယ်ရေးအော် ပရေတာ Mytel နှင့် အမည်တူ နေခြင်းသာဖြစ်ပြီး ကုမ္ပဏီမတူ ကြောင်း မွန်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း ကပြောသည်
Credit: 7Day